သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 27, 2010

“နိုင်ငံသားတို့၏ အရေး ဒို့အရေး”

ရခိုင်ပြည်နယ်ရှိ “ဂီရိ”မုန်တိုင်း လေဘေးသင့်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ၏

လေဘေးကယ်ဆယ်ရေးနှိုးဆော်လွှာ

(၂၀၁၀) ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွင် တစ်နာရီလျှင် မိုင် (၁၂၀)ကျော်နှုန်းဖြင့် အင်အားပြင်းစွာ ဝင်ရောက်တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားပြည်သူများစွာတို့၏ အသက် အိုးအိမ်နှင့် လယ်ယာများ များစွာပျက်စီး ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

ဤသို့ သဘာဝလေဘေးဒဏ်ခံခဲ့ရသော ရခိုင်ကမ်းရိုးတန်းနေ တိုင်းရင်းသားပြည်သူများသည် ကယ်ဆယ်ရေး စခန်းများဖြစ်ကြသော ဘုန်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီနေထိုင်ကြပြီး၊ စားဝတ် နေရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။

မုန်တိုင်းသင့်သော ရွာများသည် ပျောက်ဆုံး ပျက်စီးခြင်းများအပြင် လူအသေအပျောက်များစွာရှိသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလျက် လေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်း ထောက်ပံ့ကြ မည်ဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေဘေးသင့်ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသောအားဖြင့် စွမ်းနိုင်သမျှ ပါဝင်ကူညီကြပါရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။

လေဘေးသတင်းများ ကြည့်ရှုနိုင်သော ဆိုဒ်များ

http://arakangirii.blogspot.com/
http://arakangirienglish.blogspot.com/
http://maygawaddyfamily.blogspot.com/
http://irrawaddyblog.com/2010/10/blog-post_661.html
http://ywarookyaung.blogspot.com/
http://thandarmyestar.blogspot.com/


ထိုင်းနိုင်ငံ အလှူခံရာဌာနနှင့် Bank Account
Cyclone Giri Relief Committee of Thailand

Wat Talom, Charan 13,
Khlong Khwang, Phasi Charoen,
Bangkok 10160,Thailand

Bank account
Name - Phra Kaweinda
A/C No - 119-234694-4
Bank Name - Siam Commercial Bank, Thailand

ဆက်သွယ်လှူဒါန်းရန်
Ven. Kundala,(+66-851235054,Email:venukundala2008@gmail.com)
Ven. Kavinda (+66-851663197, Email: kavi.inda@gmail.com)
Ven. Aloka (+66-894348411, Email: realsingle@gmail.cm)
Ven. Indobhasa(+66-850603342,Email: indobhasaa@yahoo.com)
Ven. Nanissara(+66-814919143, Email: nanissara@hotmail.com)
Ven. Nyanika(+66-835550824,Email: nyanika.2008@gmail.com)

ရခိုင်သဟာယအသင်းရုံးခန်း
အမှတ်၁၁၅၊ပထမထပ်(ညာ)၊သမိန်ဗရမ်း
လမ်း၊ MOON BAKERY အနီး၊ တာမွေအ၀ိုင်းထိပ်၊ ရုံးဖုန်း-၄၃၀၁၇၂၊ အီးမေလ်-rakhine.tay@gmail.com

ဒေါက်တာကျော်သိန်း(နာယက) - ၀၉၅၁၂၇၄၆၇၊
ဦးခင်မောင်စိုး (ဥက္ကဋ္ဌ) - ၅၅၂၁၂၆၊
ဦးဇော်အေးမောင် - ၀၉၅၁၄၀၄၀၇၊
မောင်ရဲထူးအောင် - ၀၉၉၀၄၁၃၉၆၊
ဦးဘိုးတင် - ၀၉၅၀၀၆၉၂၆၊
ဦးမျိုးဆွေ - ၀၉၅၀၀၁၁၈၀၊
ဦးဦးလှမြင့် - ၇၃၀၈၈၉၀၆၊
ဦးဇော်ဝင်း - ၀၉၅၀၀၆၈၂၀၊
ဦးသာမြကျော် - ၀၉၅၁၅၅၄၁၉၊
ဦးဦးမြင့်ကျော် - ၀၉၅၀၆၄၆၅၃၊
ဦးထွန်းနိုင် - ၀၉၈၅၁၀၄၀၀၊
ဦးကျော်နိုင် - ၀၉၅၀၆၁၈၈၄



နိုင်ငံသားတို့၏အရေး ဒို့အရေး
တိုင်းရင်းသားတို့အရေး ဒို့အရေး
ပြည်သူတို့အရေး ဒို့အရေး။


လေးစားစွာဖြင့်
Crystal

5 comments:

လသာည said...

အကျိုးဆောင် ပိုစ်လေးအတွက် သာဓုသာဓုသာဓုပါ ညီမလေးရေ..။
အစ်မလည်း သတင်းကြားလို့ စိတ်မကောင်းဖြစ်နေတာ။ အခုလို ဆက်သွယ်ရမယ့် လိပ်စာတွေ ပြောပေးတာ ကျေးဇူးတင်ပါတယ်

ဇွန်မ said...

အများအကျိုးအတွက် အချိန်ပေးပြီး ဆောင်ရွက်ပေးနိုင်တဲ့ အမရဲ့ စိတ်ဓာတ်ကို လေးစားပါတယ် အမရေ။

Crystal said...

ကိုယ့်ရှေ့ရောက်လာတဲ့ ကိစ္စတွေဆိုတော့ မလုပ်ပေးရ မနေနိုင်ဘူးလေ။ အားပေးကြလို့ ကျေးဇူးလည်းတင်၊ ဝမ်းသာမှု ပီတိတွေလည်း ဖြစ်မိတယ်။ နောင်ကိုလည်း ဆက်လက်ပြီး အများအကျိုးအတွက် ဆောင်ရွက်နိုင်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။

...အလင်းစက်များ said...

မြန်မာပြည်ထဲကိုတော့ ဖော်ဝပ်မေးလ်တွေ ပို့လိုက်တယ်... ကိုယ်တတ်နိုင်တာက အများကြီးမရှိ......

လုပ်နေတဲ့သူတွေကိုတော့ အလွန်အားကျမိပါ၏......

အများအကျိုးဆက်လက်သယ်ပိုးနိုင်ပါစေဗျာ...........

Unknown said...

အခုလိုဒုတ္ခရောက်နေရတဲ့ပြည်သူတွေ အသိတရား ကိုယ်ချင်းစာတရားထာပြီး ကိုယ်တတ်နိုင်သည့် ဖက်ကဝိုင်းဝန်းကူညီပေးကြပါ ကျနော်တို့လဲလုပ်ပေးနေပါတယ် အားလုံးသူကိုကျေးဇူးတင်လျှက်..စိုးမင်း