သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, August 6, 2010

ဝေးနေအုံးမည်.......

အထက်ပါ ပုံလေးကို လက်ဆောင်ပေးသော
ဇေယျဝတီ အလင်းအိပ်မက် ဘုန်းဘုန်းကို
အထူးကျေးဇူးတင်ပါကြောင်း။

ဘဝလမ်းခရီးမှာ တာဝန်များစွာတို့နှင့် သတ္တဝါတိုင်း ခန္ဓာရလာတော့ ထမ်းဆောင်ကြ ရုန်းကန်ကြရတာကလားလေ။ သို့အတွက်ကြောင့် ခရစ္စတလ် တစ်ယောက်လည်း သံသရာ ခရီးသွားပေမို့ သားသမီးတာဝန်များ၊ အိမ်ထောင်သည် ဇနီးသည်ဘဝရဲ့ တာဝန်များ၊ လုပ်ငန်းဆောင်တာရဲ့ တာဝန်များ၊ ဘာသာ သာသနာ တာဝန်များအကြား လူးလာခေါက်တုံ ဖြစ်နေပါသောကြောင့် အင်တာနက် စာမျက်နှာနှင့် ဝေးနေအုံးမည် ဖြစ်ပါတယ်ရှင်။

ရေးလက်စဖြစ်သော ပျားဘုရင်မ (ကျန်းမာရေးဆိုင်ရာ ဆောင်းပါးရှည်) နှင့် ကရုပ်လေးရဲ့ ရာဇဝင် (ဘဝရဲ့ အမှတ်တရစာမျက်နှာ ဆောင်းပါး) ဤဆောင်းပါးများကိုလည်း စိတ်ပိုင်းဆိုင်ရာ အချိန်ပေး၍ ရေးသားရမည်ဖြစ်သောကြောင့် လတ်တလော မအားလပ်မှုများ အကြား စာပေတာဝန် မကျေပွန်မှု ဖြစ်ရပါတော့မည်ဖြစ်ပါသည်။

ခေတ္တခဏလေးတော့ မိတ်ဆွေများနှင့် ဝေးနေအုံးမည်၊ ဘလော့ လည်ပတ် စာဖတ်ခြင်းတွေနှင့်လည်း ဝေးနေအုံးမည်၊ (စီဘုံးအချို့ ထိုင်းနိုင်ငံမှာ မမြင်ရပါ။) မန့်ခြင်းများနှင့်လည်း ဝေးနေအုံးမည်။

No comments: