သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, December 30, 2009

ပြာသိုလပြည့်.....။

ပြာသိုလပြည့်နေ့ (မိခင်နေ့)
ဒီနေ့လေးမှာ သတ္တဝါတိုင်း၏ မိခင်မေတ္တာများကို အွန်လိုင်းစာမျက်နှာပေါ်မှ နေ၍ ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ပါတယ်။
အောက်ဖေါ်ပြပါ သီချင်းများကတော့ ကျမနှင့် ကျမ၏မိခင် ကြိုက်နှစ်သက်သော သီချင်းများ စုစည်းဖေါ်ပြပေးထားပါတယ်။
သိမ်မွေ့နက်ရှိုင်း၍ အေးမြကြည်လင်သော မိခင်မေတ္တာများ သတိရလျှက်....။

နွဲ့ယဉ်ဝင်း -မီးမီးလေးအိပ်ချိန်
http://www.youtube.com/watch?v=NAmdNcNSgJg&feature=PlayList&p=5E4E53AF58FF1206&index=77
ကြည်ကြည်ဋ္ဌေး
http://www.youtube.com/watch?v=uUcdvZSamb4&feature=related
မှုန်ရွှေရည် - 
http://www.youtube.com/watch?v=tmubQGMcB_0&feature=related
မောင်တို့ချယ်ရီမြေ
http://www.youtube.com/watch?v=d1s60l79utE&feature=related
သုမောင်-စစ်ကိုင်းတောင်
http://www.youtube.com/watch?v=FyiRb-An9BM&feature=related
မီးပုံပွဲ
http://www.youtube.com/watch?v=e0osXvZ76Jc&feature=related
တစ်ဆောင်းသစ်ပြန်ပြီ-ချိုပြုံး
http://www.youtube.com/watch?v=NsHGJ44je_w&feature=PlayList&p=397FDB16DE367512&playnext=1&playnext_from=PL&index=41

အသိပေးလိုတဲ့ အောင်မြင်မှုရဲ့ သော့ချက်...။

အောင်မြင်လိုသူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့် လူတိုင်းတော့လည်း မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်မိကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင်ငွေကိုလည်း မချင့်ချိန်ဖို့မစဉ်းစားတတ်လို့ ဒီတော့ အောင်မြင်လိုလျှင် အချက်(၄)ချက်လောက်ကို စဉ်းစားကြည့်ရအောင်နော်---

(၁) စဉ်းစားပါ--ဘာတွေကိုစဉ်းစားရမှာလဲ?
အခုမိမိဘယ်ဘ၀(ဘယ်နေရာမှာ)ရောက်နေတာလဲ?
အခုကိုယ်သုံးနေတဲ့ငွေဟာ မိမိဘ၀နဲ့ကိုက်ရဲ့လား?
မိမိအလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လား?
ကိုယ့်လုပ်နေတဲ့အလုပ်ကို ဝါသနာပါရဲ့လား၊ အကယ်၍ ဝါသနာမပါရင် ဝါသနာပါတဲ့အလုပ်ဆီကို တဖြည်းဖြည်း ကူးပြောင်းသွားရမှာ ဖြစ်ပါတယ်။

(၂) ကြိုးစားပါ --(ဘာတွေကို ဘယ်လိုကြိုးစားကြမလဲ)

ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက် အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )။ ဒီနေရာမှာ ဘယ်လိုပဲဖြစ်ဖြစ် ရောက်နေတဲ့နေရာမှာ အကျိုးရှိအောင် နေတတ်ဖို့ ကြိုးစားဖို့လိုပါတယ်။ အလုပ်တိုင်းမှာ ကြိုးစားရင် ကိုယ့်ကို ပညာတွေပေးနေတဲ့ အရာတွေကို မြင်တတ်အောင် ရအောင် ယူဖို့ ကြိုးစားဖို့လိုပါတယ်။ ဒီနေရာမှာ ယခုလုပ်နေတဲ့အလုပ်က ကိုယ့်ကို ဘာအကျိုးကျေးဇူးပေးနိုင်လဲဆိုတာကိုပါ ကိုယ်က ကြိုးစားပြီးမြင်အောင် ကြည့်ရမှာဖြစ်ပါတယ်။

(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အကြီးအကဲ ကိုယ့်လက် အောက်ငယ်သားတွေရဲ့ ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိကဖြစ်တဲ့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင် အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်၊ ဒါကြောင့်ကိုယ်ရဲ့ ကတိကို မဖျက်ဆီးပါနဲ့ ကိုယ် မပေးနိုင်တဲ့ ကတိကိုလည်း မပေးနဲ့ပေးပြီးရင်လည်း တည်တန့်အောင်လုပ်ဖို့ အရေးကြီးတယ်၊ ဒါမှယုံကြည်မှာလေနော်။


(၄) မျက်နှာထားကို ပြင်ပါ (ချိုသာသော မျက်နှာပေးနဲ့)-
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ 
ဥာဏ်ခြင်းတူလျှင် ၀ိရိယရှိသူက အမြဲအနိုင်ရတယ်၊ 
ဝီရိယ ရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊ 
စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက အမြဲ အနိုင်ရတယ်၊ 
စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊ 
ရိုးသားဖြောင့်မတ် သူခြင်းတူလျှင် အပြောချိုသာသူက အမြဲအနိုင်ရတယ်၊ 
အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီး မူတည်တယ်လေ၊ 
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(၅၀%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ ဂုဏ်ယူနေရမယ်၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင် ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ၊ “သစ်ပင်မြင့်လေ လေတိုက်ခံရလေ” တဲ့ လေဆိုတဲ့လောကဓံကို ကြောက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ ပေါ်လာမှာမဟုတ်လေဘူး၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ်၊ ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံး ထဲက အမြတ်ကို ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှားက ဘာလဲ နောက်တခါ ဘယ်လိုမမှား အောင်လုပ်ရမလဲ ဆိုတာကို လေ့လာနေရမယ် ဘာကြောင့်လဲဆိုတော့ အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများ အားဖြင့်ငွေကြေးပါပဲ၊ ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ၊ ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကြေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ၊ အဓိကကတော့ စိတ်ဓာတ်မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ ရေစုံမျောပြီသာမှတ်တော့၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ် ဘယ်လောက် အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ လုံးဝဆုံးရှုံးနေပြီလေ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင် ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို ကြည်နေဖို့လည်းအရေးကြီးတယ်လေ။ လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၃) စိတ်ချမ်းသာဖို့


ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ အဆင်ပြေနေမှာပဲလေ၊ အဆင်ပြေမှလဲ စိတ်ကချမ်းသာ မှာမဟုတ်လား? ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့၊ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲ ရှိစမြဲ မဟုတ်လား?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ၊ ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင် လုပ်ရတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လေ အဲဒါဟာလူ့အရည်အချင်းပဲပေါ့၊ အရေအတွက်တွေ ဘယ်လောက်များများ အရည်ချင်း မရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး၊ နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင် လေ့ကျင့် ကြရမယ်၊ ဥပမာပြောရရင် သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက် မာကြောတဲ့ သံနဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင် မာကြောတဲ့အရာ နဲ့တွေ့ရင် ပျော့ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား? ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ် အထောက်အပံ့ ရတယ်ဆိုတာ ကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူ ဖြစ်နေတတ်တယ်။ ကိုယ်နဲ့အနီးဆုံးလူကြောင့် ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို တစ်ခုချင်း ချိုးဖျက် မဲ့သူလည်း ဖြစ်နိုင်တယ်လေ၊ မြန်မာစကားပုံကတော့ “ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း” အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့် ကိုယ့် ကိုယ်ကိုပဲ ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ အကောင်းဆုံးသူငယ်ချင်းတွေကြောင့်  ကိုယ့်ဘ၀ ပြောင်းလဲတတ်ပါတယ် ဒါပေမယ် ဒါဟာအထောက်ပံ့မျှသာပါပဲ အဓိကကတော့ ကိုယ်တိုင် ကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့ ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်ရင် ကိုယ်ကအဓိကပဲခံစားရတာ၊ ကျန်တဲ့မိဘ သူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်ဆိုတာလောက်ပဲ ပြောကြမှာလေ၊ တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?
နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို လိုက်ချင်းပဲ၊ ချစ်တယ် ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက် ရတဲ့မိန်းကလေးတွေအများကြီးပဲ၊ အဓိကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊ ယောက်ကျား တွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ ကိုယ်ဘက်က ပြုမူ ဆက်ဆံတဲ့ အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊ နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့ ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ၊ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း

ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ် နောက်တစ်ခုက ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ် ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျန်းမာရေးကို လိုက်စားဖို့ လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့၊ ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင် နံနက်ဖြစ်စေ ညနေဖြစ်စေလမ်းလျှောက်ဖို့လိုအပ်တယ်။
ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင် အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစားရမယ်´´ နောက်ပြီး ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်နိုင်အောင်ကြိုးစားရမယ်လေ၊ လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ။ အတိတ်ဆိုတာအရိပ်လောက်ပါ၊ သူက နောက်မှာပဲရှိနေတာ။ ကိုယ့်ရှေ့မှာရှိတဲ့အနာဂတ်လောက် ဘယ်အသုံးဝင်မလဲနော်။ ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့ အဲဒီမကောင်းခဲ့တဲ့အတိတ်တွေ အားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို သေသေချာချာကြိုးစားပြီး
ဘ၀ကိုတည်ဆောက်ကြပါလို့ ဆန္ဒပြုရင်း............။

အောင်မြင်စွာနဲ့ဘ၀ကိုကျော်ဖြတ်နိုင်ကြပါစေလို့။

Tuesday, December 29, 2009

သဲသဲကွဲကွဲ နဲ့ မသဲမကွဲ။

မေတ္တာဥယျာဉ်ဆိုဒ်မှ ခွင့်တောင်း ကူးယူဖေါ်ပြပါသည်။
http://ashinsirinda.com/index.php?option=com_content&view=frontpage
" ထိမ်းမြားလက်ထပ်တယ်" ဆိုတာ လူလားမြောက်ပြီ လို့ ကြွေးကြော်ပြီး၊ လောကဓံကို စိန်ခေါ်လိုက်တာ ဖြစ်လို့ တစ်ယောက်မျက်မှာ တစ်ယေက်ကြည့်နေဖို့ /မဟုတ်တော့ဘူး"
ဒီနှစ် ၁၃၆၄-ခုနှစ်ဆန်း(၁)ရက်နေ့က တပည့်ဇနီးမောင်နှံတို့က နှစ်ဦးမှာ မင်္ဂလာဦးဆွမ်းကပ်ပွဲ ကုသိုလ်ပြုကြလို့ သြ၀ါဒ ပေးပါဆိုတာနဲ့ ပြောပေးလိုက်ရတယ်။
ပရိတ်သတ်ကလည်း သတိုးသားရဲ့ သူငယ်ချင်းတစ်စုပဲဖြစ်လို့  တပည့်ရင်းချာများချည်း ဖြစ်တဲ့အတွက် ရင်းရင်းနှီးနှီး ရယ်ရယ်မောမောပဲ ပြောခဲ့ဖြစ်တာပါ။  မထေရ်မြတ်တို့ စကားဝိုင်း ကြားထဲမှာ မထေရ်လတ် စကားတစ်ခုကို ထည့်လိုက်ရတာကတော့ ဖတ်ရှုသူအတွက် အကျိုးမဲ့ မဖြစ်တန်ကောင်းဘူး ထင်လို့ပါ။ မူရင်းအတိုင်းပဲ မှတ်တမ်းပြု လိုက်ပါတယ်။

ထိမ်းမြား လက်ထပ်ပြီးကြတဲ့ ဇနီးမောင်နှံကို  သြ၀ါဒပေး ရမယ် ဆိုတော့ ဖတ်ပြီး အမှတ် တရ ဖြစ်ခဲ့တဲ့ ဘာသာပြန် ကဗျာတစ်ပုဒ်ထဲက စကားကို သတိရမိတယ်၊ တိတိကျကျ တော့ မဟုတ်ဘူး၊ ဆိုလိုရင်းကတော့ " သင်ဟာ အသိပညာ များလည်း ပြည့်စုံကောင်း ပြည့်စုံ နေမယ်။ ရားထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်းဖြူနေမယ်။ သို့သော် ထမ်းမြား လက်ထပ်ခြင်း မပြုရသေးသမျှ လူ လားမမြောက်သေး" တဲ့။

သူစာအလိုအရဆိုရင် အခုပြောမယ့် စကားဟာ လူလား မမြေက်သေးသူက လူလား မြောက်သူတို့ကို ဆုံးမတဲ့ သြ၀ါဒ စကားလို့တောင် ဆိုရတော့မလိုဘဲ။

မင်္ဂလာဆောင်တယ် ဆိုတဲ့အကြောင်း မပြောခင် ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုး အကြောင်းကို အရင်းပြောချင်တယ်(၁) သဲသဲကွဲကွဲ ဇနီးမောင်နှံနဲ့(၂) မသဲမကွဲ ဇနီးမောင်နှံတို့ အကြောင်းပါပဲ။ သဲသဲကွဲကွဲ ဇနီးမောင်းနှံဆိုတာ" မျက်စိအောက်က ပျောက်မှာပင် အလွန်စိုးတယ်"ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွန်ထင်ပြီး အဖြစ်သဲ လိုက်နာကြတဲ့ ဇနီးမောင်နှံ မျိုးကိုပြောတာ။ အလုပ်သွားတာ၊ ဈေးသွားတာမျိုးကိုတောင် စိတ် မချနိုင်ကြတာတို့၊ သူငယ်ချင်း အပေါင်းအသင်းဟောင်းတွေ့လို့ တရင်းတနီးနှုတ်ဆက်တာ ကိုတောင် မနာလို မရှုစိမ့်နိုင်ကြတာတို့၊  မကျေမနပ် ပူကြ ဆူကြတာတို့ လုပ်နေကြတဲ့ ငြူငြူ စူစူ အူတူတူဆိုတဲ့ စုံတွဲမျိုးပေါ့။
" စိတ်မချနိုင်ဘူး"ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ ကောက်ချက်ချ ကြည့်ရင် အချင်းချင်း ယုံကြည်မှု မရှိတဲ့ သဘောပါပဲ။ နောက်ဆက်တွဲ အနေနဲ့ ဣဿာ မစ္ဆရိယ ဒေါသစတဲ့ ကိလေ သာ စိတ်ရိုင်း စိတ်ပူတွေ တသီကြီး ဖြစ်တတ်တာမို့ ဒီလို စုံတွဲမျိုးဟာ မေတ္တာ ဗြဟ္မစိုရ် တရား ကင်းမဲ့တဲ့ ကိလေသာစိတ် သက်သက်နဲ့ စုံတွဲ မျိုးလို့ပဲ ဆိုရမှာပါ။
ကိလေသာဆိုတဲ့ သဘောက ပထမတော့ လိုလားတောင့်တ မျှော်လင့်တယ်၊ မျှော်လင့် သလို ဖြစ်မလာတော့ ဒေါသတွေ သောကတွေ မနာလို ၀န်တိုဆိုတဲ့ ဣဿာ မစ္ဆရိယတွေ ဖြစိ လာတာ ဓမ္မတာပဲ။

ကြာတော့ တဖြည်းဖြည်း စိတ်ဝမ်းတွေ ကွဲလွဲလာ ကြရင်း နောက်ဆုံး ဇနီးမောင်နှံ ကွဲကြတဲ့အထိ ရောက်ကုန်ကြရော။ မျှော်လင့်ချက် တစ်ခုတည်းနဲ့ လက်တွဲကြသူ မှန်သမျှ ဒီလိုပဲ။ အစမှာတော့ သည်းကြတယ်။ နောက်တော့ ကွဲကြတာပဲ။ မြတ်စွာဘုရား ဟောကြား တာက "မေတ္တာသိနေဟ" မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်တဲ့။ ဒီ အစေးဓာတ်မပါရင် ကြာကြာမတွဲနိုင်ဘူး။ ကွဲတတ်ကြတာပဲ။ ခုကာလစကားနဲ့ဆိုရင် ဒီလို စုံတွဲ မျိုးကို ရွှေရည်စိမ်စုံတွဲ၊ ဆေးဆိုးပန်းရိုက်စုံတွဲ၊ ဒါမှမဟုတ်"အင်တွဲ" တွေလို့များ ပြောရမလား ဘဲ။ ဘယ်သူ့ကိုလို့ ပုဂ္ဂလဓိဋ္ဌာန် ပြောတာ မဟုတ်ဘူးနော်၊ ပတ်ဝန်းကျင်မှာ မြင်ရ ကြားရ တွေ့ရ တတ်တဲ့ လောက ဓိဋ္ဌာန်သဘော ဓမ္မဓိဋ္ဌာန်သဘောကို ပြောရတာ။

ထိမ်းမြားတယ်ဆိုတာ လူလားမြောက်ပါပြိလို့ ကြွေးကြော်ပြီး လောကဓံကို စိန်ခေါ် လိုကတာဖြစ်လို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေဖို့ အချိန်မဟုတ်တော့ဘူးနော်။
ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံ တိုက်ပွဲ ကို ရင်ဆိုင်ဖို့ ခြေလှမ်းစကြတာ။ ၀မ်းသမုဒ္ဒရာ မခန်းခြောက်ရအောင် အူသိမ် အူမဆိုတဲ့ မြစ် ချောင်းတွေ မှန်မှန်စီးဆင်းနိုင်ရေးအတွက် ရုန်းကန်လှုပ်ရှား ခြင်းဆိုတဲ့ မိုးလေ၀သ မှန်ကန်ဖို့ အဓိကထားရမယ့် အချိန်ရောက်ပြီ။

ဒီလို ခံယူချက်မျိုး ရှိကြတဲ့ ဇနီးမောင်နှံ ဆိုတာ မူလကတည်းက ဘ၀တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွဲခဲ့ကြတာ ဖြစ်လို့ အဖြစ် မသည်းကြတော့ဘူး။ နာလည်နိုင်စွမ်း၊ ခွင့်လွတ်နိုင်စွမ်း ရှိကြတယ်။ ဘ၀ တစ်သက်တာအထိ အပြန်အလှန် အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ထားတာ ဖြစ်လို့၊ စိတ်မချတာတို့၊ မနာလို ၀န်တိုတာ တို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ဘူး။
တစ်ချို့ ငယ်ပေါင်း အကြောင်းသိ ဇနီးမောင်နှံတွေ ဆိုရင် ပြောသံ ဆိုသံမှာ နင်- ငါ- ဟေ့- ဟဲ့ ဆိုတဲ့ အသံတွေ လွှမ်းနေတတ်ကြလို့ နဘေးက ကြားရတဲ့သူတွေက ဟုတ်မှ ဟုတ်ပါ့မလား လို့တောင် ထင်ရတယ်။ ဟန်ဆောင်တာ အဖြစ်သည်းတာတွေ မပါတော့ ပြောသံ ဆိုသံ ကလည်း မပြစ်ချွဲတော့ဘူးပေါ့။ သူတို့ အဖြစ်သည်းတာကိုကြည့်ုပြီး အချစ် နည်းတယ်လို့ မထင်လိုက်လေနဲ့၊ ယုံကြည် စိတ်ချလို့ အနည်ထိုင်ပြီး အချစ်မြဲသွားကြတာ။
အနည်ထိုင်တယ်ဆိုလို့ အသားသေပြီး အေးစက်မာခဲ သွားတယ်လိုလည်း မထင်လေနဲ့ ၊ မဟုတ်ဘူး။
ရှင်သန်နေတဲ့ သစ်ပင်ဟာ အနှစ်လိုပဲ။ မာပေမယ့် မခဲဘူး။ အမြဲကြီးထွားနေတာ။ ပင်စည်နဲ့ လိုက်ဖက်အောင် အနှစ်က ကြီးထွားလိုက်နေကြတာ။ ဒါကြောင့်လည်း သားသမီး တွေကနေ မြေးတွေ မြစ်တွေအထိ အသိုက်အအုံ ကြီးလာလေ သူတို့ မေတ္တာဓာတ်က ကြီးမား ကျယ်ပြန့်လေ ဖြစ်နေကြတာပေါ့။

ဒီနေ့ ဇနီးမောင်နှံစုံတွဲကော ဘယ်အမျိုးအစားထဲ ပါချင်ကြသလဲ။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရွေးချယ် သတ်မှတ်ပြီး ရောက်နိုင်တဲ့ လမ်းမှန်အတိုင်း စည်းကမ်းကျကျ လျှောက် လှမ်းကြ။ ဘ၀နောင်ရေးနဲ့ ပတ်သက်လို့ ဘယ်ဗေဒင်ကိုမှ မမေးနဲ့၊ ကိုယ်လျှောက်တဲ့ လမ်းပေါ် က မှတ်တိုင်များက ကိုယ့်ဘ၀မှတ်တိုင်ပဲ၊ လမ်းဆုံးမှာရှိတဲ့ ပန်းတိုင်ဟာလည်း ကိုယ်ဆိုက် ရောက်ရမယ့် ပန်းတိုင်ပဲ။ လျှောက်တဲ့လမ်းကတစ်မျိုး၊ ရောက်တဲ့ ပန်းတိုင်းကတစ်မျိုးဆိုတာ မရှိဘူး။ ဒါဟာ ဖောက်ပြန် ပြောင်းလဲခြင်း မရှိတဲ့ ကမ္မနိယာမ သဘောပါပဲ။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်။   ဓမ္မဘေရီဆရာတော် စာအုပ်တွေမရှိဘူးလား   တပည့်တော်တို့ အရမ်းကို နှစ်သက် တာဘဲ၊ ဆရာတော်စာတွေ တရားတွေ ဖတ်လို့ကို အားမရနိုင် ၊ နာကြားလို့ကို မတင်းတိမ်းပါဘူးဆိုတဲ့ စာဖတ် ၀ါသနာရှင် လူငယ်လေးများ တောင်းဆိုချက်အရ   စေတနာ မေတ္တာများဖြင့် ဒီနေ့မှ ဆန်ဖရန်စစ်စကိုက ဓမ္မမိတ်ဆွေတစ်ဦး ပေးပို့လှုဒါန်းလိုက်သော ခိုင်ခိုင် မြဲမြဲ မင်္ဂလာ စာအုပ်သေးလေးထဲမှ ပြန်လည် တင်ပြလိုက်ပါသည်။

(အကြောင်းလေးများတိုက်ဆိုင်ပါသဖြင့် 16-Jan-2005နေ့အတွက် အမှတ်တယ အနေဖြင့် ဖေါ်ပြအပ်သည်။)

Monday, December 28, 2009

ပေးဆပ်ခြင်းဖြင့်။

သမီးရည်စားအတွဲတစ်တွဲမှာ ကောင်မလေးက ကောင်လေးကို ဘယ်အရာရာမဆို ကောင်မလေးကပဲ ဦးဆောင်နေသလိုဖြစ်နေခဲ့တယ်။ ဒါကိုကောင်မလေးသိပ်သဘောမကျဖြစ်နေတာ….
တစ်ရက်… နှစ်ယောက်ပင်လယ်ပြင်ကို အပျော်စီးသင်္ဘောနှင့် အလည်သွားချိန်မှာသင်္ဘော မှောက်သွားတယ်။ ကံကောင်းထောက်မစွာနှင့် ပျဉ်ပြားတစ်ချပ် သူတို့ ရေပေါ်မှာ မျောနေကြတယ်။
“နင်ကြောက်နေလား” ကောင်မလေးမေးတော့ “ ဓါးသေးသေးလေးကို ထုတ်လာပြီး “ကြောက်ပါဘူး၊ ငါးမန်းတွေ လာရင် ငါဒီဓါးနဲ့ ထိုးလိုက်မယ်” လို့ပြောတော့ ကောင်မလေးက ခေါင်းလေးခါပြီး ရီတယ်……..
သိပ်မကြာခင်မှာပဲ သင်္ဘောတစ်စင်းလည်း သူတို့ မျောလာနေတာကို တွေ့တယ်…ပြီးတော့ တစ်ဖက်မှာ ငါးမန်းတွေလည်းလာနေတယ်….ကောင်မလေးက “ငါတို့ အစွမ်းကုန်ကူးခက်ကြရအောင်”
အဲဒီအချိန်မှာ ကောင်လေးဟာ ကောင်မလေးကို ပျဉ်ပြားပေါ်ကတွန်းချလိုက်ပြီး တစ်ယောက်တည်း ကူးသွားတယ်…. “ဒီတစ်ခါငါအရင်ကူးမယ်ဆိုပြီး” ထွက်သွားတယ်….ကောင်မလေးမှာ ပြောမတတ်အောင် အ ပြီးကျန်ခဲ့တယ်…..ကောင်လေးဟာ ငါးမန်းတွေဝန်းရံနေတဲ့ကြားမှာ ကူးခက်ရင်း “ငါနင့်ကို
အရမ်းချစ်တယ်” လို့ဆိုကာပင်လယ်ထဲ မှာပျောက်ကွယ်သွားတယ်…..သင်္ဘောသားတွေ က ထိုအချိန်မှာ ကောင်မလေးကို ကယ်တင်လိုက်တယ်….သင်္ဘောcaptain က “ကောင်မလေး၊ သူဟာ ငါတွေ့ ဖူးတဲ့လူတွေထဲမှာ အရဲရင့်ဆုံးပဲ သူ့အတွက်ဆုတောင်းပေးကြရအောင်” “မဟုတ်ဘူး၊ သူကငကြောက်” လို့ ကောင်မလေးကဆိုတော့ သင်္ဘောcaptain က “ဟာ ..........ဘာလို့လဲ၊ နင်တို့ကို ကယ်မလို့ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေတာ၊ ထင်ထင်ရှားရှားပဲ နင့်ကိုတွန်းထုတ်လိုက်ပြီး သူ့လက်ကိုသူ ဓါးနဲ့
ဒဏ်ရာရအောင်လုပ်လိုက်တယ်…. ငါးမန်းဆိုတာ သွေးညှိနှံ့ကို ချက်ခြင်းသိတာ… နင်ကိုကယ်ဖို့ အချိန်ရအောင်ပါ….သူသာဒီလိုမလုပ်ရင် နင်လည်း ဒီသင်္ဘောပေါ်မှာရောက်လာမှာမဟုတ်ဘူး……….


( လူသားတိုင်း အချစ်အတွက် အရင်းနှီးများတဲ့ ပေးဆပ်ခြင်းတွေမှ ကင်းဝေးနိုင်ကြပါစေ။ အချစ်အတွက်ဆို အားလုံးကိုပေးဆပ်ရဲကြပါတယ်။ ဖော်ပြဖို့ခက်တဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းမှာတော့ ဝမ်းနည်းမှုတွေ ဆွေးမြေ့မှုတွေ မတွေ့ကြရပါစေနဲ့လို့ ဆုတောင်းရင်း)


Queen of my heart!

http://www.youtube.com/watch?v=LIcO2rbGKww



သီချင်းတွေ ရှာရင်း ကာတွန်းကြိုက်တဲ့ ကျမတို့ ဇနီးမောင်နှံအတွက် တစ်နေ့နေ့မှာ အတူကြည့်ဖို့ပါ။
စာဖတ်သူတို့လည်း အကြိုက်တူရင် နားဆင်နိုင်ပါတယ်ရှင်။


မိုင်ပေါင်းများစွာ ဝေးကွာနေကြသော ချစ်သူများအတွက်...။

ဇော်ဝင်းထွဋ် + ထွန်းအိန္ဒြာဗို - မိုင်ပေါင်းကုဋေ
http://www.youtube.com/watch?v=8jJtQ1slp5s&feature=related

“ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ် အကြင်နာ အိပ်မက်တွေ ကုန်သွားမှာကို စိုးတယ် ယဉ်ယဉ်လေး ရူးလို့ နေ သူ့ ရဲ့ အပြုံးတွေ ကိုယ်တမ်းတ ကိုယ်သတိရ .......... ပြာရီမိုးသားအောက်က သူ့ အပြုံးတွေ မှုန်ရီဝေဝါးသွားမယ့် အချိန် အချိန်ခဏလေး မျှော်လင့်ခြင်းနေ့ သစ်အောက်မှာ ကိုယ်မနိုးထချင်တော့ပါ ကိုယ်သိပ်ချစ်တယ် တကယ် သိပ်ချစ်တယ် ............ ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာခွန်အားတွေ တောင်စွယ်များဝိုင်းရံ ကာရံထား အတွေးနဲ့  ဝင်ရောက်ခဲ့မယ် မမုန်းဘူး အချစ်ကလေးရယ် တစ်ယောက်တည်း မနေ ချင်ဘူး ကိုယ်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ ........... အကြင်နာ လရိပ်အောက်မှာ ခိုနားစဉ် ကိုယ်တို့ နှစ်ဦးဝေးကြတဲ့ မိုင်ပေါင်းကုဋေခဏလေးလို ကာရံနဲ့ သီချင်း လေးများစွာ သူ့ အတွက်ဆိုညည်းခါ လာခဲ့မယ်.............” (ဇော်ဝင်းထွဋ်+ထွန်းအိန္ဒြာဗို)




ဇော်ဝင်းထွဋ် + ထွန်းအိန္ဒြာဗို - အချစ်များသူ့ဆီမှာ
http://www.youtube.com/watch?v=pFrSlE9k6x4





ဇော်ဝင်းထွဋ်- အနှိုင်းမဲ့
http://www.youtube.com/watch?v=OmuD55VDC2M&feature=related




မေဆွိ - မောင်
http://www.youtube.com/watch?v=1JzzKOqxWRU&feature=PlayList&p=5E4E53AF58FF1206&playnext=1&playnext_from=PL&index=78

Sunday, December 27, 2009

Myanmar Government's Paper Money

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ငွေစက္ကူများကို ဗဟုသုတရစေဖို့ ကူးယူဖော်ပြပေးထားပါတယ်။ ကျွန်တော်လည်း အကုန်လုံး မမြင်ဘူးသေးပါဘူး။

မြန်မာ့ ငွေစက္ကူများ



















































































FEC: Foreign Exchange Certificate











http://www.mysuboo.com/index.php?option=com_blog&name=koQQ84&task=view&pid=5498

အီးမေးမှ ရလို့ အမှတ်တယအနေနဲ့ ကူးယူဖော်ပြထာခြင်း ဖြစ်ပါသည်။ မူလ ဘလော့လိပ်စာတွင်လည်း ကြည့်ရှူလေ့လာနိုင်ကြပါသည်။

Friday, December 25, 2009

Resistant Story!

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။

တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေများလွန်းလှတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ အဖေရေ။ တိုက်ရခိုက်ရ၊ ရုန်းကန်ရတာတွေနဲ့လည်း သမီးမှာ မောလှပါပြီ၊ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ ပြဿနာတစ်ခုက ထပ်တက်လာတာနဲ့၊ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲ ဇောက်ထိုးဆင်းနေရသလိုပါပဲ အဖေ။ သမီးတော့ စိတ်ပျက်လှပါတယ်၊ လူလုပ်ဖို့တောင် ကြောက်လာပြီ ဘာညာ စသဖြင့် အဖေကို တိုင်တည်ရင်း ညည်းညူနေရှာပါတယ်။
ဖအေလုပ်တဲ့သူက ဘုရင့်စားဖိုမှုးကြီးတဲ့။ သမီးလုပ်သူက အခုလို ညည်းညူတိုင်တည်လိုက်တော့ ဖအေက ဘာမပြော ညာမပြောနဲ့ သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ထဲကို ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေ ဖြည့်ြ့ပီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်း ဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေ ထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့ အိုးတွေကို သည်အ တိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှ မပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေနှယ့် ဘာတွေများ လုပ်နေပြန်တာလဲလို့ တွေးရင်း စိတ်က တကယ်ကိုမရှည်ချင်တော့ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့အဖေအကြောင်းကိုလည်း သိထားလေတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရ ပါတော့တယ်။
ဆယ်မိနစ်ကြာတယ်ဆိုရင်ပဲ ဖအေလုပ်တဲ့သူက မီးသုံးဖိုလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မန်လာဥတွေ ကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တခြားပန်းကန် တစ်လုံးထဲထည့်လိုက်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲကို ထည့်လိုက်တယ်။ ပြီးတော့မှ သမီးဘက်ကို လှည့်ပြီးမေးလိုက်တယ်။
ကဲ...သမီးရေ ဒါတွေက ဘာတွေလဲကွယ်။
မုံလာဥပြုတ်၊ ကြက်ဥပြုတ်နဲ့ ရေနွေးကြမ်းတွေပါ ဖေဖေ။
ဒီလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့အနားလာခိုင်းပြီး မုံလာဥကို စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့ အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် အဖေ မုန်လာဥတွေက ပျော့နေပြီပဲ လို့ပြော လိုက်တယ်။ ဖအေလုပ်သူက သမီးစကားကို အမှုမထားပဲ ကြက်ဥပြုတ်ကို ခွဲခိုင်းပြန်တယ်။ ကောင်းကောင်းကျက် နေတဲ့ ကြက်ဥပြုတ်ကို တွေ့သတဲ့။
အဖေလုပ်သူက နောက်ဆုံးတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ခိုင်းပြန်သတဲ့။ သမီးလုပ်တဲ့သူက ပြုံးပြီး အဖေ ခိုင်းတဲ့အတိုင်း ရေနွေးကြမ်းကို မြည်းလိုက်ပြန်သတဲ့။ သင်းပျံ့တဲ့ရနံ့နဲ့ ရေနွေးကြမ်းကို သတိထားလိုက်မိတယ်။
ဖေဖေ ဘာကို ဆိုလိုချင်လို့လဲလို့ မေးသတဲ့။
အဲအခါမှာ ဖအေလုပ်သူက သမီးကို ရှင်းပြပါတော့တယ်။ မတူညီတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေး ပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီး။
မုံလာဥကတော့ ရေနွေးထဲမရောက်ခင်က သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးနော်။ ရေနွေးနဲ့ တွေ့တဲ့ အခါတော့ ပျော့ဖတ်ပြီး ချိနဲ့သွားတယ်နော်။
ကြက်ဥကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး၊ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ။ အပေါ်ခွံက ပါးပါးလေး နော်။ ရေနွေးထဲလည်း ကြာကြာထားလိုက်ရော။ အားလုံးမာကုန်တယ်နော်။
အေးလက်ဖက်ခြောက်ကျတော့ ရေနွေးလည်း ပွက်လာရော ပွက်ပွက်ဆူနေတဲ့ရေကို လက်ဖက်ရည်အဖြစ် တစ်အိုးလုံးကို ပြောင်းလဲပစ်တယ်နော်။
ဒါဆို သမီးရော ဘာလိုမျိုးဖြစ်ချင်တာလဲ၊ မုံလာဥ၊ ကြက်ဥနဲ့ လက်ဖက်ခြောက်ထဲက ဘယ်လိုမျိုးနဲ့ လောကဓံ ဆိုတာကို ရင်ဆိုင်မလဲ။ လူတိုင်းရင်ဆိုင်ကြရတဲ့ လောကဓံကို သမီး ရင်ဆိုင်တွေ့တဲ့အခါ ဘယ်လိုမျိုးတုံ့ပြန်ချင် သလဲ။ သမီးကိုယ့်ဖာသာ စဉ်းစားပေတော့ကွယ်။

စာဖတ်သူ လူကြီးမင်းရော မုံလာဥလို မာကျောရာကနေ လောကဓံနဲ့ တွေ့တဲ့အခါ ပျော့ခွေနွမ်းရိသွားကာ အရှူံး ပေးမလား။ ကြက်ဥလို ထိလွယ် ရှလွယ်တယ်၊ စိတ်ပျော့တယ်။ သေခြင်းတရားလို သေကွဲ၊ ရှင်ကွဲနဲ့ ကြုံတဲ့ အခါ၊ ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးနောက်မှာတော့ နင်လားဟဲ့ လောကဓံ ဆိုတဲ့စိတ်နဲ့ ထီမထင်စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီးဖြစ်သွားမယ့် လူစားမျိုးလား။ အပြင်ပန်းအမြင်မှာ သိပ်ကွာမသွားသော်လည်း အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများဖြစ်နေမှာလား။
ဒါမှ မဟုတ် ရေကပူပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေတဲ့ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူ လေ ပွက်လေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူကလည်း ဒုက္ခသူက္ခတွေ များလေလေ အရှိန်က တက်လေလေပေါ့။ အရည်အချင်းတွေက ပိုရှိလာတာပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူ ဖြစ်လာပါလိမ့်မယ်။

ကဲဒါဆို အကောင်းလေးခု၊ အဆိုလေးခုရှိတဲ့ လောကဓံရှစ်ပါးကို လူကြီးမင်းရော ဒီနည်းသုံးမျိုးတည်းက ဘယ်နည်းနဲ့ ဘယ်လိုများ တုံ့ပြန်မယ်လို့ စိတ်ကူးသလဲကွယ်။

(ဒီပိုစ့်လေးက လူကြီးမင်းတို့ရဲ့ နွမ်းနယ်နေတဲ့ စိတ်လေးကို ရေတစ်ပေါက်မျှ ပက်ဖြန်းသလို အေးမြစေလို ကြောင်းနှင့် အထောက်ကူဖြစ်ပါစေခြင်းငှာ ရည်ရွယ်ပါတယ်နော်။)

It's not difficult to make a woman happy. A man only needs to be:

1. a friend
2. a companion
3. a lover
4. a brother
5. a father
6. a master
7. a chef
8. an electrician
9. a carpenter
10. a plumber 
11. a mechanic
12. a decorator
13. a stylist
14. a sexologist
15. a gynecologist
16. a psychologist
17. a pest exterminator
18. a psychiatrist
19. a healer
20. a good listener
21. an organizer
22. a good father
23. very clean
24. sympathetic
25. athletic
26. warm
27. attentive
28. gallant
29. intelligent
30. funny
31. creative
32. tender
33. strong
34. understanding
35. tolerant
36. prudent
37. ambitious
38. capable
39. courageous
40. determined
41. true
42. dependable
43. passionate
44. compassionate
 
 WITHOUT FORGETTING TO: 
 45. give her compliments regularly
 46. love shopping

 47. be honest
 48. be very rich

 49. not stress her out
 50. not look at other girls


 AND AT THE SAME TIME, YOU MUST ALSO:
 51. give her lots of attention, but expect little yourself 
 53. give her lots of space, never worrying about where she goes
 52. give her lots of time, especially time for herself
 
 IT IS VERY IMPORTANT: 
54. Never to forget:
 * birthdays
 * anniversaries
 * arrangements she makes

 HOW TO MAKE A MAN HAPPY  
 1. Show up naked
 2. Bring food and beer
 3. Hand over the remote.

Thursday, December 24, 2009

A to Z...

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။ မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်...မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆို လိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
(I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်းကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကို မေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။ မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။ ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။ ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊
နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။ ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်။

Wednesday, December 23, 2009

Husband Store!

A store that sells husbands has just opened somewhere, where a woman could go to choose a husband. Among the instructions at the entrance is a description of how the store operates.

You may visit the store ONLY ONCE ! There are six floors and the attributes of the men increase as the shopper ascends the flights.

There is, however, a catch . You may choose any man from a particular floor, or you may choose to go up a floor, but you cannot go back down except to exit the building!

So, a woman goes to the Husband Store to find a husband.
On the first floor the sign on the door read:
Floor 1
- These men have jobs and love the Lord.


The second floor sign read:
Floor 2
- These men have jobs, love the Lord, and love kids.


The third floor sign read:
Floor 3
- These men have jobs, love the Lord, love kids, and are extremely good looking. 'Wow,' she thinks, but feels compelled to keep going.


She goes to the fourth floor and sign read:
Floor 4
- These men have jobs, love the Lord, love kids, are drop-dead good looking and help with the housework. 'Oh, mercy me!' she exclaims, 'I can hardly stand it!' Still,


She goes to the fifth floor and sign reads!
Floor 5
- These men have jobs, love the Lord, love kids, are drop

-dead gorgeous, help with the housework,

and have a strong romantic streak.

She is so tempted to stay, but she goes to the sixth floor

and the sign reads:

Floor 6

- You are visitor 4,363,012 to this floor. There are no men on this floor. This floor exists solely as proof that women are impossible to please.


Thank you for shopping at the Husband Store. Watch your step as you exit the building, and have a nice day !


This to all men for a good laugh and to all the women who can handle the truth !

Tuesday, December 22, 2009

မင်္ဂလာ ဘယ်နှစ်ပါးရှိပါသလဲ။

နွေရာသီကျောင်းပိတ်ရက် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုသင်တန်းတစ်ခုတွင် စာမေးပွဲစစ်ဆေးနေချိန်ဖြစ်၏။
ကလေးမလေးတစ်ဦးသည် စာမေးပွဲ မေးခွန်းလွှာကို စိတ်ဖြင့် ဖတ်၏။

မေးခွန်းလွှာ(၁)
မင်္ဂလာ ဘယ်နှစ်ပါးရှိပါသနည်း။ ၄င်းတို့ကို ဖော်ပြပါ။

ကလေးမလေးက စဉ်းစား၏။ မင်္ဂလာ ဘာပါလိမ့်။ အော် သိပြီ၊ သိတာပေါ့ လွယ်လွယ်လေးပဲ။

ဖြေ။ ။ မင်္ဂလာ နှစ်ပါးရှိပါသည်။ ၄င်းတို့မှာ မင်္ဂလာပါခင်ဗျာ၊ မင်္ဂလာရှင် တို့ ဖြစ်ကြပါသည်။

(စာဖတ်သူ ဖြည်းဖြည်းရယ်ပါနော်။ အခုတော့ အဲဒီကလေးမလေးက ဘာသာရေးမှာ အဲဒီအချိန်အဲဒီသင်တန်းက ဆုရတဲ့သူတွေထက် ဘာသာရေးကို ပိုသိနေပါပြီ။ ဘဝဆိုတာ ဒီလိုပါပဲ-ရေသေအတိုင်းမသွားဘူးလေနော်။)

Money Coming...................!




Money Angel

ဝိမုတ္တိရသဆိုဒ်အတွက် အမှတ်တယ

စိတ်ကူးက ဘယ်မှာ အခြေခံတယ်

အတွေးရံက သည်လိုကွန့်မြူး

ဖတ်သူမှာ သုတတွေကြွယ်သမို့

ရသက ထူး

ရွာဦးကျောင်းဆရာတော်နဲ့ ပိုစ့်များအကြောင်းကိုလည်းပြောကြရင်း၊ ဦးဇင်းရဲ့ကဗျာသဘောကျမိကြောင်းကိုလည်း ပြောမိကြရင်းဖြင့် စိတ်တွင် ဖြစ်ပေါ်လာသော စာလုံးများကို အွန်လိုင်းတွင် စာတင်မိပါသည်။ အသင့်လျော်ဆုံးသော ဆိုဒ်ကို ရှာမိသော ဝိမုတ္တိရသဆိုဒ်အတွက် “ပန်း”အမည်ဖြင့် ကွန်မင့်တွင် စာစီမိခဲ့သည်။

Sunday, December 20, 2009

Are you clever?

Three ways to die....

Take a ciger daily--you will die 10 years early!

Drink Rum daily-- you will die 30 years early!

Love someone truly--you will die daily!

----------------------------------ooo------------------------------

A foolish MAN tells a woman to STOP talking,But a wise man tells her that

she looks extremely BEAUTIFUL when her LIPS are CLOSED.

---------------------------------ooo-------------------------------

One good way to REDUCE alcohol consumption. ....

Before marriage--Drink whenever you are SAD,

After marriage --Drink whenever you are HAPPY!

---------------------------------ooo-------------------------------

Fastest means of transport......

1.Tele-Phone

2.Tele-Vision

3.Tell to woman

Need still FASTER--Tell her NOT to tell anybody

-------------------------------ooo---------------------------------

A man got 2 wishes from god. He asked for the BEST wine and BEST woman.

Next moment, he had the BEST wine and MOTHER THERESA next to him.

MORAL:Be Specific


-------------------------------ooo---------------------------------

If you do NOT have a girl friend--you are missing SOME thing in your life.
If you HAVE a girl firend--ypu are missing EVERY thing in your life.

-------------------------------ooo---------------------------------
Love your friends NOT their sisters, Love your sisters NOT their friends.

---------------------------------ooo--------------------------------

8.When do you CONGRATULATE someone for their MISTAKE??

Ans: On Their MARRIAGE

---------------------------------ooo--------------------------------------

Why governments do NOT allow man to marry 2 women?

Bcoz, as per constitution, you canNOT Be Punished TWICE for the
same mistake...!

Saturday, December 19, 2009

City lights from around the world

Brazil



Denver



Petersburg



Paris





Niagara Falls




Toronto





Cleveland





Las Vegas




Chicago




Los Angeles



London


Copenhagen



Moscow



Washington



Oakland



Singapore



Vienna



Cologne Cathedral




UNION OF "MYANMAR"

Oops sorry.......power cut.... hahaaa...