သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, December 7, 2009

ချစ်သမီးသို့...။

အားကိုးစရာရှိ၊ အမိ-အဖနဲ့။
ကိုးကွယ်စရာရှိ၊ ဘုရား တရားနဲ့သံဃာ။
မြတ်နိုးအပ်ရာ၊ သတိ-အသိနဲ့။
ခွင့်လွှတ်တတ်တဲ့ အသည်းနှလုံးနဲ့။
ကြင်နာယိုဖိတ် မေတ္တာစိတ်နဲ့။
ကြုံလာသမျှ ရှစ်ဝလောကဓံ
ကြံ့ခိုင်နိုင်အား နှလုံးသားးနဲ့။
လောကဓံလက်စောင်း
ဆိုးကောင်းမရွေးဘူး၊
နာရေးသာရေး အချိန်မရွေးဘူး။
ထူးဘိဆန်းဘိ တို့၏ဘဝဘာမှမရှိ
ဝိပဿနာ စိတ်မှာထင်ရှား ခါခါ ပွါးလော့
သင်္ခါရမှု ပြုပြုသမျှတို့ဘဝမှာ
ခဏတာဝယ် ပေါကြွယ်နေလည်း
ပြည့်ဝချွေရံ မောက်လျှံဂုဏ်ဝါ
အာကာမြင့်မောက် မမက်လောက်စွာ
မြူမှုန်မျှမှတ် သတိချပ်လော့ အိုချစ်သမီး။

ဒီကဗျာလေးကို လောကပါလ မဂ္ဂဇင်း (စက်တင်ဘာ-၂၀၀၇)ထုတ်မှ နှစ်သက်မိပါသဖြင့် ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။

ဖခင်ကွယ်လွန်ပြီးနောက် ဖခင်၏မေတ္တာတရားများကို အထူးပင်သတိရမိပါသောကြောင့် အမှတ်တယအနေဖြင့် ကျမ ဘလော့တွင် သိမ်းဆည်းထားလိုသောကြောင့် ကူးယူကာ ဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါသည်။

No comments: