“မြတ်စွာဘုရား ဘယ်များရောက်သွားပါလိမ့်၊ အမလေး အချိန်မီ မရောက်ရင်တော့ ဒုက္ခဘဲ၊ သင်တန်းအချိန်က သတ်မှတ်ပြီးသား၊ အားလုံးကမောက်ကမတွေ ဖြစ်ကုန်တော့မှာဘဲ၊ ဒီတစ်ခါရပ်လို့ကတော့ ဆင်းပြီး ရရာကားနဲ့ မန္တလေး ပြန်ရမှာဘဲ၊ မဖြစ်ဘူးဆိုပြီး ” ဆုံးဖြတ်ချက်ပင် ချက်ထားလေသည်။
သူမဟာ ရင်တွေ တဒိတ်ဒိတ်ခုန်လို့ပေါ့။ ဇောချွေးများပင် ပြန်လာတော့သည်။ ကားကလဲ ယခုအခါမှပင် တော် တော်လေး အရှိန်နှင့် သွားနေပါသည်။ သူမသွားလိုသော မန္တလေးခရီးသည်ကား တော်တော်ပင် လွန်ခဲ့ပြီးဟု ကောက် ချက်ချလိုက်မိသည်။
“ဒီတစ်ခါ ကားရပ်လို့ကတော့ ဆင်းမှဖြစ်မယ်”ဟု အဆင်သင့်ပြင်ထားလိုက်သည်။ ထို့သိုပြင်ထားစဉ် ခရီးသည် တစ်ဦးမှလည်း ဆင်းရန်အတွက် ပြင်ဆင်နေသည်။ ခေတ္တခဏကြာသည့်အခါ သူက အောင်မြင်ခန့်ငြားသည့် အသံနှင့်
“ကျောက်ဆည်ပါတယ်နော် ဆရာရေ”တဲ့။ ထိုအခါကျမှ
“ကူမဲဆိုတာ ကျောက်ဆည်မရောက်ခင် ကူမဲမြို့ကိုး”လို့ သိလိုက်ရတယ်။ ထိုအခါမှ သူမ၏ ရင်ထဲမှာ ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့ အပူလုံးကြီးသည်လည်း “ဒုန်းကနဲ”ဆို ကျသွားပါတော့သည်။
သူမသည်ကား ကူမဲမြို့ ကျောက်မဲမြို့တို့ကို ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည်ဟု ထင်မှတ်ခဲ့လေသည်။
အကယ်စင်စစ် မိမိ၏ ဇာတိမြေဖြစ်သော ရွှေကူမဲသည်ကား မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အတွင်းဝယ် တည်ရှိသော သာယာသော မြို့ကလေးတစ်မြို့ပင် ဖြစ်ပါပေ၏၊ ကျောက်မဲမြို့သည်ကား ရှမ်းပြည်
မြောက်ပိုင်းတွင် တည်ရှိသည်မှာ မှန်ပါပေ၏။
“အော် ဒီလောက်နာမည်ကြီးသော မြို့ကလေးကိုမှ မသိရကောင်းလား” ဟု
ညည်းချင်းသာထုတ်လိုက်ချင်ပါတော့သည်။
(ဤပုံပြင်ကို မိမိ၏ အသိဒကာမ(ခရစ်တလ်)မှ ပေးပို့သဖြင့် တည်းဖြတ်ကာ တင်ပြလိုက်ရပေသည်။ သူမ၏ ကိုယ်တွေ့အဖြစ်အပျက်ပါပေတည်း။)
မဲပါသော မြို့များနှင့် ပတ်သက်၍ အနည်းငယ်တင်ပြပါရစေအုံး၊ မိမိသည် ကုက္ကိုစုဆရာတော် ဦးနန္ဒသာမိ, မိမိ၏ ဆရာ, ဦးတေဇသာမိနှင့်အတူ ကျောက်ပန်းတောင်မြို့နယ် တောင်ဦးရွာသို့ ခရီးသွားခဲ့သည်။ မိမိတို့စီးလာ သော ကားသည် မိတ္ထီလာမြို့အ၀င် ဆိုင်တစ်ဆိုင်မှာ ခေတ္တခဏရပ်နားသည်။ ထိုသို့ရပ်နားစဉ် မိမိတို့သည် ကားပေါ်မှာ ဆင်းကား အောက်၌ လမ်းလျှောက်နေလေသည်။ ထိုစဉ် မိမိ၏ ဆရာတော်များသည် သူတို့၏ ငယ်သူငယ်ချင်း နှင့် သွားရောက်ဆုံနေလေသည်။ မတွေ့သည်မှာလည်း အတော်ကြာပြီး ဖြစ်ချေ၏။ သို့ဖြစ်၍ မိမိ၏ ဆရာသမားများက“ဟ ကောင်ကြီး ဘယ်နေလဲဟ” ဟု တရင်းတနှီးမေးလေသည်။ ထိုအခါ မိမိဆရာတော်များ၏ သူငယ်ချင်းက လည်း
“ငါ ဧရာဝတီတိုင်း အိမ်မဲမြို့မှာ ကျောင်းထိုင်နေတယ်ကွ”ဟု ဖြေကြားလေ၏။ အိမ်မဲဆရာတော်ကလဲ
“ဟ မင်းတို့ကကော ဘယ်မှာ ကျောင်းထိုင်နေကြသလဲ”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက “ဒို့ကတော့ ကူမဲမှာ ကျောင်းထိုင်နေတယ်”ဟု ဖြေကြားလေသည်။ ထို့နောက် ဆရာတော် ဦးနန္ဒသာမိက
“မဲနှစ်မဲမှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေတော့ တွေ့ကြပြီး၊ ကျောက်မဲဘဲ ကျန်တော့တယ်ဟေ၊ မဲပါတဲ့ မြို့တွေ မှာ ကျောင်းထိုင်တဲ့ ကိုယ်တော်တွေဟာ ဒကာတွေကို ကြောက်ရတယ် ပြောတယ်၊ မင်းကော ဒကာတွေကို ကြောက်ရသလား”ဟူ၍ မေးသောအခါ အိမ်မဲမြို့တွင် ကျောင်းထိုင်နေသော ဆရာတော်က
“မှန်တယ် မောင်နန္ဒရေ၊ ငါလဲ ဒကာတွေကို ကြောက်နေရတာဘဲ၊ ဒါနဲ့မင်းတို့ကကော မကြောက်ရဘူးလား”ဟု မေးလေသည်။ ဤတွင် မိမိဆရာတော်များက
“ဘာထူးမှာလဲကွ၊ ငါတို့လဲ မဲပါတဲ့ ကူမဲမြို့မှာ ကျောင်းထိုင်နေတော့ ဒကာကို ကြောက်ရတာပေါ့ကွ”ဟု သံပြိုင် ဖြေကြလေသည်။ ဘေးမှ နားထောင်နေသော မိမိသည်ကား ဆရာတော်များ၏ မဲသုံးမဲအကြောင်း အကြိတ်အ နယ်ဆွေးနွေး နေကြသည်ကို ကြားကား
“ဒို့များရဲ့ မဲပါတဲ့ ကူမဲမြို့ကလဲ အဲဒီလောက်တောင် အစွမ်းထက်ပါလား”ဟု ၀မ်းထဲတွင် ကြိတ်ကာ ပြုံးနေမိပါ တော့သည်။
2 comments:
ဒကာမကြီးဖြစ်ပုံက တယ်လွဲသကိုး...
တော်ပါသေးရဲ့ ကူမဲမှာတင် မဆင်းလိုက်မိလို့...
းဝ)
ခရစ်စတယ်လေး :)
တို့တွေလည်း အသက်ကြီးလာပြီ။
ကျောက်ဆည်မရောက်ခင် ကူမဲမြို့ တို့လည်းသိဘူး။
Post a Comment