သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, July 15, 2011

ဝါဆိုပြီ

 အာရုဏ်ဆွမ်း

နေ့ဆွမ်းနဲ့ အချိုပွဲ

အဖိတ်နေ့ညပိုင်းမှာ ပြင်ဆင်ထားတဲ့သစ်သီးတွေကို လပြည့်နေ့ မနက်စောစောရောက်တော့ ထိုင်းသံဃာတော်မြတ်တစ်ပါးကို လောင်းလှူလိုက်ပါပြီ။ ဒီနေ့ သီးစုံဟင်းကို ငါးခြောက်လေးနဲ့ ချက်ပြီး ငါးကြော်နှပ်လေးနဲ့ မြတ်စွာဘုရားကို ဆွမ်းဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ သစ်သီးတွေနဲ့ ကိတ်မုန့်ကတော့ အချိုပွဲပေါ့။ အင်္ဂါရှစ်ပါးသော သီလကို အဖိတ်နေ့ညကတည်းက ဆောက်တည်ထားလိုက်ပါတယ်။ တနိုင်တပိုင်ကုသိုလ်ရေးပေါ့။ 

ဘလော့လေး ငြိမ်နေတုန်းက လာရောက်လည်ပတ်ကြတဲ့သူတွေကိုရော၊ အခုလို ပိုစ့်တက်တော့ အရောက်လာဖတ်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးအရမ်းတင်တာပါပဲ၊ 
ခရစ္စတလ်ကို အားပေးဖေါ်ရသေးလို့ပါ။ 

အားလုံးသော မိတ်ဆွေအပေါင်းတို့ ကျန်းမာ လန်းဖြာ ဝမ်းသာကြပါစေ။
လေးစားစွာဖြင့်
ခရစ္စတလ်

6 comments:

တောက်ပကြယ်စင် said...

သစ်ခွပန်းလေးက လှလိုက်တာနော်...သာဓုပါ သာဓု သာဓု...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ ခရစ္စတလ်ရေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ ပန်းကလေးက လှလိုက်တာ စိတ်ချမ်းသာစရာလေး ဘုရားစင်က သေးပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ အတော်သပ္ပါယ်တယ်
သာဓုပါတော် သာဓုပါ
များများ လှူနိုင်ပါစေတော်း)

ဖြိုးမောင်မောင်(CTM) said...

ရောက်လာခဲ့ ပါတယ်....အရမ်းကြည်ညိုစရာကောင်းပါတယ်။ သာဓုပါ

စော(အဝါရောင်မြေ) said...

ဘုရား တစ်ဆူကမ်ဘေဒီယားက ထင်တယ် မြွေ အဲ နဂါး(လားမသိဘူး)တွေနှင့်လေ။
ကောင်းလိုက်တာ ကုသိုလ်ယူပုံလေး

သဒ္ဓါလှိုင်း said...

ဝါဆိုအလှူအတွက် သာဓုခေါ်ပါတယ်။
အေးချမ်းသပ္ပါယ်တဲ့ ဘုရားကျောင်းလေးကို ကြည်နူးစွာ ကြည့်ရင်း ရှီခိုးကန်တော့ခဲ့ပါတယ်။
ခင်မင်လျက်
သဒ္ဓါ

...အလင်းစက်များ said...

အိန်း သာဓုပါ ဒကာမကြီးရယ်...... :)))))))