သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, December 30, 2010

“ဖြတ်သန်းခဲ့တဲ့ နှစ်ထောင့်တစ်ဆယ်”



from 2009 to 2010

တစ်နှစ်ထက် တစ်နှစ်

အသက် တစ်နှစ်ကြီးလာတယ်

အတွေ့အကြုံတွေ စုံလာတယ်

အလုပ် တာဝန်ပိုများလာတယ်

ခရီး ပိုထွက်ဖြစ်လာတယ်

ကျန်းမာရေး ချို့တဲ့လာတယ်

မျက်နှာ ပိုအိုလာတယ်

အင်တာနက်နဲ့ ဖုန်း သုံးဆွဲချိန်များလာတယ်

စိတ်ထားမျိုးစုံနဲ့ လူတွေကို တွေ့လာရတယ်

မိတ်ဆွေစစ်တွေနဲ့ တွေ့ဆုံခွင့်ရတယ်

တရားထိုင်ချိန် နဲသွားတယ်

တရားဒေသနာ ရွတ်ဖတ်ပူဇော်ချိန်များလာတယ်

ထိုင်းနိုင်ငံမှာ နေသားတကျဖြစ်လာပြီ

..............

..............

..............

စိတ်ကူးထားပြီး မရေးဖြစ်တဲ့ ပိုစ့်တွေများလာတယ်

မရည်ရွယ်ပဲ ရေးဖြစ်တဲ့ပိုစ့်တွေများလာတယ်

သေချာတာကတော့ သေဖို့ တစ်နှစ်နီးလာပြီပေါ့.... :P

အချိန်တွေရယ်လေ အကုန်မြန်လွန်းတာကို တွေးမိရင်း မိမိကိုယ်ကို Analysis လုပ်မိတာပါ။ ရှေ့နှစ်မှာ ပိုစ့်တွေ အတက်နှေးပေမယ့် ကြိုးစားပြီး ပိုစ့်ရေးဖြစ်အောင် ကြိုးစားပါအုံးမယ်။ crystal ရဲ့ ဆိုဒ်လေးကို မျက်စိလည်ပြီး လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး နှစ်သစ်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော်...။

ဒီကဒ်လေးကို ဘယ်သူပို့တာပါလိမ့်နော်...



လေးစားစွာဖြင့်
crystal

5 comments:

...အလင်းစက်များ said...

ပို့ စ်မတင်လို့  စိတ်ဆိုးဒယ်.. အစ်မ ခရစ္စတယ်ကို ဒီနှစ်လုံးဝ မခေါ်ဘူး..... နောက်နှစ်မှ ခေါ်မယ်....... ဒါဘဲ...

အင်္ဂါဟူး said...

မတ်စိ နလည်ဘဲ တန်းတန်းကြီးရောက်လာပါတယ် ဒေါ်ဒေါ်ရယ်.. နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ..

အသက်တစ်နှစ်ကြီးသွားတော့ တစ်နှစ်ရင့်ကျင်လာတာပေါ့ဗျာ..

ချော(အစိမ်းရောင်လွင်ပြင်) said...

နှစ်သစ်ကို နွေးထွေးကြည်လင်စွာ ကြိုဆိုနိုင်ပါစေ..
စိတ်ရောကိုယ်ပါ ချမ်းသာစွာဖြင့် ပျော်ရွှင်ပါစေ
နေ့ရက်တိုင်း အဆင်ပြေ ချောမွေ့သောရက်များသာ ဖြစ်ပါစေ... ဆန္ဒအားလုံး ပြည့်ဝပါစေနော်။။

...အလင်းစက်များ said...

နောက်နှစ်ရောက်သွားလို့  ခေါ်ပီဗျိုး...... အစ်မရေးးးးးးးးးးးးးးးးးးးးး :P

Anonymous said...

ညီမလေး Happy new year ❤♫♫♫♫♫