သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 20, 2010

အမောပြေဖို့ “ကော်စမွေ”သို့

Koh Samui Island မှ ရုပ်ပွါးတော်

ဒီကျွန်းက မြတ်စွာဘုရားရုပ်ပွါးတော် တည်ရှိရာအရပ်ဟာ အရင်က ကလေးသချိုင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်၊ ကလေးလိုချင်သူများ သွားရောက်ဆုတောင်းကြကြောင်းလည်း ဒေသခံများက အရပ်စကားအနေနဲ့ ပြောလေ့ရှိကြပါတယ်။ crystal သွားရောက် ဘုရားရှိခိုးစဉ်မှာတော့ ဒေသခံစုံတွဲတစ်တွဲက မြတ်စွာဘုရားရုပ်ပွါးတော် လက်တွင်းသို့ ပိုက်ဆံအကြွေစလေးများ ပစ်တင်ထည့်သွင်းကာ အဓိဋ္ဌာန်ပြုဆုတောင်းနေတာ တွေ့ရပါတယ်။ ဒီလို လုပ်တာလေးကို တွေ့တော့ မြန်မာနိုင်ငံမှ ကျိုက်ထီးရိုးစေတီတော်မြတ်တည်ရှိရာအနီး ကျီးကန်းပါးစပ်မှာ အကြွေစများ ပစ်တင်ဆုတောင်းနေကြတာကို သတိရမိသေးပါတယ်။ အခုတော့ ထိုင်းနိုင်ငံကျွန်းတစ်နေရာမှာ ဒီအလေ့အထကို ပြန်လည်တွေ့နေမိတော့ အတွေးများက ဝေဆာနေမိတယ်။


“အောင်တော်မူခန်း”ပုံမျိုးကို ရုပ်ထုတွေအဖြစ်လည်းကောင်း၊ ပန်းချီကားအသွင်အဖြစ်လည်းကောင်း ထိုင်းနိုင်ငံရှိ ဘုရားစေတီပုထိုးများမှာ တွေ့ရတတ်ပါတယ်။

နိုင်ငံခြားသားအချို့နဲ့ ထိုင်းနိုင်ငံသား အချို့က crystal တို့ အုပ်စု မြတ်စွာဘုရားကို ရှိခိုးဦးချနေကြတာကြည့်ပြီး ထိုင်းနိုင်ငံသားမဟုတ်ဘူးလို့ တီးတိုးဆိုကြတယ်။ ထို့ပြင် နိုင်ငံခြားသားများက ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချနေသည်ကို အထူးအဆန်းဖြင့် ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြပါတယ်။


ဘုရားရင်ပြင်တော်မှ လှမ်းမျှော်ကြည့်မိတော့ ရေစီးကြောင်းနဲ့ တောင်တွေကို တွေ့ရပါတယ်။ အော် မန္တလေးတောင်ပေါ်မှာ crystal နဲ့ ကျေးဇူးရှင်တို့ Bliss တို့ ဓာတ်ပုံရိုက်ခဲ့ကြတာတွေ၊ အတူဘုရားဖူးကြ၊ တရားထိုင်ကြတာတွေကို သတိရမိရင်း အလွမ်းများက အတိတ်ဆီကို မောင်းနှင်လို့ပေါ့။
တနေ့နေ့မှာတော့ crystal နဲ့ Bliss တို့ ဒီကျွန်းလေးကို သွားရောက်ကာ တူနှစ်ကိုယ် အမောဖြေအုံးမယ်လို့ အားခဲထားလိုက်ပါတယ်။

ဘီလူးမကြီးက သားနဲ့ ယောက်ျားကို ပြန်လာခဲ့ဖို့ ပြောကြားနေတဲ့ပုံကို ရုပ်ထုအသွင်အဖြစ် ရေကမ်းစပ်မှာတွေ့ရတယ်။


လေးစားစွာဖြင့်
crystal

ဆက်လက်ဖော်ပြပါမည်...

4 comments:

...အလင်းစက်များ said...

ကျိုက်ထီးရိုးတော့ မသွားဖူးခဲ့ဘူး...

အခုနေရာတော့သွားချင်တယ်....

ဗဟုသုတအတွက်ကျေးဇူးတင်ပါတယ်ဗျာ....

By The Way ကျနော်ကြောင်လေးတွေကို ဂရုစိုက်ပါတယ်ဗျာ... စိတ်မပူပါနဲ့  .. :D

...အလင်းစက်များ said...

မကွန်းဆီမှာရေးထားတာတွေ့ လိုက်တယ် နေမကောင်းဘူးဆိုလို့  သတင်းထပ်မေးတာပါ...

ကျန်းမာရေးဂရုစိုက်စေချင်..............

မျက်စိလဲအနားပေးစေချင်...................

Unknown said...

အင်း.. ခရစ်တို့ တူနှစ်ကိုယ်အပန်းဖြေရင် လာပြီး ဓါတ်ပုံချောင်းရိုက်ရမယ်းD

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးက ရှုခင်းလေးက လှလိုက်တာ
တကယ်သွားချင်စိတ်ပေါက်တယ်။
အင်း လာလည်ဖို့ကြိုးစားမယ်နော်။
ကလေးတော့ ဆုမတောင်းပါဘူးး)