သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, April 14, 2011

သိကြားမင်းကြီး ....ဘယ်မှာ တည်းသလဲ ???

“အဟင့် အဟင့် ဟီး ဟီး”

ခြောက်နှစ်သမီးငယ်လေး တစ်ယောက် ကလေးသဘာဝ ပူဆာမရတော့ ငိုနေရှာပါတယ်၊ 
နောက်ဆုံးတော့ သူ့မိခင်က “သင်္ကြန်တွင်းကြီး မငိုကောင်းဘူးနော် မီးငယ်”

“ဘာရို့လဲ မေမေ အဟင့် ဟီးးးးး”

“သင်္ကြန်တွင်းမှာ သိကြားမင်းကြီးက လူ့ပြည်ကို ဆင်းပြီး 
မလိမ္မာတဲ့ ကလေးတွေကို ခွေးသရေကြီးနဲ့ စာရင်းမှတ်သွားတယ်၊ 
ဒီလိုမှတ်သွားတဲ့သူတွေက ငရဲပြည်ကို သွားရတယ်နော် မငိုရဘူး၊
သိကြားမင်းကြီး ကြားသွားလိမ့်မယ်၊ တိတ် တိတ် သမီးလေးက လိမ္မာတယ်နော်”

“သူက ကြားရအောင် သိကြားမင်းကြီးက ဘယ်မှာတည်းလို့လဲ မေမေ”

-------------------------ဝဝဝ-------------------------
“မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်”

လေးစားစွာဖြင့်
crystal

 http://blissofus.blogspot.com/ 
အလုပ်ဆိုဒ်ကို ပညာရှင်တို့ ကူညီလို့ ဒီလင့်လေးတွေ ဘာကိုပဲ နှိပ်နှိပ် အဆင်ပြေသွားပါပြီ။


နှစ်သစ်မှာ သီလယူပြီး အခန်းအောင်းနေသောကြောင့် ဘလော့ဆိုဒ်များသို့ သွားရောက်၍ ရေမဆော့နိုင်ပါကြောင်း ဘလော့ မောင်နှမတို့အား အထူးတောင်းပန်ပါလိုက်ပါရစေနော့။


သွားလေသူ သရုပ်ဆောင်၊ အဆိုတော် ဇော်ဝမ်းနဲ့ မြန်မာသင်္ကြန်ကလည်း တွဲဖက်သတိရစရာပါ။
စာဖတ်သူများ နားဆင်ဖို့ သီချင်းကို တင်ပေးထားလိုက်ပါတယ်။ 
ခရစ္စတလ်ကတော့ ဓမ္မစကြာတရားတော်ကို နာနေပါတယ်ရှင်။ 
ရွှင်လန်းချမ်းမြေ့ကြပါစေ။

4 comments:

မိုးယံ said...

တရားဦးတရားထူး ဓမ္မစင်္ကြာကို သီလယူပြီးနာနေသည်ဆိုသော ကြောင့် သင်္ကြန်သည် ကျက်သရေရှိလှပေသည်။

ဓမ္မ=တရား ၊ စက်=လှည့်သည် လည်သည်။

ဓမ္မစကြာ = တရားလည်ကြီး

အရင်တုန်းက အဲလိုကြီးလားလို့၊ အခုတော့ အဲလိုအမြင် မရှိတော့ပါဘူး။ကန်းလှသော ဝေနေယျတို့၏ နားစည်ကို ဖွင့်သော တရားဦး ဟုသာ မှတ်ယူပါသည်။

Angelhlaing(May everybody be happy and healthy! said...

မမရေ စာလာဖတ်ရင်းရေ လောင်းမို့ ဥပုဒ် စောင့်တယ်ဆိုလို့ တိတ်တိတ်လေးပဲ ပြန်သွားပြိး:D:D မင်္ဂလာရှီသောနှစ်သစ်လေးပါ မမ။

crystal said...

ကိုမိုးယံ> သိကြားမမြင်ပဲ တရားမြင်တယ်ဆိုတော့ ကောင်းတာပေါ့ :)

Angelhlaing > ညီမလေးရေ လည်လည်လာတာ ကျေးဇူးနော်။ ရေလောင်းမှာစိုးလို့ ဥပုဒ်စောင့် အဲလေ ကုသိုလ်ယူနေချိန်မို့ပါ၊ အစ်မ ဒီတစ်လလုံး ရှစ်ပါးသီလစောင့်နေပါတယ်၊ ဒီလမှာ အဖေ၊ အဘွားတို့ ကွယ်လွန်တာ နှစ်ပတ်လည်ဖြစ်လို့ပါ။
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ၊ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ စာဖတ်သူအားလုံးကို ဆုတောင်းပေးနေပါတယ်နော်။

...အလင်းစက်များ said...

သင်္ကြန်တွင်းတုန်းက ရေမလောင်းနိုင်လို့  ခုမှ လာလောင်းတယ်... ကဲ... စိုပေရော့. ဗွမ်းဗွမ်းဗွမ်း