သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, November 26, 2013

သန်းခေါင်ပျောက်တဲ့ ကြယ် (ရှင်မားရု)


အမေ့ခံတွေရဲ့ ဘဝ

တံတားလေးတစ်စင်းစာ ဝပ်စင်းရဖို့

သံသရာကြိုးတွေနဲ့ ငြိလိုငြိ

မော်မကြည့်ဖြစ်တော့တဲ့ ကြယ်တွေအကြောင်း

တရားတောင်းသူ မရှိလည်း ဟောနေမယ် ...။



ရာသီအလိုက် စကားတွေ အကြား

တချို့က ရာသီဥတုပျောက်

တချို့က လျှောက်ပြန်သံပေး လမ်းမပေါ်ရောက်လို့

ကြယ်တွေခမျာ သန်းခေါင်ပျောက်ရင်း မိုးလင်းရ

အရင်ကလို မစားရသထာ အာရုံများ ...။



ဘဝတွေက အရင်လိုပဲ ...

အရင်အတိုင်းပါပဲ ..ကွယ်

ခန္ဓာငါးပါးချင်း အတူတူ

ကျပျောက်သွားတဲ့ အရိပ်ကလေးကို ပြန်ကောက်ပါ

အရင်ဘဝက မှောင်ပြပြ

ကြယ်တွေ အကြောင်းရယ်လေ ...။


ရှင်မားရု (အရှင်မဏိဇောတာလင်္ကာရ) စိတ်လိုလက်ရများ ကဗျာစာအုပ်မှ ကူးယူဖေါ်ပြပါသည်။ 

ခင်မင်လေးစားစွာဖြင့် 
ခရစ္စတလ်