သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, October 13, 2011

ထိုင်းနိုင်ငံအတွင်း ရေလွှမ်းမှုသတင်းများ (၁၃-အောက်တိုဘာလ)

http://www.bangkokpost.com/news/local/261045/nation-floods-concern-the-kinghttp://www.nationmultimedia.com/national/Flood-victims-to-be-moved-from-critical-Nakhon-Saw-30167530.html
http://www.nationmultimedia.com/national/Experts-play-down-risk-to-Bangkok-30167531.html
http://www.bangkokpost.com/news/local/261044/evacuation-plan-readied
http://www.channelnewsasia.com/stories/afp_asiapacific/view/1158920/1/.html
http://www.thaitravelblogs.com/2011/10/map-of-flood-risk-areas-in-bangkok/

ဘန်ကောက်မြိ့တွင်း ရေမလွှမ်းဖို့ အစိုးရ လုပ်ဆောင်နေ (နေ့သစ် သတင်းစာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။)
 
အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝ (လက်ဝဲဖက်ဒုတိယလူ)နဲ့ ဘန်ကောက် ဒု အုပ်ချုပ်ရေးမှူး ပေါန်ထဲ့ပ် တက်ချာဖိုင်ဘူးလ် (လက်ဝဲဖက်) တို့ဟာ ၀န်ကြီးချုပ် ခွန်ယင်လပ်နဲ့အတူ ရေဘေးကာကွယ်ရေးအတွက် ဆွေးနွေးတိုင်ပင်နေကြစဉ်
မြောက်ဘက်ကစီးလာတဲ့ရေအဟုန်က ဘန်ကောက်ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားပစ် လိုက်တာကြောင့် ရပ်ကွက်အများအပြားရေမြုပ်ကုန်လို့ ဘန်ကောက်အတွင်းပိုင်း စီးပွားရေးဒေသတွေနဲ့ လူနေဒေသတွေ ကို ရေမမြုပ်အောင်ကာကွယ်ဖို့အတွက် ရနိုင်သမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။
ပထုမ်ဌာနီပြည်နယ်ကလူတချို့ရေဘေးကကင်းလွတ်ရာနေရာရောက်အောင် 
ရေပေါ်အိမ်သာကို ဖောင်လိုလုပ်ပြီး ဆွဲခေါ်လာစဉ်
ပထုမ်ဌာနီ၊ နောင်ထာဘူရီ၊ နခုန်ပထုမ်၊ ဆမွတ်ဖရားခန်နဲ့ချချိုအန်ဆောင် ဒေသတွေမှာနေတဲ့သူတွေကို
နောက်ထပ် ရေကြီးလာမယ့် အခြေအနေကို စောင့်ကြည့်ဖို့ မနေ့က သတိပေးထားပါတယ်။
သောကြာနဲ့တနင်္လာနေ့တွေမှာ မြောက် ဖက်က တဟုန်ထိုးစီလာတဲ့ရေတွေဟာ ဘန်ကောက်ကို ရောက်လာနိုင်မယ်လို့ ခန့်မှန်းထားပြီး တနင်္လာနေ့မှာ ပင်လယ် ဒီရေလည်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ပတ်ဝန်းကျင်ပြည်နယ်တွေက အခြေအနေတွေနဲ့ပတ်သက်လို့လည်း အစိုးရရေဘေးကယ်ဆယ်ရေးဌာနကို ဦးဆောင် လုပ်ကိုင်နေတဲ့ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့က စိုးရိမ်ပူပန်နေပါတယ်။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြလို့ အရေးပေါ်အခြေအနေ ကြေညာဖို့ မလုပ်ဘူးလို့ သူက ပြောပါတယ်။ ဘန်ကောက်မြို့ကြီး ရေမမြုပ်အောင် လုပ်ကိုင်နေချိန်မှာ မြို့တော်ကို ရေဘေးက ကာကွယ်နိုင်မလား ဆိုတာကိုတော့ သူ့ အနေနဲ့ အတည်ပြုပြောကြားနိုင်ခြင်းမရှိပါဘူး။ လို့ ၀န်ကြီးက ပြောပါတယ်။ အခြေအနေက မိုးမုန်းတိုင်းကျပြီး အယုဒ္ဓယ ကဖက်က ရေတွေ တဟုန်ထိုးစီးလာတဲ့အခြေအနေနဲ့ပင်လယ်ဒီရေမြင့်တက်လာတဲ့အခြေအနေတွေပေါ် မူတည်မှာ ဖြစ်ပါ တယ်။ ဘန်ကောက်ကို ရေဘေးကာကွယ်တားဆီးဆောင်ရွက်ရာမှာ လျှံတက်လာတဲ့ရေတွေကို ပင်လယ်ဖက်ဆီ လမ်း ကြောင်းလွှဲထွက် စီးဆင်းစေတာ မျိုးတွေပါဝင်ပါတယ်။
နောင်ကျောနဲ့ လတ်ခရာဘန်က တူးမြောင်း (၇) ခုကိုလည်း ရေများများစီးဝင်နိုင်ဖို့ ရွှံ့နှစ်တွေနဲ့နုံးတွေ ဆယ်ထားကြဖို့ မြို့တော်ဝန်တွေကို ညွှန်ကြားထားပါတယ်။ ဘန်ကောက်မြို့ထဲရေမလွှမ်းအောင် ကြည်းတပ်နဲ့ရေတပ်က လန်စစ်နဲ့ လန် စစ်တူးမြောင်း၊ ဆာလာယာနဲ့ တာလင်းချန် ပတ်လည်ဒေသတွေက လူနေတိုက်ခန်းတွေမှာ ရေတားတွေ ဆောက်နေကြ ပါတယ်။ ဘန်ကောက် အရှေ့ဖက်၊ အနောက်ဖက်နဲ့မြောက်ဘက် ဆင်ခြေဖုံးဒေသတွေမှာတော့ ရေလွှမ်းမယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးက ၀န်ခံပြောဆိုပါတယ်။
ခလုန်လန်စစ်ရက်ကွက် ၁ကနေ ၆အတွင်း တူးမြောင်းဘေးနေသူတွေကို တူးမြောင်းကမ်းပါးတွေ ရေတိုက်စားခဲ့ရင် ကုန်း မြင့်ပိုင်းကို ပြောင်းရွှေ့နေကြဖို့ အကြံပေးထားပါတယ်။ ဘန်ကောက်အရှေ့ပိုင်း၊ ဆုဝဏဖူးမ်လေဆိပ်ရှိတဲ့နေရာကို ကာ ကွယ်ဖို့ ရေတားတွေဆောက်ဖို့ စစ်သားတွေကို ညွှန်ကြားထားတယ်။ လို့ ကာကွယ်ရေးဝန်ကြီး ယုသာဆတ် ဆဆီဖရား ပါ က ပြောပါတယ်။ ဆုဝဏဖူးမ်လေဆိပ်ရေလွှမ်းတာကို ဖြေရှင်းဖို့အရေးပေါ်စီမံကိန်းတွေ ပြင်ထားပါတယ်လို့ လေဆိပ် ပြောရေးဆိုခွင့်ရှိသူ မစ္စ၀ိလိုင်ဝမ်နာ့ဒ်ဝိလိုင်က ပြောပါတယ်။ လေဆိပ်ရေလွှမ်းတာကာဖို့ လေဆိပ်ပတ်လည် မှာ ၂၃.၅ ကီလိုမီတာရှည်ပြီး ၃ မီတာအမြင့်ရှိတဲ့ အတားအဆီးတံတိုင်းတွေနဲ့ လုပ်ထားတယ်။ ဒီကနေလျှံကျလာတဲ့ ရေတွေကို ရေ ကုဗမီတာ ၄ သန်း ထိန်းထားနိုင်တဲ့ ရေထိန်းကန်တွေဆီ ဖောက်ထုတ်ဖို့ မြောင်းတွေလည်း လုပ်ထားတယ်။ ဒါ့ပြင် တ ရက်ကို ရေကုဗမီတာ ၁ သန်း စုပ်ထုတ်နိုင်တဲ့ ရေပန့် ၄ ခုလည်း လေဆိပ်မှာ ရှိတယ်လို့ သူမက ပြောပါတယ်။

 
မနေ့ကအယုဒ္ဓယ၊ ဖွတ်ထိုင်းဆ၀မ်ရက်ကွက်ကလူတွေ ဟယ်လီကော်ပတာက ချပေးတဲ့ စားစရာနဲ့သောက်ရေတွေ စောင့်ယူနေပုံ
 
မနေ့က ပထုမ်ဌာနီ၊ မူအန်းခရိုင်၊ ဘန့်ကလန်ရွာသားတွေ သူတို့ပစ္စည်းတွေကို ကုန်းမြင့်ပေါ်ကို ရွှေ့နေပုံ
 
ရေမြုပ်နေတဲ့ နခုန်ဆ၀မ်က စားသောက်ဆိုင်တဆိုင်
 
ရေကြီးတာတားဖို့ အယုဒ္ဓယ စက်မှုဇုန်မှာပုံထားတဲ့ သဲအိတ်တွေ

ပထုမ်ဌာနီက ကယ်ဆယ်ရေးလုပ်သားတွေနဲ့စေတနာ့ဝန်ထမ်းကူညီသူတွေ  ဟုံပထွမ်မ၀ပ် ဘုန်းကြီးကျောင်းရှေ့၊ ကျောက်ဖရားမြစ်ကမ်းပေါ်မှာ သဲအိတ်တံတိုင်းတွေ ပြင်နေပုံ
 
အယုဒ္ဓယပြည်နယ်၊ ဘန့်ပါဟန်းခရိုင်းနဲ့ ဖရားနခုန်ဆီအယုဒ္ဓယ ကိုဆက်သွယ်ထားတဲ့ နံပတ် ၃၄၇ လမ်းမကြီးပေါ်မှာ လဲနေတဲ့ လော်ရီကားတစီးပုံ
 
ပထုံဌာနီ နည်းပညာကောလိပ်ဝင်းထဲမှာ ကျောင်းသားတွေ ကျောင်းဝင်းထဲက ရေနက်ထဲမှာ သွားနေစဉ်
 
ဘန်ကောက်အရှေ့ပိုင်းခရိုင်က ကယ်ဆယ်ရေး စခန်းများနှင့် ဆက်သွယ်ရန်ဖုန်းနံပတ်များ

2 comments:

mstint said...

ဖတ်ရတာ စိတ်မချမ်းသာဘူးကွယ် အားလုံးသော သဗ္ဗေသတ္တာ ဝေနေယျာအပေါင်း ချမ်းသာကိုယ်စိတ် မြဲပါစေလို့ပဲ ဆုတောင်းနေမိတယ် ခရစ္စတလ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့် ကျော် said...

စိတ်မကောင်းစရာပါပဲ။ ကမ္ဘာကြီးက တော်တော်ကို ယိုယွင်းနေပြီကော....။

ခင်တဲ့
မေသိမ့်