သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, December 22, 2009

မင်္ဂလာ ဘယ်နှစ်ပါးရှိပါသလဲ။

နွေရာသီကျောင်းပိတ်ရက် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုသင်တန်းတစ်ခုတွင် စာမေးပွဲစစ်ဆေးနေချိန်ဖြစ်၏။
ကလေးမလေးတစ်ဦးသည် စာမေးပွဲ မေးခွန်းလွှာကို စိတ်ဖြင့် ဖတ်၏။

မေးခွန်းလွှာ(၁)
မင်္ဂလာ ဘယ်နှစ်ပါးရှိပါသနည်း။ ၄င်းတို့ကို ဖော်ပြပါ။

ကလေးမလေးက စဉ်းစား၏။ မင်္ဂလာ ဘာပါလိမ့်။ အော် သိပြီ၊ သိတာပေါ့ လွယ်လွယ်လေးပဲ။

ဖြေ။ ။ မင်္ဂလာ နှစ်ပါးရှိပါသည်။ ၄င်းတို့မှာ မင်္ဂလာပါခင်ဗျာ၊ မင်္ဂလာရှင် တို့ ဖြစ်ကြပါသည်။

(စာဖတ်သူ ဖြည်းဖြည်းရယ်ပါနော်။ အခုတော့ အဲဒီကလေးမလေးက ဘာသာရေးမှာ အဲဒီအချိန်အဲဒီသင်တန်းက ဆုရတဲ့သူတွေထက် ဘာသာရေးကို ပိုသိနေပါပြီ။ ဘဝဆိုတာ ဒီလိုပါပဲ-ရေသေအတိုင်းမသွားဘူးလေနော်။)

No comments: