သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, December 28, 2009

ပေးဆပ်ခြင်းဖြင့်။

သမီးရည်စားအတွဲတစ်တွဲမှာ ကောင်မလေးက ကောင်လေးကို ဘယ်အရာရာမဆို ကောင်မလေးကပဲ ဦးဆောင်နေသလိုဖြစ်နေခဲ့တယ်။ ဒါကိုကောင်မလေးသိပ်သဘောမကျဖြစ်နေတာ….
တစ်ရက်… နှစ်ယောက်ပင်လယ်ပြင်ကို အပျော်စီးသင်္ဘောနှင့် အလည်သွားချိန်မှာသင်္ဘော မှောက်သွားတယ်။ ကံကောင်းထောက်မစွာနှင့် ပျဉ်ပြားတစ်ချပ် သူတို့ ရေပေါ်မှာ မျောနေကြတယ်။
“နင်ကြောက်နေလား” ကောင်မလေးမေးတော့ “ ဓါးသေးသေးလေးကို ထုတ်လာပြီး “ကြောက်ပါဘူး၊ ငါးမန်းတွေ လာရင် ငါဒီဓါးနဲ့ ထိုးလိုက်မယ်” လို့ပြောတော့ ကောင်မလေးက ခေါင်းလေးခါပြီး ရီတယ်……..
သိပ်မကြာခင်မှာပဲ သင်္ဘောတစ်စင်းလည်း သူတို့ မျောလာနေတာကို တွေ့တယ်…ပြီးတော့ တစ်ဖက်မှာ ငါးမန်းတွေလည်းလာနေတယ်….ကောင်မလေးက “ငါတို့ အစွမ်းကုန်ကူးခက်ကြရအောင်”
အဲဒီအချိန်မှာ ကောင်လေးဟာ ကောင်မလေးကို ပျဉ်ပြားပေါ်ကတွန်းချလိုက်ပြီး တစ်ယောက်တည်း ကူးသွားတယ်…. “ဒီတစ်ခါငါအရင်ကူးမယ်ဆိုပြီး” ထွက်သွားတယ်….ကောင်မလေးမှာ ပြောမတတ်အောင် အ ပြီးကျန်ခဲ့တယ်…..ကောင်လေးဟာ ငါးမန်းတွေဝန်းရံနေတဲ့ကြားမှာ ကူးခက်ရင်း “ငါနင့်ကို
အရမ်းချစ်တယ်” လို့ဆိုကာပင်လယ်ထဲ မှာပျောက်ကွယ်သွားတယ်…..သင်္ဘောသားတွေ က ထိုအချိန်မှာ ကောင်မလေးကို ကယ်တင်လိုက်တယ်….သင်္ဘောcaptain က “ကောင်မလေး၊ သူဟာ ငါတွေ့ ဖူးတဲ့လူတွေထဲမှာ အရဲရင့်ဆုံးပဲ သူ့အတွက်ဆုတောင်းပေးကြရအောင်” “မဟုတ်ဘူး၊ သူကငကြောက်” လို့ ကောင်မလေးကဆိုတော့ သင်္ဘောcaptain က “ဟာ ..........ဘာလို့လဲ၊ နင်တို့ကို ကယ်မလို့ အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေတာ၊ ထင်ထင်ရှားရှားပဲ နင့်ကိုတွန်းထုတ်လိုက်ပြီး သူ့လက်ကိုသူ ဓါးနဲ့
ဒဏ်ရာရအောင်လုပ်လိုက်တယ်…. ငါးမန်းဆိုတာ သွေးညှိနှံ့ကို ချက်ခြင်းသိတာ… နင်ကိုကယ်ဖို့ အချိန်ရအောင်ပါ….သူသာဒီလိုမလုပ်ရင် နင်လည်း ဒီသင်္ဘောပေါ်မှာရောက်လာမှာမဟုတ်ဘူး……….


( လူသားတိုင်း အချစ်အတွက် အရင်းနှီးများတဲ့ ပေးဆပ်ခြင်းတွေမှ ကင်းဝေးနိုင်ကြပါစေ။ အချစ်အတွက်ဆို အားလုံးကိုပေးဆပ်ရဲကြပါတယ်။ ဖော်ပြဖို့ခက်တဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းမှာတော့ ဝမ်းနည်းမှုတွေ ဆွေးမြေ့မှုတွေ မတွေ့ကြရပါစေနဲ့လို့ ဆုတောင်းရင်း)


No comments: