သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, December 28, 2010

ဂျပန်နိုင်ငံမှ တရားတော်နာဖိတ်ကြားခြင်း


ပြည်တွင်းပြည်ပ ဖြူးမဟာစည်နာယက
ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ
ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
တူသား တပည့်အရင်းဖြစ်တော်မူသော

ပဲခူးတိုင်း၊ ဖြူးမြို့ ၊ မဟာစည်သာသနာ့ရိပ်သာနှင့်
ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏
ပဓာန နာယကဆရာတော်
ဘဒ္ဒန္တ အဂ္ဂ၀ရ
ဓမ္မာစရိယ၊ M.A Ph.D (Thesis) India

ဆရာတော်အရှင်သူမြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာအရပ်တွင် အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး အမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက် ကုသိုလ်ယူကြပါရန် လေးစားစွာဖြင့် နှိုးဆော်ဖိတ်ကြားပါရစေနော်။

အခမ်းအနားအစီအစဉ်
နေ့ရက်။ ။ (၂၀၁၁) ခုနှစ်၊ ဇန္န၀ါရီလ (၉) ရက်၊ တနင်္ဂနွေနေ့။
အချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၆း၃၀) မှ (၈း၃၀) အထိ။
နေရာ။ ။ 新宿リサイクル活動センター
(Shin Juku, Recycle Centre, Takadanobaba ဘူတာအနောက်ဘက်ခြမ်း) 東京都新宿区高田馬場4丁目10-17

မှတ်ချက်။ ။ နိုင်ငံတကာရောက် တရားချစ်ခင် ဓမ္မမိတ်ဆွေများအတွက် အင်တာနက် စာမျက်နှာများမှ တဆင့် အွန်လိုင်း တိုက်ရိုက်အသံလွှင့် ဟောကြားသည်ကို ကြည်ညို နာယူနိုင်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ

1 comment:

...အလင်းစက်များ said...

သာဓု သာဓု သာဓု ပါ အစ်မတော်ရေ....