ထိုင်းနိုင်ငံမှာ မြန်မာတွေ ထီးတော်တင်လှူထားသော စေတီတစ်ဆူ
သူ့အမေက မကောင်းတာ မလုပ်ရဘူးဆိုတာကို သေချာသင်ထားလေတော့ တခုခုဆို which one is good or bad, aunty? မေးနေတော့တာပဲ။ မကောင်းဘူး၊ မလုပ်ရဘူးဆိုလည်း ပြောစကားနားထောင်ပါတယ်။ တကယ်လိမ္မာအေးချမ်းတဲ့ ကလေးပါ။ ဒီလို သားအလိမ္မာမျိုးလေး နှစ်ယောက်လောက်တော့ မွေးလိုက်ချင်သားးး (င့ါနှယ်... လောဘကြီးထာာာနော်)
ကလေးရဲ့ အမေးစကားနဲ့ ပြင်ပမှာ လတ်တလောလေးက ဖြစ်ပျက်တို့နဲ့ ယှဉ်တွဲမိပြီး တစ်ကိုယ်တည်း ပြုံးမိပါတယ်။ ကိုယ်တွေးမိတာလေးကို ခရစ္စတလ်ရဲ့ အိမ်လေးဆီ အလည်လာကြတဲ့သူတွေလည်း မျှဝေကြည့်ချင်လို့ အတွေးတွေကို စာသားအသွင် ပြောင်းလိုက်ပါရဲ့နော်း)
အဆိုးနဲ့အကောင်း ...
မကြာခင်ကာလမှာ ပြီးသွားခဲ့တဲ့ မြန်မာတွေ နှစ်ကူးကာလ၊ ထိုင်းတွေ နှစ်ကူးကာလကို ကြည့်မိရင်း နီးနီးစပ်စပ် တွေးမိပါရဲ့။ အတိတ်ကာလတုန်းက သင်္ကြန်ကျတဲ့ ရက်တွေမှာ ကားတစ်စီးနဲ့ လျှောက်လည်ဖူးခဲ့လေတော့ သင်္ကြန်တွင်း သဘာဝများနဲ့ မစိမ်းပါဘူး။ မူးကြတာတွေ ရမ်းတာတွေရှိသလို အေးချမ်း ပျော်ရွှင်စွာ မိသားစုတွေနဲ့ လည်ကြတာတွေလည်း ရှိကြပါတယ်။ မဏ္ဍပ်တွေမှာ ပျော်တဲ့သူက ပျော်၊ လွန်တဲ့သူတွေက လွန်ကြပေါ့။ မဏ္ဍပ်တွေကို ဆောက်တဲ့ သူတွေကလည်း ကိုယ့်မဏ္ဍပ်ကို လူစည်ကားစေချင်ကြသေးတာ။ လူစည်နိုင်မယ့် နည်းလမ်းတွေလည်း အမျိုးမျိုး အဖုံဖုံ ကြံစည်ကြ ပြုလုပ်လာကြတာပြန်ပါတယ်။
ပထမတော့ ကောင်မလေး ချောချောလေးတွေ ရေလာပက်စေချင်ကြတယ်၊ ရေပက်ခကြေးတွေလည်း မနဲပါဘူး။ တစ်ရက် သုံးသောင်း (အခုဆို ဈေးတက်လောက်ပြီ ထင်ရဲ့) သင်္ကြန်ရက် အကုန်ပက်မယ်ဆို ဈေးလျော့ပေးမယ်ပေါ့။ ဒါက တစ်မျိုး၊ နောက်ပိုင်းတော့ ပိုဆိုးလာတယ် ပြောရမလား၊ ဈေးကွက်စီးပွါးရေးနဲ့ နှစ်ကူးကို အိုးမဲသုပ်တယ် ခေါ်မလားးးး (ငါ့နှယ် အဆိုးမြင်ဝါဒီကြီး ဖြစ်နေပြန်ပါပြီဟယ်...) မဏ္ဍပ်မှာ အဆိုတော်တွေ ငှားရလောက်အောင်လည်း ပိုက်ဆံ မလောက်ငကြတော့ ဟိုကောင်မလေးတွေလေ သိတယ်မဟုတ်လားးးး(အားလုံးတော့လည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့နော်..) အင်းးးးးသူတို့ကို မဏ္ဍပ်ပေါ် ခေါ်တင်လာပြီး မဟုတ်က ဟုတ်က အကတွေ ကခိုင်းပါရော။ အင်းးးး ခေတ်ကာလသားတွေကလည်း ပါးစပ်ကသာ ပေါက်ကရ အော်နေကြတာ မျက်လုံးတွေက ခွါနိုင်ကြတာမဟုတ်ဘူး။ သူ့ဇာတ်နဲ့ သူ့အရပ် (တီချမ်း ပြောနေကြစကားး) ဟုတ်ပေမယ်လို့ အများအမြင်မှာတော့ မြန်မာမိန်းကလေးထုတစ်ရပ်လုံး ကိုယ်စားပြုသွားတယ်လေ။
ပထမတော့ ကောင်မလေး ချောချောလေးတွေ ရေလာပက်စေချင်ကြတယ်၊ ရေပက်ခကြေးတွေလည်း မနဲပါဘူး။ တစ်ရက် သုံးသောင်း (အခုဆို ဈေးတက်လောက်ပြီ ထင်ရဲ့) သင်္ကြန်ရက် အကုန်ပက်မယ်ဆို ဈေးလျော့ပေးမယ်ပေါ့။ ဒါက တစ်မျိုး၊ နောက်ပိုင်းတော့ ပိုဆိုးလာတယ် ပြောရမလား၊ ဈေးကွက်စီးပွါးရေးနဲ့ နှစ်ကူးကို အိုးမဲသုပ်တယ် ခေါ်မလားးးး (ငါ့နှယ် အဆိုးမြင်ဝါဒီကြီး ဖြစ်နေပြန်ပါပြီဟယ်...) မဏ္ဍပ်မှာ အဆိုတော်တွေ ငှားရလောက်အောင်လည်း ပိုက်ဆံ မလောက်ငကြတော့ ဟိုကောင်မလေးတွေလေ သိတယ်မဟုတ်လားးးး(အားလုံးတော့လည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့နော်..) အင်းးးးးသူတို့ကို မဏ္ဍပ်ပေါ် ခေါ်တင်လာပြီး မဟုတ်က ဟုတ်က အကတွေ ကခိုင်းပါရော။ အင်းးးး ခေတ်ကာလသားတွေကလည်း ပါးစပ်ကသာ ပေါက်ကရ အော်နေကြတာ မျက်လုံးတွေက ခွါနိုင်ကြတာမဟုတ်ဘူး။ သူ့ဇာတ်နဲ့ သူ့အရပ် (တီချမ်း ပြောနေကြစကားး) ဟုတ်ပေမယ်လို့ အများအမြင်မှာတော့ မြန်မာမိန်းကလေးထုတစ်ရပ်လုံး ကိုယ်စားပြုသွားတယ်လေ။
ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲကလိုပေါ့လေ...အစွယ်လိုသူက မင်းမိဖုရား...အဲလေ ... ပိုက်ဆံလိုချင်သူက မဏ္ဍပ်စီစဉ်သူဖြစ်ပါတယ်။ မဏ္ဍပ်စည်ကားမှ ရေပက်ခံမယ့်သူများမယ်၊ ရေပက်ခံမယ့်သူများမှ ရေပက်မယ့်သူတွေများမယ်။ ရေပက်မယ့်သူတွေများမှ မဏ္ဍပ်စီစဉ်သူက ပိုက်ဆံအရများမယ်မဟုတ်လား။ ဒါကြောင့် အပြစ်အကြီးဆုံးက လှုပ်နေကြတဲ့ ရုပ်တရားကြီးတွေ မဟုတ်ပါဘူး၊ နောက်ကွယ်က စီစဉ်သူများသာဖြစ်ပါလားလို့ တွေးမိပါရဲ့လေ........။
သားငယ်လေး အရွယ်ရောက်လာတဲ့အခါ ဒါတွေက မကောင်းမှုမည်တယ်ဆိုတဲ့အကြောင်း ဒေါ်လေးက ပြောပြရအုံးမယ်...။
ထိုင်းနိုင်ငံတောင်ဘက်ယွန်းယွန်းက ကျွန်းလေးမှာ ထိုင်းနှစ်ကူးသင်္ကြန်ကာလ
နိုင်ငံခြားသားများ ပါဝင်ဆင်နွဲ
ဟိုဘက် ဒီဘက် ရေပက်ကြတာ ပျော်ရွှင်စရာ...
ညီအစ်ကိုရင်းပမာဆုံတွေ့ကြတာ ချမ်းမြေ့စရာ ...
ဟေ့ ဟေ့... နွေမး)
ဖေဖေလည်း ချမ်းမြေ့ပါစေ.. မေမေလည်း ချမ်းမြေ့ပါစေ.. သားသားလည်း ချမ်းမြေ့ပါစေး)
သေနတ်လေးနဲ့ ပစ်တာလောက်တော့ ...ရီတာပေါ့ ရီတာပေါ့ ...း)
အရွယ်စုံ လူစုံ ပျော်ရွှင်ကြတဲ့ နှစ်ကူးသင်္ကြန်မဟား)
ဖြူဖြူပြာပြာနီနီဝါဝါ ဝေဆာမြူးလို့လွင်...း)
ထိုင်းနိုင်ငံမှာ ပျော်စရာ ချစ်စရာကောင်းစွာ အေးအေးချမ်းချမ်းနဲ့ သင်္ကြန်ကာလကို ဖြတ်သန်းကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာတို့အနေနဲ့လည်း သက်ကြီးပူဇော်ပွဲတွေအပြင် တရားပွဲတွေ ကျင်းပလို့ ကောင်းမှုကုသိုလ်များကို စီစဉ်ကြ ပြုလုပ်ကြနဲ့ ပျော်စရာ၊ ငြိမ်းချမ်းလှပါတယ်။
ရေခြားမြေခြားရောက်နေပေမယ့် ကိုယ့်လူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာများကို မြတ်နိုးထိန်းသိမ်းကြတာ ပီတိဖြစ်စရာပေါ့နော်။ ပိုက်ဆံရှာရုံသက်သက် မဟုတ်ကြပဲ အများအကျိုးကိုလည်း ဝိုင်းကြ ဝန်းကြ။
ရေခြားမြေခြားရောက်နေပေမယ့် ကိုယ့်လူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာများကို မြတ်နိုးထိန်းသိမ်းကြတာ ပီတိဖြစ်စရာပေါ့နော်။ ပိုက်ဆံရှာရုံသက်သက် မဟုတ်ကြပဲ အများအကျိုးကိုလည်း ဝိုင်းကြ ဝန်းကြ။
တရားပွဲ မစခင် ပြင်ဆင်နေကြ ဘာတွေ လိုအပ်သလဲ ဆွေးနွေးကြနဲ့...
မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ တရားပွဲတစ်ခုကျင်းပဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ တရားတစ်ပိုဒ် နာကြားဖို့ အချိန် (၂)နာရီအတွက် ပြင်ဆင်ရတာတွေ အများကြီးပေါ့။ တရားပွဲကျင်းပဖို့ ခွင့်တောင်းရမယ်၊ တရားပွဲ “မ”တည် အလှူငွေ၊ တရားဟောမယ့် ဆရာတော် အားရက်နဲ့ တရားပွဲကျင်းပမယ့်နေရာ အားရက် ညှိနှိုင်းရတယ်၊ မိုးလေကင်းစင်တဲ့ အချိန်ကာလလည်း ဖြစ်ရမယ်၊ တရားပွဲလာ ပရိသတ် သွားလာရေး အဆင်ပြေချောမွေ့ရေး၊ ရဲမဖမ်းရေး၊ တရားဟောမယ့် ဆရာတော် ပင့်ဖိတ်ရေးကိစ္စ အဝဝ အစရှိသည်ဖြင့်ပေါ့လေ ပြင်ဆင်ကြ ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။
တရားပွဲကျင်းပရာ နေရာကို အခုလို ကြိုပို့တွေ စီစဉ်ပေးကြပါတယ်...
တရားပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်သူများအနေနဲ့ လူအများ တရားအသိလေးတွေ တိုးပါစေဆိုတဲ့ စေတနာလေးနဲ့ မမောနိုင်မပန်းနိုင် ဆောင်ရွက်ကြရပါတယ်။ ကိုယ့်စီးပွါးရေး မိသားစုအရေးတွေ ခဏထားလို့ အများအကျိုးအတွက် စင်ကြယ်တဲ့ စိတ်တွေနဲ့ ဆောင်ရွက်ကြရပါတယ်။ တရားပွဲမှာ တရားဟောတဲ့ ဆရာတော်က ရေခြားမြေခြားအထိ ကြွရောက်တော်မူကြပြီး စေတနာ ကရုဏာများများနဲ့ တရားဓမ္မများ ဟောကြားပေးပါတယ်၊ မြန်မာတွေအနေနဲ့ တရားအသိ မမေ့မလျော့စွာနဲ့ တရားပွဲတွေ ကျင်းပ၊ ကုသိုလ်ကောင်းမှုတွေ ယူကြတာကြောင့် ဆရာတော်များကလည်း ဝမ်းသာပီတိဖြစ်ကြပါတယ်။ ဟောကြားလိုက်တဲ့တရားကို နာယူမှတ်သားရတဲ့အခါ ပရိသတ်အနေနဲ့ သီလ သမာဓိ ပညာနဲ့ ပြည့်စုံနေသော ဆရာတော်များကို ဖူးမြင်ရတဲ့ ကုသိုလ်၊ ဆောက်တည်ရတဲ့ သီလကုသိုလ်၊ လှူဒါန်းရသော ဒါနကုသိုလ်၊ တရားနာယူလိုက်တဲ့အခါ တရားအသိလေး တစ်ခု စိတ်ထဲမှာ မှတ်မိနေမယ်ဆိုရင် ဘာဝနာကုသိုလ်အပြင် တရားပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောက်ရွက်ကြတဲ့ ဝေယျာဝစ္စကုသိုလ်တွေပါ အများကြီးရသွားပါပြီ။ ဒီလိုကုသိုလ်တွေ လူအများရဖို့ တရားပွဲစီစဉ်သူများက အခက်အခဲများစွာကြားက စေတနာရှေ့ထားလို့ စီစဉ်ပေးကြရတာပါ။
ကောင်းမှုကုသိုလ်လေးတွေ ပြုနေချိန် စိတ်လေးက
အေးချမ်းနေတယ် ရှင်းသန့်နေပါတယ် လန်းဆန်းနေပါတယ်...
အေးချမ်းနေတယ် ရှင်းသန့်နေပါတယ် လန်းဆန်းနေပါတယ်...
အကျိုးနဲ့ အကြောင်း
သင်္ကြန်မဏ္ဍပ်စီစဉ်သူတွေရဲ့ ကံသုံးပါးနဲ့ တရားပွဲတစ်ခုဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နေကြတဲ့ သူတွေရဲ့ ကံသုံးပါး ဘယ်အရာက ကောင်းတယ်/ဆိုးတယ်ဆိုတာ ခွဲခြားပြီး သိနိုင်ပါပြီ၊ ဘယ်အရာ ကောင်းမှု၊ ဘယ်အရာက မကောင်းမှုဆိုတာ မြင်နိုင်ပါပြီ။ သားငယ်လေး အရွယ်ရောက်လာတဲ့အခါမှာလည်း ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစား ဆုံးဖြတ်နိုင်ပြီး မှန်ကန်တဲ့ အသိရှိပါစေလို့ ဒေါ်လေးက တိတ်တဆိတ်တွေးလို့ ဆုတောင်းနေမိပါတယ်...။
“ရွှင်လန်းချမ်းမြေ့ကြပါစေ”
လေးစားစွာဖြင့်
ခရစ္စတလ်
p.s - သင်္ကြန်တွင်း အေးချမ်းစွာရေကစားနေကြတဲ့ ပုံလေးတွေက ဘလော့စာရေးတဲ့သူ နှစ်ယောက်ရဲ့စိတ်ကူးတွေဖြစ်ပြီး၊ ခရစ္စတလ်ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ပုံများ ကူးယူခြင်းသည်းခံကြပါလို့ တောင်းပန်ပါရစေနော်...း)
7 comments:
လာရောက်ဖတ်သွားပါကြောင်း
ခင်မင်စွာဖြင့်
အလွမ်း
ဒီဘလော့ကိုဝင်ဖတ်တိုင်း တီတင့်သတိထားမိတာ ဆည်းလဲသံလေး တကလင်လင်နဲ့ နာပျော်ဖွယ်ရှိတယ်။
ဒွန်တွဲနေတဲ့ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ
လောကနိယာမတရားပဲပေါ့ ခရစ္စတလ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပုံလေးတွေကြည့် စာလေးတွေဖတ်ရင်း ကြည်နူးစွာခံစားသွားပါတယ်
ပုံတွေအားလုံးက ပျော်ရွှင်နေကြတယ်
ကြည့်တဲ့သူလဲပျော်မိပါတယ်
ဟုတ်ကဲ့ပါ ဒေါ်လေး....တူလေး မှတ်ထားလိုက်ပြီနော်
ပုံလေးတွေလည်းကြည့်
စာလေးတွေလည်း ဖတ်သွားတယ် ညီမလေး။
ခင်တဲ့
မြတ်
တီတင့်ပြောတဲ့ခေါင်းလောင်းသံကို
ဘယ်နေရာကထွက်တယ်..
အသည်းအသန်ရှာခဲ့ဖူးပါတယ်း))
ဓာတ်ပုံဆရာကကိုယ်တိုင်တော့ဝင်မဆော့ဘဲ
ကားထဲကဘဲလှမ်းရိုက်ထားတာကိုတွေ့ရပါတယ်။
ဒီတော့.ဓာတ်ပုံတွေကအသက်မ၀င်တော့သလိုလိုး))
မြန်မာနိုင်ငံနဲ့အတော်နီးစပ်တဲ့နိုင်ငံတစ်ခုပါ။
အခွင့်ကြုံရင်တမင်တကာလာလည်ပါအုံးမယ်း)
Post a Comment