အရွယ်က မူလတန်း၊ ဖတ်စာ စာအုပ်ထဲမှ ကဗျာကိုလေးကို ဆရာမက တိုင်ပေး။ ကလေးငယ်များက လိုက်လံရွတ်ဆိုနေကြ။ တသောသောညံနေတဲ့ စာဖတ်သံ ရွတ်သံတွေကြားမှာ ဆရာမ၏ မျက်ဝန်းများက တစ်စုံတစ်ယောက်ထံ စူးစိုက် ရောက်သွားလေရဲ့။ ဆရာမက အားလုံးခဏလေးနော်။ စာသင်ခန်းရဲ့ အလယ်ခုံတန်းရှည် ဒုတိယတန်း အလယ်တွင် မျက်ဝန်းလေးတွေ ဝိုင်းနေတဲ့ ကောင်မလေးဆီကို ဆရာမက လျှောက်လှမ်းလာကာ
“သမီး....ထ..ထ ခုံပေါ်မတ်တပ်ရပ်ပါအုံး”
ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့ အကြောင်သားကြည့်နေတဲ့ ကလေးမလေးက နားမလည်စွာဖြင့် ငေးနေရင်း၊
ဆရာမက ဆက်လက်၍ “သမီး ခုနက ကဗျာဆိုနေတဲ့ အမူအရာလေးအတိုင်း သမီး သူငယ်ချင်းတွေ ခုံပေါ်မတ်တပ်ရပ်ပြီး ဆိုပြလိုက်ပါအုံး”၊ ဒီတော့မှ ကလေးမလေးက(ဆရာမ လက်ထဲက ကိုင်ထားတဲ့ ကြိမ်လုံးကို ကြောက်တာလည်းပါတယ်) ရှက်စနိုးနဲ့ ခုံပေါ်ကို မတ်တပ်ရပ်၍ အမူအရာပါပါ ရွတ်ဆိုတဲ့ ကဗျာလေးကတော့
ဖေဖော်ဝါရီ (၁၃)မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ဒီလိုနေ့ရက်တွေကို ရောက်လာတော့လည်း
မမေ့နိုင်တဲ့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့
ကလေးဘဝလေး တစ်ခုကို အမှတ်ရနေမိလို့ပါ။
ခင်မင်စွာဖြင့်
ခရစ္စတလ်
မမေ့နိုင်တဲ့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့
ကလေးဘဝလေး တစ်ခုကို အမှတ်ရနေမိလို့ပါ။
ခင်မင်စွာဖြင့်
ခရစ္စတလ်
1 comment:
ဗိုလ်ချုပ်မွေးနေ့ကဗျာလေးဖတ်ရင်း
ငယ်စဉ်ဘဝကိုပိုသတိရသွားပါတယ်
Post a Comment