ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် Tag ဒီပိုစ့်လေးမှာ ကျမနာမည်ကို ထည့်ပြီး တဂ်လုပ်တာက တစ်ကြောင်း၊ ရေးချင်စဖွယ်လေး ဖြစ်နေတာက တစ်ကြောင်းမို့ ပုံစံနှစ်မျိုးနဲ့ရေးလိုက်ပါတယ်၊
ဒီနေ့ ချိန်းထားတဲ့သူကို စောင့်ရင်း ပိုစ့်ရေးလိုက်တာ ပိုစ့်သာပြီးသွားရော ချိန်းထားတဲ့သူက ပေါ်မလားဘူး။ ဒါနဲ့ ပိုစ့်တစ်ပုဒ်ကို ခပ်သော့သော့ ချရေးဖြစ်ပါတယ်။ ရေးပြီးတာတော့ တဂ်ခံရတဲ့နေကတည်းပါပဲ၊ Christmas Eve ကို နှုတ်ဆက်ချင်တာမို့ ဒီနေ့မှ တင်လိုက်ပါတယ် :P
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
->ခရစ်စမတ် ပါတီပွဲတွေ ဖိတ်ရင် လက်ဆောင်တွေပေးရတော့မှာမို့ ပိုက်ပိုက်ကုန်တော့မယ်ဆိုပြီး စိတ်တွေ လှုပ်ရှားနေပြီ။
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
->လက်ညောင်းတတ်တယ်၊ လုပ်ဘူး။
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
->နှင်းတွေခဲတဲ့နေရာလား စိတ်တောင် မကူးဘူး။ များက ချမ်းတတ်ပါဘိသနဲ့။
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
->အေးအေးဆေးဆေးနဲ့ ကွေးနေရတဲ့အရသာလောက် ဘာမှ မမက်ပါဘူးလေ :P
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
->ဟင့်အင်း မပေးပါဘူး ကိုယ့်ဘာပေးမလဲပဲ စိတ်ဝင်စားတယ် :)
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
->ပြောမဖြစ်ပါဘူးလေ စာဖတ်လာတဲ့သူတွေ သိကုန်မှာပေါ့ ဟိ။
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
->မုန့်ကျွေးမယ့်သူတွေနဲ့ပါ။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
->မီရှိပါဘူးလေ၊ စကားမစပ် ကင်ချုံကီလည်း မရှိတော့ဘူး။
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
->လည်တာ ပတ်တာတော့ စိတ်ဝင်စားပါတယ်။ စရိတ်ခံမယ့်သူရှိရင်ပေါ့လေ။
သီးသန့်နေရာဆိုတာကတော့ ငလျင်မလှုပ်နိုင်မယ့်နေရာ၊ ဆူနာမီ မဖြစ်မယ့်နေရာ၊ ဗုံးမပေါက်မယ့် နေရာ၊ မီးတောင်မပေါက်မယ့်နေရာ၊ တောင်မပြိုတဲ့နေရာ စတဲ့စတဲ့ နေရာတွေပါပဲ။
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
->ဆုံးဖြတ်ချက်တွေကို အိပ်ယာထဲမှာ ချပြီး၊ အိပ်ယာကနေ ထလာတော့ မေ့သွားတယ်၊ ဒါနဲ့ ပြန်အိပ်လိုက်ပါတယ်။
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
->ပျိရွယ်စဉ်အချိန်တွေကို လွမ်းမောမိတာပါပဲကွယ် ရွှတ် .....ဖတ်။
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
->ပိုက်ပိုက်ကုန်တာပေါ့ကွာ အီမေးနဲ့ပဲ ပို့လိုက်တာပေါ့။
♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
->ဖြည့်ချင်တာကတော့ ခရစ္စတလ်ကို နှစ်ကူးမှာ ဖိတ်ကျွေးချင်တဲ့သူများရှိနြေ ကရင် လွတ်လွတ်လပ်လပ်ကြီးကို ဖိတ်ကျွေးနိုင်ပါကြောင်း။
---------------------------------------------------------------------ဝဝဝ---------------------------------------------------------------
အတည်ကြံပါမယ် အဲ့ အတည်ရေးပါ့မယ် :)
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
->ပျော်ပါတယ်၊ ငယ်ငယ်တုန်းကဆို ကျောင်းပိတ်ရက်လည်းဖြစ် အမျိုးထဲမှာ ခရစ်ယာန်ဘာသာဝင်တွေရှိတာမို့ သွားလည်ပြီး မုန့်တွေစားခဲ့တာတွေ သတိရမိသေးတယ်။
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
->ကိုယ်တိုင်တော့ အလှမဆင်ဖူးပါဘူး။ အလှဆင်ထားတာလေးတွေကိုတော့ သဘောကျတယ်ရှင်။
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
->တောင်ပေါ်မှာ နှင်းဖွေးဖွေးကျတဲ့ ခရစ်မတ်စ်ညလေးကို လွမ်းပါတယ်။
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
->ခရီးထွက်ခဲ့ဖူးတဲ့ ဒီဇင်ဘာနေ့ရက်တွေကို မြင်ယောင်နေတယ်၊ အရင်အတိုင်းလေ။
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
->ကိုယ်ပေးတာတွေတော့ မှတ်မထားမိဘူး။ သူများပေးတာတွေပဲ အမှတ်ရနေမိတယ်။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
->(ဤမေးခွန်းအရောက်တွင် အကြာကြီး စဉ်းစားလေသည်၊ စာစီခြင်းငှာ မတတ်နိုင်ခဲ့ပါ။)
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
->အများအားဖြင့် မိသားစုနဲ့အတူ နှစ်ကူးကို ကြိုဆိုလို့ ပျော်ခဲ့ဖူးတဲ့ နေ့ရက်တွေရှိခဲ့ပါတယ်။ အခုနှစ်တွေမှာတော့ ဘေးနားမှာ ဘယ်သူမှ မရှိလို့ စောစောအိပ်ပါတယ်။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
->တကယ်မရှိတာပါ။
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
->တီးလုံးသံလေးကို နားဆင်ရင်း ငြိမ်ငြိမ်လေးနဲ့ နှစ်ကူးကို စောင့်မလားလို့။
အလည်အပတ်ကတော့ မြို့တွင်းလောက်ပါပဲ။
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
->ဆုံးဖြတ်ချက်တွေကတော့ ချနေတာပါပဲ။ အကောင်အထည်လည်း ဖေါ်နေဆဲပါပဲ။
ငှက်တွေက ပျံရင်းနဲ့ သေ၊ လူဆိုတာ ကြံရင်းနဲ့ သေတဲ့ အမျိုးပေကိုး။
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
->ရင့်ကျက်တည်ငြိမ်မှုတွေ ပိုတိုးလာပါစေလို့။
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
->ရှိပါတယ်။ စိတ်ရော လူရော အားရင် ပိုပြီး ဆောင်ရွက်နိုင်ပါတယ် :)
ဒီနှစ်တော့ ခင်မင်ရတဲ့ ခရစ်ယာန်ဘာသာဝင် အမျိုးသမီး နှစ်ယောက်ကို ဂျပန်ယပ်တောင်လှလှလေးတွေ ပေးဖို့ စီစဉ်ထားပါတယ်။ အထုပ်ကို ပေးဖို့ သွားတုန်း လမ်းမှာ ဘဏ်ခဏဝင် ဘဏ်နားမှာ အထုပ်တင်ထားခဲ့ပြီး ထွက်လာတော့ မေ့သွားပါတယ်။ အကောင့်ထဲ ငွေအနည်းငယ်ဝင်နေလို့ ဆိုပါတော့ နှစ်ကုန် အတိုးလို့ရေးထားတယ်၊ မများသော ပမာဏပေမယ့် သူများငွေ ကိုယ့်ထဲ မှားဝင်လာသလား စိတ်စောလိုက်တော့ (စိတ်ပူသွားလို့)လက်ဆောင်ထုပ် ပျောက်ပါလေရော။ စိတ်တော့ မကောင်းဘူး။ နောက်တော့ သူများ အေးချမ်းဖို့ ပေးမှာဆိုတော့ အခု ပျောက်သွားတာလဲ ပံ့သကူအလှူလို့ပဲ သဘောထားလိုက်ပါတယ်။ ဂျပန်ယပ်တောင်လေးတွေက ပူတဲ့အခါ ယပ်ခတ်နိုင်သလို နေပူလဲ ထီးမဆောင်းချင်တဲ့ သူများအတွက် နေကာလို့ ရတာပေါ့။ သယ်သွားရတာလဲ ထီးလောက် မလေးဘူးလေ :)
♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
->အပြောင်းအလဲကောင်းလေးတွေ ဖြစ်ပေါ်နေချိန်မှာ စိတ်ဓာတ်ကောင်းလေးတွေ မွေးမြူ ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြုမိပါရဲ့။
လွန်ခဲ့တဲ့ နှစ်များစွာတုန်းက “ကျောင်းတက်နေတဲ့ ညီမလေးအတွက်”ဆိုပြီး အစ်ကိုပို့ပေးသော ပန်းချီကားချပ် ပိုစ့်ကဒ်လေးကို သတိရသဖြင့် ရိုက်သောပုံလေးဖြစ်ပါတယ်။
အခုတော့ တူမလေး ကြီးလာရင် ဆိုပြီး မှန်းဆမြင်ယောင်မိရင်းးးးးး
“မိတ်ဆွေအပေါင်းရဲ့ နှစ်သစ်မှာ အောင်မြင်မှုအပေါင်း သုခအပေါင်း ငြိမ်းချမ်းမှုအပေါင်းပိုင်ဆိုင်သူများဖြစ်ကြပါစေ”
“တို့တိုင်းပြည်ကြီးလည်း ငြိမ်းချမ်းပါစေ၊ ခေါင်းဆောင်အပေါင်းလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ”
လေးစားစွာဖြင့်
ခရစ္စတလ်