သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, August 10, 2011

အားနာထာ ......

တကယ်တော့ ဆင်ခြေပေးခြင်းဖြစ်ပါတယ်။ စာဖတ်မိတ်ဆွေတွေကို  “ကြီးပွါးရေးနဲ့ စီးပွါးရေး” ဆက်ရန် တစ်ပိုင်းရေးမယ်ဆိုပြီး တန်းလန်းဖြစ်သွားပါတယ်။ ရေးဖို့ ကြိုးစားနေပါတယ်။ ထိုင်းမှာ စီးပွါးရေးလုပ်ဖို့ စိတ်ဝင်စားသူတွေ အတွက် ရေးပေးမှာပါ။ လောလောဆယ်က ပထမတစ်ပိုင်းပြီးတော့ အင်တာနက်က လိုင်းကျနေတာ နှစ်ပတ်လောက်၊ ဘလော့မမြင်ရဘူး၊ တစ်ပတ်လောက်က တော်တော်ဆိုးသွားတယ်၊ နောက်တစ်ချက်ကတော့ ထုံးစံအတိုင်း ကျန်းမာရေးက မကောင်းဘူး၊ ဒီခြားထဲက အလုပ်က မထင်မှတ်ပဲ တအားပင်ပန်းသွားတယ်။ ဆေးတွေ တော်တော်ကူလိုက်ရပါတယ်။ ဒါနဲ့ပဲ ပိုစ့်ဆီကို စိတ်သာရောက် နောက်ဆံတင်းနေတယ်၊ မရေးဖြစ်တော့ မျက်နှာပူတယ်၊ အားနာလာတယ် နောက်ဆုံးတော့ စနစ်တကျရေးရမယ့် ပိုစ့်မရေးခင် သွားဖြစ်တဲ့နေရာလေးမှာ ရိုက်ထားတဲ့ ပုံလေးတွေနဲ့ ဆင်ခြေပေးရင်း အလျှောက်ကောင်းတော့ အထောင်းသက်သာမလားလေရယ်လို့ ......... :)

ဘယ်နေရာလဲ။ 
ထိုင်းက မြန်မာတွေ သိကြမလား။ 
မြတ်စွာဘုရားကို တောထဲတစ်နေရာလေးမှာများ ဒီလိုမြင်လိုက်ရရင် ....(ဖူးတွေ့ခွင့်ရမယ်ဆိုရင်)
သိပ်ကြည်ညိုစရာကောင်းတဲ့အနေအထားလေးမို့ မှတ်တမ်းတင်ခဲ့ပါတယ်။


ကျောက်ဖရားမြစ်ကွေ့တစ်နေရာမှာ ရောက်တိုင်း ငါးတွေကို ငါးစာတွေ ကျွေးဖြစ်တယ်၊ 
ဘာမှ ဆုမတောင်းပါဘူး၊ သူတို့လေးတွေ ကျွေးရတာ ပျော်လို့။

လှောင်အိမ်ထဲက ကျေးလေး နှစ်ကောင်။
တစ်ကောင်တည်းလှောင်အိမ်ထဲ နေရတာထက် နှစ်ကောင် ဆိုတော့ အဖော်ရတာပေါ့။

အဝေးက ပေါင်းကူးတံတားလေးနဲ့ ရေပြင်နဲ့ မြက်ခင်းနဲ့ ဇရပ်လေးနဲ့ ဟန်ကျသကွယ်
သီချင်းညည်းတာလေးနဲ့ တရားထိုင်တာ နှစ်ခုထဲက တစ်ခုခုလုပ်ဖြစ်မှာသေချာတယ်
အခုတော့ ရပ်၊ ကြည့်၊ သွား။


ဆည်းဆာချိန်မှာ မိုးတိမ်တွေ တက်လာနေတာလေ၊ နေဝန်းကြီးကို သေချာတောင်မမြင်ရတော့ပါလား။

 ရုတ်တရက်ကြည့်လိုက်ရင် အဝေးမှာ မီးလောင်နေသလိုပဲ မိုးတိမ်တွေကြားက နေဝင်သွားတာပါ။


“ တိုရှည်”ပေါ့၊ မစားရတာ နှစ်နဲ့ ချီနေပြီ၊ တွေ့တုန်း စားပစ်လိုက်တယ်၊ ဘာသာခြားတချို့ကကြည့်နေတယ် ဘယ်တုန်းကတည်းက ငတ်များနေသလဲဆိုပြီး၊ ဂရုမစိုက်ပေါင်၊ ကြိုက်မရှက် ငိုက်မရှက်၊ စကားပုံရှိသားပဲ။

ဘန်ကောက်မြို့တော်ကြီးက တိရစ္ဆာန်ဥယျာဉ်ထဲ မြွေပြတိုက်ကို ဝင်ကြည့်ရင်း အရေခွံလဲနေတာ တွေ့လို့။
မြွေခမျာ ပါပါရာဇီလက်ချက်မိသွားရှာတယ်။

အဟဲ မိုက်တယ်မဟုတ်လား၊ ယပလက်တွေက အဲလိုမျိုးတော့ ဥာဏ်သွားပါ့။
ကားသမားကြီးကို ဒီပုံလေးရဖို့ အမှီ မောင်းပေးဖို့ ပြောရတယ်။

ဒီလောက်ဆိုရင် ကျေနပ်ကြမယ်ထင်ပါတယ်နော်။ 
လေးစားစွာဖြင့်
ခရစ္စတလ်

10 comments:

တောက်ပကြယ်စင် said...

မြွေပုံကြည့်ပြီး အသည်းယားစရာ။ ကြောက်တယ် မြွေဆိုရင်လေ။ ကြောက်ပေမယ့် ကြည့်ချင်တယ်။ တိုရှည်လေးက ဘုဉ်းပေးချင်စရာ။ (ခုတော့ သွားရည်ယိုရုံ)။ ကျေးနှစ်ကောင်က လှောင်အိမ်က သံချောင်းတွေလည်း မတွေ့ရပါလား။ ကင်မရာကို အထဲထိုးသွင်း ရိုက်ထားသလား မှတ်ရတယ်။ ကားကို အဲဒီလိုမျိုးလုပ်ထားတာ မစီးရဲဘူး။ အလေးချိန်နဲ့ အမြန်ရှိန်နဲ့ဆိုတော့ ကြောက်သလိုလိုပဲ။ ကျန်းမာပျော်ရွှင် ခရစ္စတလ်ရေ။

...အလင်းစက်များ said...

အဟမ်း..... ပြောဘူး ..... ဘာမှ ပြောဘူး။ ကိုယ့်ဖာသာ ချောင်းဟတ်တာ... အဟမ်း။

အစ်မ ဟိုမှာ ဘုန်းဘုန်း အထင်တွေမွှားကုန်ဘီ ရှင်းပြလိုက်ပါအုန်း။ ကားနဲ့  ရွေ့ပြောင်းလာတဲ့ ခုံတွေ မဟုတ်လား။ တော်ကြာ ဘုန်းဘုန်း ထိုင်းပြန်ရောက်လာမှ အဲ့သည်ကား စီးမယ် ပူစာနေဦးမယ်။ ပြောပြလိုက်ပါဦး။။။ :)))))

Angelhlaing(May everybody be happy and healthy! said...

မမရေ ပို့စ်လေးဖတ်ရင်း ကွန့်မန့်လေးကြောင့် ပြုံးရပြန်တယ်...:)

အဖြူရောင်နတ်သမီး said...

ပုံလေးတွေလည်းကြည့်သွားတယ်..
တိုရှည်လေးလည်းနှိုက်စားသွားပါတယ်..
မစားရတာ ကြာပေါ့..း(

Crystal said...

ဘုန်းဘုန်းတောက်-ကျေးနှစ်ကောင်ကို လှောင်အိမ်အနားက မြင်ကွင်းချဲ့ပြီး ရိုက်ထားလို့ လှောင်အိမ်သံတိုင်မတွေ့ရဖြစ်နေတာဘုရား။ ကားပေါ်တင်ထားတာက အမိုးနဲ့ ဇရပ်လေးလိုဘုရား၊ အော်ဒါမှာလို့ သွားပို့တာပါဘုရား၊ စားသောက်ဆိုင်တွေ သူဋ္ဌေးအိမ်တွေ မြစ်ကမ်းဘေးတွေမှာ ထားတဲ့ သစ်သားနဲ့ ဆောက်ထားတဲ့ သစ်သားအိမ်လေးပါဘုရား။

ကိုကူးလပ်-ချောင်းဆိုးရင် မြစ်ဘက်က လှည့်တွားပါ။

ညီမအိမ်ဂျယ်လှိုင်း-ပြုံးမိတယ်ဆိုလို့ ဝမ်းသာထှာ။

နတ်သမီးလေး-ဘယ်တုန်းက လာသလဲကွယ်၊ အစ်မက နတ်သားနတ်သမီးတွေဆို သိပ်မြင်ဖူးချင်တာပဲ။

မေသိမ့်သိမ့်ကျော် said...

ပုံလေးတွေတော်တော်လှတယ်။ သဘောအကျကြီးကျသွားတယ်။


ခင်တဲ့

rose said...

ကျန်းမာရေး သိပ်မကောင်းဘူး ဆိုလို့ ဂရုစိုက်ပါ မခရစ္စတယ်ရေ...။ စိတ်ပူသွားတယ်။

ဓာတ်ပုံလေးတွေ အရမ်းလှတာပဲ။ ရိုက်တတ်တယ်။ မြွှေကြီး လှလိုက်တာ... လိုချင်တယ်း)

Anonymous said...

တိုရှည်ဆိုင်နေရာလေးသိချင်လို့ပါ အစ်မ ခရစ္စတလ်

ခရစ္စတလ် said...

chinatown နားက အိန္ဒိယစားသောက်ဆိုင်မှာ မြန်မာတွေ ရောင်းနေတာပါ။

witlay said...

ဆိုင်လိပ်စာလေးပေးလို့ ကျေးဇူးပါပဲ အစ်မ ခရစ္စတလ်