သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, January 19, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်......

တစ်ခါက မြို့တော်ဘန်ကောက်ဝယ် destop တစ်လုံး၊ laptop တစ်လုံး၊ ဖုန်းသုံးလုံး အပြင် နားက နားကြပ်များနှင့် အလုပ်များနေသော မိန်းမတစ်ယောက်ရှိလေသည်။ (ရှိတာလေးတွေ ကြွားနေခြင်းဖြစ်သည် ကြွားပါစေပေါ့...)

စပ်စုကြည့်ရအောင် ဘာတွေ လုပ်နေပါလိမ့်...
 အပိုင်း(၁)
ခရစ္စတလ်ရဲ့စိတ်ကူးထားတဲ့ အိမ်ကလေးမှာ စိုက်ချင်လို့ သစ်ခွပန်းခြံက ဓာတ်ပုံရိုက်လာတာ :)

ကလင်...ကလင်... ဟယ်လို...
->ဟုတ်ပါတယ် ခရစ္စတလ်ပါ။ သြော် “ချော” လား ပြောလေ ဘာမှာချင်လဲ ဘန်ကောက်က...။
အင်းလေ ရတာပေါ့ အစ်မ ရှာပေးမယ်။ သစ်ခွပန်း အရောင်လှလှရှာပေးမယ်၊ အကိုင်းဖြတ်မဟုတ်ဘူး၊ အပင်ပေါက်လည်း ဖြစ်စေရမယ်၊
အပင်တွေထဲ ထည့်ရမယ့် ဆေးတွေလည်း ရှာပြီး ပို့ပေးလိုက်မယ်နော်။
ပို့တဲ့ကိစ္စလား ဒါလည်း မပူနဲ့ ဘန်ကောက်ကနေ မဲဆောက်ကို ပို့ပေးမှာပေါ့။ မဲဆောက်ရောက်ရင် ကိုမျိုးက မြန်မာနိုင်ငံအရပ်ရပ်ကို ပို့ပေးတဲ့ကိစ္စကို ဆောင်ရွက်ပေးမယ်လေနော်။
“ချော”အနေနဲ့ ရန်ကုန်ဆင်းယူချင်လား၊ မန္တလေးအရောက် ပို့ပေးရမလား။
ပို့ရမယ့်နေရာ လိပ်စာကိုသာ အီးမေးနဲ့ ပို့ပေးထားနော်။ ပစ္စည်း Qualityကို စိတ်ချ၊ ဈေးနှုန်းလည်း အသက်သာဆုံးဖြစ်အောင် ပန်းမျိုးစုံပေါလှတဲ့ ကချနဘူရီမြို့က ပန်းစိုက်ဆိုင်တွေကနေ ဝယ်ပေးလိုက်ပါ့မယ်နော်။

ခရစ္စတလ်အတွက်တော့ ကချင်ဆားမုန့်လေးတွေသာ လူကြုံရှိရင် ပို့ပေးလိုက်ပါ ဟဲ ဟဲ
အိုကေနော်...ဘိုင့်ဘိုင် :)

“ချော” အတွက် သစ်ခွစိမ်းစိမ်းလေး

“ လိုတာရွေး ကြိုက်ဈေးနဲ့ ဝယ်”
သစ်ခွပန်းပင်များ မျိုးစေ့များ မျိုးပင်များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအရောက်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်... :)


 အပိုင်း(၂)

ကလင်...ကလင်...ဟယ်လို...
->ဟယ်... မဦး၊ အမယ် ခုပဲ သတိရနေတာ၊ နေကောင်းလား။ ဘန်ကောက်က ဘာလိုချင်လဲပြော...။ အိတ်လိုတယ်လား၊ ပိုက်ဆံအိတ်လား ခရီးဆောင်အိတ်လား ဒါမှ မဟုတ် အိတ်မျိုးစုံလား။
အင်း ...အင်း ဟုတ်ပြီ ဒါဆို ဆိုဒ်စုံ ဒီဇိုင်းအစုံလိုချင်တယ် ပြန်ရောင်းချင်တယ်ဆိုရင် စက်ရုံနဲ့ ချိတ်ပေးမယ်လေ။
အီတလီသရေအိတ်စက်ရုံက သရေအိတ်တွေက သရေအစစ်တွေလေ မဦးရဲ့သိလား။
အင်း သူတို့က ထိုင်းမှာ စက်ရုံထိုင် ပြီးတော့ ဥရောပကို ပို့ကြမှာလေ။
လောလောဆယ် သူတို့ကလည်း မြန်မာပြည်က တစ်ဦးတည်း ကိုယ်စားလှယ်လိုချင်နေကြတာ
နောက်အဆင်ပြေရင်တော့ မြန်မာနိုင်ငံမှာ စက်ရုံတည်ချင်ကြတယ်။
အဆင်ပြေရင် မဦးပဲ ဒီလုပ်ငန်းလေးကို ဦးစီးစေချင်တယ်။
အိမ်ဆေးခန်းလေးလည်း ဖွင့်၊ မဦးရဲ့ ချစ်ချစ်ရှာတဲ့ငွေတွေကို စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဖြစ်အောင် ကိုယ်ပိုင်စီးပွါးရေးလည်း လုပ်။ ကိုင်း ဟန်မကျဘူးလားးးးး။ ဖြစ်ပါတယ်...မဦးက လုပ်ချင်တယ်ဆိုရင်လေ အားလုံးနဲ့ ချိတ်ဆက်တာ ပစ္စည်းပို့ပေးတာအစ ကူညီရမှာပေါ့။ ခရစ္စတလ်ကို ကော်မစ်ရှင်လေး(2%)လောက် ပေးရင် ကျေနပ်ပါတယ် ဟီ ဟိ :P
အင်း အင်း ဘန်ကောက်က ဆေးရုံတွေမှာ ဆေးစစ်ဖို့ လွှတ်ပေးလိုက်တဲ့ လူနာတွေလည်း အဆင်ပြေပါတယ်။ သူတို့ စစ်ချင်တဲ့ ဆေးရုံနဲ့ ဝယ်ရမယ့် ဆေးတွေကို သေချာဆောင်ရွက်ဖို့ ကြောင်ဖြူများရှင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ဆေးရုံက ထိုင်းနာစ့်မလေးတွေ ချောတယ်မဟုတ်လား ဟဲ ဟဲ၊ စိတ်သာချပါလေ။
လူနာတွေ အဆင်ပြေတော့ မဦးလည်း မျက်နှာရ၊ လူနာတွေလည်း အဆင်ပြေစေ၊ ဒီတော့မှ ခရစ္စတလ် ရွှင်လန်းချမ်းမြေ့ရတော့မှာပေါ့ရှင် ဟုတ်ဘူးလားးးးး။ ဒါပေါ့ ကောင်းတယ်လေ...
ဒါဆို သရေအိတ်နမူနာနဲ့ ဈေးတွေပို့လိုက်မယ် ဟိုဘက်မှာ အိုကေတယ်ဆိုရင် ဆိုင်ဖွင့်ဖို့ မဦး စီစဉ်လိုက်တော့နော်။
အိုကေ this man နဲ့ this man တွေပဲ ကူညီရမှာပေါ့နော်။ အိုကေ..ဒါပဲနော် ဘိုင့်....။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားတံဆိပ်များထုတ်သော စက်ရုံများရှိရာတွင် ရောင်းလိုသော တံဆိပ် သို့မဟုတ် မိမိနှစ်သက်သော အရည်အသွေး တံဆိပ်များထုတ်သည့်စက်ရုံများကို ထိုင်းမှ မြန်မာသို့ ဆက်သွယ်ဝယ်ယူတင်သွင်းနိုင်ပါတယ်... :)

အပိုင်း(၃)
ကြောင်တစ်ကောင်ကို ဘတ်တစ်သောင်းကနေ ဘတ် သိန်းဂဏန်းအထိ ရှိတယ်နော်...

ကလင်...ကလင်...ဟယ်လို...
->မြန်မာနိုင်ငံပြန်ပြီး စီးပွါးရေးလုပ်နေတဲ့ ..“ဂျက်”ပါလား၊ ပြောလေ...ဘယ်လိုလဲ နိုင်ငံတော်သစ်ကြီးမှာ အိုကေနေပြီလား။ ဟယ် ဟုတ်လား ...အိမ်အလှမွေးကြောင်တွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတယ်လား၊ ကောင်းတာပေါ့။
ကြောင်ချစ်တဲ့သူကြီးဆိုတော့။ အင်း... ပြော- ဘန်ကောက်က ဘာကူရမလဲ။ သြော် ရပါတယ် ဘန်ကောက်ထဲမှာ အလှမွေး ကြောင်မျိုးစုံရောင်းတဲ့ဆိုင်၊ ခွေးနဲ့ အလှမွေးငါးတွေပါ မှာလို့ရပါတယ်။ ဈေးကတော့နှစ်မျိုးရှိတယ် ဂျက်ရေ...သူတို့က နယ်စပ်အထိ ပို့ပေးတာလည်းရှိတယ်။ ဒါက လက်ကားနယ်ဈေးတစ်မျိုး၊ ဆိုင်မှာ ရောင်းတဲ့ ဘန်ကောက်တွင်း လက်ကားဈေးလည်း ရှိပါတယ်။ ဆိုင်က ရနိုင်မယ့် အကောင်အမျိုးအစားနဲ့ ဈေးနှုန်းကို အီးမေးထဲက attch file နဲ့ ပို့ပေးလိုက်မယ် “ဂျက်”လိုချင်တဲ့ ကြောင်လေးတွေကို ရွေးပြီး ဈေးနှုန်းလည်း သင့်တော်တယ်ဆိုရင် မှာပေးပါ့မယ်။ နယ်စပ်ပို့ဆောင်ရေးကတော့ “ကိုမျိုး”က စီမံပေးနိုင်ပါတယ်၊ ကြောင်လေး သွားကြည့်ဖို့ကတော့ ကြောင် ကျွမ်းဆရာ ကြောင်ဖြူများရှင်ကိုပဲ အားကိုးရတော့မှာပေါ့။
အစစ အဆင်ပြေစေရမယ်စိတ်ချ၊ ကျန်းမာပြီး ချစ်စရာကောင်းတဲ့ အကောင်လေးတွေ “ဂျက်”ဆီကို အရောက်ပို့ပေးလိုက်မယ်နော်။ သြော် ဟုတ်ပြီ...အမွှေးပွဆေးတွေ ဖြူးထား မဖြူးထားလည်း စစ်ပေးမယ် ရပါတယ် အားနာစရာဘာမှ မလိုပါဘူး၊ ခရစ္စတလ်ကလည်း ကြောင်လေးတွေ ချစ်တယ်၊ ကူညီဖို့လည်း ဝါသနာပါတယ် ဒါကြောင့် ဘန်ကောက်မှာ လိုအပ်တာရှိရင် ဖုန်းလေးသာ ဆက်၊ ဖုန်းဆက်လို့ အဆင်မပြေရင် အီးမေးပို့နော်။ ပြီးမှ အသေးစိတ် ညှိနှိုင်းတိုင်ပင်ကြမယ်လေ။
ဟုတ်ပါပြီ သိပ်လည်း လွမ်းမနေနဲ့အုံးနော် နီးနီးလေး နေကြပြီးတော့ :P စတာ.. ဟိ။ ဘိုင့်ဘိုင်နော်။
လှတဲ့ အလှမွေးငါးတွေ

ဒီခွေးလေးတွေက တစ်ကောင် ဒေါ်လာနှစ်ရာဖြစ်ပါတယ်။

မြန်မာပြည်တွင် တစ်နိုင်ငံလုံးသို့ သစ်ခွ လက်လီ လက်ကားဖြန့်သည့် သစ်ခွခြံအကြီးဆုံးပိုင်ဆိုင်သူ “ချော”အဖြစ် ချော(အစိမ်းရောင်လွင်ပြင်)၊

ဆေးနဲ့ ဆေးရုံကိစ္စများ တာဝန်ခံသူလည်းဖြစ်၊ ထိုင်းမှ ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူအဖြစ် “ကြောင်ဖြူများရှင်”အဖြစ်  အမှောင်ထဲကအလင်းစက်၊

ကြောင်များ export import တင်သွင်းဖြန့်ဖြူးသူ “ဂျက်” အဖြစ်  Jasmine(တောင်ကြီး)၊

သရေအိတ်အမျိုးမျိုး မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်နှင့် စာနာစိတ်နဲ့ ဆေးကုတဲ့သူအဖြစ် “မဦး”အဖြစ် မမကွမ်-ခင်ဦးမေ

မဲဆောက်မှ  ဖမားနဲ့ ယပလပ် နယ်ပယ်များအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် “ကိုမျိုး” မောင်မျိုး

မှတ်ချက်။   ။ ပိုစ့်ရေးနေတာ နဲနဲကြာနေပြီ ကြားဖြတ်ပိုစ့်တွေလည်း တင်ဖြစ်လိုက်သေးတယ် ပြီးတော့ ပိုစ့်ကလည်း ရှည်လာလို့ ဖြတ်လိုက်ရပါတယ်။ စီးပွါးရေးနဲ့ဆိုင်တဲ့ ပိုစ့်ဆိုတော့ ဦးနှောက်စားတယ် ရေးရတာ ဘောင်ကြီးနဲ့ ဖြစ်နေတယ်။ ရေးတဲ့ပုံစံကလည်း ကိုယ်က စာရေးဆရာမဟုတ်လေတော့ ဘယ်လိုဘယ်ပုံ ရေးရမလဲ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်။ ဟိုနေ့က မောင်မျိုးနဲ့ ဖုန်းပြောဖြစ်ရင်း အကြံရသွားတယ်။ ပိုစ့်အဟောင်းတစ်ခုရေးထားတာရှိတယ် အဲဒီပုံစံနဲ့ပဲ ရေးလိုက်ပါတယ်။ အဲဒီပိုစ့်အဟောင်းရေးတုန်းက အစ်မတစ်ယောက်နဲ့ နှစ်ယောက်ပေါင်းရေးတာ အခုတော့ တစ်ယောက်တည်းပေါ့။ ဟိုးးးးးးးးတုန်းက ပိုစ့်အဟောင်း ဖတ်ဖူးတဲ့သူတွေ မှတ်မိကြမှာပါ။

*****ဇာတ်လမ်းမှာ ပါဝင်တဲ့ အမည်ပိုင်ရှင်တွေ၏ ဖြစ်ရပ်မှန် မဟုတ်ပဲ  ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါတယ်။ ဆက်ရန် လာပါအုံးမယ်နော်။ ခရစ္စတလ်နဲ့ ရင်းနှီးတဲ့ ဘလော့ဂါများ၏ နာမည်ကို အလွဲသုံးစားလုပ်မိပါတယ် အဲ...မကျေနပ်ကြဘူးဆိုရင် ဘန်ကောက်ကိုသာ လာခဲ့ကြပါတော့ ရှင်... :)

လေးစားစွာဖြင့်
ခရစ္စတလ်

14 comments:

ဘုန်းဘုန်းတောက် said...

ခွေးလေးတစ်ကောင်ရယ်၊ ကြောင်လေးတစ်ကောင်ရယ်၊ သစ်ခွပန်း(ခရမ်းပြာရောင်)လေးရယ် ပို့ပေးပါဦး...

ခရစ္စတလ် said...

စနေနေ့ ပို့ပေးပါ့မယ်ဘုရား။ မနက်ဖန်တော့ မအားလို့ပါ ဘုန်းကြီးပျံတစ်ခု သွားမလို့လေ :)

စံပယ်ချို said...

ဂျောက်ဂျောက်---ဂျောက်ဂျောက်
နေပါဦး ဘုန်းဘုန်းတောက်က ခွေးနဲ့ကြောင်နဲ့လိုချင်လို့တဲ့
စာရင်းတွက်နေတာ ဘယ်လောက်ကျမလဲလို့ ဘုန်းဘုန်းဆိုတော့လှူလိုက်ပါ့မယ် ပိုက်ဆံမယူတော့ပါဘူး
bkk ကဖုန်းလာရင်ပြောလိုက်နော်
ကြောင်တွေအခွန်ဆောင်ရမယ်ဆိုလို့အခွန်ရုံးသွားတယ်လို့
အမလေး အလုပ်လုပ်မယ့်သူကလဲမအားစရာလားအေ
အလုပ်သမားတွေရှိတယ်လေ-----

ခရစ္စတလ် said...

မအားစရာလားဆိုတဲ့ကိစ္စ နောက်တင်မယ့် ပိုစ့်မှာ လာမယ် ...ဟိ

စံပယ်ချို said...

နောက်တင်မယ့်ပိုစ့်ကိုလဲ ထိုင်စောင့်နေပါတယ်နော်
မြန်ုမြန်တင်ပါ ဈေးမကိုင်နဲ့နော်

ခရစ္စတလ် said...

ဖြည်းဖြည်းပေါ့ ဂျက်ရာ ဦးနှောက်ခြောက်လယ်လေ...ဟိ

mstint said...

အမှန်ဆိုရင် တီတင့်သစ်ခွပိုင်ရှင်ကြီးဆီကနေ
သစ်ခွတွေအော်ဒါမှာချင်လို့ ခရစ္စတလ်ရေး)
စိတ်ကူးယဉ်လေးမဟုတ်ပဲတကယ်ဖြစ်လိုက်ပါတော့လား။
ကူလူးဖလှယ်စီးပွားရေးနယ်ပယ်မှာခြေဆန့်နိုင်ကြပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

အန်တီတင့် တကယ်လိုချင်တယ်ဆိုရင် သစ်ခွပန်းရောင်းပွဲတော်စတော့မယ်၊ လိုချင်ရင် မှာပေးမှာပေါ့လို့ :)

Anonymous said...

ခွေးတွေအားလုံးယူမယ်ဈေးလျော့ပေး

မြသွေးနီ said...

ဘလော့ဂါတွေနဲ့ စိတ်ကူးကောင်းကောင်းရေးထားတာ ဖတ်ပြီး ပြုံးမိတယ်။

ညယံ said...

ဟ ဟ .. ရေးထားတာ ချစ်စရာကောင်းပ .. :))
ခွေးကလေးတွေ ချစ်စရာလေးတွေ .. သစ်ခွပန်းလေးတွေ လိုချင်ဒယ် .. အိတ်တွေကလည်း လှမှလှ ..

ခရစ္စတလ် said...

ကိုရဲရေ အဲ့ခွေးလေးတွေက ချစ်စရာလေးတွေ ခုလောက်ဆို ကုန်ပြီထင်တယ် လာဝယ်နေကြတာ နိုင်ငံခြားသားတွေချည်းပဲ။ ထိုင်းလာလည်ရင် လိုက်ဝယ်ပေးမယ် စိတ်ချ :)

အစ်မ မမြသွေး-ပြုံးမနေနဲ့အုံး၊ ရေးတဲ့သူက သူတို့ ကြိုက်ပါ့မလားဆိုပြီး ရင်ခုန်နေတာနော်။ မပြောပဲ လာဖတ်ပြီး တွေ့သွားရင်လည်း ပျော်စေချင်လို့ တမင်မပြောပဲ ထားလိုက်တာ :)

ညီမလေး ညယံရေ ညည်းလေးအလှည့်က နောက်ပိုစ့်မှာနော် ဟီ ဟိ :P

Anonymous said...

စီးပွားရေးသမားပီသပါပေတယ်း)
ကာစတမ္ဘာကို
ပြောတာများ.
ညက်နေရောပဲနော်း)
မ၀ယ်ပဲမနေနိုင်အောင်ပဲ။
စိတ်ကူးလေးအတော်ကောင်းတယ်အစ်မ
ဖတ်ရင်းနဲ့ရယ်သွားပါတယ်း)

ပျော်ရွှင်ပါစေရှင်

ချစ်ခင်လျှက်
မိစံ

ခရစ္စတလ် said...

သမီးစံရေ-စိတ်ကူးကောင်းတယ်လို့ သိရတဲ့အတွက် ဝမ်းသာပီတီဖြစ်မိပါတယ်။ ကျေးဇူး ညီမလေး :)