
မီးလောင်နေတဲ့ နေရာကို မီးသတ်ကား အမြန်ရောက်အောင် ကားနဲ့တစ်ဆင့် ပို့ပေးနေတဲ့ ပုံလေးပါ။ Fedex Express ရဲ့ အမြန်ချောပို့ ကြော်ငြာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ရောက်ကြောင်း ကြော်ငြာထားပေမဲ့ မီးသတ်ဌာနကို ကဲ့ရဲ့တယ်လို့ လူတွေ ထင်စေတဲ့ ကြော်ငြာဖြစ်တယ်။ မြန်မာပြည်မှာတော့ Fedex မရှိတဲ့ အတွက်ကြောင့် မီးသတ်ကား အမြဲနောက်ကျမှ ရောက်တယ်လို့ ထင်ပါတယ်။း)
သင့်ရဲ့ခံတွင်းဟာ မလျော်မဖွတ်ဘဲ ထားတဲ့ ခြေအိတ်လို အနံ့ထွက်နေပြီလား.. Clorets ပီကေကို ၀ါးလိုက်ပါ။ လျှာကို ခြေအိတ်သဏ္ဍာန် ပြထားတဲ့ Clorets တံဆိပ် ပီကေ ကြော်ငြာလေးပါ။

ဒီကြော်ငြာလေးလည်း ရီရတာပဲ။ bra ကြော်ငြာလို့ အတွေးကောက် မှားပြီး မရီမိဖို့ပဲလိုတယ်။ ဘောလ်ပင် ကြော်ငြာလေးပါ။ ဘယ်လောက်ကြမ်းတဲ့ အရာဝတ္ထုပေါ်မှာပဲဖြစ်ဖြစ် ရေးခြစ်နိုင်ကြောင်းကိုရွတ်တွနေတဲ့အသားအရေပေါ်မှာရေးပြပြီးကြော်ငြာထားပါတယ်။ပုံကြည့်လျောက်ခြစ်ထားပါတယ်။ “I think pen ad is telling the ink doesn't fade away for ages.” ဒီအတွေးလေးလည်း မှန်နိုင်တာပဲ။ တက်တူး ထိုးထားသလိုပေါ့။ မင်အရောင်က တော်ရုံမမှိန်နိုင်ဘူး ဆိုတဲ့ အကြောင်း...
ဟိုထဲပဲ ၀င်ပါရစေ။ ဒီထဲ မ၀င်ပါရစေနဲ့။ ပက်စီကိုပဲ ကြိုက်ကြောင်း ပိုက်ပုံသဏ္ဍာန် ကြည့်ပြီး ဥာဏ်မှီသလောက် ပြောကြည့်တာပါ။
No comments:
Post a Comment