ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ နေရာလေးမှာ နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းရန်အတွက် နံနက် (၄)နာရီတွင် နေအိမ်မှာ ခရီးနှင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမှ မိုင်ပေါင်းများစွာ ဝေးသော၊ ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာဒေသနှင့် အလှမ်းကွာဝေးသည့်အရပ်တွင် ဗုဒ္ဓ၏ သားတော်ရဟန်းတစ်ပါးသည် သာသနာ့ဝန်ထမ်းအလုပ်ကို ကြိုးစားထမ်းရွက်နေသည်ကို ကြားသိရသောအခါ ပီတိလှိုင်းတစ်ချို့ ဖြတ်သန်းမိခဲ့ပြီ။
ဘာသာစကားမတူ၊ နေရာဒေသမတူ၊ မြန်မာနိုင်ငံနှင့်မတူညီလှသော ရာသီဥတုဒဏ် အစရှိသော မတူညီမှုတွေကို ရင်ဆိုင်ပြီး ဆရာတော် သာသနာပြုနိုင်သည့် သတ္တိကို မှန်းဆကြည့်နိုင်ပါသည်။
(ထေရဝါဒဗုဒ္ဓဘာသာတို့ကိုးကွယ်လေ့ရှိသော မြတ်ဗုဒ္ဓုရုပ်ပွါးတော်ဟန်နဲ့
ဂျပန်ကျောက်ဆစ်လက်မှုပညာရှင်လက်ရာပေါင်းစပ်မှုကို
ကြည်ညိုသပ္ဗါယ်စွာ ဖူးတွေ့ ခဲ့ရပါတယ် ...)
ဓလေ့စရိုက် ရာသီဥတု အစစ ကွဲပြားခြားနားလှတဲ့ နေရာဝယ် စွမ်းနိုင်သမျှ သာသနာ့တာဝန်များ ထမ်းဆောင်နေတာကို တွေးမိတိုင်း .. တွေးမိတိုင်း ဆရာတော်ဘုရား၏ သည်းခံမှုအား ရဲရင့်မှုအား ကြိုးစားအားထုတ်မှု လုံ့လဝီရိယတို့အပေါ် ကြည်နူးပီတိလှိုင်းငယ်တစ်ခု လှုပ်ခတ်ဖြတ်သန်းသွားမိပြန်ပြီ။
နေ့ဆွမ်းကို သပိတ်ဖြင့် ခံယူပြီး ဘုန်းပေးသုံးဆောင်နေပါသော ဘုန်းဘုန်း (၃)ပါးမှာ ..
အိဘရခိခရိုင်၊ ဟိုကိုဒမြို့ ရှိ မြန်မာထေရဝါဒဓမ္မရိပ်သာ မဟာစည်ဆရာတော်ဦးဉာဏုတ္တရ
စိုင်းတမခရိုင်၊ ဖုကရမြို့တွင် သီတင်းသုံးနေသော အရှင်မဏိဇောတာလင်္ကာရ
အိဘရခိခရိုင်၊ ဟိုကိုဒမြို့ ရှိ မြန်မာထေရဝါဒဓမ္မရိပ်သာတွင် သီတင်းသုံးနေသော ဂျပန်လူမျိုးထေရဝါဒရဟန်းတော်
ဆရာတော့်မှ နေ့ဆွမ်းကပ်လှူ ရန် စီမံပေးသည့်အတိုင်း၂၀၁၆ခုနှစ်အစ ပထမလ၏ (၁၀)ရက်နေ့တွင် ရိပ်သာသို့ အချိန်မီ မနက် (၁၀)နာရီတွင် ရောက်ကြ၏။ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သောကြောင့် တရားရိပ်သာတွင် သာသနာ့ဝန်ထမ်း ထေရဝါဒဂျပန်ရဟန်းတော်တစ်ပါး၊ ဝိပဿ နာတရားအားထုတ်နေကြသော ဂျပန်လူမျိုးယောဂီများနှင့် ဥပုသ်သီတင်းဆောက်တည်ကြသော ဂျပန်လူမျိုးဥပုသ်သည်များသည် ဤဌာနေ ဤနေရာလေးမှာ ဆရာတော်ဘုရားဟောကြားသော ဓမ္မများကို ဆည်းပူးလေ့လာကြိုးစားနေကြသည်က ကြည်နူးဖွယ် ချမ်းမြေ့ဖွယ် အတုယူဖွယ် လေးစားအားကျဖွယ်အတိဖြစ်ခဲ့ပါသည်။
ထိုဒေသတွင် မြတ်ဗုဒ္ဓ၏သာသနာတော်ကို အထောက်အပံ့ပြုနေသော ဂျပန်လူမျိုးစေတနာရှင်များ၏ ယုံကြည်မှုသဒ္ဓါအားသည် အံ့သြစရာကောင်းလောက်အောင် ပီတိလှိုင်းခတ်မိခဲ့ပြန်ပြီ။
တစ်နေရာတည်းမှာ တစ်စုတစည်းတည်း တွေ့ ဖို့ခဲယဉ်းသူ (၄) ဦး
***** ***** ***** ***** ***** ***** ***** ***** ***** ***** *****
ဂျပန်မှာ အနှစ် (၂၀) ကျော် သီတင်းသုံးနေထိုင်တော်မူရင်း မဟာစည်နည်းနိဿယဖြင့် ဂျပန်လူမျိုးများကြား ၀ိပဿနာတရား စည်ပင်ပြန့်ပွားအောင် သာသနာပြုနေတဲ့ ဆရာတော်၊
***** ***** ***** ***** ***** ***** ***** ***** ***** ***** *****
ဂျပန်မှာ အနှစ် (၂၀) ကျော် သီတင်းသုံးနေထိုင်တော်မူရင်း မဟာစည်နည်းနိဿယဖြင့် ဂျပန်လူမျိုးများကြား ၀ိပဿနာတရား စည်ပင်ပြန့်ပွားအောင် သာသနာပြုနေတဲ့ ဆရာတော်၊
ဂျပန်မှာ ရောက်နေတဲ့ မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးများကြား ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားနိုင်ဖို့ ကြိုးစားသာသနာပြုနေတဲ့ ဆရာတော်၊
ထေရ၀ါဒဗုဒ္ဓဘာသာကို အထင်ကြီးလေးစားကြည်ညိုလို့ မြန်မာရဟန်းတော်များထံမှ မြတ်စွာဘုရားအဆုံးအမများကို လေ့လာဆည်းပူးသင်ယူနေတဲ့ ဂျပန်လူမျိုး မဟာယာနကိုယ်တော်(လူပုဂ္ဂို လ်ဝတ်စုံသာ ဝတ်ထားပါသည်) ၊
ဂျပန်နိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်စည်ပင်ပြန့်ပွားနိုင်ဖို့ နှင့် ၀ိပဿနာတရားထွန်းကားလာစေဖို့ မြန်မာသံဃာတော်များကို ကူညီထောက်ပံ့ပေးနေတဲ့ ဂျပန်သာသနာပြုအဖွဲ့ ရဲ့  ဥက္ကဋ္ဌ ဂျပန်အမျိုးသမီးယောဂီ
ထိုထိုသော ပီတီလှိုင်းငယ်များ တသိမ့်သိမ့်ဖြင့် နေ့ဆွမ်းကို ဆက်ကပ်လှူ ဒါန်းခဲ့သော ကုသိုလ်၊ ဘဝသံသရာအဆက်ဆက်မှ ပြု ခဲ့မိလေသော ကောင်းမှုကုသိုလ်အစုစုတို့ကို ရေစက်သွန်ချ အမျှပေးဝေငှခဲ့ကြပါသည်။
ဆရာတော်ဟောကြားသော တရားတော်များကို နာကြားရင်း တည်ငြိမ်နေသော ရေပြင်ဝယ် လှုပ်ခတ်သွားသော လှိုင်းကြက်ခွပ်ငယ်ကလေးများပမာ ပီတိတို့သည် တသိမ့်သိမ့်ဖြင့် တငြိမ့်ငြိမ့်ဖြင့် ...။
ဆရာတော်ဟောကြားသော တရားတော်များကို နာကြားရင်း တည်ငြိမ်နေသော ရေပြင်ဝယ် လှုပ်ခတ်သွားသော လှိုင်းကြက်ခွပ်ငယ်ကလေးများပမာ ပီတိတို့သည် တသိမ့်သိမ့်ဖြင့် တငြိမ့်ငြိမ့်ဖြင့် ...။
ခရစ္စတလ်
No comments:
Post a Comment