သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, November 30, 2010

လောလောဆယ်

Bliss of Us (ပုံမှန်က ဒီဆိုဒ်လေးပါ)
ဆိုဒ်လေးကို ဝင်ရလို့ ပျော်သွားပြီ (30-Nov-2010)


ဝင်လို့မရတော့ ဒီလို ဖြစ်နေတယ်။

http://www.blissofus.blogspot.com
လောလောဆယ် ဒါလေးကို ကလစ်ပေးပါနော်။
ဆိုဒ်ကို ဝင်ရောက်ကြည့်ရတာအခက်ခဲဖြစ်မှုအတွက် အထူးတောင်းပန်ပါတယ်နော်။

လောလောဆယ်မှာ အလုပ်တွေများလို့ အာရုံတွေများနေရတဲ့အချိန်၊
မမျှော်လင့်ပဲ ဒီနေ့မနက် အလုပ်ဆိုဒ်ကို ပြင်ဆင်နေတုန်း
ဗြုန်းးးးးးးးးးးးး ဆို ဒိုမိန်းထဲ ဝင်လို့ မရတော့ပါဘူး။
hosting ကြောင့်လည်း မဟုတ်။

ဒိုမိန်း သက်တမ်းပြည့်ဖို့လည်း လိုသေး။

နောက်ဆုံးတော့ ဆာဗာ server ပြဿနာပါတဲ့။

ဒါကြောင့် crystal ရဲ့ အလုပ်ဆိုဒ်ကို ကြည့်လိုပါလျှင်
လောလောဆယ်မှာ blog ကိုသာ ဝင်ကြည့်နိုင်ဖို့ ကြိုးစားထားလိုက်ပါပြီ။

Bliss of Us ဆိုဒ်လေးကို လိုအပ်လို့ပဲ ကြည့်ကြည့်

အပျင်းပြေပဲ ကြည့်ကြည့်

ဘယ်လိုမျိုးနဲ့ပဲကြည့်ကြည့်

လာရောက်ကြည့်ရှုအားပေးနေကြသော ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်နော်။

လေးစားစွာဖြင့်
crystal

(p.s - ဒီဇင်ဘာလမှာ မအားလပ်မှုများကြောင့် ပိုစ့် မတင်နိုင်တော့ခြင်းကို တောင်းပန်ပါရစေနော်။ နှစ်သစ်ကူးမှာတော့ ပိုစ့်ပြန်တင်ဖို့ ကြိုးစားပါအုံးမယ်။

“နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်နော်”

စေတနာထားပြီး ကွန့်မန့်ပေးကြသူများနှင့်
တိတ်တဆိတ် လာရောက်လည်ပတ်ကြသော ခင်မင်ရတဲ့ မိတ်ဆွေတို့ကို
ကြိုတင်ဆုတောင်း ပေးလိုက်ပါတယ်ရှင်။)

Tuesday, November 23, 2010

“လမင်း ဝင်းဝင်းပပ”

လပြည့်ညမှာလမင်းကြီးက ဝိုင်းဝိုင်းစက်

နိုင်ငံခေါင်းဆောင်ကို အထွဋ်အမြတ်ထားကြတယ်၊ အလေးထားဦးညွတ်ရလောက်အောင်လည်း ထိုင်ဘုရင်မင်းမြတ်ရဲ့ ဆောင်ရွက်ချက်တွေက ထိုင်းပြည်သူတင်မက မြန်မာပြည်သူတွေအတွက်ပါ အကျိုးရှိစေတယ်မဟုတ်လား။

ဒီလောက်များတဲ့ သပိတ်တွေထဲကို အလှူငွေ အကြွေစေ့လေးတွေ လိုက်ထည့်လှူကြတယ်။ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ရင်ပြင်မှ ပဋ္ဌာန်း (၂၄)ပစ္စည်း သောက်တော်ရေအိုးလေးတွေကို စီတန်းသောက်ကြတာကို သတိရမိသေး။
သံဃာတော်များလည်း ပွဲတော်မှာ ပါဝင်ကူညီပေးနေကြပါတယ်။

လောကီအပျော်အပါးကိစ္စတွေမှာ သာသနာ့ဝန်ထမ်းတွေ ပါဝင်နေတာ မကောင်းဘူးလို့ သူတို့က မယူဆကြပါဘူး။ ပစ္စည်းလေးပါးအလှူရှင် ကျေးဇူးရှင်ဒကာဒကာမတို့ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု အရေးတို့သည် သာသနာ့ဝန်ထမ်းတွေ အနေနဲ့ တာဝန်မကင်းဘူးလို့ ယူဆကြပါသတဲ့။ ဒါ့အပြင် သူတို့ရဲ့ နိုင်ငံရေးတွေမှာပါ သာသနာ့ဝန်ထမ်းရဟန်းတော်များ၏ သြဇာသက်ရောက်မှုရှိနေကြပါတယ်။

ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ဟိုငေး ဒီငေးနဲ့ လျှောက်လိုက်၊ ဓာတ်ပုံရိုက်လိုက်၊ စပ်စုလိုက်ပေါ့။ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းတွေနဲ့ မတူထူးခြားမှုတွေကိုလည်း လိုက်လေ့လာမိပါတယ်။ သူတို့ဘာတွေလုပ်ကြသလဲ၊ ဘာတွေ ရွတ်ကြသလဲပေါ့။

လက်ထဲမှာ မီးကြာခွက်တစ်ဖက် ကင်မရာက တစ်ဖက်နဲ့ ကိုးရို့ကားရာနဲ့။ မီးမျှောဖို့ ရေစပ်ကို လာကြည့်တော့ လူအုပ်က များလွန်းတာကြောင့် (ရေစပ်က မတော် ပြုတ်ကျသွားရင် ခက်မယ်) အမြင့်တစ်နေရာမှ ကြိုးနဲ့ချကာ စနစ်သစ်နဲ့ မီးမျှောလိုက်ပါတယ်။ ကဗျာဆန်ဆန် ရေစပ်မှာ မျှောလိုသော်လည်း စိတ်လျော့ပြီး စနစ်သစ်နဲ့ မျှောကြည့်တော့လည်း ပျော်စရာပါလားနော်။ အမှန်တော့ မီးမျှောပွဲတော်ဆင်နွှဲလိုတဲ့ ဆန္ဒပြင်းပြရခြင်းက ကျမရဲ့ ဖေဖေက ရွှေကျင်သားလေ၊ ဒီတော့ကား သမီးလုပ်သူကလည်း ဒါမျိုးလေး ဆင်နွှဲလိုတာ မထူးဆန်းပါဘူးနော်။

မီးကြာခွက်လေးကို ရေထဲမမျှောခင် ဘေးနားက ထိုင်းလူငယ်လေးတွေ စပ်စုမိသေးတယ်။ တချို့က စာရွက်လေးနဲ့ ရွတ်ကြတယ်၊ ချစ်သူစုံတွဲတွေက နှစ်ဦးသား ဆုတွေတောင်းပြီး လှူကြတယ်။ လိုက်ပို့ပေးတဲ့ ညီမငယ်က အစ်မလည်း ဆုတောင်းလို့ဆိုတယ်၊ ဘာဆုတောင်းရမလဲလို့ မေးတော့ ကိုယ်လိုချင်တာ ဆုတောင်းရတယ်ဆိုပဲ။ ကျမအမြင်ကတော့ မြတ်စွာဘုရားကို ဆီမီးနဲ့ ပူဇော်ကန်တော့တာပဲ ထင်တာ သူပြောပြတော့မှ ယတြာချေတဲ့ ပုံစံတွေရော၊ မြစ်စောင့်နတ်ပူဇော်တာတွေရော ယုံကြည်မှုမျိုးစုံနဲ့ ပြုလုပ်ကြတယ်ဆိုတာ သိလာခဲ့ရပါတယ်။

အချို့ကလည်း ဗျောက်အိုးလေးတွေ ထည့်လိုက်ကျတယ်၊ တချို့က မီးပန်းလေးတွေထည့်ကြတယ်။ ရေလယ်မှာ ပန်းနဲ့ မီးပန်းကိုပါ ထည့်မျှောလိုက်တော့ ပိုပြီး ကြည့်ကောင်းတာပေါ့။ ဒါလေးတွေ လိုက်ကြည့်နေရတာကိုက ပျော်စရာ၊ကြည်နူးစရာပါ။ ဆုတောင်းဖို့တောင် မေ့နေပါတယ်။

crystal ရဲ့ မီးကြာခွက်လေးကို ဒီလိုလေး မျှောဖို့ ကြိုးစားနေပါတယ်။

ဟော...ရေထဲမျှောသွားပြီ။

ညပိုင်းသိပ်မိုးမချုပ်ခင် အခန်းကို ပြန်ခဲ့လိုက်တယ်၊ အင်းးးးးဟိုးးးးးးးလွန်ခဲ့တဲ့ လေးနှစ်လောက်က တန်ဆောင်မုန်းလပြည့်ညမှာ ပြည့်ဝန်းနေတဲ့ လမင်းကြီးကို ထွက်ကြည့်ခိုင်းခဲ့တဲ့ ကျမရဲ့ ကျေးဇူးရှင်ကို သတိရနေမိသေးတယ်။ သူသာပါလာရင် ကျမတို့ အေးအေးဆေးဆေး လမ်းလေးလျှောက်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ဖြစ်မှာသေချာပါတယ်။ အခုတော့ အလုပ်ကိစ္စတွေလည်း ညပိုင်းမှာ ချိန်းထာတာတွေလည်းရှိတာမို့ စိတ်လျော့ပြီး အခန်းကို ပြန်လာခဲ့ပါတော့တယ်။ ဆေးပေါင်းခတဲ့ညမှာ အုန်းစိမ်းရည်ကို တစ်ဝကြီး သောက်ပစ်လိုက်တယ်၊ လွမ်းလွမ်းနဲ့ပေါ့။

လေးစားစွာဖြင့်
crystal

Saturday, November 20, 2010

“ဆောင်း ချမ်း မိုး ချမ်း မင်္ဂလာညချမ်း”

ဆောင်းရာသီ (20-နိုဝင်ဘာ-2010)နေ့ရဲ့ မင်္ဂလာညနေခင်းလေးတစ်ခုဝယ် လက်ထပ်ပွဲကျင်းပချိန် ခန်းမအပြင်ဘက်၌ မင်္ဂလာမိုးတွေ ရွာသွန်းဖြိုးလို့။ မင်္ဂလာနေ့ရက်မှာ အေးချမ်းတာ ကောင်းလေစွ။
crystal ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ရောက်စဉ်မှ အစပြုလို့ ယခုချိန်အထိ ကျမတို့ ဇနီးမောင်နှံရဲ့ အလုပ်ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော မင်္ဂလာသတို့သားနှင့် ခင်မင်ရပါသော မင်္ဂလာသတို့သမီးတို့ သက်ဆုံးတိုင် မေတ္တာခိုင်မြဲစွာဖြင့် အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။

မင်္ဂလာလက်ဆောင်များ လက်ခံရာနေရာမှ ပန်းများ

ညစာတည်ခင်း ဧည့်ခံရန်

“မင်္ဂလာလက်ဖွဲ့ကြီးက တပွေ့တပိုက်”


ခန်းမ အဝင်နေရာ

“ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်များ”


“လက်ထပ်ပွဲ အသိသက်သေများ လက်မှတ်ထိုးရန်”

“ဆီမီးထွန်းငြိ”

“မင်္ဂလာဦးဇနီးမောင်နှံအတွက် ဆုံးမစကား မှတ်သားကြစဉ်”

“ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝကို အတူလက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြမယ်”

“ကြည်နူးပြုံးပျော် တူစုံပျော်”

“မြန်မာသတို့သမီးလေးရဲ့မိဘများ”

သူလေး (ထိုင်းမလေး)



“မိန်းကလေး တစ်ဦး၏ နုပျိုတဲ့ အရွယ်၊ အေးချမ်းတဲ့ မျက်နှာ၊ ရွှင်ကြည်တဲ့ အပြုံး၊ အကြင်နာ မျက်ဝန်း”

မင်္ဂလာဆောင် တစ်ခုလုံးမှာ သူမလေးရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးကို အမှတ်တရ ရိုက်ခဲ့ပါတယ်။ ပထမတော့ သူမက မသိပါ၊ နောက်တော့ သိသွားပြီး ပိုစ့်ပေးလိုက်သေး အဟိ၊ ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးပါ။ အတိတ်ကုသိုလ်ကံ ဖြူစင်ခဲ့လေသလားကွယ်....။

လေးစားစွာဖြင့်
crystal

p.s - crystal ဓာတ်ပုံကတော့ မမြင်ရလေ ပိုကောင်းလေမို့ မတင်တော့ဘူး :P