သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, March 17, 2011

ဂျပန်နိုင်ငံ၏ သတင်းတွေကြည့်လိုပါလျှင်

လွတ်မြောက်မှု အနာဂတ်ကို မျှော်ကြည့်ခြင်း
အခြားသော သတင်းဆိုဒ်များအပြင် ဂျပန်နိုင်ငံ၏ နောက်ဆုံးရသတင်းများ၊ 
ဂျပန်နိုင်ငံမှ ရေးသားသော ဘလော့ရေးသူတို့၏ အတွေ့အကြုံများ 
သတင်းများနှင့် မျှဝေလိုသော အကြောင်းအရာများကို သိရှိလိုပါလျှင်
ယင်းဘလော့ဆိုဒ်မှ တဆင့် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း။

“ကမ္ဘာကြီး၊ သူ နေမကောင်းပါ”

ကမ္ဘာကြီးဗိုက်အောင့်နေလို့ ဆူနာမီအဖြစ်နဲ့ အန်ချလိုက် လူတွေ သောင်းချီသေကုန်ပါလေရော

ဒီလို ရစ်ရစ်ပြီး နာနေရှာတယ် 

တလှိုက်လှိုက်တက်လာနေပြီ

အန်ချလိုက်ပါပြီ

သူအန်ချလိုက်လို့ ဘေးပတ်ဝန်းကျင် ထိခိုက်ကုန်ပြီလေ

ဒီလိုဖြစ်ကုန်တော့ ကယ်ဆယ်ရေးလုပ်တာတွေမှာ ခက်ခဲမှုတွေဖြစ်နေရပြီ

အို ဘယ်နှယ့် ...တောင်နဲ့မြောက်များ ပစ်နေပြီလား၊ 
ဟုတ်ပါဘူးနော် ကမ္ဘာကြီးနေမကောင်းဖြစ်နေတာပါ...

ရုံးမှာ တူတူပုန်းတိုင်းဆော့နေကြတယ် ကြည့်အုံး စားပွဲခုံလေးအောက်ကို ဝင်လို့
တကယ်ဖြစ်ရင် မလွတ်ဘူးနော် ဒီလိုလေး မနေနဲ့ လွတ်အောင်သာပြေး ကွင်းပြင်ဆီကို။

ဒီချိန်မှာ သွားလာရလွယ်တဲ့ ဖိနပ်များကိုသာ ဝတ်ဆင်ပါ
 သတင်းတွေ အဆက်မပြတ်စေဖို့ပဲလိုတယ် ကျန်တာတွေ တွေးမနေနဲ့တော့

အကြောက်တရားကို ဘေးဖယ်ထား၊ ကယ်ဆယ်ရေးသာ အဓိက

ပစ္စည်းတွေ ပြတ်လပ်နေပြီဖြစ်လို့ လွယ်ကူစွာ စားနိုင်မယ့် အစားအသောက်တွေ အရေးတကြီးလိုအပ်နေပြီ

ဘဝတူတွေအဖို့ ခံစားချက်ခြင်းလည်းတူကြသတဲ့

နွေးထွေးမှုတွေ လိုနေတယ်

ထိတ်လန့်မှုများတဲ့နေ့ရက်များ

ထိုင်းလူမျိုးတစ်ယောက် ပေးပို့သော အီးမေးကို  ဆီလျော်သလို စာများရေးသားလိုက်ပါတယ်။

အခက်အခဲဖြစ်လေတိုင်း သောကဝေလေတိုင်း ရတနာသုံးပါးပဲ အားကိုးပါတယ်၊
ဝိပဿနာတရားနဲ့ ထိတွေ့ပေးခဲ့တဲ့ ကသစ်ဝိုင်ဆရာတော်ဦးပဒုမ၏ ရဟန်းဒကာမဖြစ်ခဲ့သော ကျေးဇူးရှင်အဘွားရဲ့ ကျေးဇူးများကို အောက်မေ့သတိရမိတဲ့နေ့ရက်များဖြစ်ပါတယ်။

မေတ္တာပို့၊ သစ္စာဆို၊ ပဋ္ဌာန်းနဲ့ ဂျပန်တစ်နိုင်ငံလုံးကို စည်းချ၊ အများအကျိုးကိုလိုလားသော လောကတွင်စောင့်ရှောက်လျှက်ရှိကြကုန်သော အစောင့်အရှောက်များကို တိုင်တည် အကူအညီတောင်း။ 

အေးချမ်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ဘေးဆိုးတွေက လွတ်သွားမှာပါ။

ယုံကြည်ပါတယ်။

ကမ္ဘာကြီး နေကောင်းသွားမှာပါ။ 

နောင်ကို သူနေကောင်းအောင် လူသားတွေ ပိုဂရုစိုက်ရတော့မှာဖြစ်ပါတယ်။

လေးစားစွာဖြင့်
crystal

5 comments:

...အလင်းစက်များ said...

အော... အစ်မပိုစ့်တင်နိုင်သေးတာပဲ မဆိုးဘူး အခြေအနေကောင်းတယ်.. AATO ကျနော့ကိုပြောထားတာလေး ရီရလို့  ရေးထားပေးခဲ့ဦးမယ်...

ရဲထွန်းဇော်စီပုံးမှာ ရှိတယ်။

AATO: ဂျန်ပန်ပြည်သူ တွေ ကို ကာကွယ်ဖို့ လွှတ်လိုက်ပါပြီ။
16 Mar 11, 09:09 AM

AATO: ကျနော်တို့ ဆာတူမလေးရှား အဖွဲ့ကနေပြီး သိတ်ပန် ပြင်ညာရှင် 'အလင်းစက်များ' ကို ရေခဲရေဘာလီပုံး ၂ ပုံး နဲ့
16 Mar 11, 09:09 AM

...အလင်းစက်များ: တောက်..... ရေခဲရေလောင်းထည့်ဖို့  အိုင်ဒီယာ မရကြဘူးလားကွာ...... တုံးပါ့ ဂျပန်တွေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်ပြီးတော့ တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်..
ဂျပန်တွေရဲ့စိတ်ဓာတ်ကို လေးစားမိသလို
ချီးလည်းချီးကျုးပါတယ်..
စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ တည်ငြိမ်မှု စည်းကမ်းရှိမှုတို့က အတုယူစရာကောင်းပါတယ်နော်

nYi ThU E@in said...

စိတ်မကောင်းစရာ မြင်ကွင်းတွေကို
စိတ်ဝင်စားအောင် စာမြည်းလေးတွေနဲ့
တင်ပြတတ်ပါပေတယ်

မိုးယံ (လူသားအားလုံးအတွက်) said...

တစ်ခုခုတော့ မှားနေတယ်...ထင်တယ်... သဘာဝ ဘေးအန္တရာယ်တွေရယ်.. ဆူပူအုံကြွမှုတွေရယ်... နိုင်လိုမင်းထက် ပြုမှုတွေနဲ့.. သြော် လူသားတို့ကမ္ဘာမြေ ကိုယ့်မှာတော့ မျက်လွှာချလို့ အသာနေရပါသော်ကောကွယ်.

KiKi said...

နေမကောင်းဖြစ်နေတဲ့ ကမ္ဘာကြီး...
သမားကောင်းနဲ့ တွေ့ ပါစေ ၊