သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, May 28, 2011

တစ်ခုခုပေါ့....

စာမရေးဖြစ်ပေမယ့် ဓာတ်ပုံလေးတွေ ရိုက်ဖြစ်နေတော့ 
ခင်မင်ရတဲ့ မိတ်ဆွေတွေအတွက် တခုခုလေးတော့ ပေးချင်လို့ ....

တိမ်သလ္လာထဲက ခေါင်းလောင်း

ထိုင်းနိုင်ငံမှ မြဘုရား
(လာဖို့ ရည်ရွယ်ထားပြီး မလာဖြစ်နိုင်သေးတဲ့ မောင်ငယ်တစ်ဦး တောင်းဆိုလို့
မြဘုရားပုံတော်ကို အသေအချာရိုက်လာခဲ့ပေးပါတယ်။
မိတ်ဆွေလည်း ထိုင်းနိုင်ငံကို လာဖို့ ကြန့်ကြာနေတယ်ဆိုရင် ပုံတော်ကို ကူးယူ ဆုတောင်းနိုင်ပါတယ်။ )

ပုံမှန် မြင်တွေ့နေကျမြင်ကွင်းတွေထဲက ခွဲထွက်ပြီး ရိုက်ခဲ့ပါတယ်။

ဒီလို ပန်းပုအနုပညာတွေကို သူတို့ သိပ်ဂုဏ်ယူပုံရပါတယ်
ပြင်ပနေရာမှသာ မြဘုရားအား ဓာတ်ပုံရိုက်ခွင့်ပြုပါတယ်

တနေ့ကျရင်တော့ ခရီးသွားရင်း ရိုက်ကူးထားတဲ့ ပုံလေးတွေကို စုစည်းပြီး
တစ်ခုခုတော့ ကြိုးစားကြည့်ချင်ပါတယ် ... :)

လေးစားစွာဖြင့်
ခရစ္စတလ်

Monday, May 16, 2011

လာလေ ....ညောင်ရေသွန်းကြမယ်

 မြဘုရားပရဝဏ်ထဲက မဟာဗောဓိညောင်ပင်



ကဆုန်လပြည့်(ဗုဒ္ဓနေ့) အဖြစ် ဘုရားပုံတော်များကို 
ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားပါတယ်။


“ခင်မင်လေးစားရသော မိတ်ဆွေအပေါင်း အေးချမ်းကြပါစေ”
လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, May 11, 2011

“မြန်မာရွေ့ပြောင်းအလုပ်သမားများကို စာနာပေးကြပါ”

“လဲနေသူကို ထူပေးပါ” မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။ 
 

(၂၀၁၁)ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ အနောက်တောင်ဘက်တွင်ရှိသော ရွေ့ပြောင်းမြန်မာအလုပ်သမား အများဆုံးနေထိုင်ရာ မဟာချိုင်တွင် အလုပ်သွားရန် ဖယ်ရီကားဖြင့် လိုက်ပါလာကြသော အလုပ်သမားဖယ်ရီကားကို ဆယ်ဘီးကားတစ်စီးမှ အရှိန်မထိန်းနိုင်ကာ ဝင်ရောက်တိုက်မှုဖြစ်ပွါးခဲ့ရာ သေဆုံးသူ (၇)ဦးရှိပြီး၊ အတွင်းလူနာအဖြစ် (၃)ဦးဖြစ်ပြီး ဒဏ်ရာရသူများမှာ (၆၀)ကျော်ဖြစ်ကြောင်း သိရပါသည်။ ကားတိုက်ခံရစဉ် အတိုက်ခံရသော ကားပေါ်မှ ကားလမ်းမပေါ်သို့ ဖိတ်စင်ကျရောက်ပြီး ကားခေါင်မိုးနှင့် ကားကြမ်းပြင် ထိကပ်လောက်အောင် ထိခိုက်တိုက်မိသဖြင့် ဒဏ်ရာရ မြန်မာအလုပ်သမားများသည် ဦးခေါင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိခိုက်ခဲ့ကြပါသည်။
သေဆုံးသူစာရင်း
၁။ ဦးသန်းမြင့် (၅၀)နှစ်
၂။ မတူးတူး(ခ) မလွင်လွင်ခိုင် (၂၄)နှစ်
၃။ မသဂီ င်္ဖြိုး (၁၈)နှစ်
၎။ မသီတာမွန် (၁၈)နှစ်
၅။ မနီနီဝင်း (၂၂)နှစ်
၆။ မ၀င်းစန္ဒာ (၂၁)နှစ်
၇။ မနွံစော (၁၆)နှစ်

ကျန်သေဆုံးသူနှစ်ဦးမှာ ထိုင်းလူမျိုးဖြစ်ပါပြီး သေဆုံးသွားသူတို့၏ ကြွင်းကျန်သော ရုပ်ကလပ်များကို ဘုန်းကြီးကျောင်း(၄)ကျောင်းခွဲပြီး သဂြိုလ်ခဲ့ပါသည်။

10-ဧပြီလ-2011ရက်နေ့ မနက်မှာ ကားတိုက်မှုဖြစ်ပွါးရာနေရာအနီးတွင် တရားနာခြင်းနှင့် အမျှဝေခြင်းများကို
ပြုလုပ်ပေးခဲ့ကြတယ်။ ထို့အပြင် ကောက်ခံရရှိသော ငွေများကိုလည်း ကာယကံရှင်များထံ ပေးအပ် လှူဒါန်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ထိုင်းအာဏာပိုင်များဘက်မှ စမွတ်စာခွန်ခရိုင်မှုးကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိပါသည်။

ဆက်စပ် သတင်းလင့်များ ----
DVB သတင်း (7-4-11)

မဟာချိုင်မှ မြန်မာအလုပ်သမားအချို့ကားတိုက်ခံရပြီး သေဆုံး

ကားတိုက်မှုသတင်း http://burmese.dvb.no/news.php?id=14003
http://burmese.dvb.no/news.php?id=14015
http://www.msmointhailand.com/

http://www.naytthit.net/?p=11932






ကူညီရေးကော်မတီအဖွဲ့ဝင်ရဟန်းတော်များ
  1. ဦးသြဘာသ MSMO ashiaubasa@gmail.com (082 765 8279)
  2. ဦးဝိသုဒ္ဓ MSMO visuddhayaw@gmail.com (084 671 4772)
  3. ဦးကောဏ္ဍည MSMO condannathazi@gmail.com (084 669 0607)
  4. ဦးပညာစာရ MSMOpyinnyarlay@gmail.com (082 446 5482)
  5. ဦးရေ၀တ MSMOven.revata09@gmail.com (085 022 2013)
  6. ဦးကောဝိဒ (၀ပ်သလုံး)ashinkawwida@googlemail.com (087 703 9856)
  7. ဦးဇောတိက zawtik@gmail.com (084 646 5663)
  8. ဦးပညာသာရ ဗောဓိ ASMA pyinnyarsare@gmail.com (087 511 1275)
  9. ဦးကုဝေရ (၀ပ်သလုံး) (084 674 2634)
  10. ဦးဥတ္တမ၀ံသ ASMA ottama7@gmail.com (084 644 0859)
  11. ဦးဂန္ဓသာရ ASMA gandasara009@gmail.com (089 636 5238)
ကူညီရေးကော်မတီဝင်လူပုဂ္ဂိုလ်များ
  1. ဦးအောင်ကျော် ( MWRN) (086 755 5337)
  2. ဦးတိုး ( HRDF) (086 891 5803)
  3. ဦးဗိုလ်ဝင်း (မဟာဂရုဏာစာကြည့်တိုက်) (083 545 7457)
  4. ကိုဇော် (MWRN) (085 404 4592 )
  5. ကိုဇော် (MWRN) (089 414 2797)
  6. ဦးလှစန်း (MWRN) (088 863 1982)
  7. ကိုကျော်သူ (ဒို့မြန်မာအမျိုးဂုဏ်ပြန်လည်မြှင့်တင်ရေးအဖွဲ့) (087 943 115)
  8. ဦးမြင့်လွင် (MWRN) (089 455 3077)
  9. ဦးသီလ (MWRN) (087 764 7967)
  10. ကိုစည်သူ (MWRN) (089 7719 189)
  11. ကိုမိုးသီး (ရပ်ထိုင်းအဖွဲ့) (085 385 4481)
  12. ဦးမောင်သန်း (အနှိုင်းမဲ့နာရေးကူညီမှုအသင်း) (085 175 0648)
  13. ကိုမောင်မောင်ခိုင် (ဓမ္မပါလအဖွဲ့) (080 021 3508)
  14. ဦးမြင့်အောင် (MWRN) (083 014 3860)
  15. ဦးမောင်ဝင်း (စိတ်သုခပန်းအသင်း) (085 373 2664)
ထိုင်းနိုင်ငံသို့ ဆက်သွယ် ခေါ်ဆိုမည်ဆိုလျှင်
(ဥပမာ - 085 373 2664 ကို +668 5373 2664ပြောင်းပြီး ဆက်သွယ်နိုင်ပါသည်။ )

ဒဏ်ရာရမြန်မာအလုပ်သမားများအချို့မှာ အလုပ်ဝင်စတွင် အခုလိုဖြစ်ပွါးမှုကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲများဖြစ်ရခြင်း၊ ဆေးကုသမှုခံယူနေရသောကြောင့် အလုပ်ခွင်မဝင်ရောက်သဖြင့် စားသောက်ရေးမှာလည်း များစွာအခက်အခဲများဖြစ်နေကြောင်း သိရှိရပါသည်။ အတွင်းလူများတွင်လည်း နှစ်ရှည် ဆက်လက်ဆေးကုသမှု ခံယူရန်လိုအပ်သူများ ရှိနေပါသည်။

ယခုအခါ ရွေ့ပြောင်းအလုပ်သမားများသည် ယင်းကားတိုက်မှုကြောင့် အသက်သေဆုံးခြင်းများနှင့် ဒဏ်ရာရမှုများနှင့် ပတ်သက်၍ ကူညီခြင်းများကို ထိုင်းနိုင်ငံရောက်မြန်မာစာသင်သား ရဟန်းတော်များက ဦးဆောင်ပြီး မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမားများကို စာနာတတ်သော မြန်မာများက ဆောင်ရွက်ပေးခဲ့ပါသည်။
သို့ပါသောကြောင့် နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများအနေဖြင့် ဝင်ငွေနဲပါးလှသော မြန်မာရွေ့ပြောင်း အလုပ်သမားများကို စာနာသော စိတ်ထားဖြင့် တတ်စွမ်းနိုင်သမျှ ပါဝင်ကူညီပေးကြပါရန် စေတနာရှေ့ထားကာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့်
The Bliss Foundation

Monday, May 9, 2011

“လက်တကမ်းဝယ်”

 (၂၀၁၀-ခုနှစ် ဖေဖေါ်ဝါရီလတွင် တင်ပြီးသားပိုစ့်ကို ပြန်လည်တင်ဆက်ပါသည် - ခရစ္စတလ်)

အပိုင်း(၁)

တစ်နေဝင်လို့ တစ်မိုးချုပ် ဒီအလုပ်ကိုပဲ တကုပ်ကုပ်။
အဟား ရီရတယ် အော် မြန်မာနိုင်ငံမှ ထွက်လာတာ တစ်နှစ်ကနေ နှစ်နှစ်ထဲကို ရောက်လာပေါ့။ လူက ပင်ပန်း၊ အစားကလည်း စားသလောက်မဝနိုင်။ သူများတွေလိုလည်း လှလှပပကလည်း မဖြစ်၊ ရည်းစား လည်း မရှိနဲ့။
စိတ်ထဲကပြောနေတာပါ။ သြော် အပြင်မှာတော့ ဘယ်ပြောရဲပါ့မလဲလေ၊ မြန်မာစကားသံကြားရင် ရဲဖမ်းမှာ စိုး ရသေး။ ထိုင်းသူဋ္ဌေးတွေက ဘတ်ဆိုတဲ့ သူတို့နိုင်ငံ မှာ နေထိုင်ခွင့်ကို လုပ်ပေးမယ်ပြောပြီး အခုထိလည်း မလုပ်ပေးသေး။ အော် ဘဝများ ဘယ်လို ခရီးဆက်ရမလဲ မသိတော့ပါဘူး၊ မတွေးတာပဲကောင်းပါတယ်၊ နောင်ခါလာ နောင်ခါ ဈေးပေါ့။ တတ်နိုင်ပါဘူးလေ။ အိမ်က အကြွေးတွေ ကြေဖို့၊ အဖေဆေးဖိုးတွေအတွက် အားမာန်တင်း ကာ လုပ်လိုက်အုံးမယ်။ နားချိန်လေးမှာ ဖုန်းလေးတစ်လုံးရှိနေလို့ တော်သေးရဲ့။
“ဟလို.....သန်းသန်းလား၊ ငါ အလုပ်ပြီးပြီ၊ စကားပြောရအောင် ငါ ဖရီးကော(free call)၊ လုပ်ထားတယ်၊ ဟင်း .....မအားဘူးလား၊ ဒါဆို ငါက ဘယ်သူနဲ့ ပြောရမှာလဲ၊ ပျင်းတယ်ဟာ ငါ့ကိုစကားပြောဖို့ တစ်ယောက်၊ ယောက်နဲ့ချိတ်ပေးလေ။ အေးရပါတယ်၊ ဘယ်သူနဲ့ ဖြစ်ဖြစ် ဖုန်းပြောနေရင်ပြီးရော ဟာ။ အေး ငါ နံပါတ်မှတ် မယ်နော်။ ကျေးဇူးပဲ ဆက်လိုက်အုံးမယ်”။

“ဟလို....ကိုဒီးလား၊ သမီးက မီးမီးလို့ခေါ်ပါတယ်၊ သန်းသန်းရဲ့ အသိလား အစ်ကိုက။ ဟုတ်ကဲ့၊ သန်းသန်းနဲ့ က ရင်းနှီးတယ် တောင်ကျော်တွေခြင်း(နယ်စပ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူ)အတူတူပါပဲ။ အစ်ကိုက ရော၊ အော် အပေါ်လမ်း(passport)ကဆိုတော့ ဆရာတွေပေါ့နော်။ ဟုတ် ကိုဒီး၊ ကိုဒီးလို့ပဲ ခေါ်မယ်နော်။ ရည်းစားလား မရသေးဘူးကိုဒီး၊ ရောက်ကာစတုန်းက တစ်ယောက်နဲ့ ကွဲခဲ့တယ်၊ အခုတစ် ယောက်နဲ့က သူမိန်းမယူသွားလို့ ပြတ်သွားတယ် ကိုဒီး။ ဟုတ်...တစ်ယောက်တည်းနေပါတယ်။ ဆိုင်မှာက သူဋ္ဌေးက အခန်းပေးပါတယ်။ သမီးတို့ အလုပ်သမားတွေ စုနေကြတာပေါ့။ ဟုတ် ဆိုင်သိမ်းပြီ။ ပျင်းတာနဲ့ ဖုန်းဖရီး ကော ယူထားလို့ ဆက်နေတာပါ။ ကိုဒီးရော စကားပြောလို့ရသလား၊ အော် ဟုတ်၊ လူပျိုကြီးလား။ အော် ဟုတ်၊ ကိုဒီး ရည်းစားဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးလား...အော်။ မယုံဘူးနော် ဟင်း ...ဟင်း။ မရှိဘူး ဆိုတော့ အသက်က ဘယ်လောက်ရှိပြီလဲ။ အော် မီးမီးထက် သုံးနှစ်ပဲ ကြီးတာပေါ့။ အခုကိုဒီး ဘာလုပ်နေလဲဟင်၊ အော် ကိုဒီးကနောက်နေပြန်ပြီ.......ဖုန်းပြောနေမှန်းသိတာပေါ့လို့။ ကိုဒီးက ဘာအလုပ်လုပ်လဲဟင်။ အော် စက်ရုံလား။ ဒါဆို လစာကောင်းမှာပေါ့။ မီးမီးတို့ကတော့ ဘတ်ခြောက်ထောင်ပေးတယ်။ သူဋ္ဌေးကလေ ပိတ်ရက်က နှစ်ရက်ပဲပေးတယ်။ အပြင်လား အဲဒီနှစ်ရက်ဆို သူငယ်ချင်းတွေဆီလည်တယ် မိုးချုပ်ရင်တော့ အဲဒီမှာပဲ အိပ်တာလည်း ရှိတယ်။ ပြန်တာလည်း ရှိပါတယ်။ မီးမီးတို့ဆိုင်လား အော် ပသူနမ်မှာလေ။ ဟုတ် လာလည်လို့ရတာပေါ့။ တွေ့ဖူးရအောင် လာလည်ပေါ့ကိုဒီး။ အဟီး မီးမီးက ရုပ်ဆိုးတယ်၊ မလှဘူး။ ဒါကြောင့် ယောက်ျားမရသေးတာပေါ့လို့။ ရှာပေးမယ်လား ကောင်းသားပဲ။ ကိုဒီးရော တစ်ယောက်တည်းလား။ အော် ဟုတ် တူနေပြန်ပြီနော်။ အဟီး။ မီးမီး ကြားဖူးတာရှိတယ်နော် အသဲကွဲရင် ပွဲညှပ်နဲ့ ဖာရသတဲ့နော်။ ကိုဒီးကို ထားသွားတာလား၊ အော် ဖြစ်ရမယ်တော့၊ ဘာလို့တဲ့လဲ အော အဲသလိုလား။ ယူသွားပါစေပေါ့ သူထက်သာပြီး ငယ်တာလေးကို ရွေးယူလေ။ မီးမီးရှာပေးရမလား။ သူငယ်ချင်းတွေ ရှိပါတယ်။ အကူအညီလိုရင်ပြောနော်။ အခုမှ ရောက်လာတဲ့ မနူးမနပ်လေးတွေလည်း ရှိတယ်၊ အတွေ့အကြုံရှိတဲ့သူတွေလည်း ရှိပါတယ်။ ကြိုက်တာပြော။ ဒါပေါ့ သိပြီးသား ဒီမှာက မြန်မာနိုင်ငံလိုမဟုတ်တော့ အူတူတူလေးတွေကို မကြိုက်ကြဘူးဆိုတာ သိပါတယ်။ အင်း ဒါပေါ့....ဒါပေါ့။ ဟုတ်တာပေါ့။ ကောင်းပါပြီ အသက်ဘယ်လောက်လဲပြောထား တွေ့ရင် ဖုန်းချိတ်ပေးအုံးမယ်။ ကိုဒီးအကြောင်းလည်း ပြောထားအုံးနော်။ ဒါမှ ဟိုဘက် ဒီဘက် ပြောလို့ရမှာ။ အမယ် မပြောရင် သန်းသန်းကို မေးမှာပေါ့။ အင်း အင်း...ဟုတ်ပြီ။ အမယ် မီးမီးလား ပြောပြီးပြီလေ။ သန်းသန်းမေးကြည့်ပေါ့။ မီးမီးတို့က ရိုးရိုးသားသားပါနော်။ အော် ရည်းစားများ ဘာခက်တာလိုက်လို့ ဖုန်းနဲ့ ပြောကြတာပေါ့။ တခါတလေ အပြင်မှာ တွေ့တယ် မုန့်ထွက်စားကြတယ်။ အဲလောက်ပါပဲ။ မီးမီးလား ရည်းစားထားတော့ ထားချင်ပါတယ်၊ ခဏခဏ ပြတ်နေတော့ ရည်းစားမထားတော့ပဲ တခါတည်း ယူလိုက်ရင်ကောင်းမလားလို့ အင်း ဒါပေါ့ ကိုဒီးရှာပေး။ အောင်မလေး ရခဲ့ရင် ကိုဒီးကို မိုကထပ်မှာတော့ အဝ လိုက်ကျွေးနိုင်ပါတယ်လေ။ အဟီးဟီး။ ရည်းစားလား လိုချင်တာပေါ့။ ဒီအတိုင်းတော့ တစ်နေ့ တစ်နေ့ပျင်းတယ်လေ။ စားလိုက် အိပ်လိုက် အလုပ်လုပ်ကို တနေကုန်လုပ်နေရတော့။ အလုပ်ကလည်း တစ်လလုံးမှ နှစ်ရက်ပိတ်တယ်။ ပိတ်တဲ့ရက်လေးမှာ လျှောက်သွားပစ်တာပေါ့။ ဒီတစ်ခါ ပိတ်ရင် ပြောမယ်လေ။ ကိုဒီးက အိပ်တော့မလို့လား။ ဟင့်အင်း မအိပ်သေးဘူး။ ကိုဒီးပြီးရင် နောက်သူငယ်ချင်းတစ်ယောက်ကို ပြောအုံးမှာ။ မဟုတ်ဘူး မိန်းကလေးပါ။ သူက အိမ်အလုပ်လုပ်တယ်။ ဟုတ်။ ကိုဒီး အားခဲ့ရင် ဆက်မယ်လေ။ ကိုဒီးမအားမှာစိုးလို့ သိလား။ အော် ၂၄နာရီလုံးလား၊ ကိုဒီးက နောက်နေပြန်ပါပြီ။ အခုလို ညဘက်ပြောတာပေါ့နော် မီးမီးက နေ့လည် အလုပ်လုပ်ရသေးတယ်။ ဟုတ်ကဲ့ပါ။ ခေါ်လိုက်မယ်။ ဘိုင့်ဘိုင်နော် ကိုဒီး”။
အင်း........အသိတစ်ယောက်တော့ တိုးပြီ အဟိ လူပျိုးလားမသိဘူး။ သန်းသန်း ဆီကို ဆက်ပြီး မေးအုံးမယ် ဟင်း။

မီးမီးသည် ထိုင်းအစားအစာအရောင်းဆိုင်တစ်ခုတွင် တစ်နှစ်ကျော်ခန့် အလုပ်လုပ်နေခဲ့တာဖြစ်သည်။ ထိုဆိုင်တွင် အလုပ်လုပ်ရန် ပွဲစားမှ တဆင့် အလုပ်ဝင်ခဲ့တာဖြစ်၏။ မီးမီးလိုပင် မိန်းကလေး ငယ်လေးပေါင်း များစွာတို့သည် အရေးပေါင်းမြောက်များစွာဖြင့် ဘဝကို လှုပ်ရှားရုန်းကန်နေကြရလေသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှားရုန်းကန်နေရခြင်းပါတကား
ဒီလိုနဲ့ ဝင်ငွေက နည်းပါး၊ အလုပ်က ပင်ပန်း၊ မိမိတို့ရဲ့ဘဝမှာ အပန်းဖြေစရာက ဘောင်က ကျဉ်း၊ လေ့လာစရာများနဲ့က ဝေးလို့ တဖြည်းဖြည်း အနေအထိုင်အပြောအဆိုလေး တွေကလည်း ပြောင်းလဲ လာကြပါတယ်။ ဒီလို ပတ်ဝန်းကျင်ပြောင်းလဲလာတော့ အနေအထိုင် အပြုအမှုတွေလည်း ပြောင်းလဲ လာကြတာ ကြာလာတော့ အမှားတွေသည်ပင် အမှန်ဖြစ်လာပါတော့တယ်။ အမှားကိုလည်း မှားမှန်းမသိ မှားနေကြရင်းနဲ့...........။
 စက်ရုံသို့ အလုပ်ဆင်းရန် လာနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ

အပိုင်း(၂)
ဟိုယခင်တစ်ချိန်တုန်းက မြန်မာနိုင်ငံ၏ညနေခင်းအချိန်လေးတွေမှာ စာအုပ်အငှားဆိုင် လေးတွေသွားကြ ငှားကြတာကို မြင်ယောင်မိနေသေးတော့တယ်။ ဒီ့အပြင် မြင်ယောင်မိလေတာတွေက ယောက်ျားလေး လူငယ်ပိုင်းအုပ်စုလေးတွေက လမ်းမီးတိုင်အောက်လေးတွေမှာ သီချင်းတွေကို ဂစ်တာလေးတွေနဲ့ တေးသွား ကီးတွေချိန်၊ ညှိတဲ့အသံလေးတွေ ကြားဖူးခဲ့တာတွေလည်းပါတယ်။ မိုးရွာသီဆို လမ်းထဲမယ် ဘောလုံးတွေ ကန်ကြနဲ့။ လမ်းထိပ်တွေမှာ ခြင်းဝိုင်းလေးတွေနဲ့။ အုပ်စုတူရာမှာ ဝါသနာအလျောက် တူညီတာလေးတွေ လုပ်ကြတယ်။ ဗီဒီယိုတွေ ခေတ်မစားခင်ကပေါ့။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့လူငယ်တွေ ဘယ်လိုအရာ တွေနဲ့ ကောင်းမွန်စွာ အပန်းဖြေခဲ့ကြသလဲပေါ့။ အပန်းဖြေမှန်းမသိ စိတ်တွေကို ဘာတွေနဲ့ စေစားလာ ခဲ့ကြတာပေါ့။ ဘာသာရေးဘက်က ပြောရရင် ညနေပိုင်းမှာ ရပ်ကွက်ဓမ္မာရုံတွေမှာ ဝတ်ရွတ်ဆိုကြတယ်။ ဘုရားမှာ နေ့စဉ်အလှည့်ကျနဲ့ သန့်ရှင်းရေးတွေလုပ်ကြ၊ ဆွမ်းတော်ကြီးတင်ဖို့ ပြင်ဆင်ကြနဲ့။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သန့်ရှင်း အေးချမ်းလိုက်ပါဘိတော့တယ်နော်။ ဒါလေးတွေက လူငယ် လူလတ်ပိုင်းတွေကို အပန်းဖြေစေတာမျိုး ဖြစ်သောလည်း ဝါသနာကောင်းလေးတွေနဲ့ အကျိုးရှိတယ်လို့ ပြောရမလားပဲ။ အချို့တွေ မကောင်းတာလေးတွေ လုပ်နေကြတာကိုတော့ ထည့်မပြောတော့ပါဘူး။ ပွဲလမ်းသဘင်ဆိုလို့ ဇာတ်သဘင်တွေ ခေတ်စားစဉ် အချိန်တွေပေါ့။ မြင်ယောင်ကြည့်စမ်းပါ။ တစ်ချိန်တုန်းဆီက အတိတ်တွေသည် လှပခဲ့ နူးညံ့ခဲ့၊ အပြစ်ကင်းခဲ့ကြပါတယ်။
တိုင်းပြည်တစ်ခုမှာ နောင်တစ်ချိန် လူကြီး အရွယ်ရောက်လာကြမယ့် လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေသည် အလွန်အရေးပါတယ် မဟုတ်လား။ ဒါတွေကို ပြည့်ဝနေတဲ့ လူအနည်းစုက ပစ်ပယ်မထားထိုက် ပေဘူးနော်။ ယခုအချိန်မှာတော့ နည်းပညာတွေလည်း တိုးတက်လာကြတဲ့အခါ စာအုပ်ငှားဆိုင်သွားမယ့် အချိန်မှာ အင်တာနက်ဆိုင်သွားတတ်လာကြပြီ။ ဂစ်တာတွေတီး သီချင်းတွေ ဆိုကြမယ့်အစား အွန်လိုင်းမှာ သီချင်းတွေ နားဆင် ဒေါင်းလုပ်နိုင်ကြပြီလေ။ ကလေးငယ်လေးတွေ ဆိုရင်လည်း ဂိမ်းဆိုင်မှာ အချိန်ကုန် နေကြပြီ။ ပြေးလွှားဆော့ကစားတဲ့ ကိုယ်ကာယအားတွေ တိုးတက်ဖို့ကို မိဘတွေ စဉ်းစားမိကြရဲ့လား။ ဒီခေတ်ကြီးထဲ လူဖြစ်လာတဲ့ သူတွေက ဘယ်နေရာမှ သွားစရာမလို ပင်ပန်းစရာမလိုအောင်လည်း ကွန်ပျူ တာရှေ့မှာ ထိုင်ပြီး လုပ်နိုင်တဲ့ခေတ်ကိုလည်း ပြောင်းလဲလာကြပြီ။ ဒါပေမယ့် အားလုံးလုပ်နိုင်သလားဆို တော့ မဟုတ်သေးဘူးနော်။ မလုပ်နိုင်တဲ့သူတွေများ ဘာတွေလုပ်နေကြလဲ စဉ်းစားကြည့်ကြပါ၊ လက်တစ် ကမ်းမှာ လေ့လာကြည့်ကြပါ။ လူငယ်ပိုင်းတွေ ဘာတွေနဲ့ အချိန်တွေ ကုန်နေကြသလဲ။ အားလပ်ချိန်ကို ဘယ်လိုအသုံးချနေကြလဲ။ အားလပ်ချိန်မှာ ဘယ်လို အသုံးချမလဲဆိုတာကိုပါ လေ့လာကြပါ။ ဘယ်နိုင်ငံကိုပဲ ရောက်နေ ရောက်နေ လူငယ်တွေ အလုပ်အားရင် အနားယူကြတယ်၊ အနားယူပြီးရင်ရော လျှောက်လည် ကြမယ်။ အလည်လွန်သွားတာလေးတွေလည်း ဒီနေရာမှာ ရှိနေတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို လာရောက်အလုပ်လုပ်ကိုင်နေသူတိုင်း မြန်မာနိုင်ငံလို စပ်စုတဲ့သူမများဘူး၊ နိုင်ငံရပ်ခြားမှာ ဘယ်သူသိ တာမှတ်လို့၊ သူတို့တွေ ဒီလိုနေကြလို့ ကိုယ်လည်း လိုက်နေဖြစ်တာမျိုးတွေ အစရှိသဖြင့်ပေါ့လေ မထူး ဇာတ်ခင်းတာလေးတွေလည်း ရှိနေကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း အတွင်းလှိုက်စားတာလေးတွေလည်း ရှိပါတယ်။ အပြင်နဲ့ အဆင်ပြေတာလေးတွေလည်း ရှိကြပါတယ်။ သို့ပါသောလည်း ပြောချင်တာကတော့ ကိုယ့်ကျင့်တရားပါ။ ဘယ်သူမှ သိတာမဟုတ်ဘူး ဆိုတဲ့ အတွေး တွေနဲ့ ခပ်ရဲရဲပင်။
ဖုန်းပြောတော့လည်း စကားတွေနဲ့ လွန်လွန်ကျူးကျူး။ အပြင်တွေမှာလည်း ဘယ်သူမှာ သိပါဘူးလေ ဆိုတဲ့စိတ်က အားဆေးတစ်ခုလို။ ကိုယ့်စိတ်က သိနေတာလောက် မကောင်းမှုကို လွန်ကျူးရတာ ရှက်စရာအကောင်းဆုံးပင်။ ဘယ်သူမှတော့ မသိဘူး၊ ရောဂါအဖြစ်တော့ လက်ဆောင်အနေနဲ့ ရတတ် ပါတယ်။ ဘယ်သူမှ မသိတဲ့ ကိုယ်ရဲ့ ကိုယ်ကျင့်တရားတစ်ခု ဖောက်ပြားသွားတာက ဆုံးရှူံးခြင်း တစ်ခု။
ဒီတော့ မေးစရာရှိလာတာက အဲသလိုတွေ မဖြစ်အောင် ဘာနည်းလမ်းကောင်းတွေ ရှိသလဲပေါ့။ နိုင်ငံရပ်ခြား ကို ရောက်လာတဲ့ သူတို့တွေအတွက် ဘောလုံးစုကန်လို့ ရတဲ့နေရာမျိုးတွေရှိတယ်။ မြန်မာဘုန်းကြီးကျောင်း ရှိတဲ့နေရာတွေ သွားပြီး သန့်ရှင်းရေးလုပ်ကြမယ် (ပျော်ပျော်ပါးပါး အုပ်စုဖွဲ့ လုပ်နိုင်တာလေးတွေ)၊ သင်္ကန်း တွေ လျှော်ပေးကြလို့ပေါ့။ အင်္ဂလိပ်စာလေ့လာခြင်းနဲ့ ကိုယ်ရောက်ရှိနေတဲ့နိုင်ငံနဲ့ ပတ်သက်တာတွေ လေ့လာနိုင်တာပေါ့။ ကိုယ့်အနီးလက်တစ်ကမ်းမှာ ဘာတွေ လေ့လာလို့ရနိုင်မလဲ။ ကိုယ်ရောက်နေတာ စက်ရုံလား၊ စက်ရုံမှာ ကုန်ပစ္စည်းတွေ ဘယ်လိုထုတ်တယ်။ ဘယ်လို စီမံကြတယ်၊ အလုပ်တွေ လုပ်ရင်း သင်ကြားနိုင်တာတွေ အများကြီးရှိနေတာကို မြင်တတ်ဖို့လိုပါတယ်။ ထမင်းဆိုင်မှာ လုပ်တဲ့သူကလည်း ဟင်းချက်နည်းလေးတွေလေ့လာနိုင်မယ်။ တစ်ချိန်လုံး သူများနိုင်ငံမှာ နေကြမှာမှ မဟုတ်ကြတာ။ ကိုယ့်အိမ်ကို ပြန်တဲ့လမ်းမှာ သင်ခန်းစာတွေ အတွေ့အကြုံတွေနဲ့ ပညာရပ်တွေကိုပါ တစ်ပါးတည်း ယူဆောင်သွားနိုင်ကြပါတယ်။ ယူဆောင်တတ်ဖို့ကို ကိုယ်တိုင်စိတ်ပါဝင်စားရမယ်၊ ကြိုးစားရမယ်၊ မြင်တတ်ရမယ်၊ မမြင်တတ်ရင် မြင်တတ်သူတွေကို ချဉ်းကပ်လို့ မေးကြပါ။ မေးတတ်ခြင်းက အရည်အသွေးပါ။ သိသလိုနဲ့ မသိတာက ကျကျမ်းနော်။ ကိုယ်လုပ်နေရတဲ့နေရာမှာလည်း ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရတဲ့သူက ရာခိုင်နှုန်းတော်တော်များပါတယ်။ ဒါပေမယ့် ရောက်နေတဲ့ နေရာမှာ အကျိုးရှိအောင် နေသွားဖို့ကို အလွန်အရေးကြီးပါတယ်။ ယူတတ်ရင် ပညာတွေက နေရာတိုင်းမှ ရပါတယ်။ လူတိုင်းလည်း အဆင်မပြေမှုတွေနဲ့ တွေ့ရတယ်၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး အများနဲ့ပါ။ ဘာလို့ စိတ်ဓာတ်တွေ ထက်ကျနေမလဲ။ နှစ်ခါမရှုံးအောင် နေထိုင်ကြဖို့လိုပါတယ်။ တချို့ကလည်း ပြန်ချင်တဲ့ဇောနဲ့ ထီထိုးကြပါတယ်။ ထီကနေ ချဲဘက်ကိုလည်း လှည့်ကြတာတွေလည်း ရှိပြန်တယ်။ အဲဒါလေးတွေကို ပိုက်ဆံစုထားမယ်ဆိုရင်တောင် တစ်နှစ်ဆို အများကြီးရကြမှာပါ။ အဲဒီတော့ ကိုယ်ရှင်သန်နေတဲ့ အချိန်တိုင်းမှာ ကိုယ်က အဓိပ္ပါယ်ရှိစွာနဲ့ ရှင်သန်ဖို့လိုပါတယ်။
လမ်းညွှန်ပေးနိုင်တဲ့သူများဘက်ကလည်း တတ်နိုင်သလောက် ပစ်မထားကြပါနဲ့။ လူသားချင်း ကိုယ့်နိုင်ငံ သားချင်း စာနာစိတ်လေးတွေထားပေးကြပါ။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ဂုဏ်တွေ ပြိုင်နေကြမယ့် အစား၊ တစ်ဦးတစ်ယောက်ကိုပဲ ကူညီနိုင်သည်ဖြစ်စေ၊ မိမိရဲ့လက်တစ်ကမ်းရှိနေကြသော ကိုယ့်ဝန်းကျင်လေးကို မေတ္တာထားလို့ ကူညီပေးကြပါ၊ စာနာပေးကြပါလို့ ဒီဆောင်းပါးလေးက တဆင့် မေတ္တာရပ်ခံလိုက်ရပါတယ် ရှင်။
ကူညီပေးနေဆဲ၊ စောင့်ရှောက်နေဆဲရှိကြသော သူအပေါင်းတို့သည်လည်း မိမိတို့၏ တန်ဖိုးရှိလှသော စေတနာများ၊ မေတ္တာများနဲ့ ဆောင်ရွက်မှုတွေမှာ အခက်အခဲတွေ မရှိကြပါစေနဲ့၊ ရည်ရွယ်ချက်တွေလည်း အောင်မြင်ကြပါစေ။ ထိရောက်စွာ ဆောင်ရွက်အောင်မြင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဆောင်ရွက်နေကြတဲ့ အဖွဲ့များလည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်နိုင်ကြပါစေ၊ လိုအပ်တဲ့ဘက်က ဖြည့်နိုင်ကြစေ၊ ကိုယ်တကယ်တတ်ကျွမ်းတဲ့အပိုင်းများက ပံ့ပိုးနိုင်ကြပါစေ၊ အများအကျိုးအတွက်ဟု စိတ်ဝယ်ခံယူလို့ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

လေးစားစွာဖြင့်
ခါဝဿန်(US)
(၂၁-ဇန်နဝါရီလ-၂၀၁၀) ၁၂း၁၂ ညပိုင်းတွင် ရေးသားမှုပြီးစီးပါသည်။

ဆောင်းပါးကို ဖတ်ခွင့်ရသော စာဖတ်သူများသည်လည်း မိမိလက်တစ်ကမ်းတွင်ရှိသော အခွင့်အရေးများကို တွေ့လျှင်လည်း မြင်တတ်ကြပါစေ၊ သင်ခန်းစာတွေလည်း ရကြပါစေ၊ ကောင်းမွန်သော ပြောင်းလဲမှုများဖြင့် လောကအလယ် တင့်တယ်နိုင်ကြပါစေလို့။ အိမ်အပြန်လမ်းမှာ ပီတိတွေ လျှမ်းနိုင်ကြဖို့ အားစိုက်ထုတ်လို့ ကြိုးစားကြပါစို့။

ဆက်စပ် သတင်းလင့် လဲနေသူကို ထူပေးပါ

Sunday, May 8, 2011

“လက်တကမ်းဝယ်” ဖြစ်ပေါ်လာပုံ။

(၂၀၁၀-ခုနှစ် ဖေဖေါ်ဝါရီလတွင် တင်ပြီးသားပိုစ့်ကို ပြန်လည်တင်ဆက်ပါသည် - ခရစ္စတလ်)

တနေ့မှာ ဇေယျဝတီ အလင်းအိမ်မက် မှ ဘုန်းဘုန်း ဦးမာန်ကို နှုတ်ဆက်ရင်းမှ လူအများအကျိုးရှိစေဖို့ အတွက် ပိုစ့်ရေးဖို့ ပြောလာသောကြောင့် မဝဿန် (ခါဝဿန်-US)နှင့် တိုင်ပင်ကာ “လက်တကမ်းဝယ်” ပိုစ့်လေးကို စာစီဖြစ်ခဲ့ပါတယ်။ စာစီဖြစ်ခဲ့ ပုံလေးကတော့...။

ဦးတည်အုပ်စု။ ။ မြန်မာနိုင်ငံပြင်ပတွင်ရှိသော ဝင်ငွေနဲ ရွေ့ပြောင်းအလုပ်သမားများ။

ရည်ရွယ်ချက်။ ။ မြန်မာနိုင်ငံပြင်ပတွင်ရှိသော ဝင်ငွေနဲ ရွေ့ပြောင်းအလုပ်သမားများတွင် ဗဟုသုတလေ့လာ အားနည်းပါးခြင်း၊ ပညာရေးအခြေခံအားနည်းခြင်း၊ မှန်ကန်သော လမ်းညွှန်ပေးနိုင်မည့် သူများ မရှိကြခြင်း။
မြန်မာနိုင်ငံအတွင်းဝယ် နေထိုင်ကြသော ဝင်ငွေနဲတဲ့ အလုပ်လုပ်အမျိုမျိုး ရွေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမားများသည် မိမိနိုင်ငံ၏ အနီးစပ်ဆုံးသော ထိုင်းနိုင်ငံသို့၎င်း၊ အလုပ်သမားအေဂျင်စီများမှ ငွေနှင့် ပို့ဆောင်ပေးသော မလေးရှားနိုင်ငံသို့၎င်း၊ ထို့ထက်အနည်းငယ် အရည်အချင်းရှိ၍ ငွေအနည်းငယ်ပိုပေး နိုင်ပါက စင်္ကာပူနိုင်ငံသို့၎င်း၊ ငွေမြောက်မြားစွာ ရင်းနှီးနိုင်ပါက ဂျပန်နိုင်ငံများနှင့် အခြားသော နိုင်ငံများအသီးသီးသို့ သွားရောက်ကာ မိမိရောက်ရှိရာနိုင်ငံ၏ အလုပ်လုပ် အမျိုးမျိုးကို လုပ်ကိုင်လျှက် ရှိကြပါသည်။ အခြားသော နည်းလမ်းအမျိုးမျိုးနှင့် မြန်မာနိုင်ငံမှ ထွက်ခွာကြကာ လက်လှမ်း မီရာ မိမိနှင့် နီးစပ်ရာများမှ တဆင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်ကာ ဘဝအတွက် ရုန်းကန်မှုမျိုးစုံ ကို ကြံ့ကြံ့ခံလျှက် လှုပ်ရှားရုန်းကန်နေ ကြရပေသည်။
ထို့အတွက်ကြောင် မြန်မာနိုင်ငံမှ စိမ့်ထွက်လျှက် ရှိသော လူဦးရေမှာ အဘယ်မျှ ရှိမည်ကို မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်နှင့် နယ်စပ်ဂိတ်များ၊ immigration မှ စာအုပ်နံပါတ်များက သက်သေခံလျှက်ရှိပါသည်။ လောကအလယ်တွင် လူ့အလွှာအသီးသီးရှိကြရာ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးမှ လူသားတို့သည် မိမိတို့ နေထိုင်ရှင်သန်ကြရေး အတွက် နည်းအမျိုးမျိုးနှင့် လှုပ်ရှား ရုန်းကန်နေကြရပေသည်။ ထို့အထဲတွင်မှ မိမိလက်တစ်ကမ်းတွင်ရှိသော အစစအားနည်း လျှက်ရှိသော လူသားများကို တွေ့ဆုံခဲ့ပါလျှင် သူတို့တစ်သားတည်းဖြစ်အောင် အရင်နေပေးလိုက်ပါ၊ ပြီးနောက် အားနည်းသည်များကို စာနာစိတ်လေးဖြင့် ဝိုင်းဝန်း ကူညီကြပါ၊ ကူညီကြရာတွင်လည်း နိမ့်ပါးနေခြင်းကို အပြစ်မမြင်ကြပါနဲ့၊ ထိုသို့ အသွေး အရောင်မခွဲခြားပဲ ဝိုင်းဝန်းကူညီကြပေး နိုင်ကြပါလျှင် အများအကျိုးရှိ စေခြင်းငှာ ပြုလုပ်သင့်၊ ပြုလုပ်ထိုက် ပြုလုပ်ကောင်းသည်ဟု သတ္တဝါတို့၏ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ စကားကို နားထောင်ရာ လိုက်နာရာ ကျင့်သုံးရာ ရောက်ပါပေသည်မဟုတ်ပါလား။

MY LOVE
My love is warmer than a smile
My love gives to every needing child
If anyone should ask you who's my true love
Tell them my love true is ever
letting all their love come through
My love sees love with not a face
And lives to love through time and space.
If all of everything about my love
fits to the tune of you
Then you can say that you are my love too.
Let my love shine throughout the world
To every mountain top and steeple
Let It be felt by every soul
'Til love's all over
Let it reach out to every heart
To every disinfranchised people
'Til it is present and no more is
Pain all over
Our love sees love's the key to peace
We'll pray 'til all world wars have ceased
Should you or anyone you know
Enough to say they feel as we
Then let our universal song be free
Let our love shine throughout the world
To every mountain tap and steeple
Let it be felt by every soul
Til love's all over
Let it reach out to every heart
To every disinfranchised people
Till it is present and no more is
Pain all over
Say words of love to all we see
To rich or poor for love is equal
Let us lift up humanity
Spead love all over
Let all its forces join as one
So to rebuke all signs of evil
Through every valley, land and sea