ဂူဂလ်မှာ အသင့်တော်ဆုံးပုံကို ကောက်နုတ်ရွေးချယ်ထားပါသည်။
ထို့ပြင်တဝ ကမ္ဘာ့လုံးဆိုင်ရာ အမျိုးသမီးအဖွဲ့သည်လည်း အမျိုးသမီးများ၏ မူပိုင်မျက်ရည်လက်နက်အား တရားမဝင်သုံးစွဲခြင်းနှင့် ပတ်သက်၍ မူပိုင်ခွင့်အတွက် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်လျှက်ရှိပေသည်။
ထိုမျှမကသေး ဖမားတို့၏ မဟာ့မဟာမင်းတြားကြီးသည်လည်း ထိုလက်နက်ကို အံ့ဖွယ်လိလိဖြစ်ကာ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ချောက်မှာကို အစိုးရိမ်ကြီး စိုးရိမ်လျှက်ရှိပေသည်။
ယင်းဂယက်သည် ဖမားနိုင်ငံ၏ ရုပ်ပြခေါင်းဆောင်အကြီးအကဲကိုပါ ရိုက်ခတ်ပြန်သည်။ သူ့လက်အောက် ဝန်ထမ်းမှ ထိုလက်နက်ကို သုံးလိုက်သဖြင့် ထို့ထက်ပြင်းသော အခြားလက်နက်များကို သုံးမှ သင့်တော်ပေမည်ဟု ကြံစည်တီထွင်လျှက်ရှိသည်။
လတ်တလော စဉ်းစားထားသော လက်နက်များမှာ ဟက်အတက်လက်နက် နှင့် အတိတ်မေ့လက်နက်ဖြစ်သည်။ ထိုလက်နက်များကို သုံးစွဲရခြင်းမှာ ဖမားနိုင်ငံ၏ ဆရာ့ဆရာဖြစ်သော ပေါက်ဖော်များတိုင်းပြည်တွင် သိုင်းလက်နက်နာမည်အမျိုးမျိုးရှိရာ ဖမားနိုင်ငံမှလည်း ယင်းသို့ ပုံတူကူးချမှီငြမ်းခြင်းဖြစ်ကြောင်း သတင်းများက ဆိုပါသည်။
ထိုထိုသော သတင်းများကို ကမ္ဘာ့ခေါင်းဆောင်များသိရှိပြီးနောက် ယခုအခါ လျှို့ဝှက်အစည်းဝေးများ ကျင်းပလျှက် ဖမားနိုင်ငံသည် ကမ္ဘာတွင် မည်သူမျှ မတီထွင်နိုင်သော လက်နက်ဆန်းကို တီထွင်လိုက်ခြင်းအတွက် ငြိမ်းချမ်းရေး နိုလ်ဘယ်ဆု သို့မဟုတ် နိုင်ငံတကာစစ်ခုံရုံးတွင် အရေးယူခြင်း၊ မည်သည့်နည်းအကောင်းဆုံးဖြစ်မည်ကို မဲခွဲဆုံးဖြတ်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စာဖတ်သူများကို တဒင်္ဂပျော်ရွင်ပါစေ။
လေးစားစွာဖြင့်
ခရစ္စတလ်
8 comments:
အဲဒါကြားရတာ ရီရမလိုလို ငိုရမလိုလိုဖြစ်သွားတယ်။ ထူးလှပါပေတယ်လို့ပဲ မှတ်ချက်ပြုရတော့မလို... :P
2011ခုနှစ် အကယ်ဒမီပေးပွဲတွင် ဆန်းဆန်း၏လက်နက် ဇတ်ကားမှ ဆန်းဆန်း အကယ်ဒမီရရှိသွားခြင်း(တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး) :P
ပြောတတ်ပါပေ့ကွယ်...
ရီသွားတယ်....
ယောင်္ကျားလေးလက်နက်ဆိုတာ မျက်ရည်စက်ပါ မေရယ်..... အဲ.... မီဒီယာရယ်... ဟဲဟဲ.... ။ ကျနော် သိပ်မရှက်တတ်တဲ့ကောင်တောင် မျက်ရည်ကျရမှာ ရှက်သဗျ...... :))))
ဟား ဟားနော် ခရစ္စတလ် ဟီး ဟီးလည်းပါသေးသဗျ...ကျန်းမာပျော်ရွှင်ပါစေ...
ခင်မင်လျက်
တောက်ပကြယ်စင်
အမျိုးသမီးထုကြီးကတော့ တရားစွဲသင့်တာပေါ့လေ... ဒါပေသိ သဲကိုးဖြာနဲ့ မန်ကျည်းကိုးပင် ယှဉ်ရင် သဲကိုးဖြာက တစ်ယောက်ထိုင်ဖြာလေးတွေ ဖြစ်ပြီး မန်ကျည်းကိုးပင်က တစ်ပင်ကို ယောက်ျားကြီး ငါးယောက်ဖက်စာလောက်ရှိလို့ ဖြစ်ရမယ်။
ဒါကြောင့် ကျားတို့မာယာ မန်ကျည်းကိုးပင်ထဲက ဘယ်နည်းများသုံးလေသလဲ အသစ်များထွင်လေ သလား ၀င်ဂျီးယရ်။
ရောက်သဗျ...ခရစ်စတယ်ရ....ဖဘမှာသိနေတာတော့ကြာ
ပြီ...ဘလကိုတော့ ခုမှရောက်တယ်...အေးဆေးမှစာလာ
ဖတ်တော့မယ်..လင့်လဲယူသွားပြီ...။
ဟီးဟီး
အမပြောမှပဲ သိတော့တယ်။
Post a Comment