သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, June 3, 2011

“ဘဝဆိုဒ်” ကို ဒီလို လာခဲ့ကြပါတယ်...

 NOW

 DAY

MONTH

ALL TIME
တခါတလေ ကိုယ်မသိတဲ့ ဆိုဒ်တွေဆီမှာ လင့်ချိတ်ထားမှန်း ဒါလေးတွေ ကြည့်မှ သိပါတယ်၊ ပြီးမှ လင့်နောက် လိုက်ကြည့် စာဖတ်ဖြစ်ပါတယ်။ လင့်ယူထားတာလေးတွေ့တော့ ခိခိ ခိခိ နဲ့ ဝမ်းသာတာပေါ့။ ကျေးဇူးတွေ တင်တာပေါ့။ အမယ် ကိုယ့်ဆိုဒ်လေးကို လင့်ထားတယ်ပေါ့၊ ရင်ထဲမှာ တလှပ်လှပ်နဲ့ ကြည်နူးလို့။

ဒီလင့်တွေထဲမှာ မပါတဲ့ တချို့လင့်မှာ ပိုစ့်တွေ ကူးပြီး ရေးသူကို ဖျောက်ထားတွေ့ရတာတော့ စိတ်က ဆန့်ငင်ငင်ပေါ့လေ။ စိတ်များနှယ်...။ မိမိစိတ်ကိုသာ အပြစ်မြင်မိပါတယ်။

ဒီဆိုဒ်လေးမှာ ဟိုရေး ဒီရေးနဲ့ ဆိုဒ်လေးကို အမှီပြုလို့ အွန်လိုင်းမိတ်တွေတိုးလာတာပဲ ဝမ်းသာလှပါပြီလေ။

ဒါကြောင့်လင့်ချိတ်ပေးထားတဲ့ ဘုန်းဘုန်းများနှင့် အားလုံးသော အစ်ကို အစ်မများ၊ မောင်လေး ညီမလေးတွေကို ကျေးဇူးတင်စွာဖြင့်
ခရစ္စတလ်

Thursday, June 2, 2011

“ကျေးဇူး အထူးတင်ပါကြောင်း”

All Time

 Month

 Week

Day

ကြည့်မိနေတာတော့ ကြာပါပြီ၊ 
ကျေးဇူးတင်ကြောင်း ပြောဖို့ နောက်ကျနေပါတယ်။ 
ပုံမှာမြင်ရတဲ့အတိုင်း ကျမရဲ့ အလုပ်ဆိုဒ်ကို 
အစ်ကို အစ်မတို့ရဲ့ ဆိုဒ်များမှာ လာရောက်လည်ပတ်ကြတာကို တွေ့ရမိတော့ 
ဝမ်းသာခြင်း ပီတိများနဲ့အတူ 
ဒီနေရာလေးမှ ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်ရှင်။ 

ရိုသေလေးစားစွာဖြင့်
ခရစ္စတလ်