သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, June 6, 2012

အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။

သောကြာဂြိုလ်က နေကို ဖြတ်တဲ့နေ့ (၆-၆-၂၀၁၂)နေ့မှာ မှတ်မှတ်ရရပါပဲ၊ ရေးနေတဲ့ပိုစ့်က ဓမ္မပိုစ့်၊ ချက်တင်က အရေးတကြီး မေးလာတာက မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖေါ်ပေးဖို့ ဖြေပေးပါတဲ့၊ ငယ်တဲ့သူတွေက ကြီးတဲ့သူတွေဆီ နည်းနာယူကြတယ်၊ ဒီလိုတွေ မေးလာရင် ကိုယ့်ခံယူချက်ကိုပဲ ဇောင်းပေးဖြေပေးလို့ မသင့်တော်ဘူး၊ စိတ်ဆိုတာ ဆန်းကြယ်သားးးး။ လူတစ်ဦး စိတ်တစ်မျိုးဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူတွေကို ဖြေတဲ့နေရာမှာ မမှားသင့်တာ မမှားရအောင် တော်တော်လေး သတိထားဖြေပေးရပါတယ်။ အရေးကြီးတာက သူတို့ အချစ်ရေး အိမ်ထောင်ရေး ဖြောင့်ဖြူးဖို့မဟုတ်လား။ သူတို့ အကျိုးအတွက် ကိုယ့်အတွေ့အကြုံများကို အထောက်အပံ့ဖြစ်ပါစေလို့ စိတ်ထားပြီး ဖြေပေးပါတယ် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ)။

ရေးတဲ့ ပိုစ့်လည်း draft ထဲ သိမ်းထားလိုက်ရပြီး)

သမုဒယနဲ့ နိဂြောဓ အကြားးးး ဗျာများနေရတဲ့ ပုထုဇဉ်တစ်ဦးပါ။

မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ...။

မည်သို့သော မိန်းကလေးက ချစ်ခြင်းမေတ္တာကို အလေးအနက်ထားပါသလဲ...။

ရင်ခုန်တိုင်း အချစ်လား ...။

မိန်းကလေးတစ်ယောက်၏ ရင်ခုန်ခြင်းနှင့် သူမ၏ ချစ်ခြင်းမေတ္တာ ကွာခြားမှု ...။

 အချစ်စစ်တို့လမ်းတွေ ဖြူးကြစေသတည်းးးးးး။ 

သွားရင်း လာရင်း ပန်းခြံထဲမှာ မင်္ဂလာမောင်နှံ အလှဓာတ်ပုံတွေ ရိုက်နေတာတွေ့လို့၊ 
ကိုယ်လည်း ဝင်ပြီး အားပေးလာခဲ့ပါတယ်။ သူတို့လည်း မကန့်ကွက်ဘူး၊ 
ကိုယ်ရိုက်နေတာတောင် ကျေနပ်နေပြီး ပိုစ့်တွေ ပေးကြသေး။ 
ထိုင်းမှာ ဒီလိုအလှဓာတ်ပုံလေးတွေ ရိုက်ပြီး ဓာတ်ပုံစာအုပ်ထုတ်ကြပါတယ်။ 
အနိမ့်ဆုံးဈေးက ဘတ် နှစ်သောင်းခွဲရှိပါတယ်။ ပျိုပျိုမေတို့ စိတ်ဝင်စားရင် လာရိုက်ကြပေါ့နော်။ 

လေးစားစွာဖြင့်
ခရစ္စတလ်

12 comments:

ဖြိုးမောင်မောင်(CTM) said...

ငါ့အစ်မ လက်ရာတွေလန်းတယ်။ စာတန်းကြီးက ကွယ်မနေသင့်ဘူး။ NICE SHOOTTTTTTTTTTTTTTTT ;)

စံပယ်ချို said...

ရင်ခုန်တိုင်းအချစ်မဟုတ်ပါနော်-----
မင်္ဂလာမောင်နှံ အလှဓာတ်ပုံရိုက်ချင်ပါတယ်
လာဖို့လမ်းစရိတ်ပါထဲ့ပေးလိုက်ပါ
ချစ်တဲ့ (မင်းရဲ့ချစ်သူ)

ခရစ္စတလ် said...

စာတန်းကြီးးးး ဒါက ဒီလိုရှိတယ် ကိုဖြိုးရ ... :P

ဂျက်ရေ မှန်ပ့ါ ရင်ခုန်တိုင်း အချစ်ဟုတ်ဘူးးးး ထောက်ခံတယ်၊ လမ်းစရိတ်ပို့ပေးလိုက်မယ်၊ ဒေါင်းလုပ်ပြီး ယူလိုက်နော် ... :P

မိုး said...

ဓာတ်ပုံပဲ ပါတယ်။ အချစ်က မည်သို.မည်ပုံမည်ကဲ.သို. ဘာမှလည်းပါဘူး.....။

Crystal said...

အချစ်လားးးး သူ နှာစေးနေတယ် :P

အလွမ်းမြို့ said...

အဟမ်း..အဟမ်း...ချောင်းဟန့်သံ...

ခရစ္စတလ်ရေ...ရင်ခုန်တိုင်း အချစ်လား ဆိုတော့.. တိဝူးဘဲဖြေမှာ။ သများကတော့ အိမ်ထောင်သက် (၄) နှစ်ပြည့်ပြီ ရင်ခုန်ရင်အချစ်လားဆိုတာမသိခဲ့ဘူး။
အိမ်ထောင်ကျပြီးမှ သံယောဇဉ်ကွယ် ရစ်ပတ်နှောင်တွယ် ချစ်တတ်လာတယ်။...ဆိုးပါ့ ကိုယ့်ဘဝ။။ အချစ်ကိုခံစားသိရှိချိန်တောင် မခံစားဖြစ်ခဲ့
ဘူး... အလှဓါတ်ပုံတွေက ရိုက်ချင်သော်လည်း...အဝေးကဘဲ လွမ်းနေတော့မယ် ခရစ္စတလ်ရေ..

ခင်မင်တဲ့
အလွမ်း

ချော(အစိမ်းရောင်လွင်ပြင်) said...

လာဦးမှာ လာဦးမှာ
အဲဒီခါကျ အလကားရိုက်ပေးရမှာနော်
ခိခိ

လွင်ပြင်လှိုင်းငယ် said...

ဓါတ်ပုံတွေလန်းတယ်

ခရစ္စတလ် said...

ချော - အမယ် အမယ် အပျိုကြီး အဟိ အဟိ :P

ဒီမယ် ကိုလွင်ပြင် ဓာတ်ပုံတွေ လန်းသလို ဓာတ်ပုံရိုက်တဲ့ သူလေးလည်း လန်းပါတယ်တော့ ... :P

Anonymous said...

ဒိုမိန်းပြောင်းထားပါကြောင်း မောင်းခတ်တာပါ
း)

ခရစ္စတလ် said...

လင့်ပြောင်းချိတ်လိုက်ပါ့မယ်ဘုရား။

Angelhlaing(May everybody be happy and healthy! said...

အင်းဟုတ်တယ် ..အချစ်လား...သူ ဖျားနေတယ် ..:P:P