သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, July 24, 2011

ဟိုတစ်စ ဒီတစ်စ

ဘန်ကောက်မြို့ရှိ တောင်ပေါ်ဘုရားဖြစ်ပါတယ်၊ ဖို့မြေနဲ့ တောင်သဖွယ်ပြုလုပ်ထားပြီး လှေကားနှစ်ဘက်ရှိပါတယ်။ 
အဆင်းလမ်းနဲ့ အတက်လမ်းပါ၊ ဒါကြောင့် ထိုင်းလူမျိုးများက နှစ်ဘက်တန်ဘုရားလို့ ခေါ်ဆိုကြပါသတဲ့။
တောင်ပေါ်မှာ နေရာလေးက အင်မတန်မှ ကျဉ်းပါတယ်၊ မြန်မာနိုင်ငံက ဘုရားရင်ပြင်တွေထက်စာရင်လေ။ 
ဒီစေတီလေးမြင်ရဖို့က လှေကားကျဉ်းကျဉ်းလေးကို ထပ်တက်ရပါသေးတယ်။

ဆွဲလည်လေးတွေ၊ ပိုက်ဆံတွေကို ဒီလို လှူဒါန်းထားတာတွေ့ရပြီး၊
ပိတ်စအနီတွေပေါ်မှာ စာတမ်းရေးထိုးနေကြတာတွေ့ရပါတယ်။

ဒီဆိုင်လေးက လမ်းဘေးတစ်နေရာမှာ အမှတ်မထင်တွေ့ခဲ့တာပါ။ ကိုယ့်နိုင်ငံက ခေါင်းဆောင်ပုံကို ဒီလိုတွေ့ရတော့ လှိုက်ကနဲ ဝမ်းသာတာရော၊ လမ်းဘေးတစ်နေရာမှာ တွေ့ရတာကြောင့် ဝမ်းနည်းသွားရပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်မိခဲ့ပါတယ်။

မော်ချစ်ရထားဂိတ်နေရာ လှေကားအတက်မှာ 
အစ်မက “ဟယ် ပိတောက်ပန်းတွေ”ဆိုလို့ 
အမြန်ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

ဒီနေရာလေးမှာ လူတွေသာ ရှိမနေရင် တော်တော်လေး ပိုလှသွားမှာပါ။ ခိုစာရောင်းတဲ့သူတွေကြောင့် နဲနဲတော့ စိတ်ရှုပ်သွားတယ်။ ဓာတ်ပုံရိုက်နေတုန်း ခိုစာကို အတင်းလက်ဆွဲပြီး ရောင်းနေလို့ပါ။

5,000bahts တန် ကြောင်လေးတစ်ကောင်ပါ။ 
ထိုင်းနိုင်ငံမှာ တိရစ္ဆာန်ဝယ်ချင်တဲ့သူတွေအတွက် စိတ်ဝင်စားမယ်ထင်ပါတယ်။ 

ဖဘမှာ တင်ရင် အားလုံးမမြင်ရဘူးဖြစ်မှာစိုးလို့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။

အခုတလော ရှုခင်းလှလှလေးတွေပဲ ဓာတ်ပုံလိုက်ရိုက်ချင်စိတ်တွေများနေပါတယ်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားစွာဖြင့်
ခရစ္စတလ်

6 comments:

...အလင်းစက်များ said...

ဖူခိုထောင်ပဲမဟုတ်လားအစ်မ....

ခိနိုးခုနယမှာတော့ မြန်မာ ဆိုပြီး စာအုပ်စင် သပ်သပ်ကို ရှိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ရှုခင်းလှလှတွေ ရိုက်တော့လည်း များများကြည့်ရတာပေါ့ဟယ် ဟုတ်ဘူးလား
များများတင်နော်
မရောက်တဲ့နေရာတွေ ရောက်ဖူးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကိုယ်တိုင်လာရင်လည်း လိုက်ပို့ပါလို့း)

ခရစ္စတလ် said...

ကိုကူးလပ်-ဖူခိုထောင် မတိဘူးနော်

ချော-ရောက်အောင်သာ လာခဲ့ အဲ တစ်ယောက်တည်းဆိုရင်တော့ ယောက်ျားပေးစားပစ်မယ်၊ ဒါမှမဟုတ် နှစ်ယောက်လာခဲ့ ဒါပဲ :)

ညယံ said...

ရှုခင်းလှလှတွေ များများရိုက်တော့ ကြည့်ရတာပေါ့ ။ ရိုက်ချင်စိတ်ရှိတယ်ဆို များများသာရိုက်ပါ။
ကြောင်လေးက အမွှေးစုတ်ဖွားလေးနဲ့  ချစ်စရာကောင်းတာ။
ခိုပုံလေးရိုက်ထားတာ သဘာဝကျတယ် :D

ခရစ္စတလ် said...

ညယံ-အဲလို သဘာဝကျတာလေးတွေကိုပဲ လိုက်လိုက် ကောက် အဲလေ ကြိုက်လို့ ရိုက်ဖြစ်နေတယ်ပေါ့၊
လာလည်ရင် ကြိုက်တဲ့ပုံလေးတွေကို
ဘောင်သွင်းပြီး ပေးမယ်လေ :)

ဘုန်းဉာဏ် said...

မြန်မာ အစားအစာတွေကို မြင်တိုင်း လွမ်း ... အင်း ... ပြောတော့ပါဘူးလေ။

ကြောင်းလေးက အတော်လန်းတာပဲနော်။ သြော် ... လန်းဆို သူ့တန်ဖိုးကလဲ မနည်းမနောပါလား။

ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း။