တနေ့သောအခါ အွန်လိုင်းတွင်းဝယ် သာသနာ့ကိစ္စများအကြောင်းကို ဘုန်းဘုန်းပန်းကမ္ဘာနှင့် ပြောကြားမိခိုက်...။
ဘုန်းဘုန်းပန်းကမ္ဘာ - နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့် ဆက်လက်လျောက်လှမ်းနိုင်ပါစေ။ စိတ်ဆင်းရဲစရာ တွေ ခဝါချလို့ပေါ့။
ခရစ္စတလ် - ဘုန်းဘုန်းပေးတဲ့ဆုနှင့် ပြည့်ခွင့်ရတဲ့သူဖြစ်အောင် ကြိုးစားပါမည်ဘုရား။ ဘုန်းဘုန်း တပည့်တော် စိတ်ဆင်းရဲစရာတွေ သိပ်တော့ မရှိပါဘုရား။
ဘုန်းဘုန်းပန်းကမ္ဘာ - အယ် ပုထုဇဉ်ပဲ မရှိဘူးလို့ ပြောချင်တယ်ပေါ့။ ချစ်တာလဲ ဆင်းရဲတာပဲနော့။
ခရစ္စတလ် - အော် ဟုတ်မှန်ပေသားပဲ။ ချစ်တာသည်ပင် ဆင်းရဲလေ၏။ ဘုန်းဘုန်းရေ ကျေးဇူးတင်ပါတယ် ဘုရား၊ တပည့်တော် သတိလွတ်နေပြန်ပါပြီ၊ လွတ်နေတာကို သိလိုက်ပါပြီဘုရား။ ရှက်မိပါသည်ဘုရား။ လောကဓံ (၈)ပါးတွင် အများအားဖြင့် အဆိုး (၄)ပါးကိုသာ လောကဓံဟု မြင်ကြ၍ အကောင်းလောကဓံ (၄)ပါးကို လောကဓံကြံ့ကြံ့ခံနေရသည်ဟု မမြင်မိကြပေ။ ထိုအထဲတွင် မိမိလည်း အပါအဝင်ဖြစ်လေသည်။
အို....ဆင်းရဲလေစွတကား။
ယခုရက်ပိုင်းများတွင် ကျွှန်ုပ်သည် မကြာခဏ ရေရွတ်နေမိသောစာကြောင်းကား
“ချစ်နေရတာလည်း ဆင်းရဲ၏”
2 comments:
ချစ်တဲ့ သူနဲ့ ကွဲကွာရခြင်း ဒုက္ခ ၊ မချစ်မနစ်သက်တဲ့သူနဲ့ အတူနေရခြင်း ဒုက္ခမှ ကင်းဝေးပါစေ..............။
အဆင်းရဲခြင်းသည် ဆင်းရဲလေစွာ့တကား...။
Post a Comment