သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, September 6, 2010

မုဆိုးနဲ့ သားကောင်


မုဆိုးက မုဆိုး
သားကောင်က သားကောင်

ပြုသူနဲ့ ဖြစ်သူ

ဗုံလုံတလှည့် ငါးပျံတလှည့်

ပေဖြစ်တုန်း ခံရပြီး
တူဖြစ်လို့ နှံနေတာကြောင့်

အော်.............ဒီသံသရာတောမှာ

မုဆိုးနဲ့ သားကောင်
တစ်သားတည်းဖြစ်ဖို့အရေး
အလှမ်းဝေးလို့နေသေး။ ။


2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို တစ်ယောက်တစ်လှည့် ရန်မီးတွေပွားနေသရွေ့တော့ လောကကြီးဟာ ငြိမ်းချမ်းနိုင်မယ် မထင်ပါဘူးရှင်။

Unknown said...

အလှမ်းဝေးဆို... အရေးကြုံရင်
ခြေကတဖက် ကျိုးကျိုးနေတာကို