သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 5, 2011

နောက်တပတ်ဆို သီတင်းကျွတ်လပြည့်ရောက်တော့မယ် ...

သီတင်းကျွတ်ကာလဆိုရင် ငယ်ငယ်ကတည်း ကုသိုလ်ရေးတွေကိုပဲ ပြုလုပ်လေ့ရှိတာလေးတွေ သတိရမိတယ်။ မနေ့မနက်က စောစောထပြီး ကိုယ်တိုင်ဆွမ်းချက်လောင်းလှူဖြစ်ခဲ့ပါသေးတယ်။ သီတင်းကျွတ်ကာလမှာ မြတ်စွာဘုရားက ဘုရားလောင်းဘဝတုန်းက မိခင်တော်စပ်ဖူးခဲ့တဲ့ ကျေးဇူးတွေကို ဆပ်ခဲ့တာကြောင့် ဒီချိန်မှာ ခရစ္စတလ်လည်း ကိုယ့်အပေါ်ကျေးဇူးများခဲ့ဖူးသူတွေ မှန်းဆ စဉ်းစားမိရင်း ကျေးဇူးတင်မဆုံးအောင်ဖြစ်ရပါတယ်။ တွေးတွေးပြီး ကျေးဇူးတွေတင်နေမိတယ်ဆိုပါတော့။
ဒီနေ့တော့ အမေ့ကို ဖုန်းထဲမှာ ကန်တော့လိုက်ပါတယ်။ အမေ ကျန်းမာနေလို့ တော်သေးတယ်။ လပြည့်နေ့မှာ ဆွမ်းကပ်ဖို့တော့ ရည်ရွယ်ထားပါတယ်။

ဖွားတော်မူခန်း ပုံလေးကို မြဘုရားအဝင်ဝနားက ပိုစ့်ကဒ်ရောင်းတဲ့ဆိုင်က တွေ့လို့ ဝယ်လာပါတယ်။ တခြားပုံလေးတွေလည်း ရှိသေးတယ်၊ အကြောင်းတိုက်ဆိုင်မယ့် ပိုစ့်လေးတွေနဲ့ အတူ ဖေါ်ပြပေးပါမယ်။ ဖွားတော်မူခန်းကို ထိုင်းပုံစံလေး ရေးဆွဲထားတာမို့ ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်။


ပိုစ့်တွေ တင်ဖို့ ပိုကြိုးစားပါအုံးမယ်၊ ဘလော့ကို လာလည်ပေးတဲ့ သူတွေကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါရစေ။

လေးစားစွာဖြင့်
ခရစ္စတလ်

6 comments:

စော(အဝါရောင်မြေ) said...

ပုံလေးက တော်တော် ကြည့်လို့ ကောင်းသား။
ပြန်မျှဝေတာ ကျေးဇူးတင်ပါတယ်။

ဘုရားစင်နားမှာ ဘုရားထက် နိမ့်တဲ့နေရာမှာ မိဘဓါတ်ပုံထားပြီး အပြင်သွားခါနီးနဲ့  အိပ်ယာဝင်ခါးနီးတိုင်း ရှစ်ခိုးတယ်လေ။ ဆန္ဒရှိရင် အဲလိုလုပ်ကြည့်ပါ့လား။ ဆရာလုတ်တာ ဟုတ်ဘူးနော်။ ပြောကြည့်တာ။

Angelhlaing(May everybody be happy and healthy! said...

အိမ်ကိုတောင် လွမ်းသွားတယ်... မတွေ့တာကြာပေါ့... ....

ခရစ္စတလ် said...

စောရေ-အမေအပါအဝင် ကျေးဇူးရှိသူများကို ဘုရားရှိခိုးပြီးတိုင်း ကန်တော့လေ့ရှိပါတယ် :)
ဆရာလုပ်ပြီး များများပြောပေး ကြိုက်တယ် စိတ်မဆိုးတတ်ပေါင်...

လှိုင်းရေ-အလွမ်းတွေလား ဟွန့် မတွေးချင်ဘူး :P

mstint said...

ကောင်းမှုကုသိုလ်တွေအတွက် သာဓုအနုမောဒနာ ခေါ်ဆိုပါတယ် ခရစ္စတလ်ရေ။
ပူဇော်ထားတဲ့ ပုံလေးသပ္ပာယ်ဘို့ ကောင်းလိုက်တာ။
စောပြောသလို တီတင့်လည်း ဘုရားစင်တစ်ဆင့်နိမ့်မှာ နှစ်ဖက်မိဘနှစ်ပါးနဲ့ခင်ပွန်းရဲ့ ဓာတ်ပုံကိုတင်ထားပြီး နေ့စဉ်ဝပ်ပြုတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

အလည်လာပေးတဲ့အတွက် ကျေးဇူးပါ အန်တီတင့်ရေ၊ သမီး လင့်ချိတ်ထားလိုက်ပါတယ်ရှင်။

စံပယ်ချို said...

သူငယ်ချင်းရေ
မျှဝေပေးလို့ကျေးဇူးတင်ပါတယ်
လိုက်လာချင်နေတာကြာပြီ
လင့်လဲမထားခဲ့တော့ ဟူး ခုမှပဲအဆင်ပြေတော့တယ်
တစ်ခါထဲလင့်ယူသွားလိုက်တယ်နော်
ခင်မင်တဲ့ jasmine