ကျွန်တော် first year တက်ခါစ။ ၁၉၉၅ ခုနှစ်ရဲ့  ညနေခင်း တစ်ခုပါ။ ကျောင်းက ကန်တင်းမှာ အဆောင်မပြန်ခင် သူငယ်ချင်းတစ်စုနှင့် ကော်ဖီဝင်သောက်နေတုန်း ကန်တင်းအရှေ့က လူသွားလမ်းမှာ ကျောင်းသားတစ်စု ရုတ်ရုတ်သဲသဲနှင့် ဆိုင်ရှေ့ကနေ ဖြတ်ပြေးသွားကြပါတယ်။
စာသင်ဆောင်တစ်ခုရဲ့ အနောက်ဘက်ခြမ်းမှာ ခုနက ကျောင်းသားတစ်အုပ် ရပ်သွားကြတာကို တွေ့ လိုက်ပါတယ်။ သူတို့ အနားရောက်သွားတော့ သူတို့ ရဲ့ အရှေ့ မှာ လူတစ်ယောက်။ အဲဒီလူကို လှမ်းကြည့်လိုက်ချိန်မှာ ထိုသူက ကျွန်တော်တို့ ရှိရာ အရပ်ကို ကျောပေးပြီး ကျောင်းဆောင်ရဲ့ အနောက်ဘက် ခြုံထူထူတွေကြားမှာ (မရိုသေ့စကား) ရှူးရှူးပေါက် နေလေရဲ့ ။ ကျွန်တော် ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မင်တက်သွားမိတာပေါ့။ ဘာကြီးတုန်းဟ။ လူတစ်ယောက် သူ့ ကိစ္စသူရှင်းနေတာကို ဒီလူအုပ်က ဘယ်လို့ကြောင့် ဝိုင်းအုံကြည့်နေကြပါလိမ့်။ သူတို့ မျက်နှာတွေကို ကြည့်လိုက်တော့လည်း တကယ့်ကို မြင်ရခဲတဲ့ အံ့သြဖွယ် လူသားတစ်ယောက်ကို မြင်နေကြရတဲ့ သူတွေလို အားလုံးရဲ့မျက်နှာတွေက ဖော်ပြနေတယ်။ နောက်ပြီး ထူးဆန်းတာက သူတို့ မျက်နှာတွေပေါ်မှာ ထင်ဟပ်နေတဲ့ အရိပ်...။ အဲဒါကတော့ ဒီလူအပေါ် ရိုသေလေးစားတဲ့ အကြည့်။
ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ်။ ဒီလူ ဘယ်သူလဲ။ Celebrity တစ်ယောက်ယောက်များလား။ ဒါမှမဟုတ် ဒီကျောင်းက ဆရာ တစ်ယောက် ယောက်လား။ ဒါမှမဟုတ် ထူးချွန်ကျောင်းသား တစ်ယောက်ယောက်လား။
အနှီပုဂ္ဂိုလ်က သူ့ကိစ္စ ဝိစ္စပြီးတဲ့သကာလမှာ ကျွန်တော်တို့ ဘက်လှည့်လာပါတယ်။ မျက်မှန်နှင့် ဆံပင်က စုပ်ဖွားဖွား။ ပုံစံက အိပ်ရေးပျက်ပြီး အစားမှန်မှန် မစားတဲ့ ရုပ်မျိုး။ ဒီလူကို ငါမမြင်ဖူးပါဘူး။ ဘယ်သူများလဲ။
သူလည်း ကျွန်တော်တို့ဘက် ရောက်လာရော ခုနက ကျောင်းသားအုပ်က စာအုပ်ကိုယ်စီ လက်ထဲမှာ ကိုင်ပြီး “အကို အမှတ်တရ အော်တိုဖြစ်ဖြစ်၊ မှတ်မှတ်သားသား စကားလေးဖြစ်ဖြစ် ရေးပေးပါ” ဆိုပြီး သူ့ထက်ငါ အလုအယက် ဝိုင်းပေးကြပါတယ်။ ထိုပုဂ္ဂိုလ်ကလည်း ပြောလာတဲ့ သူတွေကို ဖော်ဖော်ရွေရွေပဲ ပြန်ဖြေပြီး စာအုပ်တွေပေါ်မှာ စာတွေရေးပေး၊ လက်မှတ်ထိုးပေး လုပ်နေလေရဲ့ ။
ထိုပုဂ္ဂိုလ် ဒီအတိုင်းဆို နှယ်နှယ်ရရတော့ မဟုတ်။ ဆရာကြီး သမားကြီး နာမည်ကြီးပဲ ဖြစ်တန်ရာ၏ လို့ ကောက်ချက်ချ လိုက်ချိန်။ ကျွန်တော်နှင့်ပါလာတဲ့ သူငယ်ချင်းက ဘယ်အချိန်က ဘေးကလူကို မေးလိုက်တယ်မသိ။
ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ထဲမှာက ဂီတ၀ါသနာပါတဲ့သူက သုံးလေးယောက် လောက်ပါတယ်။ ဂစ်တာသမားတွေ အဆိုသမားတွေပေါ့။ ကျွန်တော်ကိုယ်တိုင်ကတော့ နားထောင်သမားသက်သက်ရယ်ပါ။ ကျွန်တော် အဲဒီအချိန်တုန်းက ကိုနေဝင်းဆိုတာ မဇ္ဈိမလှိုင်းအဖွဲ့ က (ကို)ခင်မောင်တိုးတို့ ၊ ကိုမောင်မောင်တို့ ၊ ကိုရဲလွင်တို့ နှင့် တဖွဲ့ထဲ။ ခိုင်ထူးတို့၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းတွေလည်း သူစပ်ပေးတယ် ဆိုတာလောက်ပဲသိထားတဲ့အချိန်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ကိုနေ၀င်းအကြောင်းကို ကျွန်တော့်ထက်စာ ပိုသိထားကြတယ်။ နောက် ဒီကျောင်းမှာက ယောင်္ကျားလေး အချင်းချင်း အော်တိုလိုက်ထိုးခိုင်းဖို့ ဆိုတာက တော်ရုံ နာမည်ကြီးမင်းသားတွေ အဆိုတော်တွေ လောက်က လုပ်ဖို့ အကြောင်းမရှိတာ ကျိန်းသေတယ်။
နောက်ပိုင်းမှ သူလည်း ကျွန်တော်တို့ကျောင်းက ကျောင်းသားဟောင်းမှန်း၊ အရေးအခင်းတစ်ခုကြောင့် ကျောင်းထွက် လိုက်ရမှန်း။ နောက်ပြီး သူရေးခဲ့တဲ့ သီချင်းစာသားတွေရဲ့ အဓိပ္ပါယ်အတိမ်အနက်တွေ၊ သံစဉ်တွေကို ခံစား နားလည်နိုင်လာတော့မှ ဒီပုဂ္ဂိုလ်ကို အဲဒီတုန်းက ကျောင်းသားတွေ အနောက်ကနေ အသဲအသန်လိုက်၊ ရှူးရှူးပေါက်တာကိုတောင် ရပ်စောင့်ပြီး ဘာလို့  အော်တိုထိုးခိုင်းကြမှန်း သဘောပေါက်ခဲ့ရပါတော့တယ်။
ဘဝကို ကိုယ်ယုံကြည်ရာ အလုပ်တစ်ခုအတွက် ပေးဆပ်ပြီး တစ်စိုက်မတ်မတ် လုပ်ကြတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အနေနှင့် ကျွန်တော် သူ့ကို လေးစားမိပါတယ်။ အနုပညာကို ဖန်တီးရင်းနဲ့ ဘဝကို ရှင်သန် ရပ်တည်နေထိုင်နေတဲ့.... လူ အသိများကြတဲ့ Celebrities တွေရဲ့  ကန့် လန့် ကာ နောက်ကွယ်က လူအများ သတိမထားမိတဲ့ ဇာတ်ကောင်တစ်ဦးပဲပေါ့။ တကယ်တော့ သူဟာ လူတွေသိနေကြတဲ့ မောင့်လပြည့်ဝန်းရဲ့ မူလပိုင်ရှင် ဖန်ဆင်းရှင်ပဲ မဟုတ်ပါလား ခင်ဗျား။
လေးစားစွာဖြင့်
Bliss
ပါးစပ်ကလည်း “ဟိုဘက်ကို ထွက်သွားပြီ။ လိုက်...လိုက်...” လို့ လည်း အော်သွားကြပါတယ်။
ကျွန်တော်တို့ လည်း ဘာဖြစ်မှန်းမသိတော့ သူတို့ ပြေးတဲ့နောက်ကို လိုက်ပြီး ကြည့်မိပါတယ်။ ဘာဖြစ်လို့ လဲ။ ဘယ်သူ့ ကို လိုက်တာလဲ။ ဘာလို့လိုက်တာလဲ။ စတဲ့ မေးခွန်းတွေနဲ့ပေါ့။ ပြေးကြတဲ့ ကျောင်းသာအုပ်ကတော့ ကန်တင်းရှေ့ကနေ စာသင်ဆောင်တစ်ခုရှိရာဆီကို ဦးတည် ထွက်သွားကြပါပြီ။ အတူတူထိုင်နေတဲ့ သူငယ်ချင်းက လိုက်ကြည့်ရအောင်လို့ခ်ါတာနဲ့ ကော်ဖီဖိုး ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထထွက်လာပြီး လူအုပ်သွားတဲ့ ဘက်ဆီကို လိုက်သွားခဲ့ကြပါတယ်။စာသင်ဆောင်တစ်ခုရဲ့ အနောက်ဘက်ခြမ်းမှာ ခုနက ကျောင်းသားတစ်အုပ် ရပ်သွားကြတာကို တွေ့ လိုက်ပါတယ်။ သူတို့ အနားရောက်သွားတော့ သူတို့ ရဲ့ အရှေ့ မှာ လူတစ်ယောက်။ အဲဒီလူကို လှမ်းကြည့်လိုက်ချိန်မှာ ထိုသူက ကျွန်တော်တို့ ရှိရာ အရပ်ကို ကျောပေးပြီး ကျောင်းဆောင်ရဲ့ အနောက်ဘက် ခြုံထူထူတွေကြားမှာ (မရိုသေ့စကား) ရှူးရှူးပေါက် နေလေရဲ့ ။ ကျွန်တော် ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မင်တက်သွားမိတာပေါ့။ ဘာကြီးတုန်းဟ။ လူတစ်ယောက် သူ့ ကိစ္စသူရှင်းနေတာကို ဒီလူအုပ်က ဘယ်လို့ကြောင့် ဝိုင်းအုံကြည့်နေကြပါလိမ့်။ သူတို့ မျက်နှာတွေကို ကြည့်လိုက်တော့လည်း တကယ့်ကို မြင်ရခဲတဲ့ အံ့သြဖွယ် လူသားတစ်ယောက်ကို မြင်နေကြရတဲ့ သူတွေလို အားလုံးရဲ့မျက်နှာတွေက ဖော်ပြနေတယ်။ နောက်ပြီး ထူးဆန်းတာက သူတို့ မျက်နှာတွေပေါ်မှာ ထင်ဟပ်နေတဲ့ အရိပ်...။ အဲဒါကတော့ ဒီလူအပေါ် ရိုသေလေးစားတဲ့ အကြည့်။
ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ်။ ဒီလူ ဘယ်သူလဲ။ Celebrity တစ်ယောက်ယောက်များလား။ ဒါမှမဟုတ် ဒီကျောင်းက ဆရာ တစ်ယောက် ယောက်လား။ ဒါမှမဟုတ် ထူးချွန်ကျောင်းသား တစ်ယောက်ယောက်လား။
အနှီပုဂ္ဂိုလ်က သူ့ကိစ္စ ဝိစ္စပြီးတဲ့သကာလမှာ ကျွန်တော်တို့ ဘက်လှည့်လာပါတယ်။ မျက်မှန်နှင့် ဆံပင်က စုပ်ဖွားဖွား။ ပုံစံက အိပ်ရေးပျက်ပြီး အစားမှန်မှန် မစားတဲ့ ရုပ်မျိုး။ ဒီလူကို ငါမမြင်ဖူးပါဘူး။ ဘယ်သူများလဲ။
သူလည်း ကျွန်တော်တို့ဘက် ရောက်လာရော ခုနက ကျောင်းသားအုပ်က စာအုပ်ကိုယ်စီ လက်ထဲမှာ ကိုင်ပြီး “အကို အမှတ်တရ အော်တိုဖြစ်ဖြစ်၊ မှတ်မှတ်သားသား စကားလေးဖြစ်ဖြစ် ရေးပေးပါ” ဆိုပြီး သူ့ထက်ငါ အလုအယက် ဝိုင်းပေးကြပါတယ်။ ထိုပုဂ္ဂိုလ်ကလည်း ပြောလာတဲ့ သူတွေကို ဖော်ဖော်ရွေရွေပဲ ပြန်ဖြေပြီး စာအုပ်တွေပေါ်မှာ စာတွေရေးပေး၊ လက်မှတ်ထိုးပေး လုပ်နေလေရဲ့ ။
ထိုပုဂ္ဂိုလ် ဒီအတိုင်းဆို နှယ်နှယ်ရရတော့ မဟုတ်။ ဆရာကြီး သမားကြီး နာမည်ကြီးပဲ ဖြစ်တန်ရာ၏ လို့ ကောက်ချက်ချ လိုက်ချိန်။ ကျွန်တော်နှင့်ပါလာတဲ့ သူငယ်ချင်းက ဘယ်အချိန်က ဘေးကလူကို မေးလိုက်တယ်မသိ။
“အဲဒါ ကိုနေ၀င်းကြီး ကွ”
ဆိုပြီး သူကလည်း သူ့ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်လို့  ထိုသူ့ အနား အပြေးသွားပါတော့တယ်။ ကျောင်းသားတွေနှင့် သူနှင့် က လေပေးတွေဖြောင့်နေကြတယ်။ “ကိုနေ၀င်းကြီး အခုချနေတုန်းဘဲလား။” “ကျွန်တော်အခု အပြင်းမချတော့ပါဘူး” “အသစ်တွေ ရေးဖြစ်သေးလား” “ရေးလက်စတွေတော့ရှိတယ်” စသည်ဖြင့် တကယ့်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပါဘဲ။ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ထဲမှာက ဂီတ၀ါသနာပါတဲ့သူက သုံးလေးယောက် လောက်ပါတယ်။ ဂစ်တာသမားတွေ အဆိုသမားတွေပေါ့။ ကျွန်တော်ကိုယ်တိုင်ကတော့ နားထောင်သမားသက်သက်ရယ်ပါ။ ကျွန်တော် အဲဒီအချိန်တုန်းက ကိုနေဝင်းဆိုတာ မဇ္ဈိမလှိုင်းအဖွဲ့ က (ကို)ခင်မောင်တိုးတို့ ၊ ကိုမောင်မောင်တို့ ၊ ကိုရဲလွင်တို့ နှင့် တဖွဲ့ထဲ။ ခိုင်ထူးတို့၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းတွေလည်း သူစပ်ပေးတယ် ဆိုတာလောက်ပဲသိထားတဲ့အချိန်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ကိုနေ၀င်းအကြောင်းကို ကျွန်တော့်ထက်စာ ပိုသိထားကြတယ်။ နောက် ဒီကျောင်းမှာက ယောင်္ကျားလေး အချင်းချင်း အော်တိုလိုက်ထိုးခိုင်းဖို့ ဆိုတာက တော်ရုံ နာမည်ကြီးမင်းသားတွေ အဆိုတော်တွေ လောက်က လုပ်ဖို့ အကြောင်းမရှိတာ ကျိန်းသေတယ်။
နောက်ပိုင်းမှ သူလည်း ကျွန်တော်တို့ကျောင်းက ကျောင်းသားဟောင်းမှန်း၊ အရေးအခင်းတစ်ခုကြောင့် ကျောင်းထွက် လိုက်ရမှန်း။ နောက်ပြီး သူရေးခဲ့တဲ့ သီချင်းစာသားတွေရဲ့ အဓိပ္ပါယ်အတိမ်အနက်တွေ၊ သံစဉ်တွေကို ခံစား နားလည်နိုင်လာတော့မှ ဒီပုဂ္ဂိုလ်ကို အဲဒီတုန်းက ကျောင်းသားတွေ အနောက်ကနေ အသဲအသန်လိုက်၊ ရှူးရှူးပေါက်တာကိုတောင် ရပ်စောင့်ပြီး ဘာလို့  အော်တိုထိုးခိုင်းကြမှန်း သဘောပေါက်ခဲ့ရပါတော့တယ်။
ဘဝကို ကိုယ်ယုံကြည်ရာ အလုပ်တစ်ခုအတွက် ပေးဆပ်ပြီး တစ်စိုက်မတ်မတ် လုပ်ကြတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အနေနှင့် ကျွန်တော် သူ့ကို လေးစားမိပါတယ်။ အနုပညာကို ဖန်တီးရင်းနဲ့ ဘဝကို ရှင်သန် ရပ်တည်နေထိုင်နေတဲ့.... လူ အသိများကြတဲ့ Celebrities တွေရဲ့  ကန့် လန့် ကာ နောက်ကွယ်က လူအများ သတိမထားမိတဲ့ ဇာတ်ကောင်တစ်ဦးပဲပေါ့။ တကယ်တော့ သူဟာ လူတွေသိနေကြတဲ့ မောင့်လပြည့်ဝန်းရဲ့ မူလပိုင်ရှင် ဖန်ဆင်းရှင်ပဲ မဟုတ်ပါလား ခင်ဗျား။
လေးစားစွာဖြင့်
Bliss
3 comments:
ရောက်တယ်
ဒေါ်သလင်းရေ
စီပုံးလဲ မရှိဘူး
ကိုနေ၀င်းကြီးအသံများကောင်း ကိုထီးဆိုတဲ့လူတစ်ယောက်မလိုဘူး
Post a Comment