သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, March 2, 2009

EVERYTHING HAS BEEN APPEAR FOR EVERYONE!

သဲ နှင့် ကျောက်တုံး

တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး လမ်းလျှောက် ခရီးထွက်လာကြ တယ်။ ခရီးတနေရာ အရောက် မှာ သူတို့နှစ်ယောက်ဟာ စကားများပြီး ရန်ထဖြစ်ကြတော့တယ်။ အဲဒီလို ဖြစ်ကြ တဲ့အခါမှာသူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါးကို ထ ထိုး လိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာသဲပြင်ပေါ်မှာ ဒီလို ရေးချလိုက်တယ်။ " ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း င့ါကိုထိုး၏။ "

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်းလန်းစိုပြေပြီး မြေသြဇာကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက်လျှောက် လာကြပြီး၊ အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက်ကြတယ်။ အဲဒီ မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံနှစ်ပြီး နွံထဲ က ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီးပုံမှန် အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာကျောက်တုံး ကြီး တစ်ခုပေါ်မှာ နောက်တ ဖန် ရေး လိုက် ပြန်တယ်။ " ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်းငါ့ အသက် ကို ကယ်ခဲ့၏။ "အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။" ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာသဲပြင်ပေါ်မှာ ရေးခဲ့တယ်။ အခု မင်းရေးကျောက်တုန်းပေါ်မှာရေးပြန်ပြီး။ ဒါတွေဟာ ဘာကြောင့်လဲ။"

သူ့သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ " သူငယ်ချင်း ရေ...တစုံတယောက် က မင်းကို နာကျင် အောင် ပြုလုပ်တဲ့အခါမှာ၊ မင်းရဲ့တုန့်ပြန်မှုတွေက ခွင့်လွှတ်ခြင်းတွေပါတဲ့ လေရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင်ပေါ်မှာ ရေးထားတဲ့ စာသားတွေလို မင်းလည်း သူတို့မကောင်းတာတွေကိုလေ တွေလို အလွယ်တကူပြယ်ဖျက်သင့်တယ်။ ဒါပေမယ့်တစုံတယောက်က မင်းကိုကောင်းတာတွေ လုပ်ပေးတဲ့ အခါမှာတော့လေတွေ အလွယ်တကူ မဖျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာ မင်းမှတ်တမ်းတင် ရေးသားထား သင့်တယ်။"

(အဲဒီလို မိမိတို့ရဲ့ နာကျင်မှု့တွေ နဲ့ နာကျည်းမှု့တွေ ကို သဲပေါ်မှာ ရေးထားတဲ့စာတွေလို ရေးတတ်အောင် ကြိုးစားသင့်သလို ကိုယ့်အတွက်ကောင်းကျိုးဖြစ်စေမယ့် အရာတွေကိုတော့ ကျောက်တုံးတွေပေါ်မှာ မှတ်တမ်းတင်ကြရအောင်လားနော်။)

ဒီအကြောင်းလေးကိုတော့ တော်တော်များများ သိကြ ဖတ်ဖူးကြ မယ်လို့ထင်ပါတယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်းပါ။ ဒါကြောင့်ဘာသာပြန်ပြီး ဝေမျှခြင်း သက်သက်ဖြစ်ပါတယ်။

No comments: