သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, November 30, 2010

လောလောဆယ်

Bliss of Us (ပုံမှန်က ဒီဆိုဒ်လေးပါ)
ဆိုဒ်လေးကို ဝင်ရလို့ ပျော်သွားပြီ (30-Nov-2010)


ဝင်လို့မရတော့ ဒီလို ဖြစ်နေတယ်။

http://www.blissofus.blogspot.com
လောလောဆယ် ဒါလေးကို ကလစ်ပေးပါနော်။
ဆိုဒ်ကို ဝင်ရောက်ကြည့်ရတာအခက်ခဲဖြစ်မှုအတွက် အထူးတောင်းပန်ပါတယ်နော်။

လောလောဆယ်မှာ အလုပ်တွေများလို့ အာရုံတွေများနေရတဲ့အချိန်၊
မမျှော်လင့်ပဲ ဒီနေ့မနက် အလုပ်ဆိုဒ်ကို ပြင်ဆင်နေတုန်း
ဗြုန်းးးးးးးးးးးးး ဆို ဒိုမိန်းထဲ ဝင်လို့ မရတော့ပါဘူး။
hosting ကြောင့်လည်း မဟုတ်။

ဒိုမိန်း သက်တမ်းပြည့်ဖို့လည်း လိုသေး။

နောက်ဆုံးတော့ ဆာဗာ server ပြဿနာပါတဲ့။

ဒါကြောင့် crystal ရဲ့ အလုပ်ဆိုဒ်ကို ကြည့်လိုပါလျှင်
လောလောဆယ်မှာ blog ကိုသာ ဝင်ကြည့်နိုင်ဖို့ ကြိုးစားထားလိုက်ပါပြီ။

Bliss of Us ဆိုဒ်လေးကို လိုအပ်လို့ပဲ ကြည့်ကြည့်

အပျင်းပြေပဲ ကြည့်ကြည့်

ဘယ်လိုမျိုးနဲ့ပဲကြည့်ကြည့်

လာရောက်ကြည့်ရှုအားပေးနေကြသော ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်နော်။

လေးစားစွာဖြင့်
crystal

(p.s - ဒီဇင်ဘာလမှာ မအားလပ်မှုများကြောင့် ပိုစ့် မတင်နိုင်တော့ခြင်းကို တောင်းပန်ပါရစေနော်။ နှစ်သစ်ကူးမှာတော့ ပိုစ့်ပြန်တင်ဖို့ ကြိုးစားပါအုံးမယ်။

“နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကြိုတင်ဆုတောင်းပေးလိုက်ပါတယ်နော်”

စေတနာထားပြီး ကွန့်မန့်ပေးကြသူများနှင့်
တိတ်တဆိတ် လာရောက်လည်ပတ်ကြသော ခင်မင်ရတဲ့ မိတ်ဆွေတို့ကို
ကြိုတင်ဆုတောင်း ပေးလိုက်ပါတယ်ရှင်။)

6 comments:

အင်္ဂါဟူး said...

အခုလို သာယာလှပတဲ့ ရှုခင်းလေးတွေ ကြည့်ခွင့်ရတာ ကျေးဇူးကမ္ဘာပါဗျာ.

Anonymous said...

saver ပြဿနာ မြန်မြန်အဆင်ပြေပါစေ..

Crystal said...

အင်္ဂါဟူး-လာလည်တာ ကျေးဇူးတင်ပါတယ်ရှင့်။

အစ်မ လသာည- အမှားမကင်းတဲ့ လူသားဆိုတော့ စာလုံးပေါင်းမှားသွားတယ်အစ်မရေ့။ ပြင်လိုက်ပြီ၊ အဟိ။ ကျေးဇူးနော်။

...အလင်းစက်များ said...

ကြောင်မော်ဒယ် အသစ်တွေ ပုံရပီ အစ်မ .... နောက်မှ တင်မယ်.. ပြသနာအမြန်အဆင်ပြေပါစေဗျာ...

မေပယ်လ် said...

လာလည်လို့ ကျေးဇူးတင်ပါတယ်
နောက်လဲ စာလာဖတ်ပါ့မယ်
ခင်မင်လျွှက်

လိုင် said...

ဘလော့ဂ်လေး လှသလို စာတွေလည်းကြိုက်တယ်