သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, August 29, 2010

ထိုင်းနိုင်ငံမှ ရွှေဆင်းတုတော်မြတ်

Wat Traimit ဆင်းတုတော်၏ သမိုင်းကို အောက်ပါလင့်လေးမှာ ရေးထားပါသေးတယ်ရှင်
Wat Traimit







ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပါလျှင် မြန်မာသမိုင်းများနဲ့ ဆက်စပ်ပတ်သက်နေသော ဆင်းတုတော်မြတ်ကြီးကို ဝင်ရောက်ဖူးမျှော်နိုင်ပါတယ်ရှင်။

လေးစားစွာဖြင့်
crystal

Thursday, August 19, 2010

ထီလေးတစ်စောင်လောက် ထိုးကြည့်မယ်...

ကမာကူရမြတ်စွာဘုရားရှေ့တော်မှောက်မှာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လိုပါတယ်

ဘဝအမောတွေ ခဏတာ ပြေစေဖို့ ခရီးလေးတစ်ခုလောက်များ ထွက်ရရင် သိပ်ကောင်းမှာပဲနော်။ သိပ်မောလို့ တော့ မဟုတ်ပေါင်၊ ခရီးတွေ သွားနေကြမို့ ခန္ဓာနဲ့ စိတ်က ရိုးတိုးရွတဖြစ်ကာ အလည်ထွက်ချင်နေပါတယ်။ အော် ကိုဒေါင်းမင်းလို ကမ်ဘောဒီယားလည်း မသွားဖြစ်၊ ဇူလှိုင်လကုန်လောက် သွားမယ် လုပ်ပြီးကာမှ အမှတ်မထင် ကောင်းမှု ကုသိုလ်ရေးများနဲ့ လုံးချာလည်စွာ ကုသိုလ်တွေရနေတော့ အင်းးးးးးးးးး။
သွားချင်တဲ့ စိတ်လေးက ဖြစ်နေတုန်း “ဗြုန်း”ဆို......

ဂျပန်နိုင်ငံကို လာလည်မယ်ဆိုရင် ဈေးချိုချိုနဲ့ ဝန်ဆောင်မှုကောင်းတဲ့ ခရီးစဉ်လေးကို ဆောင်ရွက်သူ အစ်မများနှင့် ဆက်သွယ်ချိတ်ဆက်မိကြောင်း ကျမရဲ့ ကျေးဇူးရှင်က သတင်း ပေးရှာပါတယ်။ သို့ကမိုကြောင့် ကျမရဲ့ အလုပ်ဆိုဒ်လေးမှာလည်း သွားလိုသူများအတွက်(ကျမလိုပဲ ဟိုသွား ဒီသွား အငြိမ်မနေတတ်သူများ အဲလေ ယောင်လို့) သတင်းစကား လက်ဆင့်ကမ်းထားလိုက်ပါတယ်။

ပျော်ရွှင်ဖွယ် ဂျပန်နိုင်ငံနွေရာသီ အပန်းဖြေအထူးခရီးစဉ်
ခရီးနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံမှ စီစဉ်ဆောင်ရွက်ပေးတဲ့ အစ်မတွေကို စုံစမ်းကြည့်တဲ့အခါ သွားလိုသူများ အနေနဲ့ (မြန်မာနိုင်ငံ ပြင်ပရောက် မြန်မာနိုင်ငံသားများ)
  • ရောက်ရှိနေသော နိုင်ငံတွင် (1-year) ဗီဇာတုံး ရှိရပါမည်။
  • ဘဏ်စာရင်း ပြနိုင်ရမည်။
  • သံရုံးဝင်ရန် စာရွက်စာတမ်းများကို ဂျပန်မှ ပို့ပေးမည်။
  • သံရုံးဗီဇာ မဝင်ခင် $(300) ပေးချေ၍ ဗီဇာ အဆင်မပြေဖြစ်ခဲ့ပါက သွင်းထားသော ငွေကို ပြန်အမ်းမည်။
(ဂျပန်သံရုံးတွင် ယခင်က reject ဖြစ်ဖူးသူ မဟုတ်ရပါ၊ ယခင်က ဂျပန်နိုင်ငံတွင် တရားမဝင်နေထိုင်ဖူးသူမဖြစ်စေရပါ။)
  • အကယ်၍ ဗီဇာရခဲ့ပါလျှင် ကျန်ငွေအားလုံးကို ပေးချေရမည်။
  • လေဆိပ်တွင် Japan side Travel & Tours မှ လာရောက်ကြိုပေးမည်ဖြစ်သဖြင့် လေဆိပ်ဝင်ရာတွင် စိုးရိမ်ရန်မလိုပါ။
  • လာရောက်လည်ပတ်သူ ဧည့်သည်သည် Tour Company ၏ စည်းကမ်းများကို သေချာစွာလိုက်နာရမည်။
  • ခရီးအတွင်း စားစရိတ်၊ တည်းခိုခန်းခနှင့် လေယာဉ်စရိတ်အပါအဝင် ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျငွေမှာ တစ်ဦးလျှင် $(3,???) ဖြစ်ပါသည်။ (နိုင်ငံအလိုက် ဈေးနှုန်း ကွဲပြားနိုင်ပါသဖြင့် သက်ဆိုင်သူများထံတွင် စုံစမ်းနိုင်ပါသည်။)
Bliss of Us
ထိုင်းနိုင်ငံတွင် ဆက်သွယ် စုံစမ်းရန်
ဖုန်း - (+၆၆) ၈ ၅၁၁၃ ၇၇၂၂၊ (+၆၆) ၈ ၇၆၇၅ ၃၂၃၆
ထိုင်းနိုင်ငံအတွင်းမှ ဆက်သွယ်လိုလျှင် (08 5113 7722, 08 7675 3236)

ဂျပန်နိုင်ငံတွင် ဆက်သွယ် စုံစမ်းရန်
ဖုန်း - (+၈၁) ၈၀ ၄၁၃၃ ၃၁၂၈
ဂျပန်နိုင်ငံအတွင်းမှ ဆက်သွယ်လိုလျှင် (080 4133 3128)

Email - info@blissofus.com

--------------------------------------------------------

မြန်မာပြည်တွင် ဆက်သွယ် စုံစမ်းရန်
ဖုန်း - (၀၉) ၉၉ ၂၇၁၅၇
Email - isao.company@gmail.com

ကျမတို့ နှစ်ယောက် သိပ်မြတ်နိုးတဲ့ ချယ်ရီပန်းတွေ

တိုကျိုတာဝါကြီးရဲ့ နေ့ခင်း အလှ

ကျေးဇူးရှင် လခတွေ ကုန်အောင် ဈေးဝယ်ရမယ့် နေရာလေးတွေ

ရေပူစမ်းက ရေနွေးငွေ့လေးတွေ ထွက်နေတာ။

ဒီလိုဆိုတော့လည်း ငွေလေး ပေါပေါများများ ရှိပြီး လည်လည်ထွက်ဖို့အရေး ထိုင်းနိုင်ငံက ထီလေး တစ်စောင်လောက် ပြေးထိုးကြည့်မယ်လေနော်၊ ပေါက်တော့လည်း သွားတာပေါ့။ ကိုင်း ကံဇာတ်ဆရာရေ crystal ကို တစ်ခါလောက်တော့ မျက်နှာသာလေးပေးပါနော်။

လေးစားစွာဖြင့်
crystal

Wednesday, August 11, 2010

ဆရာတော်ကြီးများ၏ ဘုရားဖူးခရီးစဉ်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင် တိပိဋကရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပေါက်မြိုင်ဆရာတော်ဘုရားကြီး ဦးအဂ္ဂ၀ံသာဘိဝံသ နှစ်ပါး အမှူးပြုလျက် ပဲခူးတိုင်း၊ ဖြူးမြို့ မဟာစည်ရိပ်သာနှင့် ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏ ပဓာန နာယက ဆရာတော် အရှင်အဂ္ဂ၀ရ (ဓမ္မာစရိယ၊ MA, PhD Thesis - India) ဦးစီး၍ သာသနာ့ရိပ်သာ၏ ဒုဥက္ကဋ္ဌဖြစ်သော ဦးစိုးမော် စီစဉ်သော ဘုရားဖူးအဖွဲ့သည် (11-8-2010 မှ 20-8-2010) နေ့အထိ သီရိလင်္ကာနိုင်ငံသို့လည်းကောင်း၊ (21-8-2010 မှ 23-8-2010) နေ့အထိ ထိုင်းနိုင်ငံသို့လည်းကောင်း ဘုရားဖူးကြွရောက်မည်ဖြစ်ကြောင်း ဆရာတော် အရှင်အဂ္ဂ၀ရ ကိုယ်တော်တိုင် ယနေ့လေဆိပ်မှနေ၍ ထိုင်းနိုင်ငံအတွင်းရှိ ဒကာ၊ ဒကာမအပေါင်းတို့အား သိရှိစေရန် မိန့်ကြားခဲ့ပါသည်။

ယင်းခရီးစဉ်အတွင်း တွံတေးဆရာတော် အရှင်အရှင်ဣန္ဒက သည်လည်း ဆရာတော်ဘုရားကြီးများ၏ ခရီးစဉ်တွင် ပါဝင်ကြွရောက်တော်မူပါမည့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ထိုင်းနိုင်ငံအတွင်း ဆရာတော်ဘုရားကြီးများနှင့် ဆက်သွယ်လိုပါလျှင်
ဆရာတော် အရှင်အဂ္ဂ၀ရ
ဖုန်းနံပါတ် (+668 1439 4596)

လေးစားစွာဖြင့်
crystal