သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, January 21, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ်... (ဒုတိယပိုင်း)


အပိုင်း(၄)

ချင်းမိုင်မှ ချည်ထည်များ

အီတလီပိုးထည်

ချည်ထည်သက်သက်

ထိုင်းပိုးထည်များ

ကလင်...ကလင်...ဟယ်လို...တီရေ ပြော
ခုတလော့ ဟင်းတွေ တမျိုးမျိုးပြီး ချက်ပြပြီး နှိပ်စက်နေတယ်ပေါ့။ အခုပဲ တီ မှာထားတဲ့ ထိုင်းပိုးထည်တွေကို ပစ္စည်းတွေ သေချာထုတ်ပိုးပြီး၊ ပစ္စည်းစစ်တာတွေ လုပ်နေပြီလေ။ တီလိုချင်တဲ့အချိန် ဘွဲ့ယူမယ့်သူတွေအတွက် အချိန်မီ ပို့ပေးမှာပေါ့။ လီနင်သားတွေကိုတော့ စက်ရုံက မှာထားတာဖြစ်လို့ သူတို့ နယ်စပ်ကို တိုက်ရိုက်ပို့ပေးလိမ့်မယ် တီရေ။ ပွဲနေပွဲထိုင်ဝတ် ထိုင်းပိုးထည်နဲ့ အီတလီပိုးထည်တွေလည်း နမူနာပို့ပေးလိုက်မယ်နော့။ ဒီတခါ ဘန်ကောက်ရောက်တဲ့အခါ စိတ်ဝင်စားရင် စက်ရုံကို ဈေးသွားဆစ်ကြတာပေါ့။ ဒေါ်သလင်း မျှော်နေတဲ့ ပိုစ့်လေးလည်း မေ့မသွားနဲ့အုံးနော်။ ...ရေးပေးမယ်ဆိုလို့ ကျေးဇူးပါတီရေ။ ဘိုင့်ဘိုင်။

လီနင်သား အနေနဲ့ အထည်၏ အရည်အသွေး ကွာခြားမှုပေါ်မူတည်ပြီး ဈေးနှုန်း အစားစားရှိကြလေသည်။ 
ဈေးနှုန်းနှင့် မိမိလိုချင်သော လီနင်သား အရည်အသွေးကို စက်ရုံမှ လက်ကားမှာယူနိုင်ပါသည်။

အပိုင်း(၅)
ဒီဇိုင်းလှလှ ဝတ်လိုတဲ့ ပျိုမေတို့အတွက်

ကလင်...ကလင်...ဟယ်လို...
ဟုတ်ကဲ့ပြောပါရှင်၊ ဘန်ကောက်က ပြောနေပါတယ်..သြော် ညယံ ဘလော့ရေးတဲ့ ညီမလေးလား။ ညီမလေးကို မြင်ဖူးချင်လိုက်တာ။ ဘန်ကောက်လာလည်အုံးလေ။ ညီမလေးသာ လာရင် အလုပ်တွေ ပစ်ပြီး လိုက်ပိုပေးပါ့မယ်။ အင်း ..အင်းး သြော် ဟုတ်ပြီ ညီမလေးက သတို့သမီးတို့၊ ဘွဲ့ယူတဲ့သူတို့ အလှဆင်တဲ့ အမျိုးသမီး လက်ဝတ်ရတနာဆိုင် ဖွင့်ချင်တာလားးးးး။
ထိုင်းမှာက အလှဆင် လက်ဝတ်ရတနာတွေ စက်ခတ် ဒီဇိုင်းတွေ ရှိတယ်။ စက်ရုံကို ဒီဇိုင်းပေးပြီးတော့ ထုတ်ခိုင်းတာပေါ့နော် သူတို့ ဒီဇိုင်းကို ယူလို့ရတာလည်းရှိပါတယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ခတ်ခိုင်းလို့လည်း ရပါတယ်။ သူတို့ ဒီဇိုင်းတွေထဲက ရွှေရောင်မှုတ်နဲ့ ငွေရောင်မှုတ်ထားတာတွေလည်းရှိတယ်။ အဲလို အရောင်မှုတ်တွေက အနှစ် (၂၀)ခိုင်ခံ့တယ်လို့ အာမခံတာ ဈေးအကြီးဆုံးနော်။ အဲဒါက ကျောက်အစစ်တွေနဲ့ လုပ်ထားတာပါ။ ကျောက်တွေကတော့ ထုံးစံအတိုင်း တို့များရဲ့ ရွှေပြည်ကြီးကပေါ့ ညီမလေးရေ။
ညီမလေးအနေနဲ့  ဆိုင်မှာ တင်ပြီး ရောင်းလိုတာ ဖြစ်ဖြစ်၊ မြန်မာတနိုင်ငံလုံးကို လက်ကားငှားရမ်းခြင်း လုပ်လိုတာဖြစ်ဖြစ် အစ်မအနေနဲ့ အကြံတစ်ခုပေးချင်တာက ကိုယ်လိုချင်တဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို ထိုင်းစက်ရုံက ခတ်ပေးလို့ရပါတယ်။ ဒီတော့ ဈေးလည်း သက်သာ၊ ကိုယ်အနေနဲ့လည်း အများကြီး ရင်းနှီးထားစရာမလိုတော့ဘူးပေါ့။ ငှားဝတ်သူတွေအနေနဲ့လည်း ပစ္စည်းလှလှလေးကို ဈေးသက်သက်သာငှားနိုင်တာပေါ့။ အငှားသွက်တယ်ဆိုရင် သုံးနှစ်လောက်ဆို မြတ်နေပြီ ဖြစ်လို့ ပစ္စည်း ပျက်စီးသွားတယ်ဆိုရင်တော့ လုပ်ငန်းအရတော့ ကိုက်နေပြီလေ။ ညီမလေး မြန်မာပြည်က ဈေးကွက်ကို လေ့လာပြီးရင် ဒီက စက်ရုံတွေမှာ ဒီဇိုင်းတွေ ရွေးချယ်ပြီး မှာယူလို့ရပါတယ် ညီမလေးရေ။ ပစ္စည်းတွေ စိတ်ချရတဲ့ထုတ်ပိုးမှုနဲ့ မဲဆောက်လမ်းကြောင်းအပြင် တာချီလိတ် လမ်းကြောင်းတွေကလည်း ပို့လို့ရနေတာကြောင့် အစစ အဆင်ပြေပါစေမှာပါ။
..ရပါတယ် ညီမလေးရယ် အစ်မဆီမှာ လာပြီး ကွန်မန့်ပေးကြတဲ့သူက ခပ်နဲနဲလေ။ ဒီအထဲက ကွန်မန့်မှန်မှန်လာပေးတဲ့ ညီမလေးကို ဒီလောက်တော့ ကူညီရမှာပေါ့ ဟုတ်ဘူးလားးးး။
အိုကေတယ်ဆိုရင်သာ အစ်မဆီကို အီးမေးဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ်သာ ဆက်လိုက်နော်။
ဘလော့ကိုလည်း အားတဲ့ အခါများ စာလေး ဘာလေး ရေးအုံးလေနော်။ ဒါပဲနော် ဘိုင့်...။


လခစားအလုပ်ကို စိတ်ကုန်ကာ စီးပွါးရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်လာသည့် ချည်ထည်ပိုးထည်တိုက်ပိုင်ရှင် “တီ”အဖြစ်  တီချမ်း

ပွဲနေပွဲထိုင်သွားလတ်ဝတ်ရတနာအလှဆင်မြန်းသည့် လုပ်ငန်းပိုင်ရှင် မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်“ညီမလေး”အဖြစ်  ညယံ

*****ယခုပိုစ့်တွင် အမည်ပါဝင်သော ဘလော့စာမျက်နှာပိုင်ရှင်များ၏ တကယ့်အဖြစ်မှန်မဟုတ်ပါကြောင်း၊ ခရစ္စတလ်၏ စိတ်ကူးမျှသာဖြစ်ပါကြောင်းနှင့် ကြိုတင်ခွင့်မတောင်းပဲ နာမည်အလွဲသုံးစားလုပ်မိပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။


ဒီမှာ ပထမပိုင်းက ကူးလူးဖလှယ် စီးပွါးရေးနှယ် (ပထမပိုင်း)


နောက်ဆုံးတစ်ပိုင်း အနေနဲ့ conclusions ကျန်ပါသေးတယ်။ စိတ်ရှည်စွာနဲ့ အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တပတ်အတွင်း အဖတ်အများဆုံးပိုစ့်ဖြစ်သွားတဲ့အတွက် ဘလော့ကို လည်လည်လာကြတဲ့ ခရစ္စတလ် သိသော မသိသော သူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ အမှားများရှိရင် အမြင်မတော်တာများရှိရင် ကွန်မန့်မှာ ရေးပေးသွားကြပါအုံးလို့။


လေးစားစွာဖြင့်
ခရစ္စတလ်

8 comments:

စံပယ်ချို said...

စိတ်ရှည်တာတော့ မပြောပါနဲ့
သူငယ်ချင်းဘာတင်တင် လုံးဝစိတ်ရှည်တယ်
ဖတ်ကိုဖတ်ရမယ်
ဒီတခါပစ္စည်းတွေကိုတော့သိပ်ပြီးစိတ်ဝင်စားမှုမရှိပါဘူး
ကိုယ့်အမျိုးတွေကိုပိုပြီးစိတ်ဝင်စားတယ်
ဥပမာ---၀ုတ်ဝုတ်လေးတွေ
မီးညောင်လေးတွေ --ပန်းတွေ-သစ်ပင်တွေပေါ့
ချစ်တဲ့ jasmine

ခရစ္စတလ် said...

လုံးဝ စိတ်ရှည်တဲ့ သူငယ်ချင်းရှိတာဆိုတော့ အားငယ်တာလေးတောင် ပျောက်သွားပြီ :)

Angelhlaing(May everybody be happy and healthy! said...

မရောက်တစ်လှည့်ရောက်တစ်လှည့်နဲ့ ..အဟီးးး ခွင့်လွတ်ပါလို့... ချည်ထည် ပိုးထည်တွေ သရေကျစ၇ာ...ဂလု...:):)

ဘိုဖြူ said...

ပုံတွေပြန်မြင်ရတော့ထိုင်းဈေးကိုသတိရမိတယ်

ခရစ္စတလ် said...

အိန်ဂျယ်ရေ တခါတလေလာလည်လည်း ကျေနပ်နေမယ့်သူပါ :)

ကိုဘိုဖြူရေ နောက်တခါလောက် လာလည်အုံးလေ :)

Anonymous said...

ရှေ့တစ်နှစ်ရဲ့ရှေ့တစ်နှစ်
ဘွဲ့ယူမယ်အစ်မး))
လှမ်းချိတ်လိုက်မယ်နော် :P
(ချိတ်ကြီးကြီးနဲ့း)

ချစ်ခင်လျှက်
မိစံ

ခရစ္စတလ် said...

သမီးစံနဲ့ လိုက်ဖက်မယ့် ထိုင်းပိုးထည် ပို့ပေးလိုက်မယ် စိတ်ချနော့ :)

ညယံ said...

ကလင် ကလင် ခုမှဘဲ ရောက်လာရတော့တယ် ... အလုပ်တွေပစ်ပြီး လိုက်ပို့ မယ်ဆိုလို့ တကယ်လာမှာနော် .. ချည်ထည်လေးတွေကို ဝမ်းဆက်လေးချုပ်ပြီး ဆွဲကြိုးလှလှလေး ဝတ်လိုက်ရလို့ ကတော့ ဂွတ်ရှယ်ပဲနော် ..