သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, January 19, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်......

တစ်ခါက မြို့တော်ဘန်ကောက်ဝယ် destop တစ်လုံး၊ laptop တစ်လုံး၊ ဖုန်းသုံးလုံး အပြင် နားက နားကြပ်များနှင့် အလုပ်များနေသော မိန်းမတစ်ယောက်ရှိလေသည်။ (ရှိတာလေးတွေ ကြွားနေခြင်းဖြစ်သည် ကြွားပါစေပေါ့...)

စပ်စုကြည့်ရအောင် ဘာတွေ လုပ်နေပါလိမ့်...
 အပိုင်း(၁)
ခရစ္စတလ်ရဲ့စိတ်ကူးထားတဲ့ အိမ်ကလေးမှာ စိုက်ချင်လို့ သစ်ခွပန်းခြံက ဓာတ်ပုံရိုက်လာတာ :)

ကလင်...ကလင်... ဟယ်လို...
->ဟုတ်ပါတယ် ခရစ္စတလ်ပါ။ သြော် “ချော” လား ပြောလေ ဘာမှာချင်လဲ ဘန်ကောက်က...။
အင်းလေ ရတာပေါ့ အစ်မ ရှာပေးမယ်။ သစ်ခွပန်း အရောင်လှလှရှာပေးမယ်၊ အကိုင်းဖြတ်မဟုတ်ဘူး၊ အပင်ပေါက်လည်း ဖြစ်စေရမယ်၊
အပင်တွေထဲ ထည့်ရမယ့် ဆေးတွေလည်း ရှာပြီး ပို့ပေးလိုက်မယ်နော်။
ပို့တဲ့ကိစ္စလား ဒါလည်း မပူနဲ့ ဘန်ကောက်ကနေ မဲဆောက်ကို ပို့ပေးမှာပေါ့။ မဲဆောက်ရောက်ရင် ကိုမျိုးက မြန်မာနိုင်ငံအရပ်ရပ်ကို ပို့ပေးတဲ့ကိစ္စကို ဆောင်ရွက်ပေးမယ်လေနော်။
“ချော”အနေနဲ့ ရန်ကုန်ဆင်းယူချင်လား၊ မန္တလေးအရောက် ပို့ပေးရမလား။
ပို့ရမယ့်နေရာ လိပ်စာကိုသာ အီးမေးနဲ့ ပို့ပေးထားနော်။ ပစ္စည်း Qualityကို စိတ်ချ၊ ဈေးနှုန်းလည်း အသက်သာဆုံးဖြစ်အောင် ပန်းမျိုးစုံပေါလှတဲ့ ကချနဘူရီမြို့က ပန်းစိုက်ဆိုင်တွေကနေ ဝယ်ပေးလိုက်ပါ့မယ်နော်။

ခရစ္စတလ်အတွက်တော့ ကချင်ဆားမုန့်လေးတွေသာ လူကြုံရှိရင် ပို့ပေးလိုက်ပါ ဟဲ ဟဲ
အိုကေနော်...ဘိုင့်ဘိုင် :)

“ချော” အတွက် သစ်ခွစိမ်းစိမ်းလေး

“ လိုတာရွေး ကြိုက်ဈေးနဲ့ ဝယ်”
သစ်ခွပန်းပင်များ မျိုးစေ့များ မျိုးပင်များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအရောက်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်... :)


 အပိုင်း(၂)

ကလင်...ကလင်...ဟယ်လို...
->ဟယ်... မဦး၊ အမယ် ခုပဲ သတိရနေတာ၊ နေကောင်းလား။ ဘန်ကောက်က ဘာလိုချင်လဲပြော...။ အိတ်လိုတယ်လား၊ ပိုက်ဆံအိတ်လား ခရီးဆောင်အိတ်လား ဒါမှ မဟုတ် အိတ်မျိုးစုံလား။
အင်း ...အင်း ဟုတ်ပြီ ဒါဆို ဆိုဒ်စုံ ဒီဇိုင်းအစုံလိုချင်တယ် ပြန်ရောင်းချင်တယ်ဆိုရင် စက်ရုံနဲ့ ချိတ်ပေးမယ်လေ။
အီတလီသရေအိတ်စက်ရုံက သရေအိတ်တွေက သရေအစစ်တွေလေ မဦးရဲ့သိလား။
အင်း သူတို့က ထိုင်းမှာ စက်ရုံထိုင် ပြီးတော့ ဥရောပကို ပို့ကြမှာလေ။
လောလောဆယ် သူတို့ကလည်း မြန်မာပြည်က တစ်ဦးတည်း ကိုယ်စားလှယ်လိုချင်နေကြတာ
နောက်အဆင်ပြေရင်တော့ မြန်မာနိုင်ငံမှာ စက်ရုံတည်ချင်ကြတယ်။
အဆင်ပြေရင် မဦးပဲ ဒီလုပ်ငန်းလေးကို ဦးစီးစေချင်တယ်။
အိမ်ဆေးခန်းလေးလည်း ဖွင့်၊ မဦးရဲ့ ချစ်ချစ်ရှာတဲ့ငွေတွေကို စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဖြစ်အောင် ကိုယ်ပိုင်စီးပွါးရေးလည်း လုပ်။ ကိုင်း ဟန်မကျဘူးလားးးးး။ ဖြစ်ပါတယ်...မဦးက လုပ်ချင်တယ်ဆိုရင်လေ အားလုံးနဲ့ ချိတ်ဆက်တာ ပစ္စည်းပို့ပေးတာအစ ကူညီရမှာပေါ့။ ခရစ္စတလ်ကို ကော်မစ်ရှင်လေး(2%)လောက် ပေးရင် ကျေနပ်ပါတယ် ဟီ ဟိ :P
အင်း အင်း ဘန်ကောက်က ဆေးရုံတွေမှာ ဆေးစစ်ဖို့ လွှတ်ပေးလိုက်တဲ့ လူနာတွေလည်း အဆင်ပြေပါတယ်။ သူတို့ စစ်ချင်တဲ့ ဆေးရုံနဲ့ ဝယ်ရမယ့် ဆေးတွေကို သေချာဆောင်ရွက်ဖို့ ကြောင်ဖြူများရှင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ဆေးရုံက ထိုင်းနာစ့်မလေးတွေ ချောတယ်မဟုတ်လား ဟဲ ဟဲ၊ စိတ်သာချပါလေ။
လူနာတွေ အဆင်ပြေတော့ မဦးလည်း မျက်နှာရ၊ လူနာတွေလည်း အဆင်ပြေစေ၊ ဒီတော့မှ ခရစ္စတလ် ရွှင်လန်းချမ်းမြေ့ရတော့မှာပေါ့ရှင် ဟုတ်ဘူးလားးးးး။ ဒါပေါ့ ကောင်းတယ်လေ...
ဒါဆို သရေအိတ်နမူနာနဲ့ ဈေးတွေပို့လိုက်မယ် ဟိုဘက်မှာ အိုကေတယ်ဆိုရင် ဆိုင်ဖွင့်ဖို့ မဦး စီစဉ်လိုက်တော့နော်။
အိုကေ this man နဲ့ this man တွေပဲ ကူညီရမှာပေါ့နော်။ အိုကေ..ဒါပဲနော် ဘိုင့်....။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားတံဆိပ်များထုတ်သော စက်ရုံများရှိရာတွင် ရောင်းလိုသော တံဆိပ် သို့မဟုတ် မိမိနှစ်သက်သော အရည်အသွေး တံဆိပ်များထုတ်သည့်စက်ရုံများကို ထိုင်းမှ မြန်မာသို့ ဆက်သွယ်ဝယ်ယူတင်သွင်းနိုင်ပါတယ်... :)

အပိုင်း(၃)
ကြောင်တစ်ကောင်ကို ဘတ်တစ်သောင်းကနေ ဘတ် သိန်းဂဏန်းအထိ ရှိတယ်နော်...

ကလင်...ကလင်...ဟယ်လို...
->မြန်မာနိုင်ငံပြန်ပြီး စီးပွါးရေးလုပ်နေတဲ့ ..“ဂျက်”ပါလား၊ ပြောလေ...ဘယ်လိုလဲ နိုင်ငံတော်သစ်ကြီးမှာ အိုကေနေပြီလား။ ဟယ် ဟုတ်လား ...အိမ်အလှမွေးကြောင်တွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတယ်လား၊ ကောင်းတာပေါ့။
ကြောင်ချစ်တဲ့သူကြီးဆိုတော့။ အင်း... ပြော- ဘန်ကောက်က ဘာကူရမလဲ။ သြော် ရပါတယ် ဘန်ကောက်ထဲမှာ အလှမွေး ကြောင်မျိုးစုံရောင်းတဲ့ဆိုင်၊ ခွေးနဲ့ အလှမွေးငါးတွေပါ မှာလို့ရပါတယ်။ ဈေးကတော့နှစ်မျိုးရှိတယ် ဂျက်ရေ...သူတို့က နယ်စပ်အထိ ပို့ပေးတာလည်းရှိတယ်။ ဒါက လက်ကားနယ်ဈေးတစ်မျိုး၊ ဆိုင်မှာ ရောင်းတဲ့ ဘန်ကောက်တွင်း လက်ကားဈေးလည်း ရှိပါတယ်။ ဆိုင်က ရနိုင်မယ့် အကောင်အမျိုးအစားနဲ့ ဈေးနှုန်းကို အီးမေးထဲက attch file နဲ့ ပို့ပေးလိုက်မယ် “ဂျက်”လိုချင်တဲ့ ကြောင်လေးတွေကို ရွေးပြီး ဈေးနှုန်းလည်း သင့်တော်တယ်ဆိုရင် မှာပေးပါ့မယ်။ နယ်စပ်ပို့ဆောင်ရေးကတော့ “ကိုမျိုး”က စီမံပေးနိုင်ပါတယ်၊ ကြောင်လေး သွားကြည့်ဖို့ကတော့ ကြောင် ကျွမ်းဆရာ ကြောင်ဖြူများရှင်ကိုပဲ အားကိုးရတော့မှာပေါ့။
အစစ အဆင်ပြေစေရမယ်စိတ်ချ၊ ကျန်းမာပြီး ချစ်စရာကောင်းတဲ့ အကောင်လေးတွေ “ဂျက်”ဆီကို အရောက်ပို့ပေးလိုက်မယ်နော်။ သြော် ဟုတ်ပြီ...အမွှေးပွဆေးတွေ ဖြူးထား မဖြူးထားလည်း စစ်ပေးမယ် ရပါတယ် အားနာစရာဘာမှ မလိုပါဘူး၊ ခရစ္စတလ်ကလည်း ကြောင်လေးတွေ ချစ်တယ်၊ ကူညီဖို့လည်း ဝါသနာပါတယ် ဒါကြောင့် ဘန်ကောက်မှာ လိုအပ်တာရှိရင် ဖုန်းလေးသာ ဆက်၊ ဖုန်းဆက်လို့ အဆင်မပြေရင် အီးမေးပို့နော်။ ပြီးမှ အသေးစိတ် ညှိနှိုင်းတိုင်ပင်ကြမယ်လေ။
ဟုတ်ပါပြီ သိပ်လည်း လွမ်းမနေနဲ့အုံးနော် နီးနီးလေး နေကြပြီးတော့ :P စတာ.. ဟိ။ ဘိုင့်ဘိုင်နော်။
လှတဲ့ အလှမွေးငါးတွေ

ဒီခွေးလေးတွေက တစ်ကောင် ဒေါ်လာနှစ်ရာဖြစ်ပါတယ်။

မြန်မာပြည်တွင် တစ်နိုင်ငံလုံးသို့ သစ်ခွ လက်လီ လက်ကားဖြန့်သည့် သစ်ခွခြံအကြီးဆုံးပိုင်ဆိုင်သူ “ချော”အဖြစ် ချော(အစိမ်းရောင်လွင်ပြင်)၊

ဆေးနဲ့ ဆေးရုံကိစ္စများ တာဝန်ခံသူလည်းဖြစ်၊ ထိုင်းမှ ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူအဖြစ် “ကြောင်ဖြူများရှင်”အဖြစ်  အမှောင်ထဲကအလင်းစက်၊

ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူ “ဂျက်” အဖြစ်  Jasmine(တောင်ကြီး)၊

သရေအိတ်အမျိုးမျိုး မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်နှင့် စာနာစိတ်နဲ့ ဆေးကုတဲ့သူအဖြစ် “မဦး”အဖြစ် မမကွမ်-ခင်ဦးမေ

မဲဆောက်မှ  ဖမားနဲ့ ယပလပ် နယ်ပယ်များအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် “ကိုမျိုး” မောင်မျိုး

မှတ်ချက်။   ။ ပိုစ့်ရေးနေတာ နဲနဲကြာနေပြီ ကြားဖြတ်ပိုစ့်တွေလည်း တင်ဖြစ်လိုက်သေးတယ် ပြီးတော့ ပိုစ့်ကလည်း ရှည်လာလို့ ဖြတ်လိုက်ရပါတယ်။ စီးပွါးရေးနဲ့ဆိုင်တဲ့ ပိုစ့်ဆိုတော့ ဦးနှောက်စားတယ် ရေးရတာ ဘောင်ကြီးနဲ့ ဖြစ်နေတယ်။ ရေးတဲ့ပုံစံကလည်း ကိုယ်က စာရေးဆရာမဟုတ်လေတော့ ဘယ်လိုဘယ်ပုံ ရေးရမလဲ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်။ ဟိုနေ့က မောင်မျိုးနဲ့ ဖုန်းပြောဖြစ်ရင်း အကြံရသွားတယ်။ ပိုစ့်အဟောင်းတစ်ခုရေးထားတာရှိတယ် အဲဒီပုံစံနဲ့ပဲ ရေးလိုက်ပါတယ်။ အဲဒီပိုစ့်အဟောင်းရေးတုန်းက အစ်မတစ်ယောက်နဲ့ နှစ်ယောက်ပေါင်းရေးတာ အခုတော့ တစ်ယောက်တည်းပေါ့။ ဟိုးးးးးးးးတုန်းက ပိုစ့်အဟောင်း ဖတ်ဖူးတဲ့သူတွေ မှတ်မိကြမှာပါ။

*****ဇာတ်လမ်းမှာ ပါဝင်တဲ့ အမည်ပိုင်ရှင်တွေ၏ ဖြစ်ရပ်မှန် မဟုတ်ပဲ  ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါတယ်။ ဆက်ရန် လာပါအုံးမယ်နော်။ ခရစ္စတလ်နဲ့ ရင်းနှီးတဲ့ ဘလော့ဂါများ၏ နာမည်ကို အလွဲသုံးစားလုပ်မိပါတယ် အဲ...မကျေနပ်ကြဘူးဆိုရင် ဘန်ကောက်ကိုသာ လာခဲ့ကြပါတော့ ရှင်... :)

လေးစားစွာဖြင့်
ခရစ္စတလ်

Friday, January 13, 2012

FREE on Friday 13း)



မြန်မာနိုင်ငံရဲ့ လမ်းများမှာ လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပလို့ရပြီပေါ့နော်
မြန်မာပြည်သူတစ်ဦးဖြစ်တဲ့ ခရစ္စတလ်လည်း ဝမ်းသာနေပါတယ် ပျော်နေပါတယ်.......
ပိတ်လှောင်မှုတွေက လွတ်မြောက်ကြပြီ၊ ဝေးကွာနေသူတွေ ပြန်ဆုံခွင့်ရပြီ ခံစားရတဲ့ ဒုက္ခတွေက ချမ်းသာရာရပြီ...........

မြန်မာနိုင်ငံကလူတွေများ ပျော်လွန်းလို့ ကနေကြမလားတောင် တွေးမိတယ်

အားလုံး လွတ်လာပြီဆိုရင်တော့ ယုံကြည်ချက်ကြောင့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ခံစားခဲ့ရသော ဒဏ်ရာဒဏ်ချက်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေမှာပါ။

ကျမတို့လို ပြည်သူတွေအနေနဲ့ သူတို့ နိုင်ငံရေးမှာ ပါဝင်လာဖို့ထက် သူတို့သူတို့အားလုံးသည် စွန့်လွှတ်စွန့်စားပေးဆပ်သူတွေပါ၊
ဒါကြောင့် အစစ ဂရုစိုက်နိုင်ကြလိမ့်မယ် ထင်ပါတယ်နော်..........

တို့ပြည်သူတွေအားလုံး ညီညွတ်ကြမယ်နော်...............

လေးစားစွာဖြင့်
ခရစ္စတလ်

ပုံလေးတွေကို google search က ကူးယူပါတယ်......

Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free

From Senegal West Africa,
To St. Louis, Missouri
Thanks to Catherine Donna
For giving my pops his glory
He came down with his drum
And a dream to change the world
In a free uplifting world
And thats all he ever want

Mom came a little after
Gave birth to my brother
Then all of the pressure
Made em' fight one another
See the pain would never last
Did the best with what they had
He knew the world was out for grabs
And he searched to find his

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free
So I search to find my
Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free, I wanna be free, yeah

As a kid I never knew
Id have to hustle just to make it through
So I found myself skipping school
Cause the girls dont think im cool
And because of that I didnt care
Whether or not I went to jail
I just wanna be treated fair
Cause thats all I ever knew
Tellin me I need to slow down
Cause everybody in the whole town
Cause they know how I get down
Foreigner from another town
Can you believe we're still around?
After so many hit the ground
And we ain't gonna stop now
Until we get that...

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes man, you already know
I wanna be free, I wanna be free
Won't stop til' I find my
Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free, I wanna be free, yeah

If you wanna be free, and the land is drug-free
put your hands up, put your hands up
If you wanna be free, from all your misery
put your hands up, put your hands up
If you wanna be free, with plenty money
put your hands up, put your hands up
If you wanna be free, just praise G O D
put your hands up, put your hands up

Freedom, Freedom, Freedom, Freedom
Everything I have, everything I own
All my mistakes girl, you already know
I wanna be free(wanna be free), I wanna be free(wanna be free, yeah)

Thursday, January 5, 2012

အကယ်၍ ...

 အကယ်၍ ဘုန်းဘုန်းဥာဏ်ဆိုဒ်မှ ကူးယူတင်ဆက်ပါသည်။

ဘုရားလောင်းမင်းသား ပုံဖြစ်ပါတယ်
ချင်းမိုင်မြို့က The International Horticultural Exposition Ratchaphruek 2011မှာ ပြသထားပါတယ်။

အကယ်၍ ...

အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ချားပြီး ဒါတွေဟာ မင့်ကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်...

အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနှင့် မင်းကိုမင်း ယုံကြည်မှု အပြည့် ရှိမယ်ဆိုရင်...
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လဲ မမောမပန်း နေနိုင်မယ် ဆိုရင်...

ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ မင်းကလဲ အလိမ်အညာတွေနှင့် မတုန့်ပြန်ဘူး ဆိုရင်...

ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့ အခါ မင်းကလဲ အမုန်းတွေ ပြန်မပွားဘူး ဆိုရင်...

အကယ်၍ စိတ်ကူးယဉ် အိက်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ် ဆိုရင်...

ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေပဲ
တွေးခေါ်နိုင်မယ် ဆိုရင်...

အကယ်၍ အောင်မြင်မှု သုခနှင့် ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသောလောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်...

အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ပစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ် ဆိုရင်...

အကယ်၍ မင်းဘဝ တစ်ခုလုံး ပေးပြီး အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံ လိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနှင့် ပြန်လည်တည်ဆောက်နိုင်မယ် ဆိုရင်...

အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံး ကြွေတစ်လှည့် ကြက်တစ်ခုန် ပမာ တစ်လှည့်တစ်ခါတည်းနှင့် ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင် ...

ပြီးတော့တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ငြီးငြူမနေဘူး ဆိုရင်...

အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလှည့် ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်း နှင့်ပဲ အားနှင့် မန်နှင့် ဇွဲသတ္တိရှိရှိ ဆက် ကြိုးစားနိုင်မယ် ဆိုရင်...

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆို ဘာမှ မရှိတော့တဲ့အခါ အဲဒီ စိတ်အင်အားကို ခိုင်မာစွာနှင့်ပဲ လက်ဆုပ်လက်ကိုင် ထားနိုင်မယ် ဆိုရင်...

အကယ်၍ လူတွေနှင့် ထိတွေ့ဆက်ဆံ ပြောဆိုတဲ့ အခါ ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်...

ဒါမှမဟုတ် မင်းဧကရာဇ်တွေနှင့် အတူ လမ်းလျောက်နေရပေမဲ့ မာန် မာန သွေး မကြွဘူး ဆိုရင်...

အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်၊
အကယ်၍ လူတိုင်းကို တန်းဘိုးထား လေးစားပေမဲ့ စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...

အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ် အတွင်းမှာ အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်...

ငါ့သားရေ ... မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်း စွမ်းနိုင်ပြီပေါ့။ အဲဒီတော့ မင်းဟာလဲ ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။


အင်္ဂလိပ်လို ဖတ်လိုသူတွေ သို့မဟုတ် ယှဉ်တွဲဖတ်လိုသူများ အတွက်လည်း မူရင်း အင်္ဂလိပ် ကဗျာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";
If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

VOA မြန်မာပိုင်း အစီအစဉ်က (၂၀၁၀) နိုဝင်ဘာလ (၁၆)ရက် အင်္ဂါနေ့ညမှာ ဒေါ်အောင်ဆန်း စုကြည် ဘာသာပြန်ခဲ့တဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို ထုတ်လွှင့်တာကို ကြားလိုက်ရပါတယ်။  ကိုကျော်အောင်လွင် စီစဉ်တင်ဆက်တဲ့ “အနုပညာ မိုးကောင်းကင် ကဏ္ဍ” မှာ ဝိုင်းတော်သူတွေက ရွတ်ဖတ် ပြထားကြတာပါ။ နားထောင်လို့ အလွန် ကောင်းပါတယ်။

ဘာအကြောင်းကြောင့်ပဲ စိတ်အား ငယ်ငယ်၊ ဘယ်လို ရည်မှန်းချက် ပန်းတိုင်ကိုပဲ ချီတက်တက်၊ ကိုယ့် အနီးအပါးက လိုက်ပါအားပေးနေတဲ့ အနီးဆုံးနှင့် အရေးအကြီးဆုံးလူလို စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ ဘာသာပြန်လက်ရာကလဲ တကယ့် မြတ်နိုးစရာ၊ စွဲလမ်းနှစ်သက်စရာ နူးညံ့ သိမ်မွေ့လှတယ်လို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က Rudyard Kipling ရဲ့ If လို့ အမည်ပေးထားတဲ့ ဒီကဗျာကို  ဘာသာပြန်ခဲ့တာလို့ ဆိုပါတယ်။ “စိတ်ဓာတ်ခွန်အားကို ဖြစ်စေတဲ့ ကမ္ဘာကျော် ကဗျာတွေထဲက ထိပ်တန်းကဗျာတစ်ပုဒ် ဖြစ်ကြောင်းနှင့် ဒီကဗျာကို အခြေခံပြီးတော့ အနုပညာ တင်ဆက်မှုတွေလဲ ပုံစံမျိုးစုံ ရှိကြောင်း ” ကိုကျော်အောင်လွင်က ရှင်းပြတာကို ကြားရပါတယ်။

ကဗျာဆရာ Rudyard Kipling ကို ဗြိတိသျှ ကိုလိုနီ အိန္ဒိယနိုင်ငံ ဘုံဘေ (မွန်ဘိုင်း) မြို့မှာ ဒီဇင်ဘာ (၃၀)ရက် (၁၈၆၅) ခုမှာ မွေးဖွားပါတယ်။ Kipling ဟာ အင်္ဂလိပ်လူမျိုး တစ်ဦး ဖြစ်ပြီး ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားခဲ့တဲ့ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။ သူဟာ စာပေဆိုင်ရာ နိုဘယ်ဆုကို (၁၉၀၇) ခုနှစ်မှာ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနှင့် ရေးတဲ့ နိုဘယ်လ်ဆုရ စာရေးဆရာတွေထဲမှာ သူဟာ ပထမဆုံးဖြစ်ပြီး ဒီနေ့အထိ အသက် အငယ်ဆုံး စာပေနိုဘယ်လ်ဆုရှင်လဲ ဖြစ်ပါသတဲ့။

သူရေးခဲ့တဲ့ နာမည်ကြီး စာပေလက်ရာတွေကတော့ The Jungle Book (1894)၊ Kim (1901) The Man Who Would Be King (1888) အပါအဝင် ဝတ္ထုတိုများစွာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နန်းမြို့တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော် အကြောင်း ရေးဖွဲ့ထားတဲ့ Mandalay ဆိုတဲ့ ကဗျာ (1890)ကလဲ သူရဲ့ နာမည်ကြီး ကဗျာတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဗွီအိုအေ သတင်းတင်ဆက်သူတွေ ရွတ်ဖတ်ပြတဲ့ “အကယ်၍” ဆိုတဲ့ ကဗျာကို စာလုံးများအဖြစ် ပြောင်းလဲပြီး ဘလော့ဂ် စာဖတ်ပရိတ်သတ်ကို မျှဝေလိုက်ပါတယ်။ အမှန်ကို ပြောရရင် ဒီကဗျာ မြန်မာပြန်ကို စာရေးသူ မတွေ့ဖူး မဖတ်ဖူးပါဘူး။ ဒါကြောင့် စာပိုဒ်တွေကို အင်တာနက်ပေါ်မှာ တွေ့ရတဲ့ အင်္ဂလိပ်လိဘာသာ ကဗျာကို ကြည့်ပြီး   ခွဲထားပါတယ်။ အင်္ဂလိပ်လို ကဗျာကိုလဲ  မျှဝေပေးလိုက်ပါတယ်။

ဘလောဂ်ပုံစံကြောင့် တစ်ကြောင်းထဲပြီးရမဲ့ စာတွေက နှစ်ကြောင်းဖြစ်၊ နှစ်ကြောင်းပိုဒ်တွေက သုံးကြောင်းဖြစ်နေတာတွေကိုလဲ နားလည်ခွင့်လွှတ်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ သတ်ပုံ၊ အဖြတ်အတောက်စတဲ့ မှားယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင် သို့မဟုတ် ဘာသာပြန်သူရဲ့ မူလစာအထားအသိုနှင့် ကွဲလွဲနေခဲ့ရင် တင်ပြသူ ဘုန်းဉာဏ်ရဲ့ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ 
ရည်ညွှန်း။
၁။ ဗွီအိုအေ မြန်မာပိုင်း၊ အနုပညာ မိုးကောင်းကင် အစီအစဉ် (၁၆၊ ၁၁၊ ၂၀၁၀) ညပိုင်း အစီအစဉ်။
၂။ http://en.wikipedia.org/wiki/Rudyard_Kipling
၃။ http://www.everypoet.com/archive/poetry/Rudyard_Kipling/kipling_if.htm
၎။ http://www.kipling.org.uk/poems_if.htm

(မှတ်ချက်)
၂၀၊ ၁၁၊ ၂၀၁၀ နေ့က ရေးတင်ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်တင်လိုက်ပါ။ ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဘုန်းဉာဏ်

--------------------------------------------------------------------ဝဝဝ--------------------------------------
ဘုန်းဘုန်းဥာဏ်ရဲ့ ဆိုဒ်ကို သွားလည်လို့ နှစ်ကူးနှုတ်ဆက်မိရင်း ပိုစ့်ဖတ်မိတော့ ဟတ်ထိသွားပါသဖြင့် ကူးယူလာပါတယ်၊ ဘုန်းဘုန်းဆီက approval မစောင့်ပဲ တင်လိုက်ပါပြီ။ ပိုစ့်ရဲ့ အဓိက ပွိုင့်ကို ပေါ်လွင်စေချင်လို့ မူရင်း ပိုစ့်ကို တင်ဆက်ပုံလေး ပြန်ပြင်ပြီး တင်လိုက်ပါတယ်။
 
နှစ်ကူးမှာ ရေးမယ့် ပိုစ့်လေးတစ်ခု စိတ်ကူးမိပေမယ့် အကောင်အထည်ဖေါ်တဲ့ဆီ မရောက်သေးပါဘူး။ 
ဘာလိုလိုနဲ့ နှစ်တွေလည်း ရွေ့ရွေ့လာလိုက်တာ 2012တောင်ဖြစ်နေပါပေါ့။ အလုပ်ဆိုဒ်ဘက်မှာတော့ ချင်းမိုင်က ပုံရိပ်တွေ တင်နေပါတယ်။
(ပိတောက်ရေ - ချင်းမိုင်ကို အစီစဉ်မရှိပဲ သွားလိုက်တာ၊ ခရီးထဲမှာလည်း ကျန်းမာရေးက မကောင်းတာမို့ ဖုန်းမဆက်ဖြစ်ခဲ့တော့ပါဘူး။ နောက်များမှလာအုံးမယ်လေ...)

ဘဝဆိုဒ်ကို အလုပ်များတာ အကြောင်းပြပြီး မရေးတော့ပါဘူးလို့တောင် စိတ်ကူးထားကာမှ နှစ်ကုန်ခါနီး နှုတ်ဆက်တဲ့သူတွေ၊ ခင်ရာမင်ရာ မိတ်ဆွေတွေ ဝိုင်းတဲ့ ဒီဘဝဆိုဒ်လေးကို ပစ်ပယ်နိုင်စွမ်းအားလည်း မရှိပါဘူး။ ကြိုးစားပြီး ရေးပါအုံးမယ်လို့နော်....း)

လေးစားစွာဖြင့်
ခရစ္စတလ်