သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, December 13, 2009

မေတ္တာဖြင့်အတိပြီးသော

အတူရှိနေချိန်လေးမှာ....
မျက်ဝန်းမှ ချစ်ခြင်းတရားကိုလည်း မြင်တွေ့နိုင်စေ။

ထားဖူးသော အကြင်နာတွေလည်း သိနိုင်စေ။

ကြည်နူးဖူးသော အချိန်တွေလည်း ခိုင်မြဲပါစေ။

နားလည်မှုတွေကိုလည်း စာနာနိုင်စေ။

မေတ္တာဖြင့်အတိပြီးသော ကိုယ့်နှလုံးသားတစ်စုံကို ထွေးပွေ့ပေးပါ.....ချစ်သူ။

ဝေးသွားတဲ့အခါ ....
မျက်ဝန်းမှ ချစ်ခြင်းတရား၊ ထားဖူးသော အကြင်နာ၊ ကြည်နူးဖူးသော အချိန်တွေ၊ နားလည်ပေးမှုတွေ။

ဒါတွေကို မေ့လို့ ဘဝသစ်မှာ ရည်ရွယ်ရာလမ်းကို ရဲဝံ့စွာ လျှောက်လှမ်းလိုက်ပါ ချစ်သူ။

မေတ္တာဖြင့်အတိပြီးသော ကိုယ့်နှလုံးသားတစ်စုံကို ခွန်အားဖြစ်စေဖို့ ချန်လို့ထားခဲ့မယ်.....ချစ်သူ။

(သူငယ်ချင်းတစ်ဦး၏ ခံစားမှုအတွက် ကိုယ်တိုင်ခံစားရေးဖွဲ့လိုက်ပါသည်။)

No comments: