သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, October 4, 2010

“ဗွေ” ပါလို့။


crystal တစ်ယောက် ခြေထောက်မှာ ဗွေပါလို့ မြန်မာနိုင်ငံတုန်းကလည်း တစ်နိုင်ငံလုံး အနှံ့နီးပါး အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေရပါတယ်။ အခုလည်း အလုပ်ကိစ္စတွေနဲ့ပဲ ခရီးယာယီတွေများနေပါတယ်။ ဘဝဆိုဒ်မှာ ပိုစ့်မရေးဖြစ်သေးပေမယ့် အလုပ်ဆိုဒ်မှာတော့ ပိုစ့်လေးတွေကို စိတ်ဝင်တစားနဲ့ အားခဲရေးသားနေဖြစ်ပါတယ်။ ဘဝဆိုဒ်က ပိုစ့်တွေကို ဆက်ရေးရမယ်ဆိုရင်လည်း အချိန်အတိုင်းအတာအရလည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ မအားမလပ်မှုများကြောင့် မရေးသားဖြစ်ပေမယ့်၊ လောလောဆယ်တော့ Bliss of Us ဒီနေရာလေးမှာ crystal ရှိနေပါတယ်။ လာလည်နိုင်ပါတယ်လို့လည်း crystal သိသော မသိသော မိတ်ဆွေများ အားလုံးကို ရိုသေလေးစားစွာ ဖိတ်ခေါ်ပါတယ်ရှင်။

လေးစားစွာဖြင့်
crystal

3 comments:

ကိုချစ်ဖေ said...

အော်..ဘ၀ရဲ့ စာမျက်နှာများက Crystal နဲ့ Bliss of us က အတူတူပဲကိုး.. သိပါဘူးဗျာ. ကျနော်လဲ ထိုင်းကို လာဖို့ ရှိပါတယ် မေးစရာလေးတွေလဲ ရှိနေ ပါတယ်.နောက်ဆက်သွယ်မယ်ဗျနော် အားကိုးပါရစေ.

ကိုချစ်ဖေ said...

ဖရီးပို့ပေးမယ်ဆိုလို ဟဲ..အလွန်ပဲ ၀မ်းသာသဗျာ.သင်းကျူ

Bliss of Us said...

စကားချပ် ဖရီးဆိုတာ ဝန်ဆောင်ခမယူဘူးလို့ ပြောတာပါ ကိုချစ်ဖေကြီးရ။ :)