သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, November 8, 2009

အံစာတုံးလေးများ။

သစ်ရွက်မရှိတဲ့ သစ်ပင်ဟာ သစ်ပင်ပဲ။
သစ်ပင်မရှိတဲ့ သစ်ရွက်ကတော့ အမှိုက်တဲ့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ ပျက်စီးယိုယွင်းမှုတွေက နောက်က တစ်ပါတည်း လိုက်လာတက်တာလဲ လောကရဲ့ သဘာဝပေါ့။ အရာရာကို စမ်းသပ်စွန့်စားချင်တဲ့ ဆယ်ကျော်သက် အရွယ်တွေ.....
နည်းပညာမြင့် မီဒီယာတွေရဲ့ လွှမ်းမိုးသိမ်းသွင်းမှုအောက်ကို တစ်ဖြည်းဖြည်းနဲ့ ရောက်လာနေပြီ။
လမ်းကြောင်းမှန်ကို ရောက်သွားတဲ့ ကလေးတွေ ရှိပေမယ့် ရေလိုက်လွဲတဲ့ ကလေးတွေ အများကြီးပါ။
ပတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေရတာတွေလဲ လခြား၊ ရက်ခြားကနေ ခု နာရီလောက်ပဲ ခြားပါတော့တယ်။
အတုမြင် အတက်သင်ဆိုတာ ကလေးတွေအတွက် အများကြီး အရေးကြီးပါတယ်။ အထူးသဖြင့် မိဘရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်ပြီး အဆောင်နေ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေမှာ ပိုလို့ အရေးကြီးပါတယ်။ ကျောင်းသားအရွယ်၊ လူငယ်ဆိုတာ ပျော်ချင်တယ်၊ ပါးချင်တယ်၊ လွတ်လပ်ချင်တယ်.... ဒါ သဘာဝပဲ။ ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်ရှိတယ်။ လိုအပ်တာထက် ပိုလာရင်တော့ ဒါဟာ
အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဂိမ်းဆော့တယ်ဆိုတာ ဦးဏှောက်ကို အလုပ်ပေးတာ၊ စဉ်းစားနိုင်တဲ့ ဥာဏ်ရည်ကို မြှင့်ပေးတာ။
ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ သူတွေကိုတောင် တစ်နေ့တစ်နာရီ ဂိမ်းဆော့ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားတာပေါ့။ ခုတော့ ကလေးတွေ ဂိမ်းဆော့တာက ပြဿနာတစ်ခုကို ဦးတည်နေပြီ။
အများစုသော ကျောင်းသားတွေ ကျောင်းချိန်ပြင်ပတင် မကတော့ပဲ ကျောင်းချိန်မှာပါ ဂိမ်းဆိုင်မှာ ရောက်နေကြတယ်။ အတန်းမတက်ရုံတင်လားဆိုတော့ ထမင်းမေ့၊ ဟင်းမေ့ကို ညလုံးပေါက် ကစားတဲ့သူက များနေတယ်။ အတန်းပညာကို ထိခိုက်ရုံသာမက၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကိုပါ ထိပါးလာနေတယ်။
တစ်ချို့ဆေးကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ၊ နည်းပညာကျောင်းသားတွေ..... ကျောင်းသားတွေဟာ ခုဆို ဂိမ်းကျောင်းသားလို့ ခေါ်ရမတက် ကျောင်းထက် ဂိမ်းဆိုင်မှာသာ အနေများနေကြတယ်လေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီပြဿနာကို မဖြေရှင်းရသေးခင်မှာပဲ အင်တာနက်အသုံးပြုမှုက တွင်ကျယ်လာတယ်။
လူငယ်လူရွယ်တွေတင် မဟုတ်တော့ဘူး အသက်အရွယ်မရွေး အင်တာနက်ကို စိတ်ဝင်စားလာတယ်။
မီဒီယာရဲ့ ဆွဲဆောင်မှုက သိပ်ကို ကောင်းလွန်းတာကိုး.........
ကိုယ်တိုင်တောင် တစ်နေ့ကို သုံးနာရီလောက် အင်တာနက် သုံးဖြစ်နေတာလေ။
တကယ်တမ်း အသုံးချမယ်ဆိုရင် သုံးနာရီဟာ ဒေတာရှာပြီး ဒေါင်းလုဒ်လုပ်ဖို့လောက်ပဲ ရှိပါတယ်။
အိမ်ကျမှ အသေးစိပ် ပြန်ဖတ်ရတာဗျ။ ဒါပေမယ့်....... အင်း ဒါပေမယ့်ဆိုတာက မသုံးချင်ပေမယ့် အများဆုံးသုံးနေရတဲ့စကားဖြစ်နေတယ်ဗျာ။ ခက်တာက အများစုက အင်တာနက်ဆိုရင် ချက်မယ်ဆိုတာလောက်ပဲ သိကြတော့တယ်။ ဒီမှာလဲ အပြုသဘောထက် အပျက်သဘောကို လမ်းကြောင်းက စောင်းနေတယ်။ ဒါကိုလဲ ပြဿနာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပေမယ့် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ကြသေးဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မီဒီယာတွေရဲ့ ဘေးထွက်ဆိုးကျိုးထဲမှာမှ......အဆိုးဆုံးကတော့.......အတူနေချစ်သူတွေ များလာတာပဲ။
အနောက်နိုင်ငံတွေမှာ အတူနေချစ်သူတွေ ရှိကြတာ မထူးဆန်းဘူး၊ ပြဿနာ မဟုတ်ဘူး။
သူတို့ဆီမှာ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး ပညာပေးစံနစ်တွေ ရှိတယ်။ အသိညဏ်တွေ
ပေးထားတယ်။ တရားဝင် ခွင့်ပြုထားတယ်။ မြန်မာမိသားစုတွေ အစဉ်အလာက ဖွင့်ပြောရတဲ့ ကိစ္စ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတာ။ မိဘနဲ့ သားသမီးကြားမှာ ပြောအပ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားကြတာ။ ဒီတော့..........ကလေးတွေမှာ လုံလောက်တဲ့ အသိညဏ် မရှိဘူး။ ပြည့်ပြည့်၀၀
နားလည်သဘောပေါက်မှု မရှိကြဘူး။
သို့သော်.... စူးစမ်းချင်တဲ့ အရွယ်မှာ မီဒီယာတွေရဲ့ ဆွဲဆောင်မှုနဲ့.... ကလေးအချို့ လမ်းကြောင်းမှားကြတယ်။ “မှားတော့ ဘာဖြစ်လဲ... ကိုယ်ဖြစ်ကိုယ်ခံပေါ့... ခင်ဗျားအပူမပါပါဘူးလို့” တော့ အပြောခံရဖူးတယ်။
ဟုတ်ပါပြီ....ဒါပေမယ့် (သုံးရပြန်ပြီဗျာ)..... ကိုယ်ဖြစ်တာ ကိုယ်တစ်ယောက်တည်း ခံရတာမှ မဟုတ်ပဲလေ...။
လိုအပ်တဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အသိညဏ် မရှိပဲ.. ကိုယ်ထင်ရာကိုယ်လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာက ရှိလာပြီ။ ကဲ ဘယ်လိုများ ဖြေရှင်းကြသလဲ.........။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတူနေတုန်းကတော့ ဘာမှမစဉ်းစားမိဘူး။ သူကလဲ ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလဲ သူ့ကို ချစ်တယ်။ ဒါဆို ပြီးပြီပေါ့. လို့ ခပ်တိမ်တိမ် တွေးတဲ့သူကလဲ မနည်းဘူးလေ။ ဒါဆို အချိန်တန်လို့ လက်ထပ်ယူမယ်ဆိုတော့..... သူ မပြည့်စုံ။ ကိုယ်မပြည့်စုံ။ ပညာက တစ်ပိုင်းတစ်စ၊ အသက်က မပြည့်။
အဲဒီမှာ unwanted baby ဆိုတာ ဖြစ်လာရော......။ ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတယ်။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်မှာ
ရေးထားတာတွေက....တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာလေးတွေပါ။ အခန့်မသင့်ရင် အသက်ကိုပါ
ဆုံးရှုံးသွားနိုင်တာတွေပါ။
(မဖတ်ရသေးသူများ ရှာဖတ်ဖို့ တိုက်တွန်းပါသည်)
နုနယ်တဲ့ အရွယ်မှာ မှားတက်ကြပါတယ်။ မှားတယ်ဆိုတာကိုက လူ့သဘာဝ ဖြစ်နေတာကိုး။
သို့သော်..... အဲဒီသို့သော်က တော်တော်လေး ကြီးမားပါသည်။ မထွေးနိုင်၊ မမျိုနိုင်ဘ၀တွေမှာ......တန်ဆာခံခဲ့ရတဲ့ အန်စာတုံးလေးတွေများစွာ ရှိလာရသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေကို ခံစားထိုက်မှ ခံစားရပေမယ့်
ဆိုးမွေဆိုတာကိုတော့ မွေးရာပါ ခံစားရတဲ့သူတွေပါ။
”ဒီကောင့်သား ဒီကောင်လိုပဲ လာမှာပဲ... မအေသမီး မအေအတိုင်း နေမှာပေါ့....
”ဆိုတာတွေက ကြားဖူးနေကြနေမှာပါ။
မိဘက သားသမီးကို ရွေးချယ်ခွင့် ပြုလုပ်နိုင်ပေမယ့် သားသမီးဆိုတာ မိဘကို
ရွေးချယ်ခွင့် မရှိဘူးလေ။
သားသမီးကို မိဘတွေက ပုံသွင်းယူလို့ ရနိုင်သေးတယ်ဗျ။ ရာခိုင်နှုန်းတော်တော်
များပါတယ်။
ဒါပေမယ့်(သုံးရပြန်ပြီ) မိဘဆိုတာကို သားသမီးက ကောင်းကောင်းဆိုးဆိုး
မိဘပဲ မဟုတ်လား။
မြန်မာမိသားစုတွေရဲ့ ထုံးတမ်းအစဉ်အလာအရ အထက်လူ၊ အကြီးလူကို ပြန်ပြောခွင့်
မရှိကြဘူး။
ကလေးတွေဟာ ခေါက်ပြီး ပစ်လိုက်တဲ့ အံစာတုံးလေးတွေလို.....ဘယ်မိဘနဲ
ဆုံရမလဲဆိုတာ ဘုရားမှလွဲပြီး ကြိုမသိနိုင်ဘူးလေ။
ရှေးရှေးဘ၀က ကုသိုလ်ကံနဲ့ ဆိုင်တယ်ဆိုပေမယ့် လက်ရှိဘ၀မှာ ကြုံနေရတဲ့
မိဘရဲ့ စိတ်နေသဘောထားပေါ်မှာပဲ
ကလေးတစ်ယောက်ရဲ့ ကံကြမ္မာက မူတည်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
သူ့သွေးကနေ ကိုယ်သားဖြစ်လာတဲ့ ကလေးငယ်တွေကို ပစ်ခဲ့ရတဲ့ မိခင်တို့ရဲ့
စိတ်အခက်အခဲကို လှမ်းမြင်နိုင်ပေမယ့်.....
(ပြောလာမှာဗျ ဘယ်သူကတော့ ကိုယ့်ကလေးကို ပစ်ချင်မှာလဲ မဖြစ်လို့သာပေါ့ ဆိုတာတွေလေ..)
တကယ်ဆို အစကတည်းက ထိန်းသိမ်းသင့်တာလားလို့ ပြောချင်တယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရသလိုပါပဲ....မိန်းကလေးတွေကိုပဲ အပြစ်တင်ချင်တယ်။
ယောင်္ကျားလေးဆိုတာကတော့ ရရင် ရသလောက် ယူမှာပဲဗျ။
(စော်ကားတာ မဟုတ်ပါ၊ ကိုယ့်မောင်၊ ကိုယ့်အစ်ကိုက အစ မြင်ဖူးပြီးသားမို့ပါ...)
ရှေးတုန်းကလို သုံးနှစ်သုံးမိုးစောင့်ပြီး ၊ ဆယ်နှစ်ဆယ်မိုး ရှိမှ လက်ထပ်ဖို့ ပြောတာမဟုတ်ပါ။
ခေတ်အရ မြင်မြင်ချင်းလဲ ချစ်နိုင်ပါသည်။ မမြင်လဲပဲ ချစ်နိုင်ပါသည်။ အသံလေးနဲ့လဲ ချစ်လို့ ရပါသည်။
အသည်းပေါက်မတက် ချစ်တယ်ပြောပြော၊ အသက်ထက် ချစ်တယ်ပြောပြော.....ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်စေ. ချစ်လို့ ရပါသည်။ သို့ပေသိ(ဒါပေမယ့် မသုံးချင်တော့လို့ဗျ).........လက်မထပ်ခင်အချိန်ထိတော့............
မိန်းကလေးများ ကိုယ့်ကိုကိုယ့် စောင့်ရှောက်စေချင်ပါသည်.........တန်ဖိုးထားစေချင်ပါသည်........
တင့်တယ်စေချင်ပါသည်..................။
(ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားပဲ တခြားလူက တန်ဖိုးထားမှုကို မမျှော်လင့်ပါနဲ့တော့)
ပြောသံကြားဖူးပါသည်။ ယောင်္ကျားတွေက အိုင်တွေ့ရင်ခြေဆေးတက်ကြသည်တဲ့။
ဒါက ကိုယ်က အိုင်အမျိုးအစား ဖြစ်နေရင်တော့ အဆေးခံရကောင်း ခံရပါလိမ့်မည်။
တစ်ကယ်လို့သာ ကိုယ်က သောက်ရေ ဖြစ်နေရင်တော့ လွယ်လွယ်ကူကူတော့
ခြေဆေးခံရလိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် မိမိကိုယ်မိမိ ခြေဆေးစရာ အိုင်အဖြစ် မရောက်အောင်
ဆင်ခြင်ထိန်းသိမ်းစေချင်ပါသည်။
”မှားတက်တာက လူ့သဘာဝ၊ အမှားနည်းတာ လူ့အရည်အချင်း” ဆိုတာ သိစေချင်ပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဓိက ပြောချင်တာကတော့ .........
ကမ္ဘာ့ရွာကြီးထဲမှာ.......အိုင်စီတီခေတ်ကြီးထဲမှာ.....မီဒီယာလောကကြီးထဲမှာ.......
အင်တာနက်အ၀န်းအ၀ိုင်းကြီးထဲမှာ......အံစာတုံးလေးတွေ တန်ဆာခံ မဖြစ်စေချင်ဘူးဗျာ..။
ဒါဟာ လက်သီးတစ်ဆုပ်စာ ဦးဏှောက်လေးနဲ့ စဥ်းစားပြီး လက်တစ်ဝါးစာ ရင်ဘတ်ထဲက ....
ကမ္ဘာကြီးလောက် ကြီးမားသော ဆန္ဒတစ်ခုလို့ပဲ ယူဆပါစို့..။
”အံစာတုံးလေးများ တန်ဆာခံဘ၀က လွတ်ကင်းကြပါစေ.............”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကိုယ်ကိုတိုင်က တော်လွန်း၊ တက်လွန်း၊ သိလွန်း၍ ပြောနေခြင်း မဟုတ်ပါ။ ကြုံခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရသမျှကို တက်နိုင်သလောက် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်လဲ perfect ဖြစ်သူ မဟုတ်ပါ။ ကြိုးစားဆဲ အဆင့်သာ ဖြစ်ပါသည်။ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်တွေမို့ ကြိုက်သလို သဘောထား ကွဲလွဲခွင့်ရှိပါသည်။
စိတ်ကြိုက် ဝေဖန်ခွင့်ရှိပါသည်။ အဆင်ပြေသလို ဆင်ခြေပေးခွင့်ရှိပါသည်။ အပြုသဘောကိုဆောင်၍ ဒီပို့စ်လေးအား တင်ခြင်းဖြစ်ပါသဖြင့်....မိမိကိုယ်ကို လိပ်ပြာသန့်ပါသည်။ တက်နိုင်သမျှ လက်ဆင့်ကမ်း ပြောပေးဖို့လဲ တိုက်တွန်းပါသည်။ မည်သို့ မှတ်ချက်မျိုးမှ မပေးသည့်တိုင်အောင် ဆုံးအောင်အထိ
ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။)

Thursday, November 5, 2009

ကျန်းမာစွာနဲ့ အသက်ရှည်နိုင်ကြစေဖို့...

အဆင်ပြေရင်ပြေသလို လိုက်နာကြည့်ကြပါဦးနော်။ တစ်ခုမဟုတ်တခုတော့ အကျိုးရှိကြမှာပါ။ အားလုံးအဆင်ပြေပြေကျန်းကျန်းမာမာနဲ့ စိတ်ချမ်းသာကြစေချင်ပါတယ်။

1. ရေများများသောက်ပါ။

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစားခုန် ကစားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ (အားကစားမဆန်တဲ့ ကိုယ်လက်လှုပ်ရှားကစားခြင်း)

7. သင် ယခင်နှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်အောင်နေပေါ့နော်...)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘယ်လိုလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံမလုပ်ပါနဲ့.. အတိုင်းအတာလေးနဲ့ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပေးပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြဿနာဆိုတာက သင်ရိုးညွှန်းတမ်းတစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံး အတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူလိုတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာတွေအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။

28. အသက် (၇ဝ)ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် (၆)နှစ် အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ပါဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာမဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမဝင်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. တရားကို လုပ်ရင် တရားက ပြန်စောင့်ရှောက်ပါတယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။ မမြဲတဲ့ အကြောင်းက မြဲတာနော်။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။ အဆိုးတွေ ပြီးရင်လေ...

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ်ကင်းပြီး နိုးထလာတာတိုင်းအတွက် ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် (၄ဝ) မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် (၄ဝ)ဆီကို Forward
လုပ်လိုက်ပါတဲ့။


ပျော်ရွှင်ပါစေ ...ဘော်ဒါတွေ
သူငယ်ချင်းများအားလုံးကိုအစဉ်လေးစားလျက်
အသုံးဝင်မယ်ထင်လို့forward လုပ်ပေးလိုက်တာပါ ဖတ်ပြီးသားဆိုရင်တော့ဆောရီးပါနော်။
-----------------------------------------ဝဝဝ----------------------------------------
မူရင်းforward အီးမေးလေးကို ဆီလျော်သလို ပြန်ပြင်ပေးထားပါတယ်။
နှင်းဆီဖြူ

Monday, November 2, 2009

Gmail မှ ရသော ဟာသများကို စုစည်းထားပါတယ်။

ဒီလို မလုပ်ပါနဲ့ ကိုယ့်လူ
စိတ်ရောဂါကု ဆရာဝန်ထံ ရောက်လာသော လူနာက....
“ ဆရာ..ကျွန်တော့်ကိုယ်လုံးမှာ မိချောင်းငယ်လေးတွေ အများကြီး ကပ်နေတယ် ” ဟု ပြောပြီး သူ့ကိုယ်ပေါ်မှ မိကျောင်းငယ်လေးများကို ခွာချဟန်ပြုသည်။

ထိုအခါ ဆရာဝန်မှ အလန့်တကြားနှင့် အော်သည်....
“ ဟေ့လူ ...ဟေ့လူ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲဗျာ၊ ဘာဖြစ်လို့ ကျွန်တော့ဘက် ခွာချနေရတာလဲ၊
တော်သေးတာပေါ့ဗျာ..ကံကောင်းလို့ ကျွန်တော့်ပေါ်မရောက်တယ် ”

.............. .............. ................. ............

ကြိုတင်သတိပေးချက်

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင်
စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလောင်နေပါတယ်။ ခင်ဗျားတို့ မီးလာသတ်ရင်
ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ” မဆုတ်သာ မတိုးသာ အခြေအနေ
အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။ အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မသူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော် ယောက်ျားက
သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ် ကြာသွားရလိမ့်မယ်။ ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊
ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့
တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။ အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။
ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားကသူ့ တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန် မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက
ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။ အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။
.

ငါ့မိန်းမက ကျောင်းဆရာမ
တစ်နေ့မှာ... လူတစ်ယောက်ဟာ. သူ့သူငယ်ချင်းကို စိတ်ပျက်လက်ပျက်နဲ့..
သူ့အကြောင်းတွေကိုပြောပြနေတယ်တဲ့....ငါ ကျောင်းဆရာမကို.. လက်ထက်ခဲ့မိတာ... မှားသွားပြီကွာ.. တဲ့..ဘာလို့လဲ တဲ့.. သူ့သူငယ်ချင်းက.. မေးတယ်... တဲ့..အေးကွာ... ဟိုနေ့က ငါအိမ်ပြန်နောက်ကျတော့..
အိမ်ထဲကိုအ၀င်မခံဘဲ.. ဗလာစာအုပ်တစ်အုပ်ချပေးတယ်ကွာ.. နောက်တစ်ခါ.. အိမ်ကို အချိန်မှန် ပြန်လာပါ့မယ်... နောက်မကျစေရပါဘူး.. လို့.. အကြောင်း တစ်ရာ ရေးခိုင်းတယ်ကွာ... တဲ့...

အနုပညာရှင်
အိမ်ရှင်၏သမီးသည် စန္ဒရားကို တီးနေသည်။
၎င်းအနားသို့ ဧည့်သည်ဖြစ်သူ နာမည်ကြီးစန္ဒရားဆရာ ကပ်လာပြီး မေးသည်။
"ဘာဖြစ်လို့ ခြေနင်းကို အသုံးမပြုတာလဲ"
"ဘရိတ်အုပ်ရလောက်အောင်အထိ ကျမ မြန်မြန် မတီးတတ်သေးလို့ပါ"

ဖြစ်လိုသောဆန္ဒ
အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။ ဤကျောင်းသည် စည်းကမ်းကြီး လှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။ အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ လက်ခံရရှိကြသည်။ စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း (၃၈၇) ယောက်ရှိပါသည်။ ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင် ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်

ဘ၀တူခြင်း
လူစီးရထားတွဲပေတွင် ဖြစ်သည်။ ရထားတွဲတစ်ခုလုံး ခရီးသည်များ ၎င်းတို့၏ ပစ္စည်းများဖြင့် ခြေချစရာ နေရာလွတ်မရှိအောင် ပြွတ်သိပ်နေသည်။ လက်မှတ်စစ်က လက်မှတ်များကို လိုက်လံစစ်ဆေးသည်။ ပစ္စည်းပုံးများကြားတွင် ပုန်းနေသော အသက် (၅ဝ)အရွယ်ခန့် ပိန်ပိန်သေးသေး လူကြီးတစ်ဦးကို တွေ့ရသည်။ ကြောက်ကြောက်လန့်လန့်နှင့် လူကြီးကပြောသည်။ "ဦးဟာ.. မရှိဆင်းရဲသားပါ... မောင်ရင်ရယ်... လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိပါဘူး.. တစ်ဖက်ရွာမှာ ဦးရဲ့သမီး
ဒီနေ့မင်္ဂလာဆောင်မယ်.. အဲဒီကိုသွားချင်လို့ ဒီနေ့မရောက်ရင်မဖြစ်လို့ပါ...
ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ရအောင် ဦး ငြိမ်ငြိမ်လေး နေပါ့မယ်.."
လက်မှတ်စစ်သည်. သဘောကောင်းပုံရသည်.. ထို့ကြောင့် ဘာမှမပြောဘဲ
ကျန်ခရီးသည်တို့၏ လက်မှတ်များကို ဆက်စစ်သည်။ ထောင့်တစ်နေရာတွင်..
ကုပ်ကုပ်ကလေးထိုင်နေသော အရပ်ပုပု ပိန်ပိန် လူငယ်တစ်ယောက်ကို တွေ့ရသည်။
လက်မှတ်စစ်က ၎င်းအနားရောက်သောအခါ လူငယ်၏ မျက်နှာသည် ကြောက်စိတ်ဖြင့်
ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ၎င်းတွင်လည်း လက်မှတ်မရှိချေ.... "ခင်ဗျားဘယ်ကိုသွားမလို့လဲ"
"ကျွန်တော်က သတို့သားပါ" ဟု လူငယ်က တိုးတိုးလေး.. ပြောသည်။...

ပြောထားလေ
နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှကို ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ်။ နောက်ဆုံးဆန်ခါတင် အနေနဲ့ ယောင်္ကျား (၂)ယောက်နဲ့ မိန်းမ (၁)ယောက်ကိုရွေးချယ်လို့ရကြတာပေါ့လေ။ အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ (၃)ယောက်ကို စစ်ဆေးကြတာပေါ့။ ပထမဆုံးယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ်။ အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့ အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို ပစ်သတ်လာခဲ့ပါပေါ့ .. အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ် ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"

"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

အတွေးကိုယ်စီ

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင်
အပြုံးရိပ်ပေၞလာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ.. မနက်ကျရင်
ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။"

ဖြစ်နိုင်ရင် မဆိုပါနဲ့

ကလေးက တော်တော်နဲ့ မအိပ်နိုင်သည်နှင့် မိန်းမက ယောက်ျားကို ပြောသည်။
"ကျွန်မ သီချင်းတစ်ပုဒ်လောက် ဆိုပြလိုက်မှထင်တယ်.."
"မင်းကလဲကွာ၊ ချက်ချင်းကြီး ဒီလိုမလုပ်ပါနဲ့.. ပထမ သူ့ကို ချော့ကြည့်ပါဦး.."

ဒီနာမည်

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းကခဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့ လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။

နောက်တနေ့
မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းက ဖုန်းဆက်လို့ တဲ့

ကစားမယ်

ချာတိတ်လေးက ချာတိတ်မလေးကို ပြောသည်။

နင်နဲ့ငါနဲ့ တိရစ္ဆာန်ရုံလုပ်တမ်း ကစားကြရအောင်...

ကောင်းသားပဲ.. ဘယ်လို ကစားကြမလဲ

ငါက မျောက်လုပ်မယ်... နင်က ငါ စားဖို့ ငှက်ပျော်သီး ယူလာခဲ့...

ကောက်ချက်

မှုခင်းသတင်း။

အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ
တိုက်ခန်းပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင်
အကြားစကားပြောနေခန်းမှာ ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..

ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့သူ.. ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..

အသက်ပိုရှည်ရတဲ့အကြောင်း

မေး - မိန်းမတွေက ယောင်္ကျားတွေထက် ဘာလို့ အသက်ပိုရှည်တာလဲ ။
ဖြေ - သူတို့က မိန်းမမှ မရဘူးတာ ။

"နတ်မိမယ်"

" အမေ..နတ်မိမယ် ဆိုတာ ဘာလဲဟင်.." " နတ်မိမယ်..ဆိုတာ..လူနဲ့တူတဲ့
အမျိုးပေါ့ ။ဒါပေမဲ့ သူကကောင်းကင်ပေါ် ပျံတတ်တယ်ကွဲ့ " " မ မှန် ဘူး " "
ဘာ ဖြစ် လို့ လဲ " " မနေ့က ဘေးအိမ်က အန်တီကို အဖေက တင်ပါးဆုံကို
လက်နဲ့ပုတ်ပြီး မင်းဟာ နတ်မိမယ် လို့ပြောတယ် ။ ဒါပေမဲ့ သူက
မပျံတတ်ဘူး..ဗျ..။



တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်".......



လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......


သုံးလုံးမရှိလို့
သူတို့နှစ်ယောက်ကုလားထိုင်တွေနဲ့ရိုက်နေတာကိုမင်းကဒီအတိုင်းကြည့်နေရလား?


ကုလားထိုင်ကနှစ်လုံးတည်းမို့ပါ.........



ငုန်တာဥစားချင်တယ်

ဆိုင်ထဲသို့ ယုန်ဝင်လာပြီး ဈေးရောင်းသူကိုမေးသည်။

"ခင်ဗျားတို့ဆိုင်မှာ ငုန်တာဥ ရှိလားဟင်.."

ထိုအခါ ဆိုင်ရှင်က
"တစ်အချက် - ငုန်တာဥမဟုတ်ဘူး.. မုန်လာဥ
နှစ်အချက် - နောက်တစ်ခါ ငုန်တာဥလို့ လာပြောရင် မင်းကို ဟောဟိုကနံရံမှာ
သံနဲ့ ရိုက်ထည့်လိုက်မယ် နားလည်လား.. သွား..."

ရက်အနည်းငယ်ကြာသောအခါ စောစောကဆိုင်သို့ ယုန်ပြန်ရောက်လာပြန်သည်။

"ခင်ဗျားတို့ဆိုင်မှာ သံ ရှိလားဟင်.."

"မရှိဘူး."

"အဲဒါဆို ငုန်တာဥကော ရှိလား.."


ခွေးစကား

တယ်လီဖုန်းသံမြည်လာသည်။
ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ။
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။

"၀ုတ်"
"အခုစကားပြောနေတာ ဘယ်သူလဲ"
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာနားထောင်၊ ၀ တစ်ချောင်းငင် တသတ် ၀ုတ်.. ၀ုတ်.. ၀ုတ်..."


ခွင့်လွတ်ပါ

၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။
ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။
"I am Robin Hood"
ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး
မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ
သောင်းသောင်းဖြဖြ အားပေးကြသည်။ လူငယ်ကပြောသည်။
"I am Willghelm Telle"
ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော
ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို
ယူလိုက်ပြီး ချွန်ထက်သည့် စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည်
ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။
ထိုဗလကြီးကပြောသည်။
"I am SORRY"



ကဲ....ကျနော်လဲရေးပြီဗျာ...ငယ်ငယ်ကဖတ်ဖူးထားတာလေးပါ...ဟီဟီ
ဂျာမနီနိုင်ငံကမုဆိုးနှစ်ယောက်တဲ
့ဗျ...တောပစ်ထွက်သွားကြတာပေါ့ဗျာ...လေယာဉ်အသေးလေးနဲ့ တဲ့ဗျို
့....လေယာဉ်မောင်းတော
့ပါတာပေါ့ဗျာ...တောလဲရောက်ရောနေရာကောင်းလေးမှာဆင်းပြီးလေယာဉ်မှူးကိုမုဆိုးတစ်ယောက်က..။
။နောက်နှစ်ရက်နေရင်ဒီနေရာကိုလာကြိုပါလို့ မှာလိုက်ပါတယ်...လေယာဉ်မှူးကလဲ
။ ။ကောင်းပါပြီဆိုပြီးပြန်သွားတာပေါ့ဗျာ....
နောက်နှစ်ရက်လွန်ပြီးသုံးရက်မြောက်နေ့ မှာတော့ လေယာဉ်မှူးကလဲမှာထားတဲ
့နေရာမှာရောက်လာပါတာပေါ့ဗျာ...မုဆိုးတွေက သားကောင်းနှစ်ကောင်ရထားတာတဲ
့ဗျ....အဲဒီတော့ လေယာဉ်မှူးကပြောလိုက်ပါတယ်။
။ကျနော်လေယာဉ်ကသားကောင်းတစ်ကောင်းပဲနိုင်တယ်ခင်ဗျား......
အဲဒီအချိန်မှာမုဆိုးတစ်ယောက်က။ ။ ဟဟ..ကျနော်တို့ မနှစ်ကလဲဒီလိုလေယာဉ်နဲ
့လာပြီးသားကောင်းလဲနှစ်ကောင်သယ်တာပါပဲဗျာ....လို့ စောဒကတက်လိုက်တယ်ဗျို
့...
အဲဒီတော့ လေယာဉ်မှူးကလဲ.။
။အော်..ဟုတ်လား..မနှစ်ကတောင်နှစ်ကောင်သယ်တယ်ဆိုရင်တော
့ကျနော်လဲသယ်ပေးပါမယ့် လို့ ပြောလိုက်ပါတယ်...
အဲလိုနဲ့ ....သားကောင်နှစ်ကောင်တင်ပြီးလေယာဉ်ပျံတက်သွားတာပေါ့ဗျာ....လေယာဉ်က၀န်မနိုင်တော့ပျံတက်ပြီးမကြာခင်မှာပဲတောင်းတစ်လုံးကိုတိုက်ပြီးပျက်ကျသွားတယ်
တယ်ဗျို့ ....အဲဒီအချိန်မှာပဲ လေယာဉ်အပျက်အဆီးတွေကြားကနေမုဆိုးတစ်ယောက်က
ထွက်လာပြီး ။ ။ဟေ့ ...သူငယ်ချင်းရေ....ငါတို
့ဘယ်နေရာရောက်နေတာလဲကွ...သေချာလေးကြည့် စမ်းပါအုံးဟ.......လို
့မေးလိုက်ပါတယ်...အဲတော့ ကျန်တဲ့မုဆို့း တစ်ယောက်က။ ။
ဟ...သူငယ်ချင်းရ...ငါတို့ မနှစ်ကပျက်ကျတဲ့ နေရာနဲ့ 
မိုင်ဝက်လောက်ပဲဝေးတယ်ဟ....လို့ ပြောလိုက်တယ်တဲ့ ဗျို့ ......


ကြုံ...ကြုံဖူးးပါဘူးဗျာ..
တစ်ခါကမြို့ငယ်လေးတစ်မြို့မှာသူငယ်ချင်းနှစ်ယောက်ခေါင်ရည်သောက်ရင်း ဆေးလိပ်ဖွာချင်လာတာကြောင့် ဆေးလိပ်မှာပါတယ်။ဆိုင်ကဆေးလိပ်လာချပါတယ်။
သောက်မလို့လုပ်တော့မှမီးခြစ်ပါမလာတာကြောင့်ဘေးဝိုင်းကသူကိုမီးခြစ်ငှားတယ်။
" အစ်ကို မီးခြစ်ပါလားခင်ဗျ"ဆိုတော့ ဘေးဝိုင်းကသူကမီးခြစ်ထုတ်ပေးရင်
"ညီလေးဆေးလိပ်ပါလား"တဲ့။

------------------------------------------------ဝဝဝ-----------------------------------------

သဘာဝပေကိုး..
"အဘွား.. အဘွားရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေရတာလဲဟင်. "

"ကောင်းကောင်းမြင်ရအောင်လို့ပေါ့.."

"အဘွားရဲ့ နားရွက်တွေကကော ဘာဖြစ်လို့ အကြီးကြီးဖြစ်နေရတာလဲဟင်..."

"ကောင်းကောင်းကြားရအောင်လို့ပေါ့ကွယ်.."

"ဒါဆို နှာခေါင်းကကော.. ဘာဖြစ်လို့ ဒီလောက်အရှည်ကြီး ဖြစ်နေရတာလဲဟင်.. "

"ငါတို့ဟာ ဆင်တွေမဟုတ်လား.. ငါ့မြေးရယ်.."

------------------------------------------------ဝဝဝ---------------------------------------------
အိန္ဒိယနိုင်ငံကိုအင်္ဂလိပ်များသိမ်းပိုက်ပြီးသောအချိန်တွင်ဖြစ်သည်။ရွာတစ်ရွာမှတရားခံဟုထင်ရသော
ရွာသားသုံးယောက်ကိုအင်္ဂလိပ်စစ်ဗိုလ်များကစစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်။
ထိုသို့ မေးမြန်းရာတွင်အိန္ဒိယစကားကိုနားမလည်သောကြောင်
့အင်္ဂလိပ်စစ်ဗိုလ်များကဘာသာပြန်အဖြစ်အိန္ဒိယဘာသာပြန်တစ်ယောက်ကိုခေါ်ထားပါတယ်...
အင်္ဂလိပ်စစ်ဗိုလ်။ ။ ဟေ့ ကောင်မင်းတို့ ရတနာသေတ္တာကိုဘယ်နေရာမှာဝှက်ထားတာလဲ......
ဘာသာပြန်ကလဲအိန္ဒိယစကားဖြင့် ဟေ့ကောင်မင်းတို
့ရတနာသေတ္တာကိုဘယ်နေရာမှာဝှက်ထားတာလဲလို
့သခင်ကြီးကမေးနေတယ်...သိရင်ဖြေလိုက်ပါလို့ ပြောလိုက်ပါတယ်တဲ့ ....
အဲဒီအချိန်မှာရွာသားတစ်ယောက်က။ ။ဟေ
့ကောင်တွေသေတောင်မပြောဘူးကွာ..သတ်ချင်သတ်ပစ်လိုက်လို့ ပြောလိုက်ပါတယ်...
...အဲဒီတော့ ဘာသာပြန်ကလဲသူပြောတဲ့ အတိုင်းပြန်ပြောတာပေါ့ဗျာ...
အင်္ဂလိပ်စစ်ဗိုလ်ကစိတ်ဆိုးပြီး။
။ဒီတစ်ခါမှမပြောရင်အဲဒီကောင်ကိုခြေတွေလက်တွေဖြတ်ပစ်ကွာလို
့ပြောလိုက်ပါတယ်
ဘာသာပြန်။ ။မင်းဒီတစ်ခါမှမပြောရင်ခြေတွေလက်တွေဖြတ်ပစ်မယ်လို့ ပြောနေတယ်.......
အဲဒီရွာသားကမပြောတာနဲ့ ခြေတွေလက်တွေဖြတ်ပြီးသတ်ပစ်လိုက်ပါတယ်....
ဒုတိယရွာသားကလဲမေးတိုင်းမဖြေပါဘူး...အဲဒီတော့ သူ့ ကိုလဲခေါင်းဖြတ်ပြီးသတ်ပစ်လိုက်ပါတယ်တဲ့.... အဲဒီတော့နောက်ဆုံးလူတစ်ယောက်ပဲကျန်တော့ တာပေါ့ဗျာ..အဲဒီအချိန်မှာ
အင်္ဂလိပ်စစ်ဗိုလ်က။ ရတနာသေတ္တာတွေဘယ်မှာထားသလဲပြောပါ....ဘာသာပြန်ကလဲအိန္ဒိယဘာသာနဲ
့မေးတာပေါ့ဗျာ...ရွာသားကပထမတစ်ခါတော့ ငြင်းလိုက်တာပေါ့ဗျာ....အဲဒီတော့ 
အင်္ဂလိပ်စစ်ဗိုလ်က နောက်ဆုံးအနေနဲ့ မေးမယ်.....မပြောရင်ဗိုက်ခွဲပြီးအူထုတ်သတ်ကွာလို့ ပြောလိုက်ပါတယ်..ဘာသာပြန်ကလဲပြောတာပေါ့ဗျာ...မင်းကိုပြောနေပြီ...
နောက်ဆုံးပဲတဲ့...မင်းမပြောရင်ဗိုက်ခွဲပြီးသတ်မယ်တဲ့...ပြောလိုက်ပါ...မင်းပြောရင်အသက်ကိုချမ်းသာပေးကြမှာပါလို့ ပြောလိုက်ပါတယ်....ရွာသားကလဲကြောက်လဲကြောက် အသတ်လဲမခံချင်တော့၊ ကျနော်တို့ ရွာနောက်ကရေတံခွန်ကြီးနားကလှိုင်ဂူထဲမှာပါလို့ ပြောလိုက်ပါတယ်....အဲဒီတော့ဘာသာပြန်က။ ။သခင်ကြီးသူကအသေပဲခံမယ်...ဘယ်တော့ မှမပြောဘူးလို
့ပြောပါတယ်လို့  အင်္ဂလိပ်စစ်ဗိုလ်ကိုပြောပါတယ်တဲ့ ...


သူခိုးဖမ်းစက်
ဂျပန်နိုင်ငံတွင် နောက်ဆုံးပေါ် သူခိုးဖမ်းစက်ရုပ် တစ်ခုကို တီထွင်လိုက်သည်။

ဂျပန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုးတစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။

အမေရိကန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုး နှစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။

ရုရားနိုင်ငံတွင် ငါးမိနစ်အတွင်း စက်ရုပ်ကို သူခိုးခိုးသွားသည်