သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, February 28, 2010

ကျေနပ်စရာ ဘဝမှာ။

ညနေခင်း လေပြေ လေညှင်းကို ခံစားရင်း လက်ကျန် တစ်ခွက်ကို အပြတ်ရှင်းလိုက်ပါတယ်။ ဘဝမှာ ကျုပ် အိမ်ထောင်ဦးစီးအဖြစ်နဲ့နေလာတာ အနှစ်နှစ်ဆယ်ရှိပြီ။ သမီးလေး တစ်ယောက်ထွန်းကားပါတယ်။ သမီးလည်း အသက် (၁၈)နှစ်ရောက်လာလို့ တက္ကသိုလ်ကျောင်းသူကြီးဖားဖားဖြစ်လာပေါ့။ သမီးတက္ကသိုလ် တက်လို့ ချစ်သူရလာတဲ့အချိန်မှ ကိုယ်လည်း အသက် (၄၅)နှစ်ဖြစ်လာပြီပဲလို့ သတိထားမိခဲ့တယ်။ ကျုပ်ဇနီးသည်က အေးချမ်းတယ်၊ ပြောရရင် ကျုပ်တို့ဇနီးမောင်နှံက ဘဝကို ရဲဖော်ရဲဖက်အဖြစ် ရုန်းကန်လာခဲ့ကြတာ။ ကျုပ်က ဇနီးသည်ကို အားကိုးတယ်။ ပြောရင် မရယ်ပါနဲ့လေ၊ ကျုပ်လို မျက်စိတဖက်စောင်းနဲ့ ပုပုတက်တက်ကို ကြင်နာသနားစိတ်နဲ့ ခင်ပွန်းသည်အဖြစ်လက်ခံခဲ့တာပါ။ ငယ်ငယ်ကဆို ကျုပ်တို့ရွာမှာ ဇနီးလောင်းလေးကို ကြိုက်ကြတဲ့သူတွေက အများသား။ ကျုပ်လိုလူကို ဘယ်လာ မျက်စိထဲရှိပါ့မလဲ။ ကျုပ်ကတော့ တိတ်တဆိတ်ငေးနေရုံပေါ့။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန်တန်ရုံဆိုတဲ့ စကားကလည်း ရှိသားကလား။
ဒီလိုနဲ့ လယ်ယာထွန်ယက်စိုက်ပျိုးနေရတဲ့ အချိန်တွေနဲ့ နေလာရင်း လယ်တောက အပြန်လမ်းတစ်နေရာမှာ ကျုပ်ကို ဟိုဘက်ရွာက သကောင့်သားတွေက ထန်းရည်မူးပြီး စကြတယ်၊ မျက်စိက စွေစောင်း၊ လူက ပေစောင်းစောင်း၊ အေးမြက ဂျလောင်းတဲ့။ အော် ပြောရအုံးမယ် အေးမြဆိုတာ ကျုပ်ရဲ့ ဇနီးလောင်းလေးပါ၊ နာမည် အပြည့်အစုံက အေးမြမြစံတဲ့။ သူတို့ပြောတာကို ကျုပ်လည်း ကြားတယ်၊ ရေခပ်ဖို့လာတဲ့ အေးမြကလည်း ကြားတယ်။ ကျုပ်က ဘာမှ မပြောပါဘူး၊ ရွာထဲကို ဆက်ဝင်လာတယ်၊ ဒါပေသည့် ကျုပ်ရဲ့ အေးမြက မနေဘူးခင်ဗျာ့။ ငါက ဘာလို့မောင်းရမှာလဲ၊ မောင်းရင်း မောင်း နင်တို့ကို မောင်းမှာ လို့ ပြောလိုက်သတဲ့ဗျာ။ ကျုပ်ဖြင့် ပျော်လိုက်ရတာဗျာ၊ ကွေးနေအောင် ကလိုက်ချင်မိသေးတယ်။
အေးမြက လာ ...ကိုရင် ရေခပ်သွားရအောင်တဲ့၊ ဟမလေး လိုက်မှာပေါ့။ ကျုပ်က ခပ်ပေး...အုံးမှာ။
အင်း.... ပီတိပေါ့ဗျာ။ ကျုပ်လိုလူကို လူရာသွင်းတာ ကျုပ်ဇနီးလေးကို ကျေးဇူးတင်လို့မဆုံးပါဘူး။ တိုတိုပြော ကြပါစို့ရဲ့ဗျာ-အဲဒီနေ့ကနေ နောက် တစ်လ အကြာမှာ ကျုပ်တို့ ချစ်သူတွေဖြစ်သွားကြပါလေရော၊ နောက်ထပ် (၂)နှစ် လောက်ကြာတော့ ကျုပ်မှာ စုဆောင်းထားတာလေးတွေလည်း အတော်အသင့်ရှိပြီ ဖြစ်လို့ လက်ထပ်ကြဖို့ လူကြီးတွေကို ဖွင့်ပြောခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်က ကျုပ်ချစ်သူလေးကို အနားမှာ ရှိစေချင်တာနဲ့၊ အေးမြလို လှတဲ့သူကို ချုလိုကြတဲ့ ကာလသားတွေကလည်း ရှိတော့ကား၊ လက်နှေးနေလို့ဖြင့် မတော် ပေဘူးဆိုပြီး ကျုပ်တို့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ခါစမှာ ကျုပ်အလုပ်လေးတွေကို အိမ်သူ သက်ထားလေးက ဝိုင်းကူ၊ ကျုပ်ကလည်း သူ့အပေါ်ကြင်နာလို့ အဆုံးနိုင်ကြဘူး ပေါ့။ တနေ့တော့ ကျုပ်မေးကြည့်တယ် ကျုပ်လိုလူကို ဘာကြောင့် ချစ်သလဲပေါ့။ အေးမြက ဒီလိုဖြေသဗျ၊ ကျုပ်က တော့ကို စိတ်ကို ချစ်တာတော့၊ ကျုပ်ပေါင်းရမှာက တော့ရဲ့စိတ်နဲ့ပေါင်းသင်းရမှာမို့လေ၊ နောက် ကိုရင်က အကျင့်စာရိတ္ထလည်း ကောင်းသကိုး၊ ရွာထဲမယ် နာမည်ပျက်လည်း မရှိဘူး၊ ပတ်ဝန်းကျင်ကို သည်းခံနိုင်တဲ့ ခံနိုင်ရည်စိတ်ထားလည်း ထားတတ်တယ်၊ အလုပ်ကိုလည်း ကြိုးစားတယ်၊ လူကြီးသူမတွေကိုလည်း ရိုသေတယ်၊ ဘာသာတရားလည်း ကိုင်းရှိင်းတယ်။ ဘဝဆိုတာ ဘာမှ ရေရာတာမဟုတ်ဘူး ကိုရင်၊ ဒီနေ့ ကိုရင် လယ်ယာလုပ်တာကောင်းပေမယ့်၊ နောက်နေ့ လယ်မှာ စပါးမအောင်သော မခက်လော၊ ဒါကြောင့် လူဆိုတာ တဒင်္ဂချမ်းသာတာတစ်ခုတည်း ကျုပ်တို့ မိန်းကလေးတွေက ကြည့်လို့မဖြစ်ဘူးတော့။ စိတ်စေတနာကောင်းခြင်းကိုလည်း ကြည့်ရပါသေးသတော့၊ ရေရှည်မှာ ကိုယ့်အပေါ် သစ္စာလည်း ထားနိုင်မှ၊ မေတ္တာလည်း မပျယ်မှ၊ နောက်လောကဓံကိုလည်း သည်းခံတတ်ရမယ်လေ ကိုရင်။ ကျုပ်တွက်တာ မမှားဘူးဆိုရင် ကိုရင်နဲ့ ကျုပ်တို့ ဘဝလမ်းခရီးမှာ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြမှာပါတော်။ အော် အေးမြရယ် နင်တွေးတတ်လှချည်လား၊ အမြော်အမြင်ကြီးလိုက်တာကွယ်၊ စိတ်ချပါ ကျုပ်အသက်ရှင်နေသ၍ သစ္စာလည်း ရှိပါ့မယ်၊ မေတ္တာလည်း မပျယ်စေရပါဘူးလို့ ကတိပေးပါရဲ့။ ဒါတွေက ကျုပ်တို့ အိမ်ထောင်ဦးမှသည် ယနေ့အထိ အမြဲတည်တံ့စေခဲ့တဲ့ စကားတွေပါပဲဗျာ။ 
အခုတော့ ကျုပ်တို့ မြို့ကို ရောက်လာကြပြီ၊ မြို့မှာ ဈေးဆိုင်လေးဖွင့်ထားတယ်၊ ကျုပ်က နေပူစပ်ခါး တွန်းလှည်းလေးနဲ့ ရောင်း၊ ဇနီးအလှကိုတော့ နေရိပ်မှာပဲ ရောင်းစေပါတယ်။ မြို့တော်ကြီးမှာ အကြွေးနဲ့ ဝယ်ခွင့်ရတဲ့ ကားလေးတစ်စင်းဝယ်ထားပါတယ်၊ လယ်ယာအချိန်မှာ တောကိုပြန် လယ်ဝိုင်းစိုက်ပေး၊ ကျန်တဲ့အချိန်တော့ ရွာက စာရင်းငှားများနဲ့ အပ်ခဲ့ရသပ။ အေးမြဘက် အမျိုးတွေနဲ့ ကျုပ်တို့အမျိုးတွေ ကလည်း ဝိုင်းကြည့်ပေးကြတာပေါ့။ ကျုပ်တို့ သမီးလေး ရှေ့ရေးအတွက် စုစုဆောင်းဆောင်းလေး ပြင်ဆင်ထားရတာပေါ့။ ကျုပ်ဇနီးမှာလည်း ကျုပ်ကို ပြုစုရ၊ သူ့သမီးကို စောင့်ရှောက်ရနဲ့  မနားရရှာဘူး။ တခြားလူတွေကတော့ ပြောကြတယ် မိန်းမယူပြီးရင် ကိုယ့်မိန်းမလွဲလို့ ကျန်တဲ့မိန်းမ အကုန်လှသတဲ့ဗျား၊ ကျုပ်ကတော့ အဲသလိုမထင်ဘူး ကျုပ်မိန်းမကို ဘယ်ချိန်ကြည့်ကြည့် ပင်ပန်းနေတဲ့အချိန်ကြည့်လဲ တစ်မျိုးလှတယ်ထင်တာပဲ၊ ပင်ပန်းလို့ အိပ်မောကြနေချိန် သူမ ဟောက်သံလေးက အခုထိ နားထဲ ချော့သိပ်နေသလို ထင်နေတုန်းပဲ၊ ကျုပ်ကို နားလည်ပေးနိုင်တဲ့ မိန်းမ ကမ္ဘာပေါ်မှာ ဘယ်နားသွားရှာရအုံးမလဲ ပြောစမ်းပါအုံးလေ။ တစ်ခါတလေ ကျုပ်လက်ပေါ် ခေါင်းတင်လို့ ကွေးကွေးလေး အိပ်ပျော်နေတုန်း ခြင်ကိုက်တာတောင် မလှုပ်ရှားဝံ့ဘူး၊ သနားစရာကောင်းလိုက်တဲ့ မိန်းမ။ ကျုပ်လိုကောင်ကို ညနေတိုင်း ဘီယာတစ်ပုလင်းလောက် မော့ဖို့ ခွင့်ပြုထားလေရဲ့၊ အဟဲ ဟဲ။ ဒါလေးလည်း တစ်မျိုးချစ်စရာ။ ကျုပ်ဘယ်ကိုသွားသွား ကျုပ်မိသားစုနဲ့ သွားရမှဗျ။ ကျုပ်တို့ ဇနီးမောင်နှံနဲ့ သမီးလေးတို့ ဘာသာရေးလုပ်လည်း အတူတူ၊ အလည်အပတ် သွားကြလည်း အတူတူ၊ ပြောရရင်တော့ လွန်မယ်မထင်နဲ့ ကျုပ်ဘေးမှာ ခပ်လှမ်းလှမ်းမှာပဲဖြစ်ဖြစ် ကျုပ်ဇနီးလေး ရှိနေမှ ဘဝမှာ ကျေနပ်စရာ ကောင်းတယ်လို့ကို ထင်တာ။ ကျုပ်တို့က နိဗ္ဗာန်သွားရင်လည်း အတူတူသွားအုံးမှာဗျနော့။ ပြောပြရရင်တော့ဗျာ ကျုပ်တို့ ကစစ်တဲ့ မေတ္တာတွေနဲ့ ဘဝလေးကို တည်ဆောက်ခဲ့ကြတာပါ၊ ပြန်လည်တွေးမိတိုင်း ပီတိဖြစ်ရသဗျာ။ 
ဘဝမှာ အနေတတ်ရင် ကျေနပ်စရာပါ။

တေးဆို-ဟန်ထူးလွင်                 မယ်တင်                  တေးရေး-အရိုး

တေးဆို-ဂရေဟမ်+ ရတနာဦး                             တေးရေး-အဉ္ဖလီမောင်မောင်
အေးအတူ ပူအမျှ ဒို့ဘဝလေးမှာ။

(တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ကျမရဲ့ အိမ်ရှေ့မှ ဈေးသည် ဇနီးမောင်နှံတို့၏ ဘဝဇာတ်လမ်းလေးကို ဇနီးမောင်နှံတို့ အားကျစေရန် အတွက်လည်းကောင်း ရေးသား တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။ 
တင်ဆက်သူ - ခရစ်တလ်)

ဘုရားသွား ကျောင်းတက် နေ့စဉ်မောင်နှင့်ပင်။

ချစ်သူဘဝနှင့်  အိမ်ထောင်သည်ဘဝမှာပါ အရောက်ဖြစ်ဆုံးနေရာကတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ကျမတို့နှစ်ဦးသည် မြတ်စွာဘုရားကို အကြိမ်ကြိမ် ဦးခိုက်ဖြစ်ခဲ့ကြ ပါတယ်။ ဒီသီချင်းတွေလည်း သူက နားဆင်ဖို့ပို့ပေးတာကြောင့် သေချာစွာ နားထောင်မိရင်း ကြည်နူးရွှင်ပျ ပြုံးမိခဲ့ရပါတယ်ရှင်။
တပေါင်းလပြည့်နေ့ အမှတ်တယ။




အတူတူ မအိပ်နဲ့။


အတူတူမအိပ်သင့်သောအရာ (၅)မျိုးရှိပါတယ်။
(၁) နာရီဝတ်ပြီးမအိပ်ပါနဲ့ 
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်၊ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို
ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင် ပါတယ်၊ ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။

(၂) အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့။
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကို ၀တ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်း သိရပါတယ်၊ ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Please sleep without bra. 
(၃) ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး၊ တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်၊
အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်၊
ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကို ထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်၊ အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်၊
ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်
(၄) မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့
ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူများဟာ
ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်၊
မိတ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် အရေပြားပေါ်ရှိ ချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ်အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေ နိုင်ပါတယ်၊
အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်၊
ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ၊
(၅) သူတစ်ပါးရဲ့ယောင်္ကျား၊ မိန်းမများနဲ့အတူတူမအိပ်ပါနဲ့။
နောက်ဆုံးတစ်ခု အတူတူမအိပ်သင့်တဲ့ အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား၊ သူတစ်ပါးရဲ့ မိန်းမများနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့၊ ဘယ်သောခါမှ (အကုသိုလ်နယ်ပယ်) ပြန်လည်နိုးထမှာ မဟုတ်တော့လို့ပါ။

(from forwarded mail) 
 Dhamma Garden Centre ဒီနေရာလေးကနေ ပြန်ကူးယူဖော်ပြထားပါတယ်ရှင်။

Saturday, February 27, 2010

ဘဝဇာတ်ခုံပေါ်မှ ဇာတ်ရုပ်များ။

သူတို့လေးတွေမှာ တနေ့ တနေ့ သွားလာလှုပ်ရှား ရုန်းကန် ရှာဖွေစားသောက်ရတာလည်း ပင်ပန်းလှတယ်။ ခန္ဓာနဲ့ ရင်းနှီး စားသောက်နေရတော့ စိတ်ပင်ပန်းမှုနှင့် လူပင်ပန်းရတဲ့နေ့တွေလည်း မနဲတော့ဘူး။ တစ်ခါ တလေလည်း ဧည့်သည်မရတဲ့ နေ့တွေလည်း ရှိကြရှာတယ်။ သူတို့က အိမ်ခန်းတွေ တည်းခိုခန်းတွေမှာလို အလုပ်ဆင်းရတဲ့သူတွေလို အေးအေးဆေးဆေး မရှိလှဘူး။ ဧည့်သည်ရှာဖွေရခြင်း ပင်ပန်းမှုတစ်ခုပိုတယ်လို့ ဆိုကြပါတယ်။ ရဲတွေက စီမံချက်ဝင်ရင်လည်း အလုပ်နားထားရပါတယ်၊ ကိုယ်သွားလာလှုပ်ရှား နေကြနေရာတွေကို ခဏနား ထားရပါတယ်။ ကွမ်းယာဆိုင်လေးတွေ အနီးအနားမှာ ယောင်လည် လည်နေကြရတယ်။ ကွမ်းယာဆိုင်ဆိုတော့လည်း ကျားသတ္တဝါတွေ အသွားအလာ များတတ်ကြတာကလား။ ကဲကောင်မလေး တစ်ယောက်ပြောတဲ့ ပုံပြင်လေး နားထောင်ကြည့်ကြပါအုံးစို့။
အင်း တခါတုန်းက အမှတ်ရမိပါသေးတယ်။ မှတ်တိုင်မှာ ဧည့်သည်စောင့်နေတုန်း ယောကျာ်းတစ်ယောက် ကို မျက်စိမှိတ်ပြလိုက်တယ်။  ဒါနဲ့ ဒီလူသားက ဘယ်လောက်လဲလို့ မေးပါရောလား။ လက်တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ ဝမ်းပန်းတသာနဲ့ တစ်ထောင်လားတဲ့။ ဈေးနှိမ်လိုက်တာရှင်။ ခြောက်ထောင်လို့ ပြောတာပါလို့ ပြောလိုက်တယ်။ ဒီနေရာ ဒီလိုလေးပုံစံနဲ့ပြောတာကို နားမလည်ရှာဘူး၊ ငါးထောင်အောက်ကို ဈေးမပြောဘူးဆိုတာ နားမလည် ဘူးလားနော်။ ပြောလိုက်ပြန်ရင်လည်း မသိလို့ပါ ပြောပါအုံးမယ်။ လေးထောင်ရမလား ဈေးဆစ်ပါလေရော။ မရပါဘူးလို့ ပြောလိုက်ရော လှည့်ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဒီလူက အမျိုးသမီး တစ်ယောက်နဲ့ တွဲပြီးလာတယ်။ သူ့အနားကို ကပ်ပြီး ချေပဂိုးသွင်းလိုက်တယ်။ 
တန်ရာ တန်ရာတော့ ရမှာပေါ”့
ကဲကောင်းပါလေရော၊ အဲဒီတွဲလျှောက်လာသော အမျိုးသမီးသာ ဒီလူရဲ့ ဇနီးမယားဖြစ်ခဲ့ပါလျှင်...။ အမျိုးသားတွေ စဉ်းစားတတ်ကြဖို့ပါ။ ကိုယ့်ဖာသာကိုယ် လမ်းပေါ်က သရေစာလေးတွေ စားချင်ကြတာ အပြစ်မပြောလိုပါဘူး၊ ကိုယ့်အမျိုးသမီးကိုတော့ ဈေးမဖျက်မိ ကြစေနဲ့နော့။  ဆင်ခြင်ကြပေါ့။
ကျမတွေ့ခဲ့ရတဲ့ အများစုသော ကောင်မလေးတွေသည် သူတို့ ပုံမှန်စရိုက်ကိုက အမှန်စကား သိပ်မပြောကြပါဘူး။ နာမည်မေးရင် ပါးစပ်ထဲ၊ သူတို့စိတ်ထဲ ကြိုက်တဲ့နာမည်လှလှလေးတွေ ပြောတတ်ကြတာပါ။ ညီမလေးတို့ ဇာတိက ဘယ်ကလဲဆိုရင်လည်း လွယ်လွယ်ကူကူ မေးလို့ရမယ် မထင်ပါနဲ့၊ စကားပြောရင်း ကျမကို ခင်လာတော့မှ အမှန်ပြောလာကြတော့တာပါ။ အဲဒီအချိန်အထိ သူတို့ ရင်ဖွင့်ချင်လာအောင်တော့ စကားများစွာ ပြောခဲ့ရပါတယ်။ တခါတုန်းက နယ်မြို့တစ်ခုက အနှိပ်ခန်းမှာ သူတို့စကားပြောအပြီး ပြန်ဖို့ နှုတ်ဆက်တော့ ကောင်မလေး ခပ်သွက်သွက်တစ်ယောက်က အစ်မက တော်တော် စကားပြောကောင်းတယ်၊ သမီးတို့ အကြောင်းတွေကို အစ်မ အားလုံးသိသွားပြီနော်၊ အစ်မ ဘာလုပ်ဖို့ သမီးတို့နဲ့ စကားလာပြောတာလဲ လို့ လက်ဆွဲပြီး မေးတော့တာပဲ။ ကျမလည်း ကိုယ့်အကြံ လူမိပြီဖြစ်လို့ သမီးတို့ရဲ့ ဘဝတွေကို အစ်မက နားလည်ချင်တယ်လေ၊ ဒီလိုပဲ ပြင်ပမှာလည်း အစ်မလိုပဲ သမီးတို့ကို နားလည်ပေးချင်တဲ့ သူတွေ၊ ကိုယ်ချင်းစာ နိုင်တဲ့သူတွေ ရှိနေကြတယ်။ သူတို့တွေကို အစ်မက သမီးတို့ ကိုယ်စား နားလည်အောင် ကူညီရှင်းပြပေးချင်လို့ပါ ပြောခဲ့ဖြစ်ပါတယ်။ သူလေးက ကျမကို မျက်ရည်တွေဝဲရင်း နောက်တစ်ခါလာခဲ့အုံးနော် အစ်မလို့ ပြောရှာပါတယ်။ ကျမ ဒီတစ်ခေါက် အဲဒီနေရာကို သွားခဲ့ရင်တောင် သူမ စောင့်နေနိုင်ပါအုံးမလား။ မသေချာပါဘူး..... စာဖတ် ပရိတ်သတ်ကြီးရေ။ ဘာဖြစ်လို့လဲဆိုတာ တွေးကြည့်ကြပေါ့နော်။


Friday, February 26, 2010

"Heart Of Gold"

I want to live,
I want to give
I've been a miner
for a heart of gold.
It's these expressions
I never give
That keep me searching
for a heart of gold
And I'm getting old.
Keeps me searching
for a heart of gold
And I'm getting old.

I've been to Hollywood
I've been to Redwood
I crossed the ocean
for a heart of gold
I've been in my mind,
it's such a fine line
That keeps me searching
for a heart of gold
And I'm getting old.
Keeps me searching
for a heart of gold
And I'm getting old.
Keep me searching
for a heart of gold
You keep me searching
for a heart of gold
And I'm growing old.
I've been a miner
for a heart of gold.


မြန်မာသီချင်းရှာတာ တွေ့တော့ တွေ့ပါရဲ့ မကြိုက်လို့ မတင်ပေးတော့ဘူး။ 
ကိုယ်တိုင်ပဲ ဆိုပြလိုက်တော့မယ်နော်။

ဘဝဇာတ်ခုံ (ဇာတ်ခုံပေါ်မှ ဘဝသရုပ်များ)

သံသရာခရီးသွားအချို့သည် ဘဝဇာတ်ခုံပေါ်မှာ ဆေးစက်ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ကြရပါတယ်။ အတိတ် ကံအကြောင်းများကြောင့်လည်း အကျိုးဆက်တွေ ဖြစ်လာကြတာကြောင့် လောကမှာ မိမိပြုမိလိုက်တဲ့ ကံသုံးပါးက အလွန်ရေးကြီးလှပါတယ်။ ဒီလိုနဲ့ လောကအလယ်မှာ မိန်းကလေးတွေရဲ့ ဘဝများစွာတို့သည်လည်း နိမ့်တစ်ချီ မြင့်တစ်လှည့်နဲ့ သံသရာတွေ လည်ပတ်နေကြရပါတော့တယ်။ ကဲဒီလိုနဲ့ ကျမတာဝန်ကျရာ သူတို့လေးတွေ ရှိတဲ့နေရာများကို သွားရောက်ကာ သူတို့ ဘဝလေးတွေ  ပုံစံကွဲပြားပုံကို စကားစမြည် စတင်ပြောဆို မေးမြန်းဖြစ်ခဲ့ပါတယ်။ 

ပထမဆုံးအနေနဲ့ သူတို့လေးတွေရဲ့ သဘာဝလေးတွေပေါ်မှာ မူတည်ပြီး အုပ်စုလေးတွေ ကွဲပြား ခွဲခြားထား ပုံလေးကို အရင်ပြောပြပါအုံးမယ်။ (အမျိုးသားအများစုက သိပြီးသား ဖြစ်ကြပါလိမ့်၊ မသိသေးတာက မိန်းကလေး အများစုဖြစ်ပါတယ်။)
၁။ လမ်းပေါ်တွင် ဧည့်သည် ရှာရသော မိန်းကလေးများ
၂။ တည်းခိုခန်းများတွင် အလုပ်ဆင်းရသော မိန်ကလေးများ
၃။ အနှိပ်ခန်းမှ အချို့သော မိန်းကလေးများ
၎။ ကာရာအိုကေမှ အချို့သော မိန်းကလေးများ
၅။ အဆောင်နေ မိန်းကလေးများ (အချို့)
၆။ နှိုက်ကလပ်မှ မိန်းကလေးငယ်လေးများ
၇။ အဆင်အမြင့်ဆုံးကတော့ ဖုန်းနံပါတ်နှင့် ကိုယ်ပိုင် လှုပ်ရှားနေသော မိန်းကလေးများ

လိင်လုပ်သားမိန်းကလေးအဖြစ် မည်သို့ သတ်မှတ်ပါသလဲဆိုလျှင် လိင်ဆက်ဆံခြင်းဖြင့် အခကြေးငွေ (သို့) လက်ဆောင်ပစ္စည်း စသည်ဖြင့် တစ်စုံတစ်ရာရရှိပါလျှင် ယင်းမိန်းကလေးသည် လိင်လုပ်သားအဖြစ် ခေါ်ဆိုနိုင်ပါသည်။ ထို့ကြောင့် မိန်းကလေးများ အထူးသိထားရန် လိုအပ်ပါတယ်။ မိမိသည် ဘယ်လို မိန်းကလေး အဖြစ်ရပ်တည်မလဲဆိုတာကို ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်လို့ ကိုယ်ပိုင်သိသော အသိဥာဏ်တွေနဲ့ ဘဝမှာ နေထိုင်ရှင်သန်တတ်ကြပါစေရှင်။
မိန်းကလေးတို့ သဘာဝကို ပန်းလေးတို့ရဲ့ သဘာဝနဲ့ တင်စားကြတယ်။ 
၁။   ။လမ်းပေါ်တွင် ဧည့်သည်ရှာရသော မိန်းကလေးများ
ဒီမိန်းကလေးအများစုကတော့ ကိုယ်တိုင်စွန့်စားစွာ ဧည့်ရှာရပါတယ်။ (ဧည့်သည်ဆိုသည်မှာ မိန်းကလေး များနဲ့ ဆက်ဆံသော ယောကျာ်းလေးများကို ဆိုလိုပါတယ်)
တန်ဖိုး
ဈေးနှုန်းအရတော့ အနည်းငယ်သာ ရရှိကြရှာပါတယ်။ တခါတလေ လက်ဖက်ရည်ဖိုးလောက်ပဲ ရရ အလုပ် ဖြစ်ရုံပြီးရော လိုက်သွားရတာတွေလည်း ရှိပါတယ်တဲ့။ သူတို့ဆီကို လာရောက်ကြတဲ့ အမျိုးသားတွေ ကတော့ ဝင်ငွေကောင်းကြတဲ့သူတွေ မဟုတ်ကြပါဘူး။ ပိုက်ဆံ ၁၅၀-၂၀၀ လောက်ကနေ မြန်မာကျပ်ငွေ ၅၀၀အထိ အများဆုံးရကြရှာတဲ့ မိန်းကလေးတွေ ရှိသလို၊ ဒီလို လမ်းမဘေးတစ်နေရာမှာ ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ထားကာ ဧည့်သည်ရှာနိုင်တဲ့ မိန်းကလေးများကတော့ ကျပ်ငွေ (၃၀၀၀ မှ ၆၀၀၀)အထိ ရတတ်ကြတာတွေလည်း ရှိပါတယ်။
ဝေါဟာရ
သူတို့လေးတွေကို ကိုယ်စားပြုခေါ်ဝေါ်တဲ့ ဝေါဟာရအချို့ရှိပါသေးတယ်။ ဇယား၊ ပူစီ၊ ဂေါဖီထုပ်၊ အရှုပ်ထုပ်၊ ညဥ့်ငှက်၊ ဒီလိုလေးတွေလည်း ခေါ်ကြတယ်။
နေရာ
နေရာကတော့ ညဘက်မှောင်မိုက်ရာ လမ်းဘေးတစ်နေရာလည်း ဖြစ်တတ်ပါတယ်။ ကောက်ရိုးပုံ အနီးအနား တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရုပ်ရှင်ရုံပေါ်ခေါ်သွားတာလည်း ရှိပါတယ်။ ဈေးနှုန်း သက်သာ သော တည်းခိုခန်းဆိုတာ သူတို့အတွက် အကောင်းဆုံးနေရာပါ။
ဧည့်ခေါ်ပုံ
အဓိက ကတော့ မျက်လုံးကစားကြပါတယ်။ ဧည့်ရှာနေရတဲ့မိန်းကလေးက မျက်လုံးဘယ်ငြိမ်နေပါ့မလဲ။ နောက် အမူအရာများ၊ လမ်းလျှောက်ပုံ၊ လုံချည်ရှေ့အဖုံး သိသိသာသာ ခါပြကြလေ့ရှိပါတယ်။ နောက် တင်ပါးအပိုင်းဘက်က လုံချည်ကို မကြာခဏဆိုသလို ဆွဲချပြပါတယ်။ (လူကြီးမိဘတွေက မိန်းကလေးတွေ ကို အနေအထိုင်နဲ့ ပတ်သက်လာရင် ပြောဆိုဆုံးမထားတာတွေက အလွန်များလွန်းလှတယ်။ တကယ်တော့ လည်း အဲလိုများလှတာတောင် မလုံမလောက်နိုင်ဘူးလေ)
နေရာတွေပေါ်မူတည်ပြီး သတ်မှတ်ထားကြပုံလေးကလည်း စိတ်ဝင်စားစရာပါ။ တချို့ ပန်းခြံတွေမှာ ဒန်းစီးနေကြတယ်။ ယောက်ျားလေးတွေ ဖြတ်သွားတဲ့အခါမှ စကားလှမ်းပြောလေ့ရှိတယ်။ နောက် လမ်းဘေးတစ်နေရာမှာ ဖိုင်တွဲလေး ပိုက်ပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်၊ ဒီလိုနေရာက ပုံမှန်မိန်းကလေးတွေ လမ်းလျှောက်လေ့မရှိတဲ့နေရာမျိုး။ နောက် ဆရာမအသွင်နဲ့ ရပ်စောင့်နေတယ်။ နှင်းဆီအနီတစ်ပွင့်တည်း ပန်ကာ မျက်နှာမှာတော့ ရောင်စုံခြယ်သထားမယ်ဆိုရင် ဇာတ်လမ်းစလို့ ရနိုင်ပါတယ်။ မှတ်တိုင်တွေမှာလည်း ဘယ်ကားပေါ်မှ မတက်ပဲ စောင့်နေတဲ့ မိန်းကလေးတွေ။ ဈေးပိတ်ချိန် တွေမှာ ဈေးနားဝန်းကျင်တွေမှာလည်း သူတို့တွေ ရှိတတ်ပါတယ်။ နောက်ဆိုက်ကားဂိတ် တွေမှာ ဆိုက်ကားပေါ်မှာ တက်ထိုင်ပြီး ဆိုက်ကားသမားတွေနဲ့ စကားပြောနေကြ တတ်ပါတယ်။ အမြို့မြို့ အနယ်နယ်တွေမှာလည်း ဆိုက်ကားသမားတွေကို ဘယ်နားမှာ ရတတ်သလဲ မေးရင်ကို သူတို့က အားလုံး ညွှန်ပြနိုင်ပါတယ်။ ကောင်မလေးတွေနဲ့ ဆိုက်ကားသမားတွေဆိုတာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ပါ။ 
ဆက်လက်ဖေါ်ပြပါမည်....။
ကျမရုံးက ညီမလေးတွေက မေးကြတယ်၊ ဒီအမျိုးသမီးလေးတွေကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲ၊ နောက် ဘယ်လိုအမူအရာတွေ ရှိပါသလဲတဲ့။ ဒါကြောင့် ပြင်ပမှာ ရှိကြတဲ့ မိန်းကလေးတွေလည်း လေ့လာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။ မိန်းမ ဆိုတာ သတိက အရေးအကြီးဆုံးပါ၊ သတိထား ဆင်ခြင်နိုင်ကြပါစေရှင်။

Wednesday, February 24, 2010

သက်ရောက်မှုတွေနဲ့ ဘဝဇာတ်ခုံ။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မူရှိသည်ဟု နယူတန်၏ အယူအဆများကို ငယ်စဉ်က သင်ယူခဲ့ဖူး၏၊ နံရံသို့ ခဲတစ်လုံးကို ပစ်ချလိုက်၍ ပြန်လည် ကန်ထွက်လာခြင်းသည် တန်ပြန်သက်ရောက်မှုတစ်ခု ဖြစ်သည်ဟု သိခဲ့ရ၏။ ဤသည်မှာ ငယ်စဉ်က အသိဖြစ်လေသည်။
ယနေ့= တပည့်ကျော်ကပ္ပိယကျော်ခေါင်၏ အစ်မတော်တစ်ယောက် ရွာဦ်းကျောင်းသို့ ရောက်ရှိလာပြီး ၄င်းတန်ပြန်သက်ရောက်မှုများအကြောင်းကို မေးမြန်းလေတော့၏၊ သို့သော် သူမေးသော တန်ပြန်သက်ရောက်မှုများမှာကား နယူတန်၏ တန်ပြန်သက်ရောက်မှုမျိုးမဟုတ်၊
ကံ၏နိယာမ၊ ကံ၏အကျိုးပေးမှု၊ ကံကြောင့်ဖြစ်ပေါ်လာသော ဝဋ်ကြွေးများအကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ခြင်းဖြစ်လေသည်။ ဤနေရာ၌ တန်ပြန်သက်ရောက်မှုဟူသည်၊ မိမိပြုလုပ်မိသောကံ (အလုပ်)၏၊ စွမ်းအားနှင့် ပြုလုပ်ခံရသူ(အရာဝတ္တု)တို့၏ စွမ်းအားကို၊ သတိထားမိဖို့ လိုအပ်လေသည်။
ပုရွက်ဆိပ်ကလေးတစ်ကောင်ကို သတ်ခြင်းသည်၊ ဆင်ကြီးတစ်ကောင်ကို သတ်ရသလောက် လုံးလမစိုက်ရသဖြင့်၊ သတ္တဝါချင်း တူသော်လည်း အကျိုးပေးခြင်း ကွာပေမည်။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ခံရသူတို့၏ စွမ်းအား ကွာခြားသောကြောင့်ဖြစ်လေ၏။
မိမိတို့နေ့စဉ် လှုပ်ရှားနေကြရသော ဤလူ့ဘဝ ဒွန္နယာကြီးထည့်တွင် လူပေါင်းစုံ အလွှာပေါင်းစုံဖြင့် ဆက်ဆံကျင်လည် နေကြရသောကြောင့် စကားပေါင်းစုံကို ပုံစံမျိုးစုံဖြင့်ပြောဆိုကာ လှည့်လည်နေကြရသေးသည်။
ထို့ကြောင့် မိမိ၏ အမှတ်မထင် ပြောဆိုမိသော စကားကလေး တစ်ခွန်းဖြင့်၊ အလုပ်ထုပ်ခံရခြင်း၊ ရာထူးလျှော့ချခံရခြင်း သံသရာအကြွေးတင်ခံရခြင်း စသော မကောင်းကျိုးများ မတိုးပွားကြစေရန်နှင့်၊ ထို့သို့ အမှတ်မထင် စကားကလေးတစ်ခွန်းကို ပြောဆိုမိခဲ့ကြ၍ သံသရာ အကြွေးကို ပြန်လည်ကာ ပေးဆပ်ကြရသော၊ အတီတေ ဗာရာဏသီများ အကြောင်းကို အနည်းငယ် ဖော်ပြလိုက်ပါသည်။
အမ္ဗပါလီ= သိခီဘုရားရှင်လက်ထက်တွင်၊ စေတီရင်ပြင်တစ်ခုသို့ သွားရင်း၊ ရဟန္တာမထေရ်မကြီးတစ်ပါး၏ တံထွေးကို စေတီရင်ပြင်ပေါ်၌ တွေ့ သောအခါ မဆင်မခြင်” ဘယ်..ပြည့်တန်ဆာမတွေကများ ထွေးထားသလဲ” ဟု မဲ့ကာရွဲ့ကာ ပြောဆိုမိသော မိမိ၏ ဝစီဘေဒ အကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်တွင်၊ ပြည့်တန်ဆာမဖြစ်ရလေသည်။
သီရိမာ= သူသည်လည်း ထိုနည်း၎င်း၊ စေတီရင်ပြင်တစ်ခုတွင် ထိုင်းနေရင်း မိမိ၏ ခြုံပါဝါတွင် ပယ်ကျံနေသော တံထွေးကို တွေ့ရှိသဖြင့်၊ ” အဘယ် ပြည့်တန်ဆာမ ထွေးထား ခဲ့သလဲ” ဟု ပြောဆိုမိခဲ့သဖြင့်၊ ပြည့်တန်ဆာမ အဖြစ်ဖြင့် ပေးဆပ်ရလေသည်။ အမှန်မှာ ၄င်းတံထွေး သည်လည်း ရဟန္တာမကြီင်္းတစ်ပါး၏ အမှတ်မထင် ထွေးခဲ့မိသော တံထွေးဖြစ်ကြောင်း သိရလေသည်။
သာမာဝတီ= သူသည်ကား အလွန်တရာ မေတ္တာတရားနှင့်ပြည့်စုံပြီး ထင်ရှားသော မိဖုရားတစ်ဦး ဖြစ်လေသည်၊ သို့သော်- ရှေးဘဝက ပစ္စေကဗုဒ္ဓါ တစ်ပါးအား မီးလျှို့သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင် ဘုရင်ဥတေနမင်းကြီး၏ တောင်ညာစံ မာဂန္ဓီ၏ လက်ချက်ဖြင့် မီးလောင်တိုက်ကို သွင်း၍ အသတ်ခံခဲ့ရသေသည်။
ခုဇ္ဇုတ္တရာ= သူသည်လည်း အလွန်တရား ဥာဏ်ကောင်းသော ဧတဒက်ရ ရဟန္တာထေရီမ တစ်ပါးဖြစ်လေသည်၊ သို့သော်= ရှေးဘဝက ခါးအနည်းငယ်ကုန်းဟန်ရှိနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပျော်စေလိုသော သဘောထားဖြင့်၊ ”ငါတို့အိမ်သို့ ဆွမ်းခံကြွတဲ့ ဘုန်းကြီးက ဒီလို ဒီလို ကြွတယ်-ဟု ဆိုကာ” မိမိခါးကို ကုန်ကွကွလုပ်၍ လမ်းလျှောက် လှောင်ပြောင် ပြခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင်၊ ခါးကုန်းခြင်းဟုဆိုသော ဆိုးကျိုးကို ခံစားခဲ့ရလေသည်။
အထက်ပါ အကြောင်းအရာများကို ဖတ်ရှုလေ့လာမိသဖြင့်၊ အန်မတန်မှ လွယ်ကူစွာ ပြုလုပ်လိုက်ရသော မိမိ၏ အမှတ်မထင် စကားကလေးတစ်ခွန်းသည်၊ ပြုလုပ်ခံရသူတို့၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟု ဆိုအပ်သော၊ စွမ်းအားများကြောင့် မိမိအတွက် သံသရာတွင် အကြွေးတင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း။
ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကျော်ခေါင်၏ အစ်မတော်တို့ ဆွေးနွေးခန်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။
ဝစီဘေဒ ထိတိုင်းရှ၊







Tuesday, February 23, 2010

ကျမထံသို့ ကူးစက်လာပါတယ်ရှင်။

အခုတလော အင်တာနက်ဆိုတဲ့ ရွာထဲကို သိပ်ပြီး လမ်းမသလားနိုင်ဘူးဖြစ်နေပါတယ်။ ခင်ပွန်းသည်က လည်း ကျမကို နေမကောင်းဖြစ်ပြီးခါစမို့ လျှောက်မလည်ဖို့ ရိပ်ဖမ်းသံဖမ်းလေး ပြောထား တယ်။ အဲဒါနဲ့ပဲ ကိုလူထွေး ရဲ့ အိမ်ကို ခဏသွားလည်ပါတယ်၊ စာတွေ အသစ်တွေကို သွားဖတ် တယ်လေ။ သူလည်း အိမ်ထောင်သည်ဆိုတော့ သူလည်း သူ့မဟေသီကို မွှန်းတာလေးတွေ အဲလေ မဟုတ်ပေါင် ရသစာပေလေး တွေ သွားသွားဖတ်ဖြစ်ပါတယ်။ ကျမက ဒီလိုမျိုးလေးတွေဆို သိပ်သဘောကျ တာပဲ။ အိမ်ထောင်ဖက် ဖြစ်လာကြပြီဆိုရင် တစ်ဦးကိုတစ်ဦး ဒီလိုလေး အသိအမှတ်ပြု တာလေးတွေက အိမ်ထောင်ရေးမှာ သိပ်ကို အရေးပါတာကလား။ ဘာမဟုတ်တာလေးတွေ ကနေ ကြီးမားတဲ့ မေတ္တာတွေကို ခိုင်မြဲစေတယ်လေ။ ဒါလေးလည်း သူများဆီကနေ ကူးတဲ့ ပီတိလေးပေါ့။ အဲဒီကနေ နဲနဲလေး ခြေလှမ်းမိတော့ ရေတမာ ဒီအိမ်လေးကို ရောက်ပါလေရော။ လား...လား သီချင်းတစ်ပုဒ်ကို သွားတွေ့ပါတယ်။ သိပြီးသား သီချင်း ဖြစ်ပေမယ့် တင်ဆက်ပုံက အသစ်၊ နောက် နာမည်ကြီးတဲ့ ဟေတီငလျင်နဲ့၊ အင်း ....လူမျိုးမရွေး အသွေးအရောင်မရွေး၊ သီချင်းပုံစံမျိုးစုံ သီဆိုနေသော အဆိုကျော်များအားလုံးရဲ့ ပေါင်းစပ်ထားတဲ့ သီချင်းထဲကို ကျမရဲ့ အာရုံတို့သည် တစိုက်မတ်မတ် ဝင်ရောက် သွားပါတော့တယ်ရှင်။
We are The World
There comes a time
When we head a certain call
When the world must come together as one
There are people dying
And it's time to lend a hand to life
The greatest gift of all

We can't go on
Pretneding day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

Send them your heart
So they'll know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
So we all must lend a helping hand

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me

When you're down and out
There seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let us realize
That a change will only come
When we stand together as one

[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we'll make a better day
Just you and me 

 


ကွဲပြားမှုများစွာနဲ့ လိုင်းပေါင်းစုံက အဆိုကျော်များသည် သီချင်းမှာ ပါဝင်ခံစား စီးဆင်းနေကြပါတယ်။ သူတို့တွေ မျက်နှာမှာပေါ်လွင်နေတဲ့ 
မေတ္တာတရားတို့သည် ကြက်သည်းထလောက်အောင်ပင် 
ကျမထံသို့ ကူးစက်ပါလာပါတယ်ရှင်။

Monday, February 22, 2010

အမျိုးသမီးနှင့် ဘုရားဘဝ...တည်တောဆရာတော် (မေး+ဖြေ)




 
  
  
 
 ဘုန်းဘုန်း ဦးလောကနာထ၏ ဒဿနခရီးစဉ် မှ ခွင့်တောင်း ကူးယူဖေါ်ပြပါသည်။


What Can I Do?

ဒီသီချင်းလေးကတော့ ပါရမီဖြည့်ဘက်လေးက မျှဝေရှာဖွေပေးတဲ့သီချင်းလေးပါ။ 
သီချင်းလေးထဲက အဆိုတော်မလေးတွေကို သဘောကျတာနေမှာပေါ့။
ဟွန်း...မနာလိုပေါင်။ ကဲပါလေ သီချင်းလေးကို နားထေင်ကြည့်လိုက်အုံးမယ်။
သီချင်းလေးကတော့ ကောင်းရှာပါတယ်။ ဒီလိုလေး ဆိုတတ်ဖို့ကို လေ့ကျင့်ကြည့်လိုက်အုံးမယ်...အဟိ။

The Corrs - What Can I Do?

I haven't slept at all in days
It's been so long since we've talked
And I have been here many times
I just don't know what I'm doing wrong

What can I do to make you love me
What can I do to make you care
What can I say to make you feel this
What can I do to get you there

There's only so much I can take
And I just got to let it go
And who knows I might feel better
If I don't try and I don't hope

What can I do to make you love me
What can I do to make you care
What can I say to make you feel this
What can I do to get you there

No more waiting, No more aching
No more fighting, No more trying

Maybe there's nothing more to say
And in a funny way I'm calm
Because the power is not mine
I'm just gonna let it fly

What can I do to make you love me
What can I do to make you care
What can I say to make you feel this
What can I do to get you there

Love me.. 


Sunday, February 21, 2010

“ပျော်ရွှင်သောဘဝ”



“ဘဝ” ဆိုတာ ကိုယ်ဖြစ်စေချင်တာကို ဖြစ်စေဖို့ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဖြစ်ချင်တာကို ဖြစ်သင့်သလောက်တော့ ရှာဖွေလုပ်ယူရပါလိမ့်မယ်။ ဘယ်လိုရအောင် လုပ်ယူကြမလဲ။  တိကျတဲ့ အကြောင်းရင်းတွေကတော့ ရှိနေပါသည်။

ကျွန်တော်တို့အရင်ဆုံး ပျော်ရွှင်မှုကို ရှာဖွေစူးစမ်းကြပါစို့။ ပျော်ရွှင်မှုကို လူတိုင်းရဖူးကြပါသည်။ သို့ပေမယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဖန်တီးဖို့ရာ လမ်းပျောက်နေတတ်ကြပါသည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ အနှစ်သာရ အလှအပတခုပါပဲ။ ရွှေငွေပိုင်ဆိုင်မှုတွေ အများကြီးရှိမယ်၊ ပျော်ရွှင်မှုတွေ မရှိဘူးဆို ပိုင်ဆိုင်ရသမျှဟာ အလကားပါပဲ။ ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်စီမံမှုတွေကနေ တဆင့်ပေါက်ဖွားလာခြင်းပါ။ ပျော်ရွှင်မှုသည် ကြီးကျယ် ခမ်းနားလှပါတယ် ဆိုသော အရာတွေဆီက မလာပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဖြစ်တည်နေသော ဘဝတွေက နေသာလာခြင်းဖြစ်ပါသည်။ ပျော်ရွှင်မှုသည် ဘဝရဲ့အခြေခံ အရင်းအမြစ်တခုလို့ ပြောလို့လည်းရပါသည်။ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ကို များစွာဖော်ပြနေခြင်းထက် နေ့စဉ်ဘဝတွေကနေ ဘယ်လိုဖန်တီးယူရမယ် ဆိုတာ သိရှိဖို့လိုအပ်ပါမည်။  ပျော်ရွှင်မှုကို လက်ငင်းချက်ခြင်း ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက တဖြည်းဖြည်းခြင်း တဆင့်ထက်တဆင့် တိုးမြှင့်သွားမှသာ  နည်းလမ်းမှန်ကန်တဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါသည်။

ယခုလို ပြုလုပ်ယူဖို့ဆိုရင်တွင် ပျော်ရွှင်မှုမှာ အနည်းဆုံး ရှိရမယ့်အရာတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ တွေးယူကြည့်ကြပါစို့။ စစ်မှန်ပြီး တန်ဖိုးရှိသော ပျော်ရွှင်ခြင်းတွေကစလို့ ကောင်းမွန်တဲ့ အပြုအမူတွေ၊ စစ်မှန်သော ခံစားမှုတွေကို စိတ်ရင်းစေတနာသန့်သန့် တွေထားပြီး ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ဆီလျှောက်လှမ်းခဲ့မယ်ဆိုရင်ဖြင့် ပျော်ရွှင်မှုက မျှော်မှန်းမထားလည်းပဲ သူ့အလိုလိုကို ရောက်ရှိလာပါလိမ့်မည်။ စစ်မှန်သောပျော်ရွှင်ခြင်းတွေမှာ ဘာတွေ့ပါဝင်ပေါင်းစပ်ရမလဲ။ မေတ္တာ၊ လှပတဲ့ အာရုံ၊ တွေးတောလုပ်ဆောင်မှုတွေနဲ့ လက်တွေ့ပါဝင်နေတဲ့ လှုပ်ရှားမှုတွေ၊ တရားမျှတမှုတွေ၊ သတ္တိအစွမ်းတွေ၊ လူသားခြင်းစာနာရိုင်းပင်းမှုတွေ၊ ရဲရင့်ပြတ်သားမှုတွေပေါ့။ ဤအရာတွေက မပါဝင်လို့ကို မဖြစ်နိုင်ပါဘူး။ ကောင်းမွန်တဲ့ အပြုအမူတွေကကော။ ဗဟုသုတတွေ အတွေ့အကြုံတွေ ဝေမျှခြင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်း စသည်ဖြင့်ပေါ့ ဆောင်ရွက်နိုင်ပါသည်။  စိတ်ပျက် အားငယ်နိုင်တာတွေ၊ ကိုယ့်တိုးတက်မှုကို ပျက်ပြားစေနိုင်တဲ့ ခံစားမှုတွေမရှိဖို့လည်း လိုအပ်ပါသည်။  ယဉ်ကျေးပြူငှာတဲ့ ဆက်ဆံမှု၊ ရှေ့နောက်တွေးခေါ်စဉ်းစားတတ်တဲ့ စိတ်တွေကိုအမြဲ နှလုံးသွင်းထားရပါမယ်။ ဒီလိုဆိုရင်ဖြင့် ရှေ့ဆက်သွားမယ့် အနာဂါတ်ခရီးလမ်းမှာ မည်သူတစ်ဦးတစ်ယောက် အပေါ်ကိုမှ ထိခိုက်စေခြင်းမရှိပဲ တိကျတဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်ပြီပေါ့။ ကျွန်တော်တို့ ယုံကြည်သင့်ပါတယ်။  အနာဂါတ်ဟာ သင့်လျော်တဲ့ အရာတွေနဲ့ တွေ့ကြုံမှုတွေကို အမြဲကမ်းလင့်နေမယ်ဆိုတာ။ ကောင်းမွန်တဲ့ အစီအစဉ်တွေသာ ရှိနေမယ်ဆို အကောင်းဆုံး ရွေးချယ်မှုတွေနဲ့ ညီမျှမှန်ကန်အောင် ဆောင်ရွက်သွားနိုင်မှာပါ။

တခြားလူတွေရဲ့ အတွေ့အကြုံတွေထဲက ကောင်းမွန်တဲ့ အရာတွေကို သင်ယူပါ။ နောက်ပြီး ကိုယ်ပိုင် တွေးခေါ်မှုတွေ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပါ။ အစီအစဉ်တွေ ကြိုတင်ချခြင်းဖြင့်လည်း အချိန်ကို ထိန်းသိမ်းနိုင်မယ့်အပြင် လုပ်ရမည့် အလုပ်တွေအတွက်လည်း အချိန်ပိုရလာနိုင်ပါသည်။ ဤသို့ဆိုရင်ဖြင့် ပြည့်စုံတဲ့ကောင်းမွန်တဲ့ စိတ်တွေ အလေ့အကျင့်တွေကို မည်သည့်တားဆီးမှုတွေ ရှိလာပါစေ မုချကျော်ဖြတ်နိုင် လာပါလိမ့်မယ်။

ရိုးရှင်းသောပျော်ရွှင်မှုရဲ့ နည်းလမ်းလေးတွေကိုလည်း မှတ်သားထားသင့်ပါသည်။  ထိုအရာတွေကတော့ ကြောက်ရွံ့ထိတ်လန့်ခြင်းက လွတ်မြောက်ပါစေ၊ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ပါစေ၊ ရိုးရိုးရှင်းရှင်းလေးနေပါ၊ များများပေးကမ်းပါ၊ နဲနဲပဲ မျှော်လင့်ပါ ရည်ရွယ်ချက်တော့ မထိခိုက်ပါစေနဲ့။ မည်သူတစ်ဦးတစ်ယောက်မှ စခဲ့တဲ့ အတိတ်ကို ပြန်မသွားနိုင်ပါဘူး။ မည်သူမဆို ယခုလက်ရှိ ပစ္စုပ္ပန်ကစလို့ အသစ်အသစ်သော အနာဂါတ်တွေဆီကို အဆုံးမရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ စိတ်ပျက်မှုဆိုတာ တားဆီးပိတ်ပင်နေတဲ့ လမ်းဆိုးလမ်းညစ်တွေလိုပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လမ်းကိုနှောင့်နှေးစေပေမယ့် သူတို့ရဲ့ တခြားတဖက်မှာ ဖြောင့်ဖြူးနေတဲ့ လမ်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေမှာပါ။ တနေရာမှာပဲ အကြာကြီးရပ်မနေပါနဲ့။ ရွှေ့ပါ.. ရွေ့ပါ.. တစ်လှမ်းဆို တစ်လှမ်းခြင်းရွှေ့သွားပါ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ ဤအရာတွေက ကျွန်တော်တို့ ဘ၀အတွက် သင်ယူ၊ ပြင်ဆင်ယူရမယ့် အဖြစ်အပျက်သင်ခန်းစာတွေပါ။ ပျော်ရွှင်စွာ ရီမောတတ်စေဖို့ ငိုကြွေးမှုတွေနည်းစေဖို့ သင်ခန်းစာ ပြဋ္ဌာန်းချက်အသစ်တွေကို ရလိုက်တယ်လို့ သဘောထားပါ။

ပျော်ရွှင်မှုတွေကို ရရှိလာအောင် ဘယ်လိုပြောင်းလဲသင့်လဲဆိုတဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသည်။ အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖန်တီးယူပါ ပြုလုပ်ပါ။ ပြောချင်တာကတော့ အလုပ်မှာ စိတ်ပါဝင်စားစွာနဲ့လုပ်ပါ။ ဒီအလေ့အကျင့်တွေဟာ စိတ်ရှုပ်ထွေးမှုတွေကို တခဏသာ မေ့ပျောက်ထားနိုင်ပါသည်။ အလုပ်လုပ်ခြင်းကြောင့် အောင်မြင်လာပြီး တိုးတက်လာတာနဲ့အမျှ ပျော်ရွင်လာပြီး အလုပ်ကိုလည်း ပိုတိုးလို့ လုပ်ဆောင်နိုင်လာမှာပါ။ အရမ်းပင်ပန်းနေပါလား၊ စိတ်တွေထွေပြီး ရှုပ်ထွေးနေပါလား။ စိတ်အပန်းဖြေလိုက်ပါ။ ခရီးထွက်လိုက်ပါ။ မရောက်ဘူးတဲ့နေရာ မသွားဖူးတဲ့ နေရာအသစ်တွေကို သွားလိုက်ပါ။ ဥပမာ အားကစားကွင်းကြိုက်ရင် ကစားပြီး အပန်းဖြေလိုက်ပါ။ သီချင်းတွေ အော်ညီးပြစ်လိုက်ပါ။ ဒါတွေဟာ နေထိုင်မှုစတိုင်ကို တမျိုးတဖုံ ပြောင်းလဲပစ်လိုက်ခြင်းပဲပေါ့။ ပျော်ရွှင်မှုအရာတွေကို တွေးမယ်ဆိုရင် ဒါမှမဟုတ် ပျော်ရွှင်အောင်ပြုလုပ်မယ်ဆိုရင် မပျော်ရွှင်နိုင်မယ့် အတွေးတွေကို နေရာမှာတင် ရပ်လိုက်ပါ။ သင့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက် အရာရာကို ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်လိုက်ခြင်းဖြင့် သင့်ဘဝရဲ့ နေထိုင်မှု အခွင့်အရေးတွေ ထပ်ပြီးရရှိလာပါလိမ့်မယ်။ ကျေးဇူးတရားဟာ သင်လက်ခံတတ်ရင် ပျော်ရွှင်မှုရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ ပျော်ရွှင်အောင်ပြုမူခြင်းဖြင့် သင်ဟာ ပျော်ရွှင်မှုကို လက်ခံလာပြီး ပိုပျော်ရွှင်လာလေ ပိုပျော်တတ်လာလေ ဖြစ်မှာ မလွဲဧကန်ပါ။

ယခုလို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် ဘဝရဲ့ နေထိုင်မှုတွေမှာ ဘယ်လိုပြောင်းလဲ လာစေနိုင်ပါသလဲ။ လောကမှာ လူအများစုဟာ မပျော်ရွှင်ကြပါဘူး။ ဒီလောကကြီးက သူတို့ အတွက် ဆိုးကြိုးတွေ ကံမကောင်းမှုတွေသာ ယူဆောင်လာပေးတယ်လို့ ထင်နေတတ်ကြပါသည်။ သူတို့တွေဟာ ပျော်ရွှင်အောင်နေတတ်ဖို့ထက် ရယူပိုင်ဆိုင်လိုမှုတွေသာ ကြီးစိုးနေကြလို့ပါ။ ဒါကြောင့် စိတ်တွေဟာ အားငယ်စိတ်ပျက်ခြင်းတွေနဲ့ပဲ ကျန်းမာရေးကို ထိခိုက်လာတော့တာပေါ့။ ကျန်းမာမှသာလျှင်ဖြင့်လည်း ပျော်ရွှင်အောင် နေတတ်မှာပါ။ ပျော်ရွှင်မှုကို ရှာတတ်မှပါလည်း ကျန်းမာလာမှာပါ။

တစ်ဦးပေါ်တစ်ဦး ဝေမျှခြင်းသည်လည်း ပိုပျော်ရွှင်စေနိုင်သော အရာတခုပါပဲ။ ကိုယ်သိသလောက် တတ်သလောက် ဝေမျှခြင်းဖြင့် တစ်စုံတစ်ယောက် အဆင်ပြေသွားခဲ့မယ်။ လမ်းမှန် ရောက်သွားခဲ့မယ်ဆိုရင် ဘာနဲ့မှအစားထိုးမရအောင် ပျော်ရွှင်မိမှာပါ။ စိတ်ဖိစီးမှုဆိုတာတွေကလည်း ပျော်ရွှင်မှုကို နှောင့်ယှက်နိုင်တဲ့ ရန်သူတစ်မျိုးပါပဲ။ ကျွန်တော်တို့တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဘ၀မှာ ရင်ဆိုင်နေကြရတယ်။ ဒီလိုဖြတ်သန်းရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ပျော်ရွှင်မှုရဲ့ အဓိကအချက်ကတော့ ဒီလိုစိတ်ဖိစီးမှုတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို သိတတ်နားလည်ရပါမယ်။ အဲဒီအခါမှ ပျော်ရွှင်နေတဲ့ စိတ်က အရာအားလုံးကို အနိုင်ယူသွားနိုင်ပါတယ်။

ကြိုးစားကြည့်ကြပါ။ ကျင့်ကြံကြည့်ကြပါ။ ဘယ်အရာတွေကို စောင့်မျှော်နေမှာလဲ။ အခုချက်ချင်းပဲ ပြောင်းလဲလိုက်ကြပါတော့။ တွေးပါ...တွေးပါ.. ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ...
“ဘဝဆိုတာ ကိုယ်ဖြစ်စေချင်သလို မွေးဖွားလာခဲ့ခြင်းမဟုတ်ပါ။ ဒါပေမယ့် ဘဝကို ပျော်ရွှင်လာအောင်တော့ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဖန်တီး ယူနိုင်ပါတယ်လို့”။ အားလုံးပဲ ပျော်ရွှင်သောဘဝကို ဖန်တီး အကောင်အထည် ဖော်နိုင်ကြပါစေ...။

သက္ကရာဇ်နှစ်တွေတောင် အရောင်ပြောင်း
ရာစုသစ်သွန်းလောင်းတော့မှာပါလား

အတိတ်ဆိုတာ အိပ်မက်
ပစ္စုပ္ပန်ဆိုတာ ရလဒ်
အနာဂတ်ဆိုတာ မျှော်လင့်ချက်မို့
စိတ်ညစ်ခဲ့တာတွေ ဖယ်လိုက်
သိပ်ချစ်ခဲ့တာတွေ မေ့လိုက်
နာကျင်ခဲ့တာတွေ အစားထိုးလိုက်
အစာမကြေခဲ့တာတွေ မျိုချလိုက်

နောင်လာမယ့် နှစ်တွေအတွက်
အားသစ်တွေနဲ့ သွန်းလောင်း
လျှောက်ရမယ့် ဘ၀ကျောင်းကို
ပျော်ရွှင်မှုသကာလောင်းလို့ 
တစ်တန်း တိုးလိုက်ကြပါစို့ ...။
~~~ @@@ ~~~

မကြာခင် အချိန်ဆို ရာစုနှစ်သစ်ကို ရောက်ကြတော့မယ် ... ကျွန်တော်တို့ ဘဝတွေလည်း တစ်နှစ် ထပ်တိုးလာတော့မယ်... ဘဝမှာ လူတိုင်းလူတိုင်း မပျော်ရွှင်မှုတွေနဲ့ တွေ့ဆုံကြုံကွဲ ဝမ်းနည်းစရာတွေ အထပ်ထပ်တွေ့ကြုံခဲ့ပြီးပြီ... ဘဝဆိုတာ တကယ်တော့ တိုတိုလေးပါ ... ရလာခဲတဲ့ လူ့ဘဝမှာ ကိုယ့်ကိုကိုယ် မတ်တည်ရင်း စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ပျော်ရွှင်သောဘဝလေးများကို ဖန်တီးနိုင်စေဖို့ ပို့စ်လေးကို ရေးလိုက်ရခြင်းဖြစ်ပါသည်... ကျွန်တော် စာကောင်းကောင်းမရေးတက်ပါ... ရေးချင်လွန်း အားကြီးလို့သာ ရေးလိုက်တာပါ ... ကျွန်တော်ကိုယ်တိုင်ကိုက စိတ်မပျော်ရွှင်မှုတွေကို ဖြေဖျောက်ရင်း နှစ်သစ်မှာ စိတ်သစ်နဲ့ လူသစ်နဲ့ ရှင်သန်ဖို့ အတန်တန်ကြိုးစားနေရင်း ပျော်ရွှင်သောဘဝရဲ့ အနှစ်သာရကို ရှာဖွေမိခဲ့တယ်လေ... ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ပျော်ရွှင်သောဘဝကို ဖန်တီးယူစေချင်ပါတယ်... နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြ၍ ကိုယ်ရည်ရွယ်ထားသော အကြံအစည်များ ရှင်သန်ထမြောက်ပါစေလို့ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အင်တာနက်မှ ကိုးကားထားကြောင်း ၀န်ခံပါသည်။ ပုံကို ဒီ ကနေယူပါ၏။



Saturday, February 20, 2010

“ရွှေကူမဲကို ရှမ်းပြည်က မှတ်ပါလို့”

မိမိ၏ အသိဒါယိကာမသည် အရာရှိတစ်ယောက်ဖြစ်သည်အားလျှော်စွာ မန္တလေးရုံးကို မကြာခဏဆိုသလို အ လုပ်ကိစ္စအတွက် သင်တန်းသွားရောက်၍ ပို့ချရသည်။ သူမသည် မိုးကောင်းကင်ကားနှင့် ခရီးထွက်ခဲ့လေ သည်။မိုးကောင်းကင်အမြန်ယာဉ်သည် မြင်းခြံအထိရောက်သည့်ကားဖြစ်သည်။ သည်တစ်ခေါက်တွင် သူမသည် တစ်ယောက်တည်း ခရီးသွားရသည် ဖြစ်သည့်အတွက် တစ်ညလုံးလည်း မအိပ်ဖြစ်ခဲ့ပါ။ မိုးလင်းခါနီး မနက်လေး နာရီကျော်မှ အိပ်ပျော်သွားတော့ သည်။ နိုးလာသည့်အခါ ဘယ်ရောက်ပြီလဲကြည့်လိုက်စဉ် လမ်းက ဆိုင်းဘုတ် တစ်ခု ဖတ်လိုက်မိသည်။ ကူမဲဟူ ၍ တွေ့လိုက်ရသည်။ သူမသည် ပထမခရီးသွားစဉ်က ရုံးက မိတ်ဆွေများနှင့် အတူတကွ သွားခဲ့သည့်အတွက်ကြောင့် လမ်းခရီးမှာ ဘယ်အရာကိုမျှ သတိမထားမိ၊မကြည့်မိခဲ့။ အဲဒီအချိန်က ရထားနှင့် ခရီးသွားခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက် အဖေါ်မပါ သူမတစ်ယောက်တည်းဖြစ်သည့်အတွက် အရာ ရာကို ဂရုတစိုက်ကြည့်မိခဲ့သည်။ သို့ဖြစ်၍ ကူမဲမြို့ရောက်လာသည်ကိုသိလိုက်ရသည်။ ထိုသို့သိလိုက်ရ သောအခါ
“မြတ်စွာဘုရား ဘယ်များရောက်သွားပါလိမ့်၊ အမလေး အချိန်မီ မရောက်ရင်တော့ ဒုက္ခဘဲ၊ သင်တန်းအချိန်က သတ်မှတ်ပြီးသား၊ အားလုံးကမောက်ကမတွေ ဖြစ်ကုန်တော့မှာဘဲ၊ ဒီတစ်ခါရပ်လို့ကတော့ ဆင်းပြီး ရရာကားနဲ့ မန္တလေး ပြန်ရမှာဘဲ၊ မဖြစ်ဘူးဆိုပြီး ” ဆုံးဖြတ်ချက်ပင် ချက်ထားလေသည်။
သူမဟာ ရင်တွေ တဒိတ်ဒိတ်ခုန်လို့ပေါ့။ ဇောချွေးများပင် ပြန်လာတော့သည်။ ကားကလဲ ယခုအခါမှပင် တော် တော်လေး အရှိန်နှင့် သွားနေပါသည်။ သူမသွားလိုသော မန္တလေးခရီးသည်ကား တော်တော်ပင် လွန်ခဲ့ပြီးဟု ကောက် ချက်ချလိုက်မိသည်။
“ဒီတစ်ခါ ကားရပ်လို့ကတော့ ဆင်းမှဖြစ်မယ်”ဟု အဆင်သင့်ပြင်ထားလိုက်သည်။ ထို့သိုပြင်ထားစဉ် ခရီးသည် တစ်ဦးမှလည်း ဆင်းရန်အတွက် ပြင်ဆင်နေသည်။ ခေတ္တခဏကြာသည့်အခါ သူက အောင်မြင်ခန့်ငြားသည့် အသံနှင့်
“ကျောက်ဆည်ပါတယ်နော် ဆရာရေ”တဲ့။ ထိုအခါကျမှ
“ကူမဲဆိုတာ ကျောက်ဆည်မရောက်ခင် ကူမဲမြို့ကိုး”လို့ သိလိုက်ရတယ်။ ထိုအခါမှ သူမ၏ ရင်ထဲမှာ ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့ အပူလုံးကြီးသည်လည်း “ဒုန်းကနဲ”ဆို ကျသွားပါတော့သည်။
သူမသည်ကား ကူမဲမြို့ ကျောက်မဲမြို့တို့ကို ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည်ဟု ထင်မှတ်ခဲ့လေသည်။
အကယ်စင်စစ် မိမိ၏ ဇာတိမြေဖြစ်သော ရွှေကူမဲသည်ကား မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အတွင်းဝယ် တည်ရှိသော သာယာသော မြို့ကလေးတစ်မြို့ပင် ဖြစ်ပါပေ၏၊ ကျောက်မဲမြို့သည်ကား ရှမ်းပြည်
မြောက်ပိုင်းတွင် တည်ရှိသည်မှာ မှန်ပါပေ၏။
“အော် ဒီလောက်နာမည်ကြီးသော မြို့ကလေးကိုမှ မသိရကောင်းလား” ဟု
ညည်းချင်းသာထုတ်လိုက်ချင်ပါတော့သည်။
(ဤပုံပြင်ကို မိမိ၏ အသိဒကာမ(ခရစ်တလ်)မှ ပေးပို့သဖြင့် တည်းဖြတ်ကာ တင်ပြလိုက်ရပေသည်။ သူမ၏ ကိုယ်တွေ့အဖြစ်အပျက်ပါပေတည်း။)
မဲပါသော မြို့များနှင့် ပတ်သက်၍ အနည်းငယ်တင်ပြပါရစေအုံး၊ မိမိသည် ကုက္ကိုစုဆရာတော် ဦးနန္ဒသာမိ, မိမိ၏ ဆရာ, ဦးတေဇသာမိနှင့်အတူ ကျောက်ပန်းတောင်မြို့နယ် တောင်ဦးရွာသို့ ခရီးသွားခဲ့သည်။ မိမိတို့စီးလာ သော ကားသည် မိတ္ထီလာမြို့အ၀င် ဆိုင်တစ်ဆိုင်မှာ ခေတ္တခဏရပ်နားသည်။ ထိုသို့ရပ်နားစဉ် မိမိတို့သည် ကားပေါ်မှာ ဆင်းကား အောက်၌ လမ်းလျှောက်နေလေသည်။ ထိုစဉ် မိမိ၏ ဆရာတော်များသည် သူတို့၏ ငယ်သူငယ်ချင်း နှင့် သွားရောက်ဆုံနေလေသည်။ မတွေ့သည်မှာလည်း အတော်ကြာပြီး ဖြစ်ချေ၏။ သို့ဖြစ်၍ မိမိ၏ ဆရာသမားများက
“ဟ ကောင်ကြီး ဘယ်နေလဲဟ” ဟု တရင်းတနှီးမေးလေသည်။ ထိုအခါ မိမိဆရာတော်များ၏ သူငယ်ချင်းက လည်း
“ငါ ဧရာဝတီတိုင်း အိမ်မဲမြို့မှာ ကျောင်းထိုင်နေတယ်ကွ”ဟု ဖြေကြားလေ၏။ အိမ်မဲဆရာတော်ကလဲ
“ဟ မင်းတို့ကကော ဘယ်မှာ ကျောင်းထိုင်နေကြသလဲ”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက “ဒို့ကတော့ ကူမဲမှာ ကျောင်းထိုင်နေတယ်”ဟု ဖြေကြားလေသည်။ ထို့နောက် ဆရာတော် ဦးနန္ဒသာမိက
“မဲနှစ်မဲမှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေတော့ တွေ့ကြပြီး၊ ကျောက်မဲဘဲ ကျန်တော့တယ်ဟေ၊ မဲပါတဲ့ မြို့တွေ မှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေဟာ ဒကာတွေကို ကြောက်ရတယ် ပြောတယ်၊ မင်းကော ဒကာတွေကို ကြောက်ရသလား”ဟူ၍ မေးသောအခါ အိမ်မဲမြို့တွင် ကျောင်းထိုင်နေသော ဆရာတော်က
“မှန်တယ် မောင်နန္ဒရေ၊ ငါလဲ ဒကာတွေကို ကြောက်နေရတာဘဲ၊ ဒါနဲ့မင်းတို့ကကော မကြောက်ရဘူးလား”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက
“ဘာထူးမှာလဲကွ၊ ငါတို့လဲ မဲပါတဲ့ ကူမဲမြို့မှာ ကျောင်းထိုင်နေတော့ ဒကာကို ကြောက်ရတာပေါ့ကွ”ဟု သံပြိုင် ဖြေကြလေသည်။ ဘေးမှ နားထောင်နေသော မိမိသည်ကား ဆရာတော်များ၏ မဲသုံးမဲအကြောင်း အကြိတ်အ နယ်ဆွေးနွေး နေကြသည်ကို ကြားကား
“ဒို့များရဲ့ မဲပါတဲ့ ကူမဲမြို့ကလဲ အဲဒီလောက်တောင် အစွမ်းထက်ပါလား”ဟု ၀မ်းထဲတွင် ကြိတ်ကာ ပြုံးနေမိပါ တော့သည်။



Thursday, February 18, 2010

အချစ်စစ်ဆိုတာ...။

လိုချင်တာများရှိရင်လည်း ပြောပါလေ
အချစ်အတွက်အသက်ကိုပင်စွန့်ရဲတယ်
ကြည်ဖြူမယ်ဆိုရင် ဆယ်ခါပြန်မကတိုင်
အသက်ဆက်ရှင်သန်နေဦးမယ်
တိုင်တည်ကာ သစ္စာစကားပေးပါတယ်
အသည်းအက္ခရာတင်ထားမယ်
ဘယ်လိုသာဘယ်ပုံအချိန်တွေ ကုန်ဆုံးစေ
အချစ်သက်က ပျိုရွယ်နေဆဲကွယ်
အပြုံးပန်းအလှများ အစဉ်သာပွင့်ဝေစေချင်
အလွမ်းတေးများ နှုတ်ပိတ်နေစေချင်
နင်းသွားမယ့်လမ်းထဲ ဆူးခလုပ်တွေ
နှလုံးသွေးနဲ့ သန့်စင်ဖယ်ရှားမယ်
မပြေလည်ရင်လည်း ပြဿနာကင်းအောင်ကွယ်
အတွက်ခက်တဲ့ ပုစ္ဆာကူရှင်းမယ်
ဘယ်သူတွေ ဘယ်လိုကြံစည်ကာ ဖျက်နေနေ
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်


တေးရေး-ကိုရဲလွင်၊ တေးဆို-ခင်မောင်တိုး
ကျမရဲ့ လက်တွဲဖေါ် ရဲဖော်ရဲဖက်လေး ခင်ပွန်းသည် လင်ယောက်ျားက ကျမကို နားသောတဆင်စေလိုသောကြောင့် ဒီနေ့မနက် (18-FEB-2010) မှာ မေးပို့ထားတာတွေ့လို့ သီချင်းလေးကို နားဆင် ခံစားကြည့်လိုက်တော့ နေမကောင်း ဖြစ်နေတာလေးတောင် ပျောက်သလိုလို ဖြစ်သွားရပါတယ်ရှင်။ ကဲ အားဆေးလေးက မကောင်းလားနော်။

Monday, February 15, 2010

မဝေးချင်တော့တဲ့ နေ့ရက်တွေအတွက်။

လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ....
တေးရေး + တေးဆို - Rဇာနည်


တေးဆို-စည်သူလွင်+ဆုန်သင်းပါရ်
တေးရေး-စတုန်း

Sunday, February 14, 2010

Valentine's Day!

ဗာလင်တိုင်းတဲ့။ ကလေးတွေများ ထူးထူးဆန်းဆန်းနဲ့။ အင်္ဂလိပ်ဝေါဟာရတစ်ခုနဲ့ ဒီနေ့ကို သမိုင်းတွေ ထဲရှာကြ၊ နှုတ်ဆက်ကြနဲ့ပေါ့။ နေပါအုံး မေးပါအုံးမယ်၊ ပြက္ခဒိန်မှာရော ဒီနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား သလားကွယ်။ သိပါဘူးလေ၊ သဲသဲလှုပ်နေကြတဲ့ ဒီနေ့မှာ ကိုယ်လည်း ယောင်သွားတာပေါ့။ ကိုယ်ကတော့ သူတို့လေးတွေလိုလည်း မငယ်တော့၊ အခုမှ ထပြီး တစ်ခုခုလုပ်နေရင်လည်း၊ ယောကျာ်းက ပြောအုံးမယ်-သိပ်မပေါပါနဲ့ မိန်းမရယ်။ အင်း ဒါကြောင့် အင်တာနက်ထဲမှာ လျှောက်ဖတ်ထားမိတဲ့ စာတွေ ထဲက ပေါ်လာတဲ့ စာသားတချို့လေးကို သတိရရင်း၊ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ စကားလေးကို အမှတ်တယ ပြောလိုက်ဖြစ်ပါတယ်။ မနေ့ညက ဗာလင်တိုင်းအကြို နှုတ်ခွန်း ဆက်တဲ့စကားက ဒီလိုလေး.....

“အဘွားကြီးဖြစ်လာတဲ့အခါ အဘိုးကြီးကို ကျန်းကျန်းမာမာပဲ မြင်နေချင်တယ်”

ဘဝမှာ ပျော်ရွှင်နေဖို့၊ စိတ်ချမ်းသာဖို့၊ တရားအလုပ်တွေ စွမ်းနိုင်သလောက် လုပ်နိုင်ဖို့ဆိုတာ 
ကျန်းမာမှ ဆောင်ရွက်နိုင်တာကလား။ 
ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပါတယ်လေ။

Saturday, February 13, 2010

ဖေဖေါ်ဝါရီ (၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ

အရွယ်က မူလတန်း၊ ဖတ်စာ စာအုပ်ထဲမှ ကဗျာကိုလေးကို ဆရာမက တိုင်ပေး။ ကလေးငယ်များက လိုက်လံရွတ်ဆိုနေကြ။ တသောသောညံနေတဲ့ စာဖတ်သံ ရွတ်သံတွေကြားမှာ ဆရာမ၏ မျက်ဝန်းများက တစ်စုံတစ်ယောက်ထံ စူးစိုက် ရောက်သွားလေရဲ့။ ဆရာမက အားလုံးခဏလေးနော်။ စာသင်ခန်းရဲ့ အလယ်ခုံတန်းရှည် ဒုတိယတန်း အလယ်တွင် မျက်ဝန်းလေးတွေ ဝိုင်းနေတဲ့ ကောင်မလေးဆီကို ဆရာမက လျှောက်လှမ်းလာကာ
“သမီး....ထ..ထ ခုံပေါ်မတ်တပ်ရပ်ပါအုံး”
ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့ အကြောင်သားကြည့်နေတဲ့ ကလေးမလေးက နားမလည်စွာဖြင့် ငေးနေရင်း၊
ဆရာမက ဆက်လက်၍ “သမီး ခုနက ကဗျာဆိုနေတဲ့ အမူအရာလေးအတိုင်း သမီး သူငယ်ချင်းတွေ ခုံပေါ်မတ်တပ်ရပ်ပြီး ဆိုပြလိုက်ပါအုံး”၊ ဒီတော့မှ ကလေးမလေးက(ဆရာမ လက်ထဲက ကိုင်ထားတဲ့ ကြိမ်လုံးကို ကြောက်တာလည်းပါတယ်) ရှက်စနိုးနဲ့ ခုံပေါ်ကို မတ်တပ်ရပ်၍ အမူအရာပါပါ ရွတ်ဆိုတဲ့ ကဗျာလေးကတော့



                                      ဖေဖော်ဝါရီ (၁၃)မှာ                                    
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။

ဒီလိုနေ့ရက်တွေကို ရောက်လာတော့လည်း
မမေ့နိုင်တဲ့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့
ကလေးဘဝလေး တစ်ခုကို အမှတ်ရနေမိလို့ပါ။

ခင်မင်စွာဖြင့်
ခရစ္စတလ်



Wednesday, February 10, 2010

သွားတော်လေးဆယ် ဘုရားရှိခိုးဂါထာ။

(ပါဠိ)
သတိ ဂတိ ဓိတိ မန္တံ၊ သန္တံ ဒန္တံ သုခါဝဟံ။
စတ္တာလီသ သမ ဒန္တံ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံ။

(အနက်)
သတိ ဂတိ ဓိတိ မန္တံ- သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော။
သန္တံ- ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော။
ဒန္တံ- ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော စိတ်တော် ရှိတော်မူသော။
သုခါဝဟံ- လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူ တတ်သော။
စတ္တာလီသသမဒန္တံ - စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ် အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော။
ဗုဒ္ဓံ- သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ-(သွားဝေဒနာ ခံရပါ၍ ကျင်နာခံခက် ဆင်းရဲဖက်၍ နေရပါသော) ဘုရားတပည့်တော်သည်။
သာဒရံ- ရိုသေလေးစား ဦးညွတ်တွားလျက် စိတ်ထားကြည်လင် ဦးတော်တင်လျက်။
ဝန္ဒာမိ- လက်ဆယ်စုံမိုး၊ ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

နံနက်အိပ်ရာထ၊ ညအိပ်ရာဝင် တစ်ခေါက်စီ ဘုရားရှိခိုးပါ။
-------------------------------------------------------------------
သွားနာ သွားကိုက်ဖြစ်ကုန်သော လူအများတို့အတွက် အသုံးဝင်လေမလားရယ်လို့ တင်ပေးခြင်းဖြစ်ပါတယ်။ ဒီဂါထာကို ရွာဦးကျောင်းဆရာတော်မှ ရှာဖွေချီးမြှင့်ပေးခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကို ကျေးဇူးတင်စွာဖြင့် ဦးချကန်တော့လိုက်ပါတယ်ဘုရား။
ဂါထာရဲ့ အနက်အဓိပ္ပါယ်ကိုလည်း အာရုံမှာ ဥာဏ်ဖြင့် ကြည်ညိုပူဇော်ရင်းဖြင့်....။

ဆေးပေး မီးယူ။

အော် အသက်ကြီးလာရင် ဆေးပေး မီးယူဆိုတာလိုတယ်...ဟဲ့။
လူကြီးတွေက လူငယ်တွေကို အိမ်ထောင်ရက်သား ချထားလိုတာကြောင့် ပြောဆိုသော စကားလေး။

အင်း ဆေးပေး  မီးယူလေးတော့ လိုတယ်လေ အသက်ကြီးလာတဲ့အခါ....
ဒါက အထူးသဖြင့် လူပျိုကြီးတွေ ပြောလေ့ရှိတတ်ကြတာ။

ကျမကတော့ ဆေးပေး မီးယူဆိုတာကို သိပ်မစဉ်းစားဖြစ်ခဲ့ဘူး။ အခုတလောကျမှ................


ယောက်ျား။  ။ မိန်းမ....ဗိုက်ထဲမှာ တစ်မျိုးပဲ။ ရင်ပြည့်သလိုလိုနဲ့။
မိန်းမ။   ။ အော် အိုင်ပို့ထားတဲ့ အောင်တံခွန်ဆင်တုံးမနွယ်အတောင့်လေးတွေ စားကြည့်လေ။
ယောက်ျား။   ။ အော် ဟုတ်သား၊ မေ့နေတယ်။

မိန်းမ။   ။ အိုင် အညော်မိသွားလို့ အန်ဆုံးပေါက်တဲ့နေရာက ယောင်ပြီး တအားကိုက်နေတယ်။ ဘာလုပ်ရမလဲ။

ယောက်ျား။   ။ အော် မောရိယမန်းဆေးလေး သောက်ကြည့်ပါလား။ ကိုက်တာသက်သာအောင်လေ။

မိန်းမ။   ။ အယ်တော့ ဟုတ်သားပဲ၊ ယူ့ကိုတောင် ပို့ပေးလိုက်သေးတယ်။ အိုင့်မှာလည်း ရှိသေးတယ်။ အိုကေလေ သောက်လိုက်မယ်။

နောက်တစ်နေ့....
ယောက်ျား။   ။ ဘယ်လိုနေသေးတုန်း။
မိန်းမ။   ။ တော်တော်လေး သက်သာသွားတယ်ကွယ်။ ကျေးဇူးတင်လိုက်တာတော်။

ကဲ ကဲ စာဖတ်သူအပေါင်းတို့ရေ ဒီလိုနဲ့ ဘဝခရီးလမ်းမှာ ဆေးပေး မီးယူဆိုတဲ့ အဓိပ္ပါယ်လေးကို သဘောပေါက် နားလည်လာရပါတော့တယ်ရှင်။ ဘဝဆိုတာ ဒီလိုပါပဲ။

Monday, February 8, 2010

Definitations of a good friend from A to Z.....

Friend ( သူငယ်ချင်းကောင်းဆိုတာ)
A - Accepts you as you are.
သင့်ကို အရှိအတိုင်းလက်ခံသူ။

B - Believes in ''you'' .
သင့်ကို ယုံကြည်သူ။

C - Calls you just to say ''HI'' .
"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ။

D - Doesn't give up on you.
သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ။

E - Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို မှန်းမျှော်ပီတိဖြစ်နေသူ။

F - Forgives your mistakes.
သင့်အမှားများကို ခွင့်လွှတ်တတ်သူ။

G - Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ။

H - Helps you.
ကူညီဖေးမသူ။

I - Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ။

J - Just ''be'' with you.
သင်နှင့်အတူရှိနေတာကို ကျေနပ်သူ။

K - Keeps you close at heart.
လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ။

L - Loves you for who you are.
ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ။

M - Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ။

N - Never judges.
အပြစ်တင်ဝေဖန်ခြင်းမပြုသူ။

O - Offer support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ။

P - Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ။

Q - Quiets you fears.
ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ။

R - Raises your spirits.
စိက်ဓာတ်မြှင့်ပေးသူ။

S - Says nice things about you.
သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ။

T - Tells you truth when you need to hear it.
သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ။

U - Understand you.
သင့်ကို နားလည်သူ။

V - Values you.
သင့်ကို တန်ဖိုးထားသူ။

W - Walks beside you.
သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ။

X - Xplains thing you don't understand.
သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ။

Y - Yells when you won't listen.
သူ့စကားကို နားမထောင်ပါက အော်တတ်သူ။

Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ။

Friday, February 5, 2010

ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း။

ဒီတစ်လမှာ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်တာလေးတွေ တင်နေရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းဓမ္မဂင်္ဂါရဲ့ ပိုစ့်လေးကိုလည်း ဖတ်မိရော ကူးယူသိမ်းထားချင်လွန်းလို့ ခွင့်တောင်း ကူးယူဖေါ်ပြလိုက်ရပါသည်။

ဘုန်းဘုန်းဓမ္မဂင်္ဂါရဲ့ ဣတ္ထိယတောင်တန်းမှာ စခန်းချခြင်း။
Posted by ဓမ္မဂင်္ဂါ on 04 February, 2010


ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်အမည်ကိုက “ဣတ္ထိယတောင်တန်း”တဲ့၊ လောကီ ဆန်လွန်းလှပါပေ့။ မာတုဂါမ အရိပ်တွေ ထင်းထင်းကြီးပေါ်နေပါရောလား။ ဗုဒ္ဓအရှင်နဲ့ ရှင်အာနန္ဒာတို့ရဲ့ ကုသိနာရုံ နောက်ဆုံး စကားဝိုင်းမှာ မာတုဂါမအရေးကို ဆွေးနွေး နေခဲ့ကြတာ အမှတ်ရမိပါသေးတော့တယ်။ အဲဒီအကြောင်းကို “ကုသိနာရုံဆင်ဖိုနီ” ကဗျာရှည်မှာ ဒီလို ရေးမှတ်ခဲ့ဖူးရဲ့။

ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။

မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”
“အဒဿနံ အာနန္ဒ”
“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”
“အနာလာပေါ အာနန္ဒ”
“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”
“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”

ဒီဓမ္မဒိုင်ယာလော့ဂ်လေးကို အရှင်ဇနကာဘ၀ံသက အဖွင့်ကျမ်းတွေနဲ့ညှိနှိုင်းပြီး ဒီလို ရှင်းပြခဲ့တာပါ။

(၁။ အဒဿနံ။ မိမိ၏ ပရိယတ်ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင် ရလျှင် လောဘစိတ်လည်း မဖြစ်၊စိတ်လှုပ်ရှားမှုလည်း မဖြစ်၊ မိမိ၏ ပရိယတ်ပဋိပတ်တရားအပေါ်၌ သာ စိတ်ဝင် စား၍နေသောကြောင့်“မမြင်ရခြင်း”ကို အကောင်းဆုံးအကျင့်အဖြစ် ပထမစည်းထားတော် မူသည်။ (နဂိုကပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူ အတွက် မမြင်ရသော်လည်း စိတ်အားဖြင့် သွားနေ မည်ဖြစ်သောကြောင့် မမြင်ရ ရုံမျှကို အကောင်းဆုံးဟု ဆိုမရသေးပါ။)

၂။အနာလာပေါ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏၊ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှု ဖြစ်တတ်၏။ ဖောက်ပြန်မှုဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့် စကားမပြောခြင်းကို အကောင်းဆုံး အကျင့်အဖြစ် ဒုတိယစည်း ထားတော်မူသည်။

၃။အာလပန္တေန။ မာတုဂါမက “ဒီနေ့ ဘာနေ့ပါလဲ” ဟုမေးလျှင် ပြန်ဖြေရလိမ့်မည်။“ သီလပေးပါ” ဟု တောင်းလျှင် ပေးရလိမ့်မည်။ “တရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။

စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ဤသို့ရဟန်းကောင်းများပြုထိုက်သောအလုပ်ဖြစ်၍ စကားမပြောဘဲ နေသော ပုဂ္ဂိုလ်ကို “ဒီကိုယ်တော်ကအအကြီးပဲ၊” “ဒီကိုယ်တော်က အထိုင်းကြီးပဲ” ဒီကိုယ်တော်က စားပြီး တော့ ကြိုးနဲ့ တုပ်ထားသလိုထိုင်နေတာပဲ” ဤသို့စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကားပြောခွင့် ကြုံလျှင်--

၎။သတိ ဥပဋ္ဌာပေတဗ္ဗာ။ အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်၊ သမီးလို့ သတိထား လိုက်။ ဤသို့သတိထားနိုင်လျှင် မေတ္တာစိတ်သာဖြစ်ဖို့ ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင် သတိထားဖို့ရာ တတိယစည်း ထားတော်မူသည်။ 
(သုတ်မဟာဝါ ဘာသာဋီကာ၊ဒု၊၄၅၂။)

(၂)
ဒေသနာတော်မူရင်းကို စဖတ်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ ပြာသွားပါတယ်။ မာတုဂါမမကြည့်ရ၊ မာတုဂါမစကားမပြောရ ဆိုတော့လေ။ ဝေးပြီပေါ့။ သူ့မှာက ထသွားထလာ တယ်လီဖုန်းလေး တစ်လုံးက လည်း ရှိပြန်၊ ဂူးဂဲလ်ချတ်တင်းအကောင့်လေးတစ်ခုကိုလည်း ဖန်တီးထားပြန်ဆိုတော့ ခက်ခက်ရ ချည်ရဲ့။ မပြောရတော့ ဘူးဆိုရင်တော့ ဗာရာဏသီမှာ ခါနာနိမ်း(စားစရာမရှိ)၊ ဂျကာနိမ်း (နေစရာမရှိ) ဖြစ်သွားချေ မပေါ့။ မိခင်တွေ အမ နှမတွေနဲ့ စကားပြောရပေဦးမှာ မဟုတ်လား။

ရှင်အာနန္ဒာကို ကျေးဇူးတင်ကာ အခါခါဦးညွတ်မိပါတော့တယ်။ မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား တဲ့။ Woh Good Question! ပစ္စည်းလေးပါးအမှီအခိုရှာပြီး သာသနာ့ဝန်ထမ်းနေရတဲ့ ရဟန်း တစ်ပါးအတွက်ကတော့ ဒကာတွေ ကြည်ညိုရုံနဲ့ မပြီးဘဲကိုး။ ဒကာမတွေရဲ့ ယုံကြည်လေးမြတ်မှု ကလည်း အရေးကြီးတဲ့ အခန်းက ပါနေခဲ့တာပါ။ (အဟမ်း အဟမ်း ဆွမ်ခံကြွချိန်မှာ ဒကာမကြည်ညိုမှ ဟင်းကောင်း ကောင်း စားခဲ့ရတာတော့ သေချာတယ်။) မှန်၏။

ဝိပဿနာဒေသနာပြပြီး သံသရာငြီးငွေ့ကြောင်းတရားတွေ ဟောတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီး ကိုယ်တိုင် လည်း အဲဒါကိုတော့ ကောင်းကောင်းသဘောပေါက်ခဲ့လေသပေါ့။ ကမ္မဋ္ဌာန်းဆရာဟာ ကာမဂုဏ်ရဲ့ အပြစ်ကို ထောက်ပြရလေ့ရှိပါတယ်။ ဆရာတော်ဘုရားများနဲ့ အမျိုးသားယောဂီဆရာတွေရဲ့ ကာမဂုဏကထာမှာ မာတုဂါမတွေက ထိပ်တန်းခေါင်းစဉ်အဖြစ် ရှိနေတတ်ပါတယ်။ ရှောင်ကြကွင်းကြ ဖယ်ရှားကြလော့။

အမျိုးသမီးကမ္မဋ္ဌာန်းနည်းပြ ဆိုရင်တော့ ယောက်ျားတွေကို ကာမဂုဏ်ဇယားကွက်ထဲ ထည့်ပြီး နောက်နားမှာတော့ “ ရှင်းလင်းဖယ်ရှားရန်” လို့ မှတ်ချက်ပေးထားမယ် ထင်ပါရဲ့။အဲဒီလိုမှ မဖယ်ရှား ချင်သေးဘူး ဆိုရင် တော့ ဘလော့ဂါမိတ်ဆွေနာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်လို
“ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။” ဖြစ်ရချေဦးမပေါ့။

ထားပါ။
လယ်တီဆရာတော်ကြီးရဲ့ တရားပွဲတစ်ပွဲက အသံလေး နားထောင်ကြည့်ပါဦး။ တရားထောက်တာက အမျိုးသားပါ။
“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”
“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”
“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”
“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ” (ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)
“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”
“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”
“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။”
စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။

တော်တော်ပိုင်တဲ့ ဆရာတော်ကြီးပေပေါ့။ ဒီလိုမှ မဟုတ်ရင် မိန်းမတွေကို ရေမျှောပစ်လိုက်ရတော့မလို့။ တရားထောက်တဲ့ ဒကာကလည်း သိသိကြီးနဲ့ မျှောပစ်လိုက်သေးတယ်။ နောက်က ပါရမီဖြည့်ဘက်ကြီးကို လှည့်ကြည့် လိုက်တော့ “ မျှောလိုက် မျှောလိုက်” လို့ အချက်ပေးလိုက်လေသကိုး။

ကဗျာဆရာ ဒကာပိုင်စိုးဝေကြီးကလည်း “ဣတ္ထိယတောင်တန်း”တဲ့။ ကျော်လို့လည်း မရ၊ ထားလို့လည်း မရ ဖြစ်နေပါရောလား။

(၃)
ကိုးကွယ်ရာအစစ် ဗုဒ္ဓအရှင်မြတ်ကိုယ်တော်တိုင်လည်း ဘဒ္ဒကဉ္စနာဆိုတဲ့ မာတုဂါမလေးရဲ့ အကူအညီတွေ များစွာ ယူခဲ့ရလေသပေါ့။ ဘဒ္ဒကဉ္စနာဆိုတာ ယသော်ဓရာလို့ ထင်ရှားတဲ့ မိန်မမြတ်ကြီးတစ်ဆူပေပ။ ဒီပင်္ကရာ ဘုရားမြတ်ခြေတော်ရင်းမှာ ဝမ်းလျားထိုးမှောက်လို့ ခန္ဓာကိုယ်ကို တံတားခင်း ဆောက်လှူ နေရှာတဲ့ လူချော လူလှ သုမေဓာရှင်ရသေ့လေးကို တိတ်တခိုးချစ်မိရာက ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်း ခဲ့မိလေသကိုး။ လေး သင်္ချေနဲ့ ကမ္ဘာတစ်သိန်းခရီးကြမ်းဆိုတာ သုမေဓာကိုယ်တော်လေးတစ်ပါးတည်း ဖောက်ခဲ့ရတဲ့ ပါရမီလမ်းမှ မဟုတ်တာပဲ။ သုမိတ္တာမာတုဂါမလေးကလည်း ကြာငါးခိုင်ကို ကိုင်ဆွဲပြီး နောက် တော်ပါးက ရဲရဲကြီးလျှောက် ခဲ့ရတာပါပဲလေ။

ယသောဓရာမင်းသမီးကိုယ်တိုင် ရဟန္တာထေရီမကြီးအဖြစ် ပရိနိဗ္ဗာန်စံဝင်ခါနီးဆဲဆဲ ဗုဒ္ဓအရှင်မြတ်ကို နောက်ဆုံး ကန်တော့ခြင်းနဲ့ ဓမ္မကဗျာတွေရွတ်ဆိုသီဖွဲ့ပြီး လျှောက်ထားခဲ့တာလေးကိုသာ ကြည်ညို ကြည့်ကြပါဦးတော့။ သံသာလေကမ်းတိုင်ခဲ့ကြပြီဖြစ်တဲ့ ပါရမီဖြည့်ဖက်ကြီးနှစ်ဆူရဲ့ အန္တိမလမ်းခွဲပါပဲ၊ သံဝေဂထက် လွမ်းတောင် လွမ်းမိရသေး။

ပုဗ္ဗာနံ လောကနာထာနံ၊
သင်္ဂမံ တေ နိဒဿိတံ။
အဓိကာရံ ဗဟုံ မယှံ၊
တုယှတ္ထာယ မဟာမုနေ၊

လောကနတ်အဆူဆူထံပါး၊
အရှင်နဲ့ ပေါင်းဆုံညားခဲ့သမျှ ကျွန်မမြင်မိပေါ့။
အကျွန့်မှာ ဆုတောင်းတွေများခဲ့ရ၊
အရှင့်အတွက်သာပ သခင်ဘုရား။

ယံ မယှံ ပူရိတံ ကမ္မံ၊
ကုသလံ သရသေ မုနေ၊
တုယှတ္ထာယ မဟာဝီရ။
ပုညံ ဥပစိတံ မယာ။

အကျွန်ဆည်းပူးခဲ့တဲ့ ကံ၊
ကောင်းမှုမှန်သမျှ သတိရပါ အရှင်။
အရှင့်အတွက်သာပဲပ သခင်၊
အကျွန်ကောင်းကျိုး ပြုခဲ့ပြီ။

အဘဗ္ဗဋ္ဌာနေ ၀ဇ္ဇေတွာ၊
ဝါရယိတွာ အနာစာရံ။
တုယှတ္ထာယ မဟာဝီရ၊
သဉ္စတ္တံ ဇီဝိတံ မယာ။

မလျော်တာ ကြဉ်ဖယ်၊
မဖွယ်ရာတာ မခင်တွယ်ဘဲ၊
အရှင့်အတွက်သာပဲပ သခင်၊၊
အကျွန်အသက်ကိုလည်း စွန့်ခဲ့ ပြီ။

နာနာဝိဓံ ဗဟုဒုက္ခံ၊
သံသာရေစ ဗဟုဗ္ဗိဓေ။
တုယှတ္ထာယ မဟာဝီရ၊
အနုဘုတ္တံ အသင်္ခယံ။

အမျိုးမျိးသော ဆင်းရဲ
သံသာဝဲအဖုံဖုံမှာ၊
အရှင့်အတွက်ပဲပ သခင်၊
အကျွန်ခံစားခဲ့ဖူးပါပြီ။

သုခပ္ပတ္တာနုမောဒါမိ၊
န စ ဒုက္ခေသု ဒုမ္မနာ။
သဗ္ဗတ္ထ တုလိတာ ဟောမိ၊
တုယှတ္ထာယ မဟာဝီရ။

သခင်လန်းတော့ ကျွန်မ ပျော်၊
ဆင်းရဲသော်လည်း ၀မ်းမနည်း။
အရာအားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။
အရှင့်အတွက်သာပ သခင်ဘုရား။
ယသော်ဓရာထေရီရဟန္တာမကြီးရဲ့ ဓမ္မကဗျာကောက်နှုတ်ချက်အချို့ပါ။ မူရင်းအတိုင်းကြည်ညိုချင် သူများက တော့ ထေရီအပါဒါန်ပါဠိတော်အရိပ်သာ ခိုကြပေရော။ ဗုဒ္ဓအရှင်ကလည်း ယသော်ဓရာထေရီကို ဒီလို ကောင်းချီး ပေးတော်မူခဲ့ပါတယ်။

ဥပကာရာစ ယာ နာရီ၊
ယာ နာရီ စ သုခေ ဒုခေ။
အတ္ထက္ခာယီ စ ယာ နာရီ၊
ယာ စ နာရီ နုကမ္ပိကာ။

( ယသောဓရာသည်)
ကျေးဇူးလည်း ပြုတတ်ပေသော မိန်းမမြတ်၊
ချမ်းသာ ဆင်းရဲ သံသာဝဲမှာ လက်တွဲမဖြုတ်ခဲ့သော မိန်းမမြတ်၊
အကျိုးဖြစ်ရန် မှန်သာစကားကိုသာ ဆိုပေသော မိန်းမမြတ်၊
အမြဲအစဉ်သာ စောင့်ရှောက်ရှာသော မိန်းမမြတ်ပေတည်း။

အော် ဣတ္ထိယတောင်တန်းပေတကား။