သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, July 13, 2010

မြိုင်မြိုင်ဆိုင်ဆိုင်

ကရုပ်လေးရဲ့ ရာဇဝင် အပိုင်း (၃)
နတ်ဒိုး နတ်သီချင်းကို မျက်လုံးလေးအဝိုင်းသားနဲ့ ငြိမ်ပြီး ကြည့်တတ် စိတ်ဝင်စားတတ်တဲ့ ကရုပ်လေးဟာ ရွှေမန်းသဘင်ပွဲမှာ ပထမဆုံး ပွဲစထွက်ရင် အပျိုယိမ်းထွက်တဲ့အချိန်ကို အကြိုက်ဆုံးပါ။ လေးနှစ်အရွယ်လောက် ရောက်လာချိန်မှာတော့ သီချင်းဖွင့်ပေးရင် ကတတ်နေပါပြီ။ ကလေးမလေးရဲ့ ဖေဖေနဲ့ မေမေက လက်ခုပ်တီးပေးရင် ကွေးနေအောင် ကပါတော့တယ်။ အစ်မတွေက မျက်နှာပေး အမူအယာလေးတွေ လုပ်ခိုင်းရင်လည်း မဆိုင်းမတွလုပ်ပြတတ်လာပါတယ်။ ဒီလိုနဲ့ ကရုပ်လေးတစ်ယောက် လောကဘဝဇာတ်ခုံ အလယ်မှာ သက်ဝင်လှုပ်ရှားလာပါတော့တယ်။

အပျိုတော်ယိမ်း
နတ်ပွဲ
ကရုပ်လေးတို့ မိသားစုဟာ အိမ်တွင်းအုန်းချိတ်ဆွဲတာက လွဲရင် ကျန်တဲ့ ရိုးရာနတ်တွေ ကိုးကွယ်မှုမရှိခဲ့ကြပါဘူး။ သို့သော်လည်း ကရုပ်လေးဟာ နတ်ကန္နားကပွဲတွေမှာ နတ်ဝင်သည်တွေ ကတာကို ကြည့်ရတာ များစွာ စိတ်ဝင်စားသတဲ့။ သူ့စိတ်ထဲမှာ နတ်တွေ တကယ်ဝင်လာတယ်ထင်မှတ်ပြီး ဘယ်နားက ဝင်သွားလဲဆိုတာ သိရအောင် မျက်တောင်မခတ် ငေးကြည့်နေတာပေါ့။



ကရုပ်လေး လူလတ်ပိုင်းရောက်လာချိန်မှာ ခေတ်စနစ်တွေ ပြောင်းလာပြီး နတ်သီချင်းကို ဒီလိုပုံလေးတွေနဲ့ တွေ့ရတော့လည်း ကရုပ်လေးက ကြိုက်ပြန်တာပါပဲ။

တိုင်းရင်းသား အကတွေထဲမှာဆိုရင် ကရုပ်လေးက ကရင်ဒုံးယိမ်းအကကို သိပ်ကြိုက်တာ။
ပြီးတော့ သူမလေး ငယ်ငယ်က မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသောင်းဆိုတာ ကရင်အမျိုသမီး ကြီးပေါ့။ ဆရာမကြီး အမျိုးသားကလည်း သစ်တောဘက်က ဆိုတော့ ဆင်တွေ အိမ်ဘက်ကို ခေါ်လာလေ့ရှိသတဲ့။ ကရုပ်လေးက လူကြီးတွေ ဘယ်လိုတားတား ဆင်ကြီးတွေကို ချစ်လို့ အမြဲတမ်း ဆင်လေးတွေကို စကားသွားပြောလေ့ရှိတယ်။ ဆင်ကြီးတွေကလည်း သူကလေးကိုတွေ့ရင် နာမောင်းလေးတွေ တရမ်းရမ်းနဲ့ပေါ့။ နောက်ပြီး ကရင်နှစ်သစ်ကူးအတွက် ဒုံယိမ်းတိုက်နေရင်လည်း ငေးမောကြည့်ရှုနေတတ်တယ်။
ဆက်ပါအုံးမည်...

5 comments:

ဇွန်မ said...

ဘလော့ဂ်ခေါင်းစဉ်အတိုင်း ဘဝရဲ့စာမျက်နှာလေးတွေ ဖတ်သွားတယ် အဆက်ကို မျှော်နေတယ်နော် ပျော်ရွှင်ပါစေ။

သိင်္ဂါကျော် said...

အရုပ်ကလေး အကြောင်း ဖတ်သွားတယ်..ဆက်ရန် မျှော်နေမယ်နော်

ကိုပိန် said...

ကတော် ဖြစ်မယ့်လက္ခဏာပါလား ဝေေ၀းနေမှ...

လှအောင်ဇော် said...

this is very much.
i dont' know very much.

Anonymous said...

ကရုပ်ကလေး..ရဲ့ အတွေးတွေက ချစ်စရာလေးပါ။ လသာညလည်း ငယ်ငယ်က နတ်ဘယ်က၀င်တာလဲဆိုတာ မျက်တောင်မခတ်ကြည့်ဖူးတယ်း))

ဆက်ရေးပါဦး။ စိတ်ဝင်စားစရာ ကောင်းတယ်..