တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး
မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တစ်ခုသော ကောင်းကင် ကောင်းကင်ပြာကြီး
ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ
တစ်ခုသော ကောင်းကင် ကောင်းကင်ပြာကြီး
ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ
မိုးတိမ်များ မျောလွှင့်ဆဲ
ဘယ်လိုပုံသဏ္ဌာန်တွေ ကွဲလွဲ
တကယ့်တကယ်တမ်းတော့
ကောင်းကင်တစ်မိုးအောက်
ခရီးသွားများပါကွယ်
တို့လူသား ဘဝတွေလဲ
ဘယ်လိုအခြေအနေတွေခြားလဲ
ငြင်းဆန်မရတဲ့
လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါဘဲ
အားလုံးဘဲ ဆန္ဒများနောက်လိုက်
မောဟနဲ့ လောင်မြိုက်ရင်း
တကယ်ဆိုရင်
ဘာမှ မကွဲပြားမှန်း ..........
သိရက်နဲ့ ..
ဘာကြောင့်များ မာန..တံတိုင်း
ခြားနေချင်သလဲ....
အကျည်းတန်တဲ့ ရန်ပွဲတွေက
ဘယ်လိုချိန်မှာ ရပ်သွားမလဲ
အငြိုးတွေနဲ့ မာနတွေဖွဲ့
အမုန်းမီးတောက်များပါဘဲ
အို.....လဲကျတဲ့သူ ထူဖေး“မ”လို့
အားနည်းတဲ့သူ ကူရင်း....
ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ...........
တဒင်္ဂလေး ဆုံလာတဲ့ ဧည့်သည်တွေဘဲ
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ်
ဒဏ်ရာတွေ ကုစားကြပါစို့...
အပြာရောင် မိုးသားများရဲ့ အောက်
ချိုသော သီချင်းတွေကို ဆိုညည်းလို့
အတူသွားကြမယ်၊ နှလုံးသားတိုင်း...
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ်
ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့...
အပြာရောင် မိုးသားများရဲ့ အောက်
ချိုသော သီချင်းတွကို ဆိုညည်းလို့
အတူသွားကြမယ် လာသွားစို့....
ကျေးဇူးတရားများနဲ့
ချစ်သော ကမ္ဘာမြေကို.....
အသိဥာဏ်မဲ့ ဘယ်လိုလုပ်ကြမလဲ
သူဟာ မြူမှုန်ငယ်တစ်ခုဘဲ
သူဟာ မြူမှုန်ငယ်တစ်ခုဘဲ
သမုဒ္ဒရာထက်က ရေပွက်ငယ်လေးတစ်ခု
ခုမြင်ခုပျောက် ခဏတာဘဲ
တို့အချစ်ရဲ့ ခြေသံများနောက်လိုက်
မီးကအစ ကမ္ဘာငယ်အဆုံး
မီးကအစ ကမ္ဘာငယ်အဆုံး
ဖြူစင်စွာ အတူလက်တွဲကြစို့
တစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်နဲ့ တစ်ယောက်
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ်
ဒဏ်ရာတွေ ကုစားကြပါစို့...
အပြာရောင် မိုးသားများရဲ့ အောက်
ချိုသော သီချင်းတွကို ဆိုညည်းလို့
အတူသွားကြမယ်၊ နှလုံးသားတိုင်း..
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ်
ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့...
အပြာရောင် မိုးသားများရဲ့ အောက်
ချိုသော သီချင်းတွကို ဆိုညည်းလို့
အတူသွားကြမယ်၊ လာသွားစို့.......
ကျေးဇူးတရားများနဲ့
ချစ်သော ကမ္ဘာမြေကို.....
ကျေးဇူးတရားများနဲ့
ချစ်သော ကမ္ဘာမြေကို.....
စိုင်းစိုင်းနဲ့ ချမ်းချမ်း
ချစ်ကြတဲ့ သူတို့တွေထဲ သူတို့လည်း ပါတယ်
ချိုပြုံးနဲ့ မျိုးကျော့မြိုင်
စွယ်စုံအနုပညာရှင် အကယ်ဒမီ ဝင်းဦး
သဘာဝပတ်ဝန်းကျင် အလှအပများကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့အတွက် ...
သဘာဝပတ်ဝန်းကျင် အလှအပများကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့အတွက် ...
ဧပြီ (၂၂)ရက်နေ့ အမှတ်တရ
ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်
p.s - အလုပ်များနေလို့ စကားလုံးများ ပျောက်ဆုံးနေပါသည် :)