သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, December 10, 2008

The way of S'pore joke

In Singapore, the majority of us live in Highly Dangerous Buildings (HDB),
and most people have already got used to Paying and Paying (PAP).

Not only do you have to pay, you Pay Until Bankrupt (PUB). If that's

not enough, somebody still Purposely Wants to Dig (PWD) and get more from you.
So what more can you do when you are in the Money Only Environment (MOE) ?

With the current Mad Accounting System (MAS), you are forced to Pay the Sum Ahead (PSA), which will leave some people Permanently Owing Some Banks (POSB).
And forced to live on the Loan Techniques Always (LTA) system.

When you fall sick and happen to be admitted to a Money Operating

Hospital (MOH). You might be able to use your Cash Prior to Funeral (CPF) fund.
If you are out of luck, you may meet doctors who Never Use Heart (NUH) to treat you.
And you will be Sure to Give up Hope (SGH).

To help ease the traffic, motorists have to pay Cash On Expressway (COE).
If that doesn't help, they can always Eternally Raise Prices (ERP) on the roads.

If you don't own a car, you can always make a Mad Rush to the Train (MRT),
OR get squashed in a bus Side By Side (SBS).

Lastly, under all these pressures, there are not many places we can relax.
Not even the good old place we used to go because it has be come
So Expensive and Nothing To See Actually (SENTOSA) !!

Wednesday, November 19, 2008

ကြွက်ထောင်ချောက်။

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်
ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များပါလေမလဲ လို့
စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူစိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။
အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခုရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခုရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး
အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။
အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။
လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတဲ့ အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေလို့ ပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း
ရင်ဆိုင်ရတော့မှာပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့အသံလိုပဲ။ လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီးညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။ အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူသားတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေလာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီးခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင်  သတိရပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်ဟာ ခြိမ်းခြောက်ခံနေရပြီ ဆိုရင် အဲဒီအန္တရာယ်ဟာ ကျွှန်ုပ်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက် ထောက်ပြီး ဂရုတစိုက်ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်က အားပေးပြီး ကိုယ်ချင်းစာစိတ်နဲ့ ကူညီတတ်ဖို့လိုပါတယ်။ အားလုံးဟာ ဘဝလို့ ခေါ်ကြတဲ့ သံသရာခရီးထဲက တစ်ဖောင်တည်းစီး သံသရာခရီးသွားဖော်ချင်း အတူတူပါပဲ။

Saturday, June 7, 2008

စကား...။

အများသုံးအိမ်သာတစ်ခုထဲဝင်ပြီး ကမုတ်ထဲထိုင်ရုံရှိသေးတယ် ဟိုဘက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ ဤနေရာမျိုးမှာ အလာပသလာပ စကားပြောရတာ စိတ်မသက်မသာရှိလှသည်။
ဒါပေမယ့်လေ မကောင်းတတ်တော့ နေကောင်းပါတယ်ဟုသာ ပြန်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ်လေ.... ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး ထပ်မေးလာပြန်သည်။
ခင်ဗျား ဘာတွေအလုပ်ရှူပ်နေတာလဲဗျ။
ဘယ်လိုလဲဟ......
ဒီလိုနေရာမျိုးမှာ ဒီလိုဂွကျကျမေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေမလဲ။ ခင်ဗျားလိုပဲပေါ့ဗျာ
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
ကျွန်တော်လာခဲ့မယ် ရမလား။
ဘာတွေမေးနေတာလဲဟ.....စိတ်ထဲအံ့သြစိတ်ညစ်သွားသည်။ ဒါပေမယ့် အလိုက်သင့်ပဲပြန်ပြောမိသည်။
မလုပ်နဲ့လေဗျာ။ ကျွန်တော်လည်း ဒီမှာ အလုပ်ရှူပ်နေတာ။
ဟိုဘက်ကပြန်ပြောသည်။ နောက်မှပဲပြန်ဆက်တော့မယ် ဟိုဖက်အခန်းထဲက ငပြောင်က ရူးသလိုပေါသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့ဟေ့။

Don't use mobile inside toilet!