သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, December 30, 2009

အသိပေးလိုတဲ့ အောင်မြင်မှုရဲ့ သော့ချက်...။

အောင်မြင်လိုသူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့် လူတိုင်းတော့လည်း မအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်မိကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင်ငွေကိုလည်း မချင့်ချိန်ဖို့မစဉ်းစားတတ်လို့ ဒီတော့ အောင်မြင်လိုလျှင် အချက်(၄)ချက်လောက်ကို စဉ်းစားကြည့်ရအောင်နော်---

(၁) စဉ်းစားပါ--ဘာတွေကိုစဉ်းစားရမှာလဲ?
အခုမိမိဘယ်ဘ၀(ဘယ်နေရာမှာ)ရောက်နေတာလဲ?
အခုကိုယ်သုံးနေတဲ့ငွေဟာ မိမိဘ၀နဲ့ကိုက်ရဲ့လား?
မိမိအလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လား?
ကိုယ့်လုပ်နေတဲ့အလုပ်ကို ဝါသနာပါရဲ့လား၊ အကယ်၍ ဝါသနာမပါရင် ဝါသနာပါတဲ့အလုပ်ဆီကို တဖြည်းဖြည်း ကူးပြောင်းသွားရမှာ ဖြစ်ပါတယ်။

(၂) ကြိုးစားပါ --(ဘာတွေကို ဘယ်လိုကြိုးစားကြမလဲ)

ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက် အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )။ ဒီနေရာမှာ ဘယ်လိုပဲဖြစ်ဖြစ် ရောက်နေတဲ့နေရာမှာ အကျိုးရှိအောင် နေတတ်ဖို့ ကြိုးစားဖို့လိုပါတယ်။ အလုပ်တိုင်းမှာ ကြိုးစားရင် ကိုယ့်ကို ပညာတွေပေးနေတဲ့ အရာတွေကို မြင်တတ်အောင် ရအောင် ယူဖို့ ကြိုးစားဖို့လိုပါတယ်။ ဒီနေရာမှာ ယခုလုပ်နေတဲ့အလုပ်က ကိုယ့်ကို ဘာအကျိုးကျေးဇူးပေးနိုင်လဲဆိုတာကိုပါ ကိုယ်က ကြိုးစားပြီးမြင်အောင် ကြည့်ရမှာဖြစ်ပါတယ်။

(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အကြီးအကဲ ကိုယ့်လက် အောက်ငယ်သားတွေရဲ့ ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိကဖြစ်တဲ့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင် အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်၊ ဒါကြောင့်ကိုယ်ရဲ့ ကတိကို မဖျက်ဆီးပါနဲ့ ကိုယ် မပေးနိုင်တဲ့ ကတိကိုလည်း မပေးနဲ့ပေးပြီးရင်လည်း တည်တန့်အောင်လုပ်ဖို့ အရေးကြီးတယ်၊ ဒါမှယုံကြည်မှာလေနော်။


(၄) မျက်နှာထားကို ပြင်ပါ (ချိုသာသော မျက်နှာပေးနဲ့)-
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ 
ဥာဏ်ခြင်းတူလျှင် ၀ိရိယရှိသူက အမြဲအနိုင်ရတယ်၊ 
ဝီရိယ ရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊ 
စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက အမြဲ အနိုင်ရတယ်၊ 
စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊ 
ရိုးသားဖြောင့်မတ် သူခြင်းတူလျှင် အပြောချိုသာသူက အမြဲအနိုင်ရတယ်၊ 
အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီး မူတည်တယ်လေ၊ 
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(၅၀%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ ဂုဏ်ယူနေရမယ်၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင် ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ၊ “သစ်ပင်မြင့်လေ လေတိုက်ခံရလေ” တဲ့ လေဆိုတဲ့လောကဓံကို ကြောက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ ပေါ်လာမှာမဟုတ်လေဘူး၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ်၊ ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံး ထဲက အမြတ်ကို ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှားက ဘာလဲ နောက်တခါ ဘယ်လိုမမှား အောင်လုပ်ရမလဲ ဆိုတာကို လေ့လာနေရမယ် ဘာကြောင့်လဲဆိုတော့ အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများ အားဖြင့်ငွေကြေးပါပဲ၊ ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ၊ ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကြေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ၊ အဓိကကတော့ စိတ်ဓာတ်မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ ရေစုံမျောပြီသာမှတ်တော့၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ် ဘယ်လောက် အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ လုံးဝဆုံးရှုံးနေပြီလေ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင် ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို ကြည်နေဖို့လည်းအရေးကြီးတယ်လေ။ လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၃) စိတ်ချမ်းသာဖို့


ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ အဆင်ပြေနေမှာပဲလေ၊ အဆင်ပြေမှလဲ စိတ်ကချမ်းသာ မှာမဟုတ်လား? ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့၊ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲ ရှိစမြဲ မဟုတ်လား?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ၊ ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင် လုပ်ရတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လေ အဲဒါဟာလူ့အရည်အချင်းပဲပေါ့၊ အရေအတွက်တွေ ဘယ်လောက်များများ အရည်ချင်း မရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး၊ နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင် လေ့ကျင့် ကြရမယ်၊ ဥပမာပြောရရင် သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက် မာကြောတဲ့ သံနဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင် မာကြောတဲ့အရာ နဲ့တွေ့ရင် ပျော့ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား? ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ် အထောက်အပံ့ ရတယ်ဆိုတာ ကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူ ဖြစ်နေတတ်တယ်။ ကိုယ်နဲ့အနီးဆုံးလူကြောင့် ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို တစ်ခုချင်း ချိုးဖျက် မဲ့သူလည်း ဖြစ်နိုင်တယ်လေ၊ မြန်မာစကားပုံကတော့ “ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း” အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့် ကိုယ့် ကိုယ်ကိုပဲ ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ အကောင်းဆုံးသူငယ်ချင်းတွေကြောင့်  ကိုယ့်ဘ၀ ပြောင်းလဲတတ်ပါတယ် ဒါပေမယ် ဒါဟာအထောက်ပံ့မျှသာပါပဲ အဓိကကတော့ ကိုယ်တိုင် ကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့ ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်ရင် ကိုယ်ကအဓိကပဲခံစားရတာ၊ ကျန်တဲ့မိဘ သူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်ဆိုတာလောက်ပဲ ပြောကြမှာလေ၊ တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?
နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို လိုက်ချင်းပဲ၊ ချစ်တယ် ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက် ရတဲ့မိန်းကလေးတွေအများကြီးပဲ၊ အဓိကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊ ယောက်ကျား တွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ ကိုယ်ဘက်က ပြုမူ ဆက်ဆံတဲ့ အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊ နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့ ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ၊ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း

ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ် နောက်တစ်ခုက ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ် ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျန်းမာရေးကို လိုက်စားဖို့ လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့၊ ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင် နံနက်ဖြစ်စေ ညနေဖြစ်စေလမ်းလျှောက်ဖို့လိုအပ်တယ်။
ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင် အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစားရမယ်´´ နောက်ပြီး ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်နိုင်အောင်ကြိုးစားရမယ်လေ၊ လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ။ အတိတ်ဆိုတာအရိပ်လောက်ပါ၊ သူက နောက်မှာပဲရှိနေတာ။ ကိုယ့်ရှေ့မှာရှိတဲ့အနာဂတ်လောက် ဘယ်အသုံးဝင်မလဲနော်။ ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့ အဲဒီမကောင်းခဲ့တဲ့အတိတ်တွေ အားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို သေသေချာချာကြိုးစားပြီး
ဘ၀ကိုတည်ဆောက်ကြပါလို့ ဆန္ဒပြုရင်း............။

အောင်မြင်စွာနဲ့ဘ၀ကိုကျော်ဖြတ်နိုင်ကြပါစေလို့။

No comments: