သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, February 27, 2010

ဘဝဇာတ်ခုံပေါ်မှ ဇာတ်ရုပ်များ။

သူတို့လေးတွေမှာ တနေ့ တနေ့ သွားလာလှုပ်ရှား ရုန်းကန် ရှာဖွေစားသောက်ရတာလည်း ပင်ပန်းလှတယ်။ ခန္ဓာနဲ့ ရင်းနှီး စားသောက်နေရတော့ စိတ်ပင်ပန်းမှုနှင့် လူပင်ပန်းရတဲ့နေ့တွေလည်း မနဲတော့ဘူး။ တစ်ခါ တလေလည်း ဧည့်သည်မရတဲ့ နေ့တွေလည်း ရှိကြရှာတယ်။ သူတို့က အိမ်ခန်းတွေ တည်းခိုခန်းတွေမှာလို အလုပ်ဆင်းရတဲ့သူတွေလို အေးအေးဆေးဆေး မရှိလှဘူး။ ဧည့်သည်ရှာဖွေရခြင်း ပင်ပန်းမှုတစ်ခုပိုတယ်လို့ ဆိုကြပါတယ်။ ရဲတွေက စီမံချက်ဝင်ရင်လည်း အလုပ်နားထားရပါတယ်၊ ကိုယ်သွားလာလှုပ်ရှား နေကြနေရာတွေကို ခဏနား ထားရပါတယ်။ ကွမ်းယာဆိုင်လေးတွေ အနီးအနားမှာ ယောင်လည် လည်နေကြရတယ်။ ကွမ်းယာဆိုင်ဆိုတော့လည်း ကျားသတ္တဝါတွေ အသွားအလာ များတတ်ကြတာကလား။ ကဲကောင်မလေး တစ်ယောက်ပြောတဲ့ ပုံပြင်လေး နားထောင်ကြည့်ကြပါအုံးစို့။
အင်း တခါတုန်းက အမှတ်ရမိပါသေးတယ်။ မှတ်တိုင်မှာ ဧည့်သည်စောင့်နေတုန်း ယောကျာ်းတစ်ယောက် ကို မျက်စိမှိတ်ပြလိုက်တယ်။  ဒါနဲ့ ဒီလူသားက ဘယ်လောက်လဲလို့ မေးပါရောလား။ လက်တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ ဝမ်းပန်းတသာနဲ့ တစ်ထောင်လားတဲ့။ ဈေးနှိမ်လိုက်တာရှင်။ ခြောက်ထောင်လို့ ပြောတာပါလို့ ပြောလိုက်တယ်။ ဒီနေရာ ဒီလိုလေးပုံစံနဲ့ပြောတာကို နားမလည်ရှာဘူး၊ ငါးထောင်အောက်ကို ဈေးမပြောဘူးဆိုတာ နားမလည် ဘူးလားနော်။ ပြောလိုက်ပြန်ရင်လည်း မသိလို့ပါ ပြောပါအုံးမယ်။ လေးထောင်ရမလား ဈေးဆစ်ပါလေရော။ မရပါဘူးလို့ ပြောလိုက်ရော လှည့်ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဒီလူက အမျိုးသမီး တစ်ယောက်နဲ့ တွဲပြီးလာတယ်။ သူ့အနားကို ကပ်ပြီး ချေပဂိုးသွင်းလိုက်တယ်။ 
တန်ရာ တန်ရာတော့ ရမှာပေါ”့
ကဲကောင်းပါလေရော၊ အဲဒီတွဲလျှောက်လာသော အမျိုးသမီးသာ ဒီလူရဲ့ ဇနီးမယားဖြစ်ခဲ့ပါလျှင်...။ အမျိုးသားတွေ စဉ်းစားတတ်ကြဖို့ပါ။ ကိုယ့်ဖာသာကိုယ် လမ်းပေါ်က သရေစာလေးတွေ စားချင်ကြတာ အပြစ်မပြောလိုပါဘူး၊ ကိုယ့်အမျိုးသမီးကိုတော့ ဈေးမဖျက်မိ ကြစေနဲ့နော့။  ဆင်ခြင်ကြပေါ့။
ကျမတွေ့ခဲ့ရတဲ့ အများစုသော ကောင်မလေးတွေသည် သူတို့ ပုံမှန်စရိုက်ကိုက အမှန်စကား သိပ်မပြောကြပါဘူး။ နာမည်မေးရင် ပါးစပ်ထဲ၊ သူတို့စိတ်ထဲ ကြိုက်တဲ့နာမည်လှလှလေးတွေ ပြောတတ်ကြတာပါ။ ညီမလေးတို့ ဇာတိက ဘယ်ကလဲဆိုရင်လည်း လွယ်လွယ်ကူကူ မေးလို့ရမယ် မထင်ပါနဲ့၊ စကားပြောရင်း ကျမကို ခင်လာတော့မှ အမှန်ပြောလာကြတော့တာပါ။ အဲဒီအချိန်အထိ သူတို့ ရင်ဖွင့်ချင်လာအောင်တော့ စကားများစွာ ပြောခဲ့ရပါတယ်။ တခါတုန်းက နယ်မြို့တစ်ခုက အနှိပ်ခန်းမှာ သူတို့စကားပြောအပြီး ပြန်ဖို့ နှုတ်ဆက်တော့ ကောင်မလေး ခပ်သွက်သွက်တစ်ယောက်က အစ်မက တော်တော် စကားပြောကောင်းတယ်၊ သမီးတို့ အကြောင်းတွေကို အစ်မ အားလုံးသိသွားပြီနော်၊ အစ်မ ဘာလုပ်ဖို့ သမီးတို့နဲ့ စကားလာပြောတာလဲ လို့ လက်ဆွဲပြီး မေးတော့တာပဲ။ ကျမလည်း ကိုယ့်အကြံ လူမိပြီဖြစ်လို့ သမီးတို့ရဲ့ ဘဝတွေကို အစ်မက နားလည်ချင်တယ်လေ၊ ဒီလိုပဲ ပြင်ပမှာလည်း အစ်မလိုပဲ သမီးတို့ကို နားလည်ပေးချင်တဲ့ သူတွေ၊ ကိုယ်ချင်းစာ နိုင်တဲ့သူတွေ ရှိနေကြတယ်။ သူတို့တွေကို အစ်မက သမီးတို့ ကိုယ်စား နားလည်အောင် ကူညီရှင်းပြပေးချင်လို့ပါ ပြောခဲ့ဖြစ်ပါတယ်။ သူလေးက ကျမကို မျက်ရည်တွေဝဲရင်း နောက်တစ်ခါလာခဲ့အုံးနော် အစ်မလို့ ပြောရှာပါတယ်။ ကျမ ဒီတစ်ခေါက် အဲဒီနေရာကို သွားခဲ့ရင်တောင် သူမ စောင့်နေနိုင်ပါအုံးမလား။ မသေချာပါဘူး..... စာဖတ် ပရိတ်သတ်ကြီးရေ။ ဘာဖြစ်လို့လဲဆိုတာ တွေးကြည့်ကြပေါ့နော်။


2 comments:

ကိုလူထွေး said...

တိုင်းပြည်ဟာ မိဘလို့ဆိုရင် မိဘတွေတာဝန်မကျေတာပဲပေါ့...
စနစ်ဆိုးရဲ့အောက်မှာ ကြွေလွင့်သွားရတဲ့ဘဝတွေကို နှမျောမိပါတယ်...

Ideal Idea said...

How nice! We get a lot of knowledge from it, but I wonder what you really intend to give readers by that post? Who is morally corrupt between them--the lady's behavior or the man's? We need to make an analysis on this matter. Right? Thinking are sometimes related with seeing. Is that right?
I am just thinking of it. Hope to read more.