သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, August 15, 2011

ဆိုင်ဖွင့်မယ်ဆိုရင်ဖြင့် ...

အပိုင်း(၁) ရဲ့ လင့်က ဒီမှာပါ http://crystal-lovelivelife.blogspot.com/2011/07/blog-post_25.html

ထိုင်းနိုင်ငံမှာ ဆိုင်ဖွင့်မယ်ဆိုရင် ရင်းနှီးလုပ်ကိုင်ဖို့ ငွေ၊ နာမည်ခံတဲ့ကိစ္စ၊ ကိုယ်ပိုင်နေထိုင်ခွင့်ကိစ္စ၊ ဝန်ထမ်းနဲ့ ကိုယ်ဖွင့်မယ့် ဆိုင်အမျိုးအစားကို သတိထားရွေးရမယ့် ကိစ္စများ မလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။  ဆိုင်ပေါ်မူတည်ပြီး အခြားသော လိုအပ်ချက်များလည်း ရှိနိုင်ပါသေးတယ်။

လောလောဆယ် ခရစ္စတလ်စားဖူးခဲ့တဲ့ ထမင်းဆိုင်လေးပဲ ဆိုပါစို့...။ ဆိုင်နဲ့ပတ်သက်ပြီး နေရာနဲ့ အကျယ်အဝန်းပေါ်မူတည်ပြီး၊ ဆိုင်အခန်းဈေး၊ ဆိုင်တွင်းပြင်ဆင်မှု၊ ဝန်ထမ်း၊ နာမည်ခံခ သို့မဟုတ် တရားဝင်ဆိုင်ဖွင့်ရန် အာမခံချက်တစ်ခုခုပေါ့။ ပြောတော့သာ လွယ်လွယ်လေး...ဆိုင်တစ်ခုဖွင့်ဖို့ဆိုတာ မလွယ်လှဘူး။ ဈေးကွက်ကိုလည်း ကိုယ်ရောင်းချင်တာနဲ့ ကိုက်မကိုက်ကြည့်ရပါသေးတယ်။ လူတွေများတိုင်း စည်ကားတိုင်းလည်း အရောင်းသွက်ချင်မှ သွက်တာမျိုးတွေလည်း ရှိပါတယ်။

ဝန်ထမ်းစရိတ်နဲ့ ရေ၊မီတာခတွေကိုလည်း ထည့်မတွက်လို့ မရပြန်ဘူး။ ပြီးတော့ ခေတ်နဲ့အညီ ကုန်ဈေးနှုန်းကလည်း တော်တော်တက်နေပါတယ်။ လုပ်ငန်းတစ်ခုအတွက် ရှုံးမြတ်တွေကို ကြိုတင်တွက်ထားဖို့လိုပါသေးတယ်၊ ဘယ်အတိုင်းအတာအထိ ရှုံးသွားနိုင်တယ်၊ ဘယ်အချိန်ထိ အရှုံးခံနိုင်လဲ စတာတွေပါ စဉ်းစားထားရမှာပါ။

ဒီဆိုင်လေးရဲ့ အဆင်အပြင်နဲ့ဆိုရင် ဈေးက မဆိုးလှဘူးပြောရပါမယ်၊ ဈေးကောင်းပေးစားရတဲ့ စားသုံးသူမှာလည်း စားသောက်ဖွယ်များကို အရသာရှိစေချင်ပါတယ်၊ စားသုံးသူဘက်က မျှော်လင့်ချက်ပေါ့။ ဆိုင်အပြင်အဆင်နဲ့ဆို စားစရာတွေလည်း ကောင်းမယ့်သဘောပေါ့။ ဒါပေမယ့် လိုအပ်ချက်လေးတွေ (ပထမတစ်ပိုင်းမှာ ရေးပြီးသားနော်) ရှိလာတဲ့အခါ စားသုံးသူဘက်က မတန်သလိုခံစားရပါတယ်။ ဆိုးတာတစ်ခုက ဟင်းချိုထဲမှာ ဆံပင်ချည်ပါလာပါတယ်၊ ဟင်းချိုက ချဉ်ပေါင်ရွက်ဟင်းချိုဆိုတော့ အရွက်တွေကို ရေနဲ့ သေချာဆေးနိုင်ပါမှ။ ဒါ့အပြင် ဟင်းတွေ ဈေးကြီးတာကို နားလည်ပေးလို့ရပေမယ့် ကော်ဖီကို ဈေးမတန်တဆ တင်ထားလိုက်တော့ စားသုံးသူမှာ တော်တော်လေး နင်သွားပါတယ် :)

အားလုံးကို ချုံကြည့်လိုက်ရင် စရိတ်တွေများတဲ့အတွက် ဆိုင်ရှင်ကို နားလည်ပေးနိုင်ပေမယ့် အရသာမကောင်းတဲ့အတွက် နောက်တစ်ခါ သွားမစားဖြစ်တော့ပါဘူးလို့ပဲ တွေးမိနေပါတယ်ရှင်။ ကိုယ်တိုင်လည်း ဂျီးအတော်များပါတယ် :(

အဲ ထိုင်းမှာ ဆိုင်ဖွင့်မယ်လို့ စိတ်ကူးမိတဲ့ မြန်မာများအတွက် ရှောင်ရန် ဆောင်ရန်တွေကို ဥာဏ်မီသမျှ ချရေးပေးလိုက်ပါတယ်။ ခရစ္စတလ်တစ်ယောက် အခုလို ချရေးထားတာတွေထဲမှာ လိုအပ်ချက်တွေ ရှိနေအုံးမှာပါပဲ။ ဒါကြောင့် အမှားပါခဲ့တာများရှိရင် လိုအပ်ချက်များရှိနေသေးတယ်ဆိုရင် ခွင့်လွှတ်ကြပါလို့ တောင်းပန်လိုက်ပါရစေနော်။

 နောက်တစ်ခါဆို ဘတ်ငါးရာထက်ပိုပေးရတဲ့
ဘိုင်းရုပ်စကိုင်းမှာ ဘူဖေးသွားစားတာက ပိုတန်တယ်လို့ ခံစားမိပါတယ် :P

ပိုစ့်တင်တာ နောက်ကျသွားတဲ့အတွက်လည်း အထူးအထူးတောင်းပန်လိုက်ပါတယ်။ နောက်တစ်လလုံးမအားတော့လို့ အခုပိုစ့်ကို အမြန်တင်လိုက်ရပါတယ်။ ဘာမှ အသစ်မတင်လဲ လည်လည်လာပေးကြတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်နော်။

လေးစားစွာဖြင့်
ခရစ္စတလ်

3 comments:

ညယံ said...

ဟုတ်တယ်နော်။ ဆိုင်ဖွင့်မယ်ဆိုရင် ဈေးလည်း သက်သာ၊ သန့် ရှင်းမှုလည်း ဦးစားပေး၊ အရသာလည်း ကောင်းကောင်းလေး လုပ်ရောင်းရင် အမြတ်လည်း များသလို ရောင်းအားလည်း ကောင်းပါတယ်။ ဆိုင်အပြင်အဆင်ကြီးကို ဦးစားပေးလွန်းပြီး အရသာက ချာတာတာ၊ သန့် ရှင်းမှုကလည်း မရှိ ၊ မှာလိုက်ရင် ဆွေမျိုးမေ့အောင် စောင့်ရတယ် ဆိုရင်တော့ နောက်ဘယ်တော့မှ ခြေဦးလှည့်မှာ မဟုတ်ဘူးရယ်။

...အလင်းစက်များ said...

အဲ့သာနဲ့  အဲ့သည်ဆိုင်ကို စီးပွားရေးပိတ်ဆို့  လိုက်တော့မယ် အစ်မ....... ဟီးဟီး။ Big - C က ဖု့ ကော့မှာ စားရင် ဗိုက်ကားမှ ၁၀၀ မကျပေါင်။ :) ))))))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆိုင်ဖွင့်ဘူး
မခရစ္စတယ်ဖွင့်မှ လာအားပေးမယ်
အလကားအားပေးမှာကို ပြောတာနော်း)