သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, January 13, 2012

FREE on Friday 13း)



မြန်မာနိုင်ငံရဲ့ လမ်းများမှာ လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပလို့ရပြီပေါ့နော်
မြန်မာပြည်သူတစ်ဦးဖြစ်တဲ့ ခရစ္စတလ်လည်း ဝမ်းသာနေပါတယ် ပျော်နေပါတယ်.......
ပိတ်လှောင်မှုတွေက လွတ်မြောက်ကြပြီ၊ ဝေးကွာနေသူတွေ ပြန်ဆုံခွင့်ရပြီ ခံစားရတဲ့ ဒုက္ခတွေက ချမ်းသာရာရပြီ...........

မြန်မာနိုင်ငံကလူတွေများ ပျော်လွန်းလို့ ကနေကြမလားတောင် တွေးမိတယ်

အားလုံး လွတ်လာပြီဆိုရင်တော့ ယုံကြည်ချက်ကြောင့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခံစားခဲ့ရသော ဒဏ်ရာဒဏ်ချက်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေမှာပါ။

ကျမတို့လို ပြည်သူတွေအနေနဲ့ သူတို့ နိုင်ငံရေးမှာ ပါဝင်လာဖို့ထက် သူတို့သူတို့အားလုံးသည် စွန့်လွှတ်စွန့်စားပေးဆပ်သူတွေပါ၊
ဒါကြောင့် အစစ ဂရုစိုက်နိုင်ကြလိမ့်မယ် ထင်ပါတယ်နော်..........

တို့ပြည်သူတွေအားလုံး ညီညွတ်ကြမယ်နော်...............

လေးစားစွာဖြင့်
ခရစ္စတလ်

ပုံလေးတွေကို google search က ကူးယူပါတယ်......

Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free

From Senegal West Africa,
To St. Louis, Missouri
Thanks to Catherine Donna
For giving my pops his glory
He came down with his drum
And a dream to change the world
In a free uplifting world
And thats all he ever want

Mom came a little after
Gave birth to my brother
Then all of the pressure
Made em' fight one another
See the pain would never last
Did the best with what they had
He knew the world was out for grabs
And he searched to find his

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free
So I search to find my
Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free, I wanna be free, yeah

As a kid I never knew
Id have to hustle just to make it through
So I found myself skipping school
Cause the girls dont think im cool
And because of that I didnt care
Whether or not I went to jail
I just wanna be treated fair
Cause thats all I ever knew
Tellin me I need to slow down
Cause everybody in the whole town
Cause they know how I get down
Foreigner from another town
Can you believe we're still around?
After so many hit the ground
And we ain't gonna stop now
Until we get that...

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free
Won't stop til' I find my
Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free, I wanna be free, yeah

If you wanna be free, and the land is drug-free
put your hands up, put your hands up
If you wanna be free, from all your misery
put your hands up, put your hands up
If you wanna be free, with plenty money
put your hands up, put your hands up
If you wanna be free, just praise G O D
put your hands up, put your hands up

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free(wanna be free), I wanna be free(wanna be free, yeah)

Thursday, January 5, 2012

အကယ်၍ ...

 အကယ်၍ ဘုန်းဘုန်းဥာဏ်ဆိုဒ်မှ ကူးယူတင်ဆက်ပါသည်။

ဘုရားလောင်းမင်းသား ပုံဖြစ်ပါတယ်
ချင်းမိုင်မြို့က The International Horticultural Exposition Ratchaphruek 2011မှာ ပြသထားပါတယ်။

အကယ်၍ ...

အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်...

အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်...
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်...

ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်...

ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်...

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်...

ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်...

အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသောလောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်...

အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်...

အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည်တည်ဆောက်နိုင်မယ် ဆိုရင်...

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင် ...

ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်...

အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်...

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်...

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်...

ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်...

အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...

အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်...

ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


အင်္ဂလိပ်လို ဖတ်လိုသူတွေ သို့မဟုတ် ယှဉ်တွဲဖတ်လိုသူများ အတွက်လည်း မူရင်း အင်္ဂလိပ် ကဗျာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";
If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုတ်လွှင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင်လွင် စီစဉ်တင်ဆက်တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါတယ်။ အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 
ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။
၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

(မှတ်ချက်)
၂၀၊ ၁၁၊ ၂၀၁၀ နေ့က ရေးတင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါ။ ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဘုန်းဉာဏ်

--------------------------------------------------------------------ဝဝဝ--------------------------------------
ဘုန်းဘုန်းဥာဏ်ရဲ့ ဆိုဒ်ကို သွားလည်လို့ နှစ်ကူးနှုတ်ဆက်မိရင်း ပိုစ့်ဖတ်မိတော့ ဟတ်ထိသွားပါသဖြင့် ကူးယူလာပါတယ်၊ ဘုန်းဘုန်းဆီက approval မစောင့်ပဲ တင်လိုက်ပါပြီ။ ပိုစ့်ရဲ့ အဓိက ပွိုင့်ကို ပေါ်လွင်စေချင်လို့ မူရင်း ပိုစ့်ကို တင်ဆက်ပုံလေး ပြန်ပြင်ပြီး တင်လိုက်ပါတယ်။
 
နှစ်ကူးမှာ ရေးမယ့် ပိုစ့်လေးတစ်ခု စိတ်ကူးမိပေမယ့် အကောင်အထည်ဖေါ်တဲ့ဆီ မရောက်သေးပါဘူး။ 
ဘာလိုလိုနဲ့ နှစ်တွေလည်း ရွေ့ရွေ့လာလိုက်တာ 2012တောင်ဖြစ်နေပါပေါ့။ အလုပ်ဆိုဒ်ဘက်မှာတော့ ချင်းမိုင်က ပုံရိပ်တွေ တင်နေပါတယ်။
(ပိတောက်ရေ - ချင်းမိုင်ကို အစီစဉ်မရှိပဲ သွားလိုက်တာ၊ ခရီးထဲမှာလည်း ကျန်းမာရေးက မကောင်းတာမို့ ဖုန်းမဆက်ဖြစ်ခဲ့တော့ပါဘူး။ နောက်များမှလာအုံးမယ်လေ...)

ဘဝဆိုဒ်ကို အလုပ်များတာ အကြောင်းပြပြီး မရေးတော့ပါဘူးလို့တောင် စိတ်ကူးထားကာမှ နှစ်ကုန်ခါနီး နှုတ်ဆက်တဲ့သူတွေ၊ ခင်ရာမင်ရာ မိတ်ဆွေတွေ ဝိုင်းတဲ့ ဒီဘဝဆိုဒ်လေးကို ပစ်ပယ်နိုင်စွမ်းအားလည်း မရှိပါဘူး။ ကြိုးစားပြီး ရေးပါအုံးမယ်လို့နော်....း)

လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, December 31, 2011

Happy New Year to You!

 ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ရတနာ ဖြစ်ပါစေ..

(ဒီဇင်ဘာလ ၃၀-ရက်နေ့မှာ ရောက်လာတဲ့ နှစ်သစ်ဆုတောင်းလည်းဖြစ် အဖိုးတန်တရားတစ်ပိုဒ်လည်းဖြစ်လို့ ခင်မင်ရသော ဘလော့မိတ်ဆွေများအားလုံးအတွက် ပိုစ့်တင်ပေးလိုက်ပါတယ်နော်-ခရစ္စတလ်)

new year scraps greetings for orkut

သို့
ဦးဇင်း စာရေးလိုက်ပါတယ်။ နှစ်သစ်ကူးတော့မယ်ဆိုတော့ နှစ်သစ်ဆုတောင်းလေး ပို့ပေးလိုက်ပါတယ်။ ဒီလိုအချိန်ဆို ထိုင်းမှာ ပီမိုင်ပွဲတော်ဆိုပြီး ကျင်းပကြတာကိုလဲ သတိရနေမိတယ်။ အရင်နှစ်က  နှစ်သစ်ကူး တရားတွေ ဟောခဲ့ရတာကိုလဲ သတိရမိသေးတယ်လေ..

၂၀၁၁ ခုနှစ်ကတော့ ကုန်တော့မယ်နော်။ လောကမှာ ထုံးစံအတိုင်း တနှစ်မှာ တစ်ခါ နှစ်သစ်ကူးဆိုတာ လုပ်ကြပါတယ်။ Happy New Year to You! ပေါ့။ Globalization ခေတ်ဆိုတော့ ကမ္ဘာသုံး (A.D anno domini) ခရစ်နှစ်နဲ့ အလုပ်များကြပါတယ်။ မြန်မာတွေက မြန်မာ(Myanmar Era)နှစ်နဲ့လဲ လုပ်ကြတယ်။ တချို့ တရုပ်နွယ်ဖွား မြန်မာများဆိုရင် မြန်မာနှစ်လို Happy New Year၊ ခရစ်နှစ်လိုလဲ Happy New Year ၊ တရုပ်နှစ်လိုလဲ Happy New Year ဆိုပြီး လုပ်ကြသေးတယ်။ ကမ္ဘာမှာ လူမျိုးနွယ်ပေါင်းကလဲ လူမျိုးပေါင်း ၃၆၅ မျိုးမက ရှိနေပါတယ်။ ရှိနေသမျှ လူမျိုးပေါင်းတို့အလိုအရ Happy New Year  လုပ်ရမယ်ဆိုရင်လဲ နေ့တိုင်း အချိန်တိုင်း Happy New Year  ဖြစ်နေတော့မှာပါပဲ။

Happy New Year-ကို စိစစ်ကြည့်တော့ တစ်နှစ်မှတစ်နှစ် ရုပ်နာမ်တရားတွေ ပြောင်းလဲသွားတာပါပဲ။ အသက်တစ်နှစ်ကြီးလာတာပေါ့။ တကယ်ပြောင်းလဲလာတာက ရုပ်တရား နာမ်တရားတွေပါ။ မိမိတို့ရဲ့ ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တရား နာမ်တရားတွေဟာ စက္ကန့်မလပ် အမြဲတမ်း ပြောင်းလဲနေပါတယ်။ အဲဒီလို ကိုယ်တွင်းက ရုပ်တရား နာမ်တရားတွေ စက္ကန့်မလပ် ပြောင်းလဲနေတာကိုတော့ ဝိပဿနာအသိဥာဏ်မျက်စိနဲ့ကြည့်မှသာ မြင်နိုင်ပါတယ်။ ရုပ်တရား နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ချင်ရင် “ဖြစ်ပျက်”လို့ ရွတ်ဆိုနေရုံနဲ့တော့ မြင်ရမည် မဟုတ်ပါ။ ပစ္စုပ္ပန်အခိုက်အတန့်မှာ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေကို ရှုမှတ်နေမှာသာ တကယ့်ရုပ်နာမ်တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ရမှာ ဖြစ်ပါတယ်။

ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို မြင်နေရပြီဆိုရင် အနိစ္စလက္ခဏာဆိုတာ ထင်ရှားလာမယ်။ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အမြဲနှိပ်စက်ခံနေတဲ့အတွက် ဒုက္ခလက္ခဏာလဲ ထင်ရှားလာမယ်။ ဒီလို မမြဲတာ ဒီလို ဆင်းရဲတာဟာ ကိုယ်ဖြစ်လို့ ဖြစ်ရတာ မဟုတ်ပဲ အစိုးမပိုင်လို့သာ ဖြစ်ရတာဆိုတဲ့ အနတ္တလက္ခဏာလဲ ထင်ရှားလာပါမယ်။ လက္ခဏာရေး သုံးပါးလုံး ထင်ရှားလာပါလိမ့်မယ်။ “အနိစ္စ ဒုက္ခ အနတ္တ” လို့ ရွတ်ဆိုနေရုံမျှနဲ့တော့ လက္ခဏာရေးသုံးပါးက ထင်ရှားလာမည် မဟုတ်ပါ။ ထို့ကြောင့် လက္ခဏာရေးသုံးပါး ထင်ရှားဖို့အတွက် ဖြစ်ပျက် ဖြစ်ပျက်လို့ အမြှုတ်ထွက်အောင် ရွတ်ဆိုနေဖို့ မလိုသလို အနိစ္စ ဒုက္ခ အနတ္တ လို့ ရွတ်ဆိုနေဖို့လဲ မလိုအပ်ပါဘူး။ တကယ်လုပ်ရမည်က ဖြစ်ခိုက်ရုပ်နာမ် ပစ္စပ္ပန်တရားတွေကိုသာ ရှုမှတ်နေဖို့ လိုပါတယ်။ Happy New Year-ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကိုလဲ သတိထားကြည့်သင့်ပါတယ်။
တစ်နှစ်တစ်ခါ နှစ်သစ်ဟာ လူ့မှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။
ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏။
× × × × ×

Happy New Year ကို အကြောင်းပြုပြီး ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်ပြောင်းလဲ မမြဲတာကို သမာဓိသိက္ခာလို့ခေါ်တဲ့ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ဖြင့် သတိထားရှုမှတ်နေသူမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ပညာသိက္ခာတို့ ထက်မြက်နေပါတယ်။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတဲ့ သီလသိက္ခာတို့လဲ ဖြူစင်သထက် ဖြူစင်လာပါတယ်။ ထိုကြောင့် မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ အားကောင်းသထက် ကောင်းလာပါတယ်။
နှစ်ကုန်လာလို့ အသက်သာ တစ်နှစ်ကြီးလာပြီး သိက္ခာတရား ကြီးမလာသတို့မှာ အကုန်ကြောက်နေရပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်နဲ့အမျှ သိက္ခာတရားဘာမျှ မရရှိပဲ ချိန်ခွင်လျာ မညီသူတို့မှာ အမြဲတမ်းလို့ ကြောက်လန့်ထိပ်လန့်နေရပါတယ်။ လူလောကမှာ အကျင့်သိက္ခာ ကြီးမလာပဲ အသက်သာကြီးလာပြီး အိုမင်းလာသည့်အခါ  ဘာမျှအသုံးမကျသည့်အတွက် ဝိုင်းပယ်ခြင်းကို ခံရပါလိမ့်မယ်။ အိုပယ်ဖြစ်သွားတတ်ပါတယ်။ ထို့ကြောင့် လူလောကမှာ မိမိကိုယ်ကို ယုံကြည်မှုနဲလာခါ အသက်စသည် အမေးခံရသောအခါ မကျေနပ်ကြပေ။ ထို့ကြောင့် ခေတ်သစ်လောကနီတိက… “မိန်းကလေးဆို အသက်မမေးရ၊ လခစားဆို လခ မမေးရ၊ ဘုန်းကြီးဆို ဝါမမေးရ၊ စိတ်ဆိုးတတ်ကြသည်”တဲ့။
အသက် သိက္ခာ၊ ကြီးစရာ၊ လူမှာနှစ်မျိုးရှိ။
အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။
အသိမကြွယ်၊ အကျင့်ကွယ်၊ အိုပယ်ဖြစ်သွား၏။
× × × × ×

အသက်တစ်နှစ်ထက်တစ်နှစ် ကြီးလာသည်နှင့်အမျှ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ တစ်နှစ်ထက် တစ်နှစ် ကြီးမားလာသူတို့မှာ အမှန်ပင် စိတ်အေးရပါတယ်။ ကုန်လွန်ခဲ့တဲ့အချိန်များကို အကျိုးရှိရှိ ကုန်ဆုံးခဲ့ရလို့ ပြန်တွေးတိုင်း ပူပင်မှုမရှိပဲ ကျေနပ်နှစ်သက်မှုသာ ဖြစ်ရပါတယ်။ သိက္ခာသုံးပါး အကျင့်တရားတွေ မြင့်မားလာသည့်အတွက် သိက္ခာသုံးပါးတည်းဟူသော တကယ်အလှတရားဖြင့် ပြည့်ဝနေသည့်အတွက် ကြီးလေလှလေ ဖြစ်ခါ လူအများကလဲ ချစ်လို့မဝ ကြည်ညိုလို့မဝ ဖူးလို့မဝ ဖြစ်ရပေတယ်။ ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါးဟူသော သိက္ခာသုံးပါး အကျင့်တရားတို့ဖြင့် ပြည့်လျမ်းနေသော Happy New Year မျိုးဟာ တကယ့် ရတနာထိုက်တဲ့ “Happy New Year နှစ်သစ်မင်္ဂလာ ရတနာ’’ လို့ ခေါ်ဆိုထိုက်ပါပေတယ်။
အကျင့်သိက္ခာ၊ ကြီးမှသာ၊ မှန်စွာစိတ်အေး၏။
ကြီးလေလှလေ၊ အေးမြပေ၊ လူတွေချစ်ကြ၏။
နှစ်သစ်မင်္ဂလာ၊ ရတနာ၊ ကောင်းစွာရအောင်ဖြည့်။
× × × × ×

Happy New Year to You! လို့ ဆိုလိုက်ရင် နှစ်သစ်ဆုတောင်းဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ (သင့်အတွက် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ) လို့ ဆိုလိုတာပါပဲ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာက ဆုတောင်းလေးတော့ သတိထားမိသူ နည်းမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာမှာ Happy New Year to You!  ဆိုတဲ့ ဆုတောင်းထက် ပိုပြီးလေးနက်ကာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆုတောင်းလေးရှိပါတယ်။ ဆုတောင်းလဲ ပေးကြတယ်လေ၊ ဗုဒ္ဓသာသာက ဆုတောင်းပေးနေကြ မွေးနေ့ဆုတောင်းဖြင့် ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..
ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေ၊  သဗ္ဗဓမ္မာနုဘာဝေန၊
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

ကောင်းခြင်းမင်္ဂလာမှန်သမျှ ဖြစ်ပါစေ၊ ခပ်သိမ်းသော နတ်အများက စောင့်ရှောက်ကြပါစေ၊ အလုံးစုံသောဘုရားရှင်တို့၏ တန်ခိုးအာနုဘော်ကြောင့်၎င်း အလုံးစုံသော တရားတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း အလုံးစုံသော သံဃာတော်တို့၏ အစွမ်းအာနုဘော်ကြောင့်၎င်း သတ္တဝါအားလုံးတို့ အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

May there be all blessings!
May all deities give protection!
By the power of all Buddhas, Dhammas and Samghas, may you be happy!

နှစ်သစ်မင်္ဂလာ ရတနာဖြစ်၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနှင့် ဘေးရန်အမျို:မျို:တို့မှ ကင်းလွတ်ကာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပြီးလျှင် အမျိုး ဘာသာ သာသနာတော်အကျိုး ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း...

ဦးဇောတိက
နည်းပြ၊ ပဋိပတ္တမဟာဌာန
အခန်း နံပါတ် (၂၀၆)၊ ဆရာဆောင်

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

ရန်ကုန်မြို့
ဖုန်း ၀၉ ၇၃၁ ၅၅၀ ၆၁