သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, April 29, 2010

ခံစားနားဆင်ပါ။




Look into my eyes - you will see
What you mean to me
Search your heart - search your soul
And when you find me there you'll search no more

Don't tell me it's not worth tryin' for
You can't tell me it's not worth dyin' for
You know it's true
Everything I do - I do it for you

Look into your heart - you will find
There's nothin' there to hide
Take me as I am - take my life
I would give it all - I would sacrifice

Don't tell me it's not worth fightin' for
I can't help it - there's nothin' I want more
Ya know it's true
Everything I do - I do it for you

There's no love - like your love
And no other - could give more love
There's nowhere - unless you're there
All the time - all the way

Oh - you can't tell me it's not worth tryin' for
I can't help it - there's nothin' I want more
I would fight for you - I'd lie for you
Walk the wire for you - ya I'd die for you

Ya know it's true
Everything I do - I do it for you



လေးစားစွာဖြင့်

Sunday, April 25, 2010

မရှင်း မရှင်း။

သတိပေးပါရစေ။ ပိုစ့်မဟုတ်ပါ၊ ဘလော့ကို တိတ်တိတ်လေး လာလည်နေကြတဲ့ သူတွေနဲ့ မန့်ပေးကြတဲ့ သူတွေကို တိုက်ရိုက် စကားစမြည်ပြောနေခြင်းဖြစ်ပါတယ်။ စာထဲမှာ ရသ မထည့်ထားလို့ စာဖတ်သူ၏ တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းပါနဲ့နော်။ အားတဲ့အခါမှ လာဖတ်ပေါ့။



အော် သင်္ကြန်တဲ့၊ နှစ်သစ်တဲ့။ သင်္ကြန်ဆိုတော့လည်း သိကြားမင်းက အရေးပါနေပြန်တယ်။ သိကြားမင်း နဲ့ပတ်သက်တဲ့ ပိုစ့်လေး သင်္ကြန်မှာ ရေးမယ်စိတ်ကူးထားသောလည်း ဥပုပ်စောင့်နေဖြစ်တာနဲ့၊ ထိုင်းနိုင်ငံရေး ဗီဒီယိုဖိုင်တစ်ခုကို ကြည့်မိလို့ အင်တာနက်လိုင်းယူထားတဲ့ ကုမ္ပဏီက ခရစ္စတလ်ကြည့်နေတဲ့ ဆိုဒ်တွေကို ဘန်းပစ်လိုက်ပါတယ်။ အဲဒီတော့ ဘုန်းဘုန်းအရှင်ဇဝန အကူအညီကို ယူပြီး proxy နဲ့ကျော်ခွလို့ ပွင့်ပါလေရော။ ထို့နောက်မှာတော့ ထိုင်းနိုင်ငံကို အသိမိတ်ဆွေများ လာရောက်မည် သေချာပြီ ဖြစ်တဲ့အတွက် (နိုင်ငံရေးမတည်ငြိမ်လို့ တားပါသောလည်း သူတို့ရဲ့ အကြောင်းများက မလာရင် မဖြစ်ပါတဲ့) ဘန်ကောက်မြို့တခွင် ကိုယ်တိုင် လေ့လာရေးကွင်းဆင်းရင်း မြဘုရားကို သွားရောက် ဖူးမျှော်ရင်း စနည်းနာရပါတော့တယ်။ မြို့ထဲက ပြန်လာပြီး ညနေပိုင်း စားသောက်ဆိုင်မှာ ထိုင်နေရုံရှိသေးတယ် ရန်ကုန်မှာ ဗုံးပေါက်သတဲ့။ ဟူးးးးးးးးးးးးးး။ သိကြားမင်းနဲ့ ပတ်သက်တဲ့ ပိုစ့်လေးရေးဖို့ သိကြားမင်းပုံလေး ရှာကြည့်တော့ စိတ်ကြိုက်မတွေ့တာနဲ့ ရန်ကုန်မှာ ဗုံးပေါက်တာနဲ့၊ သိကြားမင်းကြီး ဘယ်မှာတည်းလဲ ဆိုတဲ့ ပိုစ့်လေးကို ရေးဖို့ စိတ်အားလျော့သွားရတယ်။ အခုတော့လည်း ...။ ဒီအကြောင်းလေးက မရှင်း မရှင်းရဲ့ အကြောင်းတွေထဲက တစ်ခုပါ။
ဘဝဇာတ်ခုံ အခန်းဆက် ဆောင်းပါးမှ ပျားဘုရင်မအခန်း ကလည်း တစ်ပိုင်းနဲ့ တစ်စ။ မရှင်းချိန်မှာ အရေးမမှားရလေအောင် ရှင်းမှ ရေးတော့မည်။ မျှော်ကြပါလေ။
အဲဒီနောက်မှာတော့ သတင်းတွေ ဖတ်တဲ့ အာရုံတွေ ကြားရောက်သွားပြန်ပြီ၊ ဖတ်နေရတဲ့ အာရုံက အားသာနေတော့ ရေးနေတဲ့လက်က ရပ်သွားပါတယ်။ အဲဒီနောက်မှာ အသိမိတ်ဆွေများက ရောက်လာ သူတို့အတွက် စီစဉ်ပေးနေရင်း အင်တာနက်နဲ့ ဝေးပြန်ပါရော။ ကျမရဲ့ မိတ်ဆွေများကလည်း သတ္တိတော့ ခပ်ကောင်းကောင်းပဲ။ ဘာပဲဖြစ်ဖြစ် ထိုင်းကို လာမှာပဲ ဆိုတဲ့ သူတွေပါ။ အန္တာရာယ်ဖြစ်လည်း သေတစ်နေ့ မွေးတစ်နေ့ပါပဲတဲ့ အင်း သေတာကတော့ သေတဲ့သူက နောက်ဘဝကူးသွားမှာ ကျန်တဲ့သူဖြစ်တဲ့ ခရစ္စတလ်သာ နိုင်ငံရပ်ခြားမှာ သေစာရင်းသွင်းတဲ့ အလုပ်တို့ အားးးးးးးးးးးးးးအများကြီး လုပ်ပေးရမှာကို ထည့်မစဉ်းစားပေးကြဘူး။ အဟင့် များမှာလေ တစ်ယောက်တည်းနဲ့။ ဒီတော့ ကျမက က ကြီးကနေ အ အထိ စဉ်းစားထားရမှ ကျေနပ်သူဆိုတော့ အပူသောကရှိနေတာပေါ့။ ကိုယ်တိုင် ရှောသွားတာကမှ တော်သေးတယ် ဘိုင့်ဘိုင်လို့ ပြောသွားရုံပဲနော်။ ခုတော့လည်း...။ ဒါက မရှင်း မရှင်းရဲ့ အကြောင်းတွေထဲက ကြီးမားသော ကိစ္စတစ်ခုပါ။
အယ်... ဒီလိုနဲ့ အင်တာနက်ကိစ္စ မိတ်ဆွေများကိစ္စတွေတင်ပဲလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး။ ကိုယ့်စိတ်အတွင်းမှာ တခြားသောကိစ္စများလည်း အလုံးအရင်းနဲ့ ရှိနေသေးပြန်ပါတယ်။ မိမိနေတဲ့ အခန်းက နောက်လဆိုရင် နှစ်ချုပ်ပြည့်တော့မှာမို့ ဆက်ယူသင့် မယူသင့်၊ ဒါလည်း အများကြီး တွေးထားရတယ် သူတို့ဆီမှာ နှစ်ချုပ် စာချုပ်ဆိုရင် ကိုယ်မနေချင်လို့ ပြောင်းရင် စာချုပ်မပြည့်ပဲ ပြောင်းလို့ကတော့ ဆောရီးပဲ စရံငွေဆုံးပြီ။ ဒါကိုလည်း ကျေးဇူးရှင်နဲ့ တိုင်ပင်လိုက် ကိုယ်တိုင် တွေးကြည့်လိုက် စိတ်ထဲ အာရုံတွေ ဟိုပြေးဒီပြေး ဖြစ်လျှက်။ ဒါလည်း မရှင်းသေးတဲ့ ကိစ္စတစ်ခု။
နောက်အရေးကြီးဆုံးကတော့ ထိုင်းနိုင်ငံရေး မတည်ငြိမ်ခြင်းကလည်း စီးပွါးရေးတွေ ထိခိုက်နေကြတာမို့ ကိုယ်ပိုင်စီးပွါးရေးအတွက် ဦးနှောက်စား၊ ဆံပင်ဖြူရသည်ကလည်း မရှင်း မရှင်းတွင် အကြီးမားဆုံး အရှုပ်ကြီး ရှုပ်နေရတော့ကားးးးးးးးးးး။
(၂၄)ရက်နေ့ မနက် ဧည့်သည်နှစ်ဦးအနက် တစ်ဦးမှာ သာသနာ့နွယ်ဝင် ရှင်ရဟန်းဖြစ်သည့် အင်တာနက်တွင် နာမည်ကျော်ကြားတော်မူလှသော ယောကိုယ်တော် သည်လည်း ထိုင်းမှ ကမ်ဘောဒီးယား - ထိုင်းမှ  မြန်မာနိုင်ငံသို့ ပြန်လည်ကြွတော်မူသွားလေပြီ။ အဲ ဒီတခါတော့ဖြင့် ရှင်းလို့ အနားရပြီဟု အားတင်းထားသော ခရစ္စတလ်တစ်ယောက် အခန်းတံခါး သော့ပိတ်မိပါသဖြင့် မနက် ဝေလီဝေလင်းတွင် ခဏအတွင်း ချက်ချင်းပင် နေစရာဘုံပျောက်တဲ့ နတ်စုတ်ဘဝသို့ ရောက်ရှိလေတော့သတည်း။ အို လောကတွင် စောင့်ရှောက်လျှက်ရှိကြကုန်သော သမာဒေဝ နတ်အပေါင်းတို့ အကျွန်ုပ်၏အဖြစ်ကို မြင်လှည့်ပါ၊ မကူနိုင်ကြတော့ဘူးလားဟူ၍ ကောင်းကင်ကြီးကို မော့ကြည့်လို့ မြည်ကျွေးမိပါတော့ သည်။

ဤသို့လျှင် အာရုံတွေ ထွေပြားနေရသော မိမိအား ဦးဇင်း ယောကိုယ်တော်သည် အစ်မ ခရစ္စတလ် မရှင်းမရှင်းတွေ မလုပ်နှင့်ဟု အနုမောဒနာ ချွေသွားပါလေ၏။
မှတ်ချက်။ ။ ရန်ကုန်ကနေ အီးမေးပို့လာပါတယ် အစ်မကို ကျေးဇူးတင်ပါတယ်တဲ့၊ ဟူးးးးး တော်သေးတယ်။ :)) ဂလု...။
ဤသို့ဖြင့် အနှီပိုစ့်မမြောက်သော ပိုစ့်လေးအား ဖေါ်ပြခွင့်ကို ဦးဇင်း ယောကိုယ်တော် ထံ ခွင့်ပန်သောအခါ....

အဲ လုပ်ထည့်လိုက်ပြီ၊ ဦးတဲ့လူ ရေးတယ်ပေါ့လေ(ဟားးဟားးး ) စတာပါ.. အားလုံးအဆင်ပြေပါစေ အဆင်ပြေအောင် နှလုံးသွင်း နေထိုင်နိုင်ပါစေလို့သာ ဆန္ဒပြုရတော့မည်ပ။ ယောကိုယ်တော်သည်ကား မနက်ဖြန် မန်းသို့ ဆက်လက်ကြွချီတော်မူမည်။ ရန်ကုန်တွင် ကိစ္စများ မရှင်း မရှင်း ထားခဲ့ချေပြီ။ နောက်တစ်ခေါက် ရန်ကုန်ကို ပြန်လာရအုံးမည်။
ကျေးဇူးအထူး အထူး တင်ပါတယ်.. ဒကာမ ၀၀ တုတ်တုတ် အမတော်ရေ...။
မေတ္တာဖြင့်
ယောကိုယ်တော် 
( အမလေး.. ဒီနာမည်ကို ကြံကြံဖန်ဖန် ပေးတတ်ချေသည်တကား )

ဤတွင် ပိုစ့်မမြောက်သော မရှင်းမရှင်း ပိုစ့်ပြီးပါပြီ ရှင့်။

Thursday, April 22, 2010

ဤသည်ပင် ဆင်းရဲ၏။

တနေ့သောအခါ အွန်လိုင်းတွင်းဝယ် သာသနာ့ကိစ္စများအကြောင်းကို ဘုန်းဘုန်းပန်းကမ္ဘာနှင့် ပြောကြားမိခိုက်...။
ဘုန်းဘုန်းပန်းကမ္ဘာ - နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့် ဆက်လက်လျောက်လှမ်းနိုင်ပါစေ။ စိတ်ဆင်းရဲစရာ တွေ ခဝါချလို့ပေါ့။

ခရစ္စတလ် - ဘုန်းဘုန်းပေးတဲ့ဆုနှင့် ပြည့်ခွင့်ရတဲ့သူဖြစ်အောင် ကြိုးစားပါမည်ဘုရား။ ဘုန်းဘုန်း တပည့်တော် စိတ်ဆင်းရဲစရာတွေ သိပ်တော့ မရှိပါဘုရား။

ဘုန်းဘုန်းပန်းကမ္ဘာ - အယ် ပုထုဇဉ်ပဲ မရှိဘူးလို့ ပြောချင်တယ်ပေါ့။ ချစ်တာလဲ ဆင်းရဲတာပဲနော့။

ခရစ္စတလ် -  အော် ဟုတ်မှန်ပေသားပဲ။ ချစ်တာသည်ပင် ဆင်းရဲလေ၏။ ဘုန်းဘုန်းရေ ကျေးဇူးတင်ပါတယ် ဘုရား၊ တပည့်တော် သတိလွတ်နေပြန်ပါပြီ၊ လွတ်နေတာကို သိလိုက်ပါပြီဘုရား။ ရှက်မိပါသည်ဘုရား။ လောကဓံ (၈)ပါးတွင် အများအားဖြင့် အဆိုး (၄)ပါးကိုသာ လောကဓံဟု မြင်ကြ၍ အကောင်းလောကဓံ (၄)ပါးကို လောကဓံကြံ့ကြံ့ခံနေရသည်ဟု မမြင်မိကြပေ။ ထိုအထဲတွင် မိမိလည်း အပါအဝင်ဖြစ်လေသည်။

အို....ဆင်းရဲလေစွတကား။

 ယခုရက်ပိုင်းများတွင် ကျွှန်ုပ်သည် မကြာခဏ ရေရွတ်နေမိသောစာကြောင်းကား
“ချစ်နေရတာလည်း ဆင်းရဲ၏”

ဒါဆို ချစ်သွားပြီ။

(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက message ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
ဖုန်းစောင့်ရတာနဲ့ အွန်လိုင်းက မျှော်ရတာနဲ့ သူ့ကို မျှော်နေရတဲ့ အချိန်တွေက ခပ်များများ။ :P

(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
မိုးရွာထဲမှာလည်း ထီးလေးနဲ့၊ မိုးရွာပြီးစအချိန်လေးမှာလည်း သူ့အနားမှာပဲ လေပြည်လေးတွေ အတူပေါ့။ သူ့ပခုံးလေးထက် ခေါင်းလေးမှီပြီး ကန်ရေပြင်ကို ငေးနေရတဲ့အချိန်လေးတွေရောပဲ။

(၃) အတူ ရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်း ထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
ကိုယ်မြင်နေရတဲ့ တနေရာရာမှာ ရှိနေရုံလေးနဲ့တင်ပဲ။

(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။
ကိုယ်တိုင်ရောဂါဖြစ်နေရတာမှ တော်သေးတယ်နော် သူဖြစ်နေတာမြင်ရင် ကိုယ်တိုင် ခံစားနေရတာ ထက် ဆိုးပါတယ်။

(၅) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
ခပ်တိုတိုပဲ၊ ဒါကတော့ ဘာရမလဲ ဟင်းးးးး

(၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
ရင်ထဲမှာပါ တဖြတ်ဖြတ်နဲ့ပေါ့ ကြည်နူးမိတာကိုပြောတာပါ။

(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
သတိရနေရုံတင်ဘယ်ကမလဲ၊ ပြောတောင်ပြလိုက်အုံးမယ် သိလား။ ဘယ်လောက် သေချာတယ် ဆိုတာကိုလေ။

ဟုတ်တယ်... ဒါဆို ချစ်သွားပြီထင်တယ်... သီချင်းကို ခေါင်းစဉ်ယူထားပါတယ်။ ချစ်နိုင်ကြပါစေ။ မေတ္တာတွေ ထွေးပွေ့နိုင်ကြပါစေရှင်။
ဝန်ခံချက်။ ။ အီးမေးထဲက စာသားတွေကို ယူပြီးပိုစ့်တင်ပါတယ်၊ စာသားပိုင်ရှင်ရှိခဲ့ရင် ခရစ္စတလ်ထံ အကြောင်းကြားပါရှင်။ ပန်းရောင်စာသားလေးတွေကတော့ ခရစ္စတလ်ကိုယ်တိုင် ကျေးဇူးရှင်ကို ဖွင့်ဟဝန်ခံထားခြင်း ဖြစ်ပါတယ်။















Tuesday, April 20, 2010

ပညတ်ထားတဲ့ အရာတွေ နှင့် အနာဂတ်ဆီသို့ ...

၂၀၀၂ ခုနှစ် ၀န်းကျင်လောက်ကပါဘဲ။

ကျွန်တော် ရန်ကုန်မှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်သုံးဖြစ်တဲ့ အချိန်တွေတုန်းကပေါ့။ အင်တာနက်ကို ၁၉၉၈ ခုနှစ်မှာ စသုံးဖြစ်ဘူးခဲ့ပေမယ့် အဲဒီတုန်းက ဘာမှန်းညာမှန်း ကောင်းကောင်းမသိခဲ့ပါဘူး။ (၂၀၀၂) ခုနှစ် ရောက်မှ အင်တာနက်ဆိုတာကြီးနှင့် ကိုယ်နှင့်က တကယ့်ကို ဖက်လဲတကင်း ဆွေမျိုးပေါက်ဖော်စဖြစ်တော့ တာကိုး။

အင်တာနက်သုံးပြီဆိုတော့ ထုံးစံအတိုင်း ရှိသမျှ web site တွေ ဟိုဝင် ဒီထွက်။ အဲဒီမှာ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်ရဲ့  အင်တာနက် မဟာတံတိုင်းကြီးနဲ့  ညားပါလေရော။
လူ့ စိတ်ဆိုတာကလည်း အခက်သား ကလား။ မလုပ်ရဘူး၊ မကြည့်ရဘူးဆိုမှ နဲနဲလောက်တော့ လုပ်ကြည့် လိုက်ရမှ။ ခိုးစားရတဲ့အသီးက ပိုချိုတယ် ဆိုသလိုပ။ ဘာတွေများရှိလို့  သူတို့ က ပေးမကြည့်ရတာလဲပေါ့။ ဒီတော့ နည်းပေါင်းစုံ သုံးပြီး ကျော်တယ်၊ ခွတယ်၊ မရမက အတင်း တွန်းတိုက်ဝင်တယ်။ ဒါမျိုးတော့ ဘယ်ရမလဲ ဆိုပြီးတော့။

မှတ်မိသေးတယ်ဗျာ။ ကျော်ရင်း ခွရင်းနှင့် Yahoo Mail မှာ Account တစ်ခု ဖွင့်လို့ ရသွားတုန်းက တော်တော် ပျော်ဖို့ ကောင်းတာဗျ။ ရှိသမျှ အင်တာနက်သုံးတဲ့ သူငယ်ချင်းတွေကို ကြွားလိုက်ရတာ အမောပဲ။ ဒီလို Feeling မျိုး နိုင်ငံခြားက အင်တာနက်သုံးနေကြတဲ့လူတွေ ကိုယ်ချင်းစာပေးနိုင်မယ် မထင်ပါဘူး။

ကျော်ရခွရတာကလည်း ချောချောမွေ့ မွေ့ က မရှိလှပါဘူး။ တခါတလေ ကြည့်လို့ ကောင်းနေတုန်း လိုင်းက အောက်အောက်သွားတတ်သေး။ ISP ဆီကဘဲ အောက်တာလား၊ ကျော်ခွရတဲ့အတွက်ပဲ အောက်တာလား တော့မသိ။ ISP ရဲ့  Motto ကလည်း သိတဲ့အတိုင်း။ "Bagan Net, Re-Connected" ဆိုလား၊ ဘာလား။ ဒီတော့လည်း ကွိကွိကွကွ အသံတွေနှင့် တဖန်ပြန်လို့  Re-Connect ရတော့တာပေါ့။

အဲဒီအချိန်တွေတုန်းက ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း အတူတူအင်တာနက်သုံးဖြစ်ကြတော့ ဆိုဒ်တွေ ကျော်ခွကြည့်နေရင်း လိုင်းကျကျသွားရင် သူငယ်ချင်းလုပ်တဲ့သူက သီချင်းစာသားတစ်ခုကို ထထပြီး ဆိုတတ်တယ်။ အဲဒီတုန်းက အဲဒီသီချင်းက ရေပန်းစားနေတဲ့အချိန်ကိုး။

ပညတ်ထားတဲ့ အရာတွေကို ချိုးဖောက်မိလို့ လား...အသေအချာစဉ်းစားကြည့်လိုက်စမ်းပါ...

"မေစံပယ်ညို" ရဲ့ " အလွမ်းနေ့ ရက်ရှည်" ဆိုတဲ့ သီချင်းထဲက စာသားလေးပါ။

သီချင်းထဲက အဲဒီနေရာစာသားလေးကတော့ ကျွန်တော်တို့ နှင့်ကိုက်နေတာ အမှန်ပါဘဲ။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းက အင်တာနက်စသုံးဖြစ်တဲ့ ကျွန်တော့်ရဲ့  တစ်ချိန်က နေ့ ရက်တွေအတွက်တော့ အမှတ်တရ သီချင်းလေးတစ်ပုဒ်ပါဘဲ။

အဲဒီသီချင်းကို သွားရင်းလာရင်း သူများတွေ Original သီချင်းဖွင့်ထားတော့ ကြားမိတော့ ဂျပန်သီချင်းလို့ တော့ မှတ်ထားလိုက်မိဖူးတယ်။ ကျွန်တော် ဒီနိုင်ငံစရောက်လာတော့ ကျွန်တော်နှင့် တစ်ခန်းထဲနေတဲ့ အခန်းဖော် ညီလေးက ကျွန်တော် သီချင်းကြိုက်တတ်မှန်းသိတော့ သူစုထားတဲ့ ဂျပန် သီချင်း MP3 ခွေတွေ ပေးနားထောင် ပါတယ်။ အဲဒီထဲမှာ အမှတ်မထင် မေစံပယ်ညိုရဲ့  အဲဒီ မူလ သီချင်းလည်းပါလာပါတယ်။ အော်...တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ ဒီသီချင်းနှင့် ကျွန်တော်နှင့်က ရေစက်ရှိပုံရပါတယ်။

မူလ သီချင်းကိုတော့ "Kiroro" က သီဆိုထားပြီး သီချင်းနာမည်က "Mirae" တဲ့။ "အနာဂတ်ဆီသို့ " လို့  အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ ကဲ...အားလုံး သီချင်း လေးတွေ နားဆင်ကြည့် ကြရအောင်လား ခင်ဗျား။

လေးစားစွာဖြင့်
Bliss

Kiroro – To The Future

Lyrics: Tamashiro Chiharu
Music: Tamashiro Chiharu

Look, do you see what’s at your feet?
This is the road you will walk on
Look, do you see what’s up ahead?
That is your future

My mother showed me so much tenderness
Telling me again and again to embrace love as I walked
I was too young then to understand what she meant
But still she took my hand
And walked together with me

My dream always seems so high in the sky
I’m afraid I’ll never reach it but I’ll keep on chasing it
This is my story so I won’t give up
You held my hand when I was scared
And walked together with me

I hated that tenderness at times
And left my mother behind, refusing to listen

Look, do you see what’s at your feet?
This is the road you will walk on
Look, do you see what’s up ahead?
That is your future

I hated that tenderness at times
And left my mother behind, refusing to listen

Look, do you see what’s at your feet?
This is the road you will walk on
Look, do you see what’s up ahead?
That is your future

Look, do you see what’s at your feet?
This is the road you will walk on
Look, do you see what’s up ahead?
That is your future
Let’s face the future
And walk there one step at a time




Friday, April 16, 2010

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Artist(Band): Celine Dion

Let's Talk About Love
Everywhere I go all the places that I’ve been
Every smile's a new horizon on a land
I’ve never seen
There are people around the world -
different faces different names
But there's one true emotion that
reminds me we're the same...
Let's talk about love

From the laughter of a child to the tears
of a grown man
There's a thread that runs right through us
and helps us understand
As subtle as a breeze - that fans a flicker
to a flame
From the very first sweet melody to the
very last refrain...

Let's talk about love

Let's talk about us

Let's talk about life

Let's talk about trust

Let's talk about love

It's the king of all who live and the
queen of all good hearts
It's the ace you may keep up your
sleeve - till the name is all but lost
As deep as any sea - with the rage of
any storm
But as gentle as a falling leaf on any
autumn morn...

(oooo)Let's talk about love - it's all we're
needin'
Let's talk about us - the air we're
breathin'
Let's talk about life - I wanna know you
Let's talk about trust - and I wanna show you
Let's talk about love

(Everywhere I go all the places that I’ve been
Every smile's a new horizon on a land
I’ve never seen
There are people around the world -
different faces different names
But there's one true emotion that
reminds me we're the same...)

Uhhh! Let's talk about love

Let's talk about us

Let's talk about life

Let's talk about trust

Let's talk about loooove!

It's all we're needin'
The air we're breathin'

It's all we're needin'!
The air we're breathin'!
Baby...




နှစ်သစ်ဆုတောင်းလေးပါရှင်။

Tuesday, April 13, 2010

ကောင်းမှု ကုသိုလ်တော်

နှစ်သစ်ကူးချိန်တွင် အခန်းမှာ ရှိတဲ့ ဘုရားစဉ်လေးမှာ ဘုရားပန်းလေးတွေ ဆက်ကပ်လှူဒါန်း ထားတာလေးကို ကြည့်ပြီး ကုသိုလ်အပေါ် ဝမ်းမြောက်ကြည်နူးမိပါတယ်။ စာဖတ်သူများကိုလည်း မျှဝေလိုက်ပါတယ်ရှင်။

(၁၁-ဧပြီလ-၂၀၁၀)
ဆင်းတုတော်တွေက သူများတွေ လှူထားကြတာပါ။ ရွှေအဆင်းနဲ့ ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့ရတဲ့ အလိုတော်ပြည့် မြတ်စွာဘုရားကို ဆရာတော် ဦးလောကနာထမှ ပေးပို့ လှူဒါန်းထားတာဖြစ်ပါတယ်။ လက်ခံရရှိတဲ့အကြောင်းကတော့ ဒီလိုပါ။



ဘုရားက ရောင်စုံမဟုတ်ပါဘူး ရွှေရောင်ပါ မိမိအိမ်က စံကျောင်းတော်ရောက်မှ ရောင်စုံ ဆလိုက်ထိုးလိုက်ပါ

အလိုတော်ပြည့် ဆင်းတုတော်
ဉာဏ်တော်အမြင့် ၆-လက္မ
ဒူးတော်နှစ်ဘက် ၃-လက္မအကျယ်
လောလောဆယ် ၁၀-ဆူ ဒါနပြုပါမည်။

ငွေနှင့်ဝယ်ရန်မလို...
လမ်းစားရိတ် ပေးစရာမလို...
ပို့ရမည့် လိပ်စာကိုသာ mail ပို့ပေးလိုက်ပါ...

လိပ်စာနှင့်ပတ်သက်၍ နောက်တစ်ကြိမ် မဆက်သွယ်ပါ
ဒီကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာတွင်မှ စာတင်ရန် အစီအစဉ်မရှိ

ဘုရားအလှူရှင်နှင့် ဘုန်းကြီးတိုင်ပင်၍ တရုတ်ပြည်မှာ ပြုလုပ်ပါသည်။
ဘုန်းကြီးသို့ အဆူ ၅၀၀-လှူထားပါသည်။
ကျောင်းနှင့်နီးစပ်သောသူများကို
အခမဲ့ လှူဒါန်းပြီး ဖြစ်ပါသည်။
နောက်ထပ်လိုအပ် ပင့်ဆောင်လိုက လာရောက်အလှူခံ နိုင်ပါသေးသည်။

ဤဆင်းတုတော် လှူနေသည်မှာ ၃-နှစ်ကျော်ပါပြီ။
ပြုလုပ်သည်မှာ ပုံတော် ၃-မျိုးဖြစ်ပါသည်
ပြောရလျှင် ဒီဘုန်းကြီး အတ္တကြီးသည် အပြောခံရပါဦးမည်။ မတတ်နိုင်ပါ။
အလိုတော်ပြည့် ပုံတော်လေးသာ
အလှူခံထားလိုက်ပါသည်...။

၎.၂၄.၂၀၀၉

အစပထမတော့ စာတိုက်ပို့ပေးမယ့်သူရဲ့ အခက်အခဲလေးကြောင့် ၁၀-ဆူသာ လှူပါဦးမယ်လို့ ဆိုခဲ့ပါတယ်။

ဒကာဒကာမတို့ ကုသိုလ်ထူးကြောင့်... ကျောင်းနဲ့နီးစပ်သော ဒကာဒကာမများမှ အလှူခံသူများထံသို့ ပို့ပေးပါ့မယ်ဆိုတဲ့ အတွက် နောက်ထပ် အလှူခံနိုင်ပါသေးတယ်၊ ((အရှင်သူမြတ်တို့လည်း အလှူခံနိုင်ပါသည်ဘုရား))

တချို့ကလည်း ဘုန်းကြီးကိုအားနာလို့ အလှူမခံသေးဘူးလို့ သိရပါတယ်။ အားနာ စရာမဟုတ်ပါ အလှူခံနိုင်ပါတယ်။ အလှူခံသူ ရှိမှသာ လှူလိုသူမှာ ဒါနဖြစ်ပါတယ်။ အလှူခံသူရဲ့တန်ဖိုးဟာ ဒါနကောင်းမှုတစ်ခု ဖြစ်စေပါလားလို့ မြင်အောင်ကြည့် တတ်ကြရအောင်...။

တချို့ကလည်း ငါတို့နဲ့က ခင်တာမဟုတ်ဘူး ခုမှ သွားပြီးအလှူခံလို့ မကောင်းပါ ဘူး ရှက်စရာကြီး ဒီလိုလဲ ရှိကြပါဦးမယ်။ မဖြစ်ကြပါနဲ့ မည်သူ့ကိုဖြစ်ဖြစ် ဒါနတစ်ခု ဖြစ်ဖို့ အတွက်သာ ရည်ရွယ်တာပါ၊ အမည်မမှန်လဲရပါတယ်၊ အမည်နေရာမှာ တစ်ခုခုပါရင် ရပါတယ်၊ ဒါကခေါ်ဝေါ်ရုံမျှသာပါ။ လိုရင်းက ပို့ပေးရမယ့်လိပ်စာ လေး မှန်ဘို့ပါပဲ။ ဒါဆိုရပါပြီ။ အလှူခံနိုင်ကြပါတယ်...။

တချို့က ဘုန်းကြီးကို ဒီလိုလှူတာ သေဌေးနဲ့တူပါတယ် ဆိုတာလဲ ရှိကြလိမ့်ဦး မယ်။ ဘုန်းကြီးသေဌေး မဟုတ်ပါ...။ ဘုန်းကြီးအိတ်ထောင် နှစ်ဖက်လုံး ပိတ်ထား ပါတယ်၊ အ၀င်လည်း မရှိပါ အထွက်လည်းမရှိပါ ယခုအလှူဆို လက်ဆယ်ချောင်း နှင့် နှိပ်ရုံသာ။

ယခု တရားသဘောလေးပြောပါ့မယ်...အလှူခံရမှာ ရှက်စရာကြီး ဆိုတာရယ် အလှူခံရှိမှ ဒါနဖြစ်တယ်ဆိုတာရယ်...

ဘုန်းတော်ကြီးများ ရဟန်းခံ သာမဏေ၀တ်ပြီ ဆိုကထဲက ဆရာဘုန်းကြီးများက သင်ပေးလိုက်ပါတယ်၊ သင့်မှာရှိတဲ့ ကိုယ်ပိုင်သပိတ်နဲ့ သင် အလှူခံစားရမယ်လို့... မိမိနဲ့ ဆွေမတော် မျိုးမတော်သူတွေထံမှာ သပိတ်တစ်လုံးပိုက်လို့ အိပ်ပေါက်စေ့ လှူလိုမှန်းမသိ မလှူလိုမှန်းမသိနဲ့၊ မျက်နှာလေး အောက်ချ မိမိမှာ ရှိရှိသမျှ မာနတွေခွါပြီး အလှူခံစားနေရသူ ရဟန်းသံဃာတော်များရဲ့ဘ၀၊ ရှက်ရွံ့မှုတွေ ဘယ်လောက်ရှိကြမလဲ စဉ်းစားကြည့်ကြပါ ဒကာဒကာမတို့၊ သူတော်ကောင်းဓါတ် ကိန်းတော်မူကြတဲ့ ဘုန်းတော်ကြီးများဟာ ဒီအသိလောက်နဲ့တင်ကို သူတို့မှာ ရှိကြတဲ့ မာနတရားတွေ အလွှာလိုက် အလွှာလိုက် ကွာကျသွားစေပါတယ်။

အလှူခံပုဂ္ဂိုလ်တွေ အမျိုးအားဖြင့် ၁၄-မျိုးရှိပါတယ်... ၁၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့မှသာ ဒါနတစ်ခု ဖြစ်ကြရပါတယ်။ ဒါ့ကြောင့် ဒို့လို အလှူခံပုဂ္ဂိုလ်တွေ ရှိဘို့ အရေးကြီးပါလားလို့ သိပေးပါ...။ ဒါကြောင့် သင် ယခု အလှူခံပါ...။

ဒီအလှူခံ ပုဂ္ဂိုလ်တွေထဲမှာ သီလ သမာဓိ ပညာ ပြည့်ဝသူများဟာ အကောင်းဆုံး အလှူခံတွေပေါ့...။ သီလ သမာဓိ ပညာ ပြည့်ဝသောသူများဟာလည်း၊ မြတ်ဗုဒ္ဓ သာသနာမှာပဲ ရှိပါတယ်။ ရှာနိုင်ကြပါစေ...။ လွယ်ကူစွာ တွေ့နိုင်ကြပါစေ...။

တကယ်လို့များ ဒကာဒကာမတို့ဘက်က အလှူခံပြီး... ဘုန်းကြီးဘက်ကများ လှူဒါန်းမှု မပြုခဲ့သေးသော်...
ဒီလိုလေး သိပေးလိုက်ပါ ဒီဘုန်းကြီး အနားယူသွားပေါ့...
မြတ်ဗုဒ္ဓက ဆုံးမထားတယ်လေ...ဘုန်းကြီးတို့မှာ ရရှိထားတဲ့ ဒီခန္ဓာက မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူးလို့...

ဟိုရေးဒီရေးနဲ့ စာရေးမကောင်းတော့ ပျင်းနေလိမ့်မယ်...ရီစရာဖြစ်အောင် ကိုယ့်အကြောင်းတော့ ကြွားထားလိုက်ပါဦးမယ်...

အညာသား (ကျပ်မပြည့်) ဆိုတော့ အစက အသားက ဖြူညိုညိုပါ...ခု အေးတဲ့ဒေသ ရောက်လာတော့ အသားလေးက ၀ါလာပြီလေ...ဘုန်းကြီးဆိုတော့ ပိုလှလာပြီလို့တော့ မဆိုလိုပါဘူးနော်...

အားလုံး စိတ်ချမ်းသာကြပါစေ...ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
(၄.၂၄.၂၀၀၉)

ဘုန်းဘုန်း နှင့် ဘုန်းဘုန်းရဲ့ ဒကာ၊ ဒကာမများ၏ ဒါနပါရမီ ဖြည့်ဆီးမှုအပေါ် ကြည်ညိုလေးစားမိပါသောကြောင့် ဒီပို့ စ်ကို လက်ဆင့်ကမ်းဝေမျှခြင်းဖြစ်ပါသည်။ ဘုန်းဘုန်းထံ ဆက်သွယ်အလှူခံလိုပါလျင် lawkanartha@gmail.com သို့  အီးမေးလ်ပို့ ၍ (သို့ ) www.lknt.org ဆိုက်ရှိ cbox တွင် စာရေးသားထားခဲ့ခြင်းဖြင့် ဆက်သွယ်အလှူခံနိုင်ကြပါတယ်ခင်ဗျား။

ဝိမုတ္တိသုခ


နဂါးရုံဘုရားကတော့ ထိုင်းနိုင်ငံမှ ပညာဇာနည် ဆိုဒ်ပိုင်ရှင် (9-April)နေ့ဖွား နောင်တော်ဦးပညာမှ ကောင်းမှု ကုသိုလ် ပြုလေ့ရှိသော ညီမတော် ကိုးကွယ်ရန် ဆင်းတုတော်လှူဒါန်း ပေးသနားတော်မူခဲ့တာဖြစ်ပါတယ်။ ထူးဆန်းတာ ကတော့ နဂါးရုံဘုရားကြွရောက်လာပြီးနောက်ပိုင်းတွင် အခန်းသို့ မြွေ (မြွေစိမ်းနှင့် မြွေဟောက်စပ်ပေါက်သည် ဟု ထင်ရသော လုံးပတ် လက်သန်းခန့်၊ အရှည်တစ်တောင်ခန့်အရွယ် အစိမ်းရောင်နှင့် အမဲစပ်ကြား ပါးပြင်းထောင်လျှက်) ငါးကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ဘုရားစဉ်အနီး တဝဲလည်လည် ရှိခဲ့ဖူးပါတယ်။ တိုက်ဆိုင်သွားတာဖြစ်မှာပါ။
(ဒီအကြောင်းလေးကို ပိုစ့်ရေးရင်ကောင်းမလားလို့တော့ စိတ်ကူးကြည့်မိပါသေးတယ်။ လောလောဆယ် မပြီးသေးတဲ့ ဘဝဇာတ်ခုံ ကို ဆက်လက်ရေးဖို့ တာဝန်က ရှိနေတာမို့ နောင်များမှ သာ....)

မြတ်စွာဘုရားပုံတော်ကတော့ ရွာဦးကျောင်းကိုယ်တော်တို့ရဲ့ ဓညဝတီရခိုင်ပြည်မှ မဟာမြတ်မုနိ ရုပ်ပွါးတော်၏ ပုံတော် ဖြစ်ပါတယ်။ မြောက်ဦးသို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ခဲ့စဉ်က ပုံတော်ကို ဝယ်ယူကာ ရန်ကုန်ရောက်မှ ဓာတ်ပုံဆေးသားဖြင့် ပြန်လည်ပုံဖော်ထားသော ပုံတော်ဖြစ်ပါတယ်။

နွေ မိုး ဆောင်း မြဘုရား သုံးဆူကတော့ ခေတ္တ လာရောက် သီတင်းသုံးနေတာ ဖြစ်ပါတယ်၊ အဘယ်ကြောင့်ဆိုသော် နယ်သာလန်နိုင်ငံသို့ သွားမည့် အစ်မ မသန္တာက မသွားခင် ဘုရားစဉ်ပေါ် တင်ထားပါရစေလို့ ခွင့်တောင်းသောကြောင့် ယာယီ သီတင်းသုံးနေကြခြင်းဖြစ်ပါသည်။ (ထိုင်းနိုင်ငံတွင် မြဘုရားအား နွေ မိုး ဆောင်း ဝတ်ရုံတော်များ လဲလှည်ပေးသောကြောင့် ဤသို့ ခေါ်ဆိုကြပါသည်။)

ဓာတ်တော်များကတော့ ရဟန္တာ ရှင်သီဝလိဓာတ်တော်များဖြစ်ပါတယ်။ အစ်မ သစ္စာအလင်း အီတလီ၌နေစဉ်က ကျမရဲ့ ကျေးဇူးရှင်ထံသို့ ပေးပို့လှူဒါန်းခဲ့တာဖြစ်ပြီး ဓာတ်တော်အနည်းငယ်ကို ထပ်မံခွဲ၍ ပေးပို့သောကြောင့် ပူဇော်ထားခြင်း ဖြစ်ပါတယ်။

ကမာကုရဘုရား(ဂျပန်)ကတော့ မင်္ဂလာနှစ်လည်နေ့အမီ သံသရာအတွက် အကျိုးများစေဖို့ ရည်စူးကာ ကျေးဇူးရှင် ပေးပို့တာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်တော့ ပိုက်ဆံအိတ်ပို့မယ်တဲ့ ပိုက်ပိုက်တွေ အများကြီးထည့်ဖို့ ထင်ပါတယ်။ :P

အခုတလော အလုပ်ကိစ္စလေးတွေနဲ့ရော ကုသိုလ်ရေးတွေ အတွက်နဲ့ပါ အလုပ်ရှုပ်လို့နေပါတယ်။ တနေ့တော့ ဘုန်းဘုန်းအရှင်ဇဝန ကို အွန်လိုင်းမှ မေးလျှောက်မိတာလေးကို မျှဝေလိုက်ပါတယ်ရှင်။ ကြွားတယ်လို့ မမြင်စေချင်ပါဘူးနော်။ အပျော်တွေကို မျှဝေနေတယ်လို့ နားလည်ပေးနိုင်ဖို့ ရိုးသားစွာ မျှော်လင့်ပါရစေ။

ခရစ္စတလ်။ ။ ဘုန်းဘုန်း တပည့်တော် ရဟန်းဘောင်တက်လိုတဲ့ မြန်မာတစ်ဦးကို သိမ်တက်လို့ ရနိုင်မယ့် ဘုန်းကြီးကျောင်းကို လိုက်ပါပို့ဆောင်ပေးလိုက်ပါတယ်ဘုရား။ ဘုန်းဘုန်း အဲဒါ ဘယ်လိုလေးများ ကုသိုလ် အကျိုးပေးတတ်သလဲဘုရား။ တပည့်တော်ကတော့ အခုလိုကူညီခွင့်ရတာကိုပဲ ဝမ်းမြောက်နေမိပါတယ်ဘုရား။

ဘုန်းဘုန်းအရှင်ဇဝန။ ။ဝေယျာဝစ္စဒါန ပြီတော့ သူများကို ရဟန်းခံနိုင်အောင်လုပ်ပေးတော့ နောင်ဘ၀မှာ မပူမပန်ရဘဲ ဒကာမလဲ သာသနဘောာင်ကို ဝင်နိုင်တာပေါ့။ သူများအခက်အခဲကို အောင်မြင်အောင်လုပ်ပေးတော့ သဒိသံပါကံ ဇနေတိဆိုတဲ့အတိုင်း တူသောအကျိုးပေးမှာပေါ့။ အခက်အခဲတို့ကို မတွေ့ရတော့တာပေါ့ ဖြစ်လေရာဘ၀တိုင်းလေ အလွန်မွန်မြတ်တဲ့ သာသနာပြုနည်းပါဘဲ ဒကာမရေ။

ခရစ္စတလ်။ ။ ဘုန်းဘုန်း ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ်ဘုရား။

စာဖတ်သူများလည်း ကုသိုလ်ကောင်းမှုတွေ ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်။ ကျွန်တော် ကျမတို့ ဇနီးမောင်နှံ၏ အစမထင်တဲ့ သံသရာမှ ပြုခဲ့ဖူးသမျှသော ကုသိုလ်ကောင်းမှု အစုစုတွေကို အမျှ အမျှ အမျှ ပေးဝေငှပါသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။


နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, April 8, 2010

ဘဝရဲ့ အမှတ်တရ နေ့ကလေး။

လီလီပန်းလေးတွေ နှစ်သက်လွန်းလို့ မင်္ဂလာသတို့သမီးလက်ကိုင်ပန်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဖြူရောင်ပန်းလေးတွေကို ချစ်ပါတယ်။ အနံ့ပြင်းတဲ့ တရုတ်လီလီပန်းလေးတွေ အစား မြန်မာပီပီ ရနံ့သင်းတဲ့ မြန်မာလီလီပန်းလေးတွေကိုသာ မင်္ဂလာလက်ကိုင်ပန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီဇိုင်းကို ပန်းအလှပြင်ဆိုင်မှာ ကိုယ်တိုင်အပ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပန်းအလှပြင်ဆိုင်ကလည်း သတို့သမီးကိုယ်တိုင် လာရောက်မှာယူတာဖြစ်လို့ စိတ်ရှည်စွာ ဝိုင်းဝန်းကူညီကြပါတယ်။ ပန်းခြံကြီးထဲမှာ ပန်းပွင့်လေးတွေကို ကိုယ်တိုင်ရွေးချယ်ရတဲ့ အဖြစ်က တကယ့်ကို ရင်ခုန်ကြည်နူးစရာကောင်းပါတယ်။ ဘယ်လို မေ့နိုင်မှာလဲ ဒီအဖြစ်တွေကို.....



Wednesday, April 7, 2010

ခေတ်သစ် အကြည်တော်ဆက်ခြင်း။


ကျွန်တော်နှစ်သက်တဲ့ ဂီတတူရိယာပစ္စည်းတွေပြောပါဆိုရင် ကြိုးတပ်တူရိယာထဲမှာ စန္ဒယား နှင့် တယော၊ လေမှုတ်တူရိယာထဲမှာတော့ ဘာဂျာပါဘဲ။ အဲဒီ တူရိယာတွေကို တီးတတ်မှုတ်တတ်သလားလို့ မေးရင်တော့ လုံးဝ မတီး၊ မမှုတ်တတ်ပါဘူး။ ဒါပေမယ့် ကောင်းကောင်းတော့ နားထောင်တတ်ပါတယ်။

ကျွန်တော့်ကို ဂီတနှင့် စပြီး ရင်းနှီးအောင် မိတ်ဆက်ပေးတဲ့ သူတွေက ကျွန်တော့်မိဘနှစ်ပါးပါ။ ကျွန်တော်စတင် အကျွမ်းဝင်ခဲ့ရတဲ့ အဆိုတော်ကို ပြောရရင်တော့ ဦးအံ့ကြီး သီချင်းပါဘဲ။ ကျွန်တော် လူမှန်းစသိတတ်စအရွယ်မှာ အမေက တခါတလေ စိတ်လက်ပေါ့ပါးနေချိန်တွေမှာ သီချင်းလေးတညည်းညည်းနှင့် နေတတ်ပါတယ်။ တခါတလေကျရင်တော့ ကက်ဆက်ဖွင့်ပြီး သီချင်းနားထောင်တတ်ပါတယ်။ သူဆိုလေ့ဆိုထရှိတဲ့၊ နားထောင်တတ်တဲ့သီချင်းကတော့ ဦးအံ့ကြီးရဲ့ သီချင်းတွေပါ။ ဒီတော့လည်း ကျွန်တော်တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် မောင်အံ့ကြီးသီချင်းနှင့် ဇိမ်ကျခဲ့ရတာပေါ့။

အဲ...အဖေကျတော့ တစ်မျိုး။ သူက များသောအားဖြင့် အိမ်မှာ သိပ်မနေရဘဲ အမြဲခရီးသွားနေရတတ်တယ်။ သူအိမ်ပြန် ရောက်ပြီဆိုရင်တော့ ညပိုင်းဆို အိမ်ရှေ့ ဝရံတာမှာ ထွက်ထိုင်ပြီး ဘာဂျာလေး မှုတ်တတ်ပါတယ်။ သူအမြဲလို မှုတ်တတ်တဲ့ သီချင်းကလည်း ဦးအံ့ကြီး သီချင်းတွေပါဘဲ။ အင်း...လိုက်လည်းလိုက်တဲ့ လင်မယားနှစ်ယောက်လို့ ကောက်ချက်ချရမှာ ပါပဲလေ။

ဘာဖြစ်ဖြစ် ကျွန်တော်က သူတို့ နှစ်ယောက်ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့်တော့ ဂီတကို ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဂီတကို နှစ်သက်ပါတယ်။ စွဲလမ်းပါတယ်။ ဂီတအမျိုးအစားပေါင်းစုံ၊ အဆိုရှင် ပေါင်းစုံတို့ ရဲ့  သီချင်းတွေကို နားထောင်ဖြစ်ခဲ့ပါတယ်။ အခုလို အင်တာနက်ကို သုံးချင်တိုင်းသုံးလို့ ရနေတဲ့ နေရာ ရောက်နေတော့ ပိုပြီးအကြိုက်တွေ့ တော့တာပေါ့။ တစ်ကမ္ဘာလုံးက သီချင်းပေါင်းစုံကို ရှာချင်ရာ ကောက်ရှာ နားထောင်ဖြစ်နေလို့  ကိုယ့်ကိုယ်ကို ဘရိတ်တော်တော် အုပ်ယူနေရပါတယ်။

ခုနက စကားပြန်ဆက်ရရင်။ ကျွန်တော့် အဖေ ဘာဂျာမှုတ်တာ တော်တော်ကို နားထောင်လို့ ကောင်းတယ်ဗျ။ အဆွဲအငင်အတုန်အခါ အားလုံး စနစ်တကျ သေသေသပ်သပ်ရှိတယ်။ ကျွန်တော်က မေးကြည့်တယ်။ ဘယ်မှာ သင်ခဲ့တာလဲလို့  ဆိုတော့ မသင်ပါဘူး။ သူများတွေမှုတ်တာ ဒီလိုဘဲကြည့်ပြီး လိုက်မှုတ်ကြည့်တာလို့ ပြန်ဖြေတယ်။ ဒါနဲ့ ကျွန်တော်လည်း အားကျမခံ သူမှုတ်တာ မှတ်ထားပြီး လိုက်မှုတ်ကြည့်တာ၊ အဆင်မပြေပါဘူးဗျာ။ နားဝင်ပီယံမရှိတာနဲ့ နောက်ဆုံးတော့ လက်လျှော့ လိုက်ပါတယ်။

လသာတဲ့ညများဆို အိမ်ရှေ့ဝရံတာမှာ ပက်လက်ကုလားထိုင်လေးနှစ်လုံးချပြီး အဖေက ဘာဂျာလေးမှုတ်လိုက်၊ ဆေးတံလေး ဖွာလိုက်၊ အမေက ဘေးကခုံမှာထိုင်ပြီး ကုလားထိုင်လက်တင်မှာ အဖေ့ဘာဂျာသံကို လက်နှင့် စည်းချက်လိုက်နဲ့ ။ အတော်တော့ ဟန်ကျသားဗျ။

နောက်ပိုင်း အဆိုတော်တွေရဲ့ performance တွေ ကြည့်ဖြစ်တော့ တကယ့်နာမည်ကြီးတွေလည်း ဘာဂျာ တကိုင်ကိုင်နှင့်ဆိုတာ တွေ့လာရတယ်ဗျ။ မြန်မာပြည်မှာဆိုလည်း ထူးအိမ်သင်တို့၊ ဇော်ဝင်းထွဋ်တို့။ နိုင်ငံတကာ အနေနှင့်ဆိုရင်လည်း Rod Stewart တို့ ၊ Phil Collin တို့ ၊ Eric Clapton တို့ စတဲ့ ပုဂ္ဂိုလ်ကျော်တွေကစလို့  နောက်ပိုင်း အဆက်ဆက် အဆိုတော်တွေ ဘာဂျာလေးတွေ ထုတ်ထုတ်မှုတ်တာ သတိထားမိလာတယ်။

ကျွန်တော်တွေးကြည့်မိတယ်။ အဖေတို့ အမေတို့ ခေတ်တွေတုန်းက သမီးရည်းစားပိုးတဲ့အချိန်တွေမှာ ဘာဂျာဟာ စစ်ကူကိရိယာ တစ်ခုအနေနှင့် ရေပန်းစားလောက်မယ်လို့။ ဘာမှ ကရိကထ မများ။ လေ, လေးတစ်ခု စိုက်ရုံနှင့် အလုပ်ဖြစ်တယ်။ ဒီဘက်ခေတ်မှာသုံးတဲ့ ဂစ်တာကမှ လက်နာတာရယ်၊ မတော်လို့  ဂစ်တာ ကြိုးပျက်ရင် ကိုယ့်ပြန်မှန် နိုင်သေးတယ်။

ကျွန်တော့်မှာတော့ အတိတ်ဘဝပေးပါရမီက နဲလေတော့ ဘာမှလည်း မတီးတတ်၊ မမှုတ်တတ်။ သီချင်းဆိုဖို့ ကျပြန်တော့ အသံက မလာ။ ဒါပေမယ့် တော်သေးတာက အိုင်တီခေတ်ထဲမှာ လူလာဖြစ်လို့ ။ အဲ...ကံကြမ္မာက ကိုယ့်ဘက်ပါချင်တော့ တခါ အင်တာနက်ကို ချောချောမွေ့ မွေ့ လေးသုံးလို့ ရတဲ့ နေရာကိုလည်း ရောက်နေ။ You tube ဆိုတာကြီးကလည်း အထင်အရှားရှိ နေလေတော့။ မြန်မာသီချင်းနားထောင်မလား၊ အင်္ဂလိပ်သီချင်းလား၊ စပိန်လိုလား၊ ဂျပန်လိုလား။ ဘာနားထောင်မလဲ သာပြော။ တခြားဘာသာနှင့်သီချင်းမို့ လို့  အဓိပ္ပါယ်နားမလည်ဘူးဆိုရင် အဓိပ္ပါယ်ပါ တစ်ခါတည်း ပြန်ပေးမယ်။ ကဲ မနိပ်ဘူးလားဗျာ...။

အခုတော့ ဒီလ (၈) ရက်နေ့ အမှတ်တရ အဖြစ် မိရိုးဖလာ အဆင်အလာလည်း မပျက်ရလေအောင် ကျွန်တော့် favorite သီချင်းတစ်ပုဒ်လည်းဖြစ် အဖေ ဘာဂျာလေးနဲ့ အမြဲမှုတ်လေ့ မှုတ်ထရှိတဲ့ သီချင်းလေးလည်းဖြစ်သော ဦးအံ့ကြီးရဲ့ သီချင်းလေးကို
ကျွန်တော့ရဲ့ မဟေသီထံ အကြည်တော်ဆက်လိုက်ပါဦးမယ်။ နားဆင်တော်မူကြပါခင်ဗျား...။
လေးစားစွာဖြင့်
Bliss



Tuesday, April 6, 2010

ကျွန်တော် ဆုံခဲ့သော “မောင့်လပြည့်ဝန်း”၏ မူပိုင်ရှင်


ကျွန်တော် first year တက်ခါစ။ ၁၉၉၅ ခုနှစ်ရဲ့  ညနေခင်း တစ်ခုပါ။ ကျောင်းက ကန်တင်းမှာ အဆောင်မပြန်ခင် သူငယ်ချင်းတစ်စုနှင့် ကော်ဖီဝင်သောက်နေတုန်း ကန်တင်းအရှေ့က လူသွားလမ်းမှာ ကျောင်းသားတစ်စု ရုတ်ရုတ်သဲသဲနှင့် ဆိုင်ရှေ့ကနေ ဖြတ်ပြေးသွားကြပါတယ်။
ပါးစပ်ကလည်း “ဟိုဘက်ကို ထွက်သွားပြီ။ လိုက်...လိုက်...” လို့ လည်း အော်သွားကြပါတယ်။
ကျွန်တော်တို့ လည်း ဘာဖြစ်မှန်းမသိတော့ သူတို့ ပြေးတဲ့နောက်ကို လိုက်ပြီး ကြည့်မိပါတယ်။ ဘာဖြစ်လို့ လဲ။ ဘယ်သူ့ ကို လိုက်တာလဲ။ ဘာလို့လိုက်တာလဲ။ စတဲ့ မေးခွန်းတွေနဲ့ပေါ့။ ပြေးကြတဲ့ ကျောင်းသာအုပ်ကတော့ ကန်တင်းရှေ့ကနေ စာသင်ဆောင်တစ်ခုရှိရာဆီကို ဦးတည် ထွက်သွားကြပါပြီ။ အတူတူထိုင်နေတဲ့ သူငယ်ချင်းက လိုက်ကြည့်ရအောင်လို့ခ်ါတာနဲ့ ကော်ဖီဖိုး ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထထွက်လာပြီး လူအုပ်သွားတဲ့ ဘက်ဆီကို လိုက်သွားခဲ့ကြပါတယ်။

စာသင်ဆောင်တစ်ခုရဲ့ အနောက်ဘက်ခြမ်းမှာ ခုနက ကျောင်းသားတစ်အုပ် ရပ်သွားကြတာကို တွေ့ လိုက်ပါတယ်။ သူတို့ အနားရောက်သွားတော့ သူတို့ ရဲ့ အရှေ့ မှာ လူတစ်ယောက်။ အဲဒီလူကို လှမ်းကြည့်လိုက်ချိန်မှာ ထိုသူက ကျွန်တော်တို့ ရှိရာ အရပ်ကို ကျောပေးပြီး ကျောင်းဆောင်ရဲ့ အနောက်ဘက် ခြုံထူထူတွေကြားမှာ (မရိုသေ့စကား) ရှူးရှူးပေါက် နေလေရဲ့ ။ ကျွန်တော် ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မင်တက်သွားမိတာပေါ့။ ဘာကြီးတုန်းဟ။ လူတစ်ယောက် သူ့ ကိစ္စသူရှင်းနေတာကို ဒီလူအုပ်က ဘယ်လို့ကြောင့် ဝိုင်းအုံကြည့်နေကြပါလိမ့်။ သူတို့ မျက်နှာတွေကို ကြည့်လိုက်တော့လည်း တကယ့်ကို မြင်ရခဲတဲ့ အံ့သြဖွယ် လူသားတစ်ယောက်ကို မြင်နေကြရတဲ့ သူတွေလို အားလုံးရဲ့မျက်နှာတွေက ဖော်ပြနေတယ်။ နောက်ပြီး ထူးဆန်းတာက သူတို့ မျက်နှာတွေပေါ်မှာ ထင်ဟပ်နေတဲ့ အရိပ်...။ အဲဒါကတော့ ဒီလူအပေါ် ရိုသေလေးစားတဲ့ အကြည့်။

ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ်။ ဒီလူ ဘယ်သူလဲ။ Celebrity တစ်ယောက်ယောက်များလား။ ဒါမှမဟုတ် ဒီကျောင်းက ဆရာ တစ်ယောက် ယောက်လား။ ဒါမှမဟုတ် ထူးချွန်ကျောင်းသား တစ်ယောက်ယောက်လား။

အနှီပုဂ္ဂိုလ်က သူ့ကိစ္စ ဝိစ္စပြီးတဲ့သကာလမှာ ကျွန်တော်တို့ ဘက်လှည့်လာပါတယ်။ မျက်မှန်နှင့် ဆံပင်က စုပ်ဖွားဖွား။ ပုံစံက အိပ်ရေးပျက်ပြီး အစားမှန်မှန် မစားတဲ့ ရုပ်မျိုး။ ဒီလူကို ငါမမြင်ဖူးပါဘူး။ ဘယ်သူများလဲ။

သူလည်း ကျွန်တော်တို့ဘက် ရောက်လာရော ခုနက ကျောင်းသားအုပ်က စာအုပ်ကိုယ်စီ လက်ထဲမှာ ကိုင်ပြီး “အကို အမှတ်တရ အော်တိုဖြစ်ဖြစ်၊ မှတ်မှတ်သားသား စကားလေးဖြစ်ဖြစ် ရေးပေးပါ” ဆိုပြီး သူ့ထက်ငါ အလုအယက် ဝိုင်းပေးကြပါတယ်။ ထိုပုဂ္ဂိုလ်ကလည်း ပြောလာတဲ့ သူတွေကို ဖော်ဖော်ရွေရွေပဲ ပြန်ဖြေပြီး စာအုပ်တွေပေါ်မှာ စာတွေရေးပေး၊ လက်မှတ်ထိုးပေး လုပ်နေလေရဲ့ ။

ထိုပုဂ္ဂိုလ် ဒီအတိုင်းဆို နှယ်နှယ်ရရတော့ မဟုတ်။ ဆရာကြီး သမားကြီး နာမည်ကြီးပဲ ဖြစ်တန်ရာ၏ လို့ ကောက်ချက်ချ လိုက်ချိန်။ ကျွန်တော်နှင့်ပါလာတဲ့ သူငယ်ချင်းက ဘယ်အချိန်က ဘေးကလူကို မေးလိုက်တယ်မသိ။
“အဲဒါ ကိုနေ၀င်းကြီး ကွ”
ဆိုပြီး သူကလည်း သူ့ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်လို့  ထိုသူ့ အနား အပြေးသွားပါတော့တယ်။ ကျောင်းသားတွေနှင့် သူနှင့် က လေပေးတွေဖြောင့်နေကြတယ်။ “ကိုနေ၀င်းကြီး အခုချနေတုန်းဘဲလား။” “ကျွန်တော်အခု အပြင်းမချတော့ပါဘူး” “အသစ်တွေ ရေးဖြစ်သေးလား” “ရေးလက်စတွေတော့ရှိတယ်” စသည်ဖြင့် တကယ့်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပါဘဲ။

ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ထဲမှာက ဂီတ၀ါသနာပါတဲ့သူက သုံးလေးယောက် လောက်ပါတယ်။ ဂစ်တာသမားတွေ အဆိုသမားတွေပေါ့။ ကျွန်တော်ကိုယ်တိုင်ကတော့ နားထောင်သမားသက်သက်ရယ်ပါ။ ကျွန်တော် အဲဒီအချိန်တုန်းက ကိုနေဝင်းဆိုတာ မဇ္ဈိမလှိုင်းအဖွဲ့ က (ကို)ခင်မောင်တိုးတို့ ၊ ကိုမောင်မောင်တို့ ၊ ကိုရဲလွင်တို့ နှင့် တဖွဲ့ထဲ။ ခိုင်ထူးတို့၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းတွေလည်း သူစပ်ပေးတယ် ဆိုတာလောက်ပဲသိထားတဲ့အချိန်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ကိုနေ၀င်းအကြောင်းကို ကျွန်တော့်ထက်စာ ပိုသိထားကြတယ်။ နောက် ဒီကျောင်းမှာက ယောင်္ကျားလေး အချင်းချင်း အော်တိုလိုက်ထိုးခိုင်းဖို့ ဆိုတာက တော်ရုံ နာမည်ကြီးမင်းသားတွေ အဆိုတော်တွေ လောက်က လုပ်ဖို့ အကြောင်းမရှိတာ ကျိန်းသေတယ်။

နောက်ပိုင်းမှ သူလည်း ကျွန်တော်တို့ကျောင်းက ကျောင်းသားဟောင်းမှန်း၊ အရေးအခင်းတစ်ခုကြောင့် ကျောင်းထွက် လိုက်ရမှန်း။ နောက်ပြီး သူရေးခဲ့တဲ့ သီချင်းစာသားတွေရဲ့ အဓိပ္ပါယ်အတိမ်အနက်တွေ၊ သံစဉ်တွေကို ခံစား နားလည်နိုင်လာတော့မှ ဒီပုဂ္ဂိုလ်ကို အဲဒီတုန်းက ကျောင်းသားတွေ အနောက်ကနေ အသဲအသန်လိုက်၊ ရှူးရှူးပေါက်တာကိုတောင် ရပ်စောင့်ပြီး ဘာလို့  အော်တိုထိုးခိုင်းကြမှန်း သဘောပေါက်ခဲ့ရပါတော့တယ်။

ဘဝကို ကိုယ်ယုံကြည်ရာ အလုပ်တစ်ခုအတွက် ပေးဆပ်ပြီး တစ်စိုက်မတ်မတ် လုပ်ကြတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အနေနှင့် ကျွန်တော် သူ့ကို လေးစားမိပါတယ်။ အနုပညာကို ဖန်တီးရင်းနဲ့ ဘဝကို ရှင်သန် ရပ်တည်နေထိုင်နေတဲ့.... လူ အသိများကြတဲ့ Celebrities တွေရဲ့  ကန့် လန့် ကာ နောက်ကွယ်က လူအများ သတိမထားမိတဲ့ ဇာတ်ကောင်တစ်ဦးပဲပေါ့။ တကယ်တော့ သူဟာ လူတွေသိနေကြတဲ့ မောင့်လပြည့်ဝန်းရဲ့ မူလပိုင်ရှင် ဖန်ဆင်းရှင်ပဲ မဟုတ်ပါလား ခင်ဗျား။

လေးစားစွာဖြင့်
Bliss





Saturday, April 3, 2010

မိဘဟူသည်…။

Myanmar Theravada Buddhists' Groupမိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။
(မဃဒေ၀)
မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည်စကတည်းက စတင်စောင့်ရှောက်ခဲ့သည်မှာ မိမိတစ်ဘဝအတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာတရားသည် သားသမီးများအတွက် အနန္တကျေးဇူးတရားများပင် ဖြစ်သည်။ သားသမီးများအပေါ် မိဘ၏ အေးမြသန့်စင်ကြည်လင် သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်းမရှိပေ။ ဗြဟ္မာများ၌ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဘာဝနာ တရားလေးပါး မကင်းမကွာ အမြဲရှိနေ သကဲ့သို့ ထိုနည်းတူ မိဘများမှာလည်း သားသမီးများအပေါ်၌ ထိုဘာဝနာတရားလေးပါး မစွန့်ခွာဘဲ အမြဲဖြစ်ပွားလျက် ရှိနေခြင်းကြောင့် (တစ်နည်း) ဗြဟ္မ၀ိဟာရတရားလေးပါး အစဉ်ဖြစ်ပွား လျက်ရှိသောကြောင့် "ဗြဟ္မာတိ၊ မာတာ၊ ပီတရော" အမိအဖတို့မှာ ဗြဟ္မာများပင်ဟု ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ မိဘတို့သည် သားသမီးများကို ကလေးဘ၀၌ပင် စကားတတ်အောင်၊ ၀တ်တတ်အောင်၊ စားတက်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ ဘုရားရှိခိုးတတ်အောင်၊ ရဟန်းသံဃာတော်များနှင့် စကားပြောတတ်အောင် သင်ပေးကြသည်။ ထို့ကြောင့် မိဘတို့မှာ သားသမီးတို့၏ ပုဗ္ဗါစရိယ (လက်ဦးဆရာ)လည်းမည်သည်။ လောကတွင် ရုပ်ပမာဏအားဖြင့် အကြီးဆုံးဟု ယူဆကြသော မြေကြီး၊ စကြ၀ဠာ၊ မြင့်မိုရ်တောင်နှင့် သမုဒ္ဒရာစသည်တို့သည် မိဘတို့၏ ကျေးဇူးတရားပမာဏနှင့် နှိုင်းယှဉ်သော် ၀ါးရွက်၊ အပ်နဖါး၊ နွားချို၊ မိုးရေပေါက်စသည့် ပမာဏသာဖြစ်ချေတော့သည်။ သို့ဖြစ်၍ မိဘတို့၏ ကျေးဇူးဂုဏ် ကားဆပ်၍ပင် မကုန်နိုင်ပါ။ မိဘတို့၏ကျေးဇူး၊ မေတ္တာတို့ကို အဖန်ဖန်ပွားများ သတိတရားရှိနေဖို့ လိုပါသည်။ မိဘတို့ရှိစဉ် အခါတွင် မေတ္တာစိတ်၊ ကြင်နာစိတ်၊ ကရုဏာ၊ စေတနာတို့ဖြင့် ပြန်လည်ပြုစု စောင့်ရှောက်ကြရမည်။ မိမိတို့အပေါ်၌တင်ရှိသော မိဘတို့၏ဂုဏ်ကျေးဇူးမှာ လွန်စွာများပြား သောကြောင့်လည်းကောင်း၊ ကျေးဇူးဂုဏ်ကြီးမားလှသော မိဘတို့ကို လုပ်ကျွေးပြုစုခြင်းဖြင့် အလွန်အကျိုးကြီး မြတ်သောကြောင့်လည်းကောင်း၊ မိဘတို့သည် အမှန်တကယ်လုပ် ကျွေးပြုစုထိုက်သော ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသည်။ ဤမျှ ကျေးဇူးဂုဏ် ကြီးမားလှသော မိဘများကို လောကီနည်းဖြင့် ဆပ်မည်ဆိုလျှင် ဘယ်နည်းနှင့်မျှဆပ်၍ မကုန်နိုင်ကြောင်း မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါသည်။ လူ့သက်တမ်း တစ်ရာတမ်းတွင် အသက်တစ်ရာရှည်သူသည် မိဘကျေးဇူး ကျေအောင်ဆပ်မည်ဟု လက်ယာပခုံးပေါ်၌ အမိကိုတင်၊ လက်ဝဲပုခုံးပေါ်၌ အဘကိုတင်လျက် ထိုအနှစ်တစ်ရာပတ်လုံး ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း၊ သဒ္ဓါ၊ သီလ၊ စာဂ စသော သူတော်ကောင်းတရားများ မရှိသေးသည့် မိဘတို့ကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ပြည့်စုံစေရန် လောကုတ္တရာ အကျိုးအတွက် ပြုလုပ်ပေးခြင်းဖြင့်သာ ကျေးဇူးဆပ်ရာရောက်ကြောင်း မြတ်ဗုဒ္ဓက မိဘကျေးဇူးဆပ်နည်းကို ဟောကြားတော်မူခဲ့ပါသည်။ ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တက်တက်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး… ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ ထို့ကြောင့် စကား တစ်ရပ်ရှိခဲ့ဖူးပါသည်။
~ မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
~ လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။
~ မိဘရဲ့မေတ္တာကို တောတောင်လျှိုမြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
~ စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လှတဲ့ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။
~ ပန်းတွေဟာ မကြာမီနွမ်းခြောက်သွားတတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေးတွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။
~ အိမ်ကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ်ပါးရဲ့ မေတ္တာကတော့ ဘယ်တော့ မှ အိုမင်းမသွားကြလို့ပါပဲ။
ဤသို့ဖြင့် မိဘများအပေါ် စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေးအတွက် အတက်နိုင်ဆုံး စီမံဆောင်ရွက်ကာ ကျေးဇူးဆပ် သင့်သလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးဖြာနှင့်လည်း ပြည့်စုံအောင်ဆောင်ရွက်ပေးပြီး အမေ၏ နို့နှစ်လုံးဖိုးနှင့် အဖေ၏ ချွေးဖိုးကျေအောင် ဆပ်နိုင်သည့် သားကောင်းသမီးများ ဖြစ်ကြရအောင် ကြိုးစားကြပါစို့။…..။

"မေတ္တာစိတ်မြတ်၊ အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ…"

“တနင်္ဂနွေအပျင်းပြေ”


“ဖေဖေကြီးကို ချစ်တယ်”


လွန်ခဲ့သော (၂၁)နှစ်က ကွယ်လွန်ခဲ့ပြီဖြစ်သော ဖေဖေကို သတိရခြင်းများစွာဖြင့် ဒီပိုစ့်လေးနှင့် သီချင်းလေးတွေကို ထပ်ဆင့်ကူးယူဖော်ပြပါတယ်ရှင်။

Friday, April 2, 2010

ဆရာတစ်ယောက်၏ သမိုင်း။



ငြိမ်းချမ်းစွာ ထွက်ခွာသွားသော ဆရာ့နောက်ကွယ်မှာ ခြေရာတွေ ထင်ကျန်ခဲ့တယ်၊ ဒါဟာ သမိုင်းဖြစ်ပါတယ်။ သံသရာ၏ အစိတ်အပိုင်းဖြစ်တဲ့ ဘဝလေးမှာ ကိုယ်ရေးခြစ်ချင်တိုင်း ရေးခြစ်ခွင့်ရှိကြပါတယ်၊ စုတ်ချက်တွေက သမိုင်းဖြစ်တယ်။ ဘဝတစ်ခုမှာ အသက်ရှင်နေစဉ် ရုန်းကန်လှုပ်ရှားမနေမနားနဲ့ ကြံစည်ကြ ၊ ကြိုးစားကြ၊ စွမ်းဆောင်ကြနဲ့ ဒါလေးတွေနဲ့ လောကကို သံသရာကို အလှဆင်ကြ အိုးမဲသုတ်ကြနဲ့ ဒါတွေကလည်း နှောင်းလူသားတွေအတွက် စံပြုစရာ အလေးထားစရာ သင်ခန်းစာ ယူစရာအနေဖြင့် သမိုင်းအဖြစ် ဖြစ်ပေါ်တည်ရှိလာကြပါတယ်။
ဒီတော့ အိုလူသား သင်ရော ဘယ်လို စုတ်ချက်တွေနဲ့ လောကကို မသေခင်လေးမှာ ခြယ်မှုန်းမယ်လို့ စိတ်ကူးမိသလဲ၊ ခြယ်မှုန်း နေဆဲလဲ၊ ခြယ်မှုန်း ပြီးခဲ့ပြီလဲ...။

ကိုယ့်သမိုင်းကို ကိုယ်တိုင် ရေးသားနေကြတယ်ဆိုတာ တကယ်တော့ မမေ့အပ်ဘူး။

စာပေသင်ကြားခြင်းနှင့် အသက်မွေးရသော လူသားတစ်ဦး။ သူ့ကို သူ့တပည့်တွေက ဆရာလို့ ခေါ်ကြတယ်။ “ဆရာ” တဲ့ တပြိုင်နက် ခေါ်ဆိုသံနှင့် ဦးချကန်တော့နေကြတယ်။

ဆရာထံ တပည့်တစ်ဦးခြင်း၏ ခံစားချက်အမျိုးမျိုးတို့ဖြင့် ရင်ထဲ ကိုယ်စီ။ ဒီဆရာကို ဘာလို့ ဒီလောက်တောင် ချစ်ကြောက် ရိုသေလေးစားကြသလဲ။

ဆရာက ကျွန်တော်ထမင်းဘူးမပါလာတဲ့ နေ့က ဆရာ့ထမင်းဘူးလေး လာကျွေးဖူးတယ်၊ ဒီလိုဖြစ်တာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ဒီလိုပဲ ကျောင်းသားတွေ မကြာခဏ စားစရာမပါလာတဲ့သူ၊ ချို့တဲ့သူတွေကို ဆရာ မကြာခဏ ထမင်းကျွေးတယ်၊ မုန့်ဝယ်ကျွေးခဲ့တယ်။ ဆရာကလေ တကယ် စေတနာကောင်းခဲ့ပါတယ်။ သူများတွေကို ပေးကမ်းစွန့်ကြဲရလောက်အောင် ဆရာက ချမ်းသာလားဆိုတော့လဲ၊ ဆရာ့မျက်မှန်ကိုင်းလေးက ကျိုးတဲ့ နေရာမှာ သံကြိုးလေးနဲ့ တွယ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စာမလိုက်နိုင်သူတွေအတွက် အခကြေးငွေ မယူပဲ စေတနာ အပြည့်နဲ့ ဆရာ စာသင်ပေးခဲ့ဖူးတယ်၊ မုန့်ရောင်းပြီး ကျောင်းတက်တဲ့ ကျောင်းသားလေး စာသင်ချိန် ပိုရအောင် မုန့်တွေလည်း ဝိုင်းရောင်းခဲ့ဖူးသတဲ့။

ဆရာ ...လာပြီ ဆိုတဲ့ အော်သံကြားရင်တောင် စာသင်ခန်းထဲမှာ ငြိမ်ကျသွားတယ် တကယ်တော့ ဆရာမလာခဲ့ဘူး။ ကျောင်းသား တစ်ယောက်က နောက်ပြောင်လိုက်တဲ့အသံ။ ဒီလိုအဖြစ်လေးတွေနဲ့ ဆရာကို ဘယ်လောက် လေးစားခဲ့ကြတယ် ဆိုတာကို ပြနေတယ်။

တစ်ခါက မိုးသဲတဲ့ တစ်နေ့မှာ ကျောင်းသားတစ်ယောက် မိုး လေပြင်းလို့ ပုဆိုးကွဲထွက်သွားတယ် ဒါကို သိတော့ ဆရာအပြေးကလေး ရောက်လာပြီး “င့ါလုံချည်ယူကွာ” ပြောပြောဆိုဆို လုံချည်ကို ချက်ချင်းချွတ်ပေးခဲ့တယ် ကျောင်းသားတွေက ဟာကနဲပေါ့။ ဆရာ အောက်ခံဘောင်းဘီကို အရှည်ဝတ်တတ်မှန်း တပည့်တွေ သိသွားတယ် အဲဒီနေ့ကပေါ့။

ကျောင်းသားတစ်ယောက် စာမလိုက်နိုင်ခြင်းအတွက် ဆရာသည် အကြောင်းအရင်းမှန်ကို ရှာဖွေတတ်သူအဖြစ် ထင်ရှားပြန်တယ်။ ကျောင်းသားနှင့် မိဘများအကြား အဆင်မပြေလို့လား၊ စိတ်ကစားတဲ့ အရွယ်ဖြစ်လို့လား၊ စာကို စိတ်မဝင်စားပေမယ့် တခြား လက်မှုပညာဘက် ထူးချွန်နေသလား၊ ဒါတွေကို သိအောင်ကြိုးစားပြီးမှ ကျောင်းသားကို လမ်းမှန်ဘက်ကို လမ်းပြပေးတတ်တဲ့ဆရာ တစ်ယောက်ပါ။

တိုင်းနှင့်ပြည်နယ်ပွဲတွေမှာ ဆရာကိုယ်တိုင် လာအားပေးလို့ ကျောင်းသားတွေ အားရှိပြီ တစ်ဖက်အသင်းကို အနိုင်ရခဲ့ဖူးသတဲ့။ ဆရာက ကျောင်းသားတွေကို ဘောလုံးနည်းပြလည်း လုပ်ပေးခဲ့ဖူးတယ်။

တခါတရံ ညနေခင်းတွေမှာ ကျောင်းသားတွေနဲ့ ခြင်းခတ်နေတာ တွေ့ရတတ်သလို၊ ဘောလုံးကွင်းထဲမှာလည်း ကျောင်းသား များကို လမ်းညွှန်ပေးနေတတ်ပြန်တယ်။

ဆရာရေ နယူးယောက်မှာ ရောက်နေတဲ့ ကိုဝင်းကြူ ဗိသုကာ အင်ဂျင်နီယာကြီးကလေ ဆရာ့က သူ့ဆီကို ဆရာမကွယ်လွန်ခင်က စာပြန်လိုက်တဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာလေးကို ဆရာ့ရဲ့ အင်္ဂလိပ်စာလက်ရေးဆက်ဆွဲတာ သိပ်လှလို့တဲ့ မှန်ဘောင်နဲ့ ထည့်ထားတယ်ဆရာ။ ဆရာဆုံးတဲ့နေ့က အဲဒီမှန်ဘောင်လေး ကျကွဲသွားတယ် ဆရာရယ်။

ညကျောင်းတွေမှာ စာသင်တဲ့ ခေတ်တွေတုန်းက ဆရာလည်း ပါဝင်ကာ မမောနိုင် မပန်းနိုင်နဲ့ ကျောင်းသားတွေကိုလည်း စာသင်ပေးခဲ့တယ်၊ အသက်ငယ်တဲ့ ဆရာတွေကိုလည်း စာသင်ကြားတဲ့ ပုံစံတွေကိုလည်း ရေးဆွဲ လမ်းညွှန် ပေးခဲ့ရသေးတယ်။

အပြင်ပန်းကိစ္စတွေနဲ့ အချိန်ပေးဆောင်ရွက်မှုတွေများလို့ ဆရာ့ကို လူပျိုကြီးလို့တော့ မထင်ပါနဲ့။ ဆရာ့မှာ ဇနီးချော တစ်ယောက် ရှိပါတယ်။ သားသမီးတွေလည်း ထွန်းကားလို့။ မိသားစုကို ဂရုတစိုက် ချစ်ခင်ကြင်နာတတ်တဲ့ ဆရာပါ။ ဆရာအိမ်ကို သွားလည်ရင် ဆရာတစ်ယောက် သူ့ဇနီးသည်ကို မီးပူဝိုင်းကူတိုက်ပေးခြင်း၊ အိမ်တမျက်စည်းလှည်းခြင်း၊ ကလေး သနပ်ခါးလူးပေးခြင်းများက အစ တာဝန်လို့ မယူဆပဲ သဒ္ဓါသော စိတ်ဖြင့် ဆောင်ရွက်တတ်တဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းအဖြစ် မိသားစုဘဝလေး ပျော်ရွှင်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယောက္ခမကို မိဘသဖွယ် ရိုသေလို့ “အမေ”လို့ခေါ်ကာ ရိုသေစွာ ဂါရဝထားလို့၊ ဇနီးသည်ရဲ့ မောင်ဘွားများကို မိမိ၏ ဆွေမျိုး ရင်းခြာသဖွယ် ပြုမူဆက်ဆံ စောင့်ရှောက်တတ်သူ တစ်ယောက်ပါ။

ရယ်မောစရာတွေ ပြောတတ်တဲ့ ဟာသဥာဏ်ရွှင်တဲ့ ဆရာသည် ဝိပဿနာတရားကိုလည်း တစိုက်မတ်မတ် အားထုတ်သူ တစ်ယောက် ဖြစ်တာကြောင့် ဆရာသည် ငါးပါးသီလကို အထူးလုံခြုံသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အပတ်စဉ် ဆွမ်းချက်လောင်းလှူခဲ့တာ ဆရာကွယ်လွန်ချိန် မတိုင်ခင်အထိပါပဲ။

ကွမ်းယာ ဆေးလိပ် အရက် “မ”ကိစ္စတွေကင်းလှသည့် ဆရာ့တွင် မျိုးရိုးလိုက်သည့် သွေးတိုး နှလုံးရောဂါဆိုသော လက်ဆောင် ဆိုးကိုတော့ မရှောင်မလွှဲနိုင်ပဲ လက်ခံရရှိခဲ့ရှာတယ်။

ဒီလိုနေပြင်းတဲ့ နွေနေ့လည်တစ်ခုမှာ ဆရာရုတ်တရက် ထွက်ခွာသွားခဲ့တယ်၊ ဘယ်သူ့ကိုမှတောင် နှုတ်ဆက်မသွားပါလား ဆရာရယ်။ ဆရာ ထွက်သွားပုံက တိတ်ဆိတ် မြန်ဆန်လွန်းတယ်။

(8888)အရေးအခင်းပြီးကာစ အချိန်၊ ဆရာကွယ်လွန်သည်မို့ ကျောင်းသားတွေ တရုန်းရုန်းဖြစ်နေတဲ့ အသုဘကို လုံထိန်းများက မျက်စောင်းတထိုးထိုး။ ဆရာ့ဇနီးက ကျောင်းသားများကို တောင်းပန်ရှာတယ် “ကျောင်းသားတွေ ထိခိုက်တာကို ဆရာက လုံးဝ မဖြစ်စေချင်ဘူး ဒီတော့ ဆရာ့ကို နောက်ဆုံးအနေနဲ့ လိုက်ပါပို့ဆောင်တဲ့ခရီးမှာ ကျောင်းသားများဘက်က သည်းခံပြီး၊ ဆရာဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဆရာ့စိတ်ဓာတ်ကို နားလည်တယ်ဆိုရင် ဘယ်သူနဲ့မှ ပြဿနာမဖြစ်ကြနဲ့နော်”တဲ့။

ဆရာ့ဘေးမှာ ဝိုင်းနေတဲ့ ကျောင်းသားတွေက အင်္ကျီအဖြူ၊ ပုဆိုးအနက်များနှင့်။ ကျောင်းသားများထဲမှ ခေါင်းဆောင်တစ်ဦးက ဆရာ့အပေါ် ကံသုံးပါးနှင့် ပြစ်မှားမိခဲ့တာများရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်သောစာကို ကျောင်းသားများကို တိုင်ပေးတယ်။ ညီညာစွာ လိုက်ဆိုကြတဲ့ ကျောင်းသားများရဲ့ အသံက သုဿန်တစ်ခုလုံးကို လွှမ်းမိုးသွားစေခဲ့တယ်။ အခေါင်းကို ကျောင်းသားများက လက်ဆင့်ကမ်းသယ်ယူကြရင်း သင်္ဂြိုလ်စက်ဆီကို သယ်ဆောင်ကြတယ်၊ ကျောင်းသားများရဲ့ မျက်ဝန်းတွေမှာလည်း ကြေကွဲခြင်းများစွာဖြင့်။

သွားတော့ ဆရာရယ် ......သွားပေအုံးတော့ နောင်သံသရာမှာလည်း ပရဟိတအလုပ်တို့ လောကအကျိုးဆိုတာတွေ လူသားတွေအတွက် စသည်ဖြင့် စကားလုံးလှလှတွေ မသုံးပဲ လက်တွေ့ကြကြ ကူညီဆောင်ရွက်ချက်မှုတွေနဲ့ လောကကို အလှဆင်အုံးပေါ့၊ ကိုယ့်လက်လှမ်းမီရာ နီးစပ်ရာ ဘဝလေးတွေ ရှင်သန်ဖို့ ဥယျာဉ်မှုးအဖြစ် ဆောင်ရွက်လိုက်အုံးပေါ့ ဆရာ။ လောကအလယ်မှာ မနိုင်ဝန်တွေ ထမ်းမိတိုင်း တာဝန်တွေများစွာကို ပျော်ပျော်ကြီးထမ်းရွက်သွားတဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ ဆရာ့ကို သတိရရင်း အားတက်မိတာတွေလည်း ရှိခဲ့ရပါတယ်။ ဘယ်ချိန်ပဲ ဖြစ်ဖြစ် ကျောင်းတံခါးဝရောက်ရင် ဆရာ့ရဲ့ နွေးထွေးတဲ့ မေတ္တာကို ခံစားမိနေတုန်းပါ ဆရာရေ...။

ဆရာ့ဘဝမှာ ဆရာ စိတ်ဓာတ်နှင့် လုပ်ရပ် နှစ်ချက်ဖြင့် ဆရာ့သမိုင်းကို ယနေ့ထက်တိုင် တွင်စေခဲ့ပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်ဖြင့် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်ဆီကို စာသင်ကြားခြင်း အမှုထမ်းရန် လေယာဉ်လက်မှတ် စောင့်ဆိုင်းနေစဉ် အချိန်တွင် ဆရာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ချစ်သော မြန်မာဆရာ တစ်ယောက်သည် မြန်မာမြေပေါ်တွင် ခေါင်းချခဲ့ပါသည်။

ဆရာ သည် (၃-ဧပြီ-၁၉၈၉)နေ့ ညနေ (၄း၄၅)တွင် ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ပါသည်။
(၅-ဧပြီ-၁၉၈၉)နေ့၊ နေ့လည် (၁း၀၀)တွင် ကြံတောသုဿန်၌ မီးသဂြိုလ်ခဲ့ကြပါသည်။

သံသရာမှ ယနေ့ထက်တိုင် ပြုမိခဲ့ဖူးသော ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ပါကကို အမျှ ...အမျှ...အမျှ ပေးဝေငှလိုက်ပါသည် ရောက်ရာ ဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု ခေါ်ဆိုနိုင်ပါစေသား။