သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, January 22, 2012

ကူးလူးဖလှယ် စီးပွါးရေးနယ် (အချုပ်)

အချုပ်အားဖြင့် ဆိုရသော်။
စီးပွါးရေးလုပ်တဲ့အခါဖြစ်ဖြစ် ဝန်ထမ်းဘဝဖြစ်ဖြစ် ဝါသနာပါတဲ့ အလုပ်ဖြစ်ဖို့လိုတယ် အရေးကြီးတယ်မဟုတ်လားနော်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်ပေါ်မူတည်ပြီး စိတ်ကူးက ကွန့်နိုင်တာမို့ ဝါသနာပါရင် အောင်မြင်ကြတာလို့ ခရစ္စတလ်က မြင်ပါတယ်။ တခါတလေတော့လည်း အနာဂတ်ဘဝလမ်းမှာ အဆင်ပြေစေဖို့ ဝါသနာပါလိုက်ရတဲ့သူတွေလည်း ရှိမှာပေါ့နော်။ ဒါ့အပြင် ကျန်တဲ့ လိုအပ်ချက်တွေလည်း အများကြီးပေါ့။

ဥပမာ-ချောဆိုရင် ပန်းလေးတွေ စိတ်ဝင်စားတယ်၊ ကိုယ်ချစ်တဲ့ ပန်းလေးတွေကို ရွေးစိုက်မယ်၊ ပန်းလေးတွေရဲ့ သဘာဝ၊ ပြုစုပျိုးထောင်မှုတွေ လိုအပ်ချက်တွေ ဒါတွေသိထားမယ်ဆိုရင် ခြံစိုက်မယ်ဆိုတဲ့ စိတ်ကူးကို အကောင်ထည်ဖေါ်လို့ရပြီပေါ့။
ငွေကတော့ သူပိုင်တဲ့ ကျောက်စိမ်းတစ်တုံးလောက် ဖြိုလိုက်ရင်ဖြစ်ပါတယ်လေ၊ သူခရီးသွားနေတုန်း ပြောလို့ကောင်းလိုက်တာနော် :)
သစ်ခွခြံစိုက်ပြီး ရလာတဲ့ အပွင့်လေးတွေကို ရောင်းမယ်၊ အလှဖန်တီးရှင်တွေနဲ့ ချိတ်ထားမယ်၊ ခြံမှာလည်း လက်လီရောင်းမယ်။ အပင်ပေါက်လေးတွေကိုလည်း ထပ်ဆင့်ပြန်ရောင်းမယ်ဆိုရင် တော်တော်လေးကို အဆင်ပြေနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်လောက်တာမှန်သမျှ ကြံဆတွေးတောထားရမှာပါပဲ၊ ဒီအထဲမှာ ကံမလိုက်လို့ အပင်တွေ ပိုးကျနိုင်တာ၊ ရာသီဥတုကြောင့် အပင်တွေ မပွင့်တာ ဒါကို ကြိုတင်ပြင်ဆင်ထားရအုံးမှာနော်။ (ရေးရင်းနဲ့ သစ်ခွပန်းစိုက်နည်းဖြစ်မှာစိုးလို့ တော်ပြီနော်)
ဆိုတော့ မြန်မာပြည်က သစ်ခွ၊ ထိုင်းသစ်ခွနဲ့ တရုတ်သစ်ခွ ဘယ်သစ်ခွပန်းတွေက ဈေးကွက်ပိုဝင်လဲ၊ လူကြိုက်များလဲ၊ ဘယ်နိုင်ငံက မှာရင် ဈေးသက်သာမလဲ စသည်ဖြင့်။

ဈေးကွက်စီးပွါးရေးဘက် ပြန်သွားကြရအောင်...နော်။

မြန်မာပြည်နဲ့ အနီးဆုံး ရေမြေသဘာဝ သိပ်ကွာခြားမှုမရှိလှတဲ့ ထိုင်းဘက်ကို လေ့လာကြည့်ရအောင်နော်။
ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေးတွေမှာ အလေ့အထများတာ နှစ်ခုရှိပါတယ်၊
တစ်ခုကတော့ ဈေးကွက်ဈေးနှုန်းများ စုံစမ်း ဈေးကစားလိုကြတာနဲ့ အမှန်တကယ် ဈေးဝယ်လိုကြတာဖြစ်ပါတယ်။

အုန်းသီးကိုအရင်းပြုလို့ အိမ်တွင်းစီးပွါးရေးလေးတစ်ခုလုပ်ကိုင်ကြတာ အတော်လေးကြီးပွါးကြတယ်

ဈေးကစားခြင်း
ဈေးကစားတာ ဈေးကွက်သိချင်တာကြောင့် စုံစမ်းတာတွေဟာ နည်းမျိုးစုံနဲ့ စုံစမ်းကြတာကြောင့် ထိုင်းက လုပ်ငန်းရှင်တွေတောင် တော်တော်သိနေပါပြီ။ သူတို့စကားအရတော့ မြန်မာတွေ အထာနှပ်နေပြီလို့ ပြောကြပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေက မြန်မာတွေ ဈေးလာမေးရင် တကယ်ဝယ်မယ်လို့ မထင်တာများနေပါတယ်။ ဒီလို အဖြစ်အပျက်တွေ များလာတဲ့အခါ ပုံမှန်ဈေးစုံစမ်းရုံသက်သက်ဆိုရင်တော့ တကယ်ဈေးအမှန်ကို သိရဖို့ အဆက်အသွယ်ကောင်းရဖို့ အတော်ခဲယဉ်းသွားပါပြီ။ တကယ့်လက်ကားဈေးအမှန်၊ ဈေးအမှန်ပေးမယ့် လုပ်ငန်းရှင်နဲ့ ဆက်သွယ်ရတာလည်း ခက်သွားတတ်ပါတယ်။ တချို့ဆို (၂)နှစ်လောက် လက်ကားဈေး တဆင့်ခံတွေဆီက ဝယ်နေရင်းမှ တကယ့် ဈေးအမှန်ရောင်းတဲ့ လုပ်ငန်းပိုင်ရှင်တွေနဲ့ တွေ့ဆုံခွင့်ရအောင် ရင်းနှီးထားရတာတွေလည်းရှိပါတယ်။ အကြောင်းကတော့ စက်ရုံတွေက ထုတ်တဲ့ပစ္စည်းတွေကို delivery တွေကို လက်လွဲပေးလိုက်တာကြောင့် မူလစက်ရုံကို ဆက်သွယ်ရ လမ်းစပြတ်သွားတတ်ပါတယ်။

မနက် ငါးနာရီလောက်က စပြီး အုန်းသီးရေခဲမုန့်စည်တွေ လက်လီပြန်ရောင်းမယ့်သူတွေက လာယူကြပါတယ်။ အုန်းရည်ရောင်းမယ့်သူတွေအတွက်လည်း အဆင်သင့်ရောင်းနိုင်အောင် လုပ်ပေးကြပါတယ်။

အမှန်တကယ် ဈေးဝယ်လိုသူတွေ
ထိုင်းဘက်နေ ကြည့်မယ်ဆိုရင် ဈေးဝယ်သူတွေ အမျိုးအစားများစွာရှိပါတယ်။

- ပုံမှန်လက်လီဈေးဝယ်သူ
- လက်လီဝယ်သူတွေထဲက တစ်ဒါဇင်ဈေးဝယ်လိုသူ
- မိမိဆိုင်တစ်ဆိုင်အတွက်သာ ဈေးဝယ်သူ (ရန်ကုန်-မန္တလေး ဆိုင်နှစ်ဆိုင်အတွက် ဝယ်လိုသူ)
- ရန်ကုန်မြို့တွင်း လက်ကားဖြန့်သူ
- မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်သူ စသည်ဖြင့်...........

လက်လီနဲ့ တစ်ဒါဇင်ဝယ်လိုသူတွေအတွက် ထိုင်းမှာ ဈေးဝယ်လိုသူကို လမ်းညွှန်ပေးရတာလွယ်ပေမယ့်
လက်ကားဆိုရင်တော့ ဘယ်လိုဝယ်ချင်တာလဲ ဈေးဘယ်လောက် သက်သာချင်တာလဲ၊
အရည်အသွေးဘယ်လောက် နဲ့ ဈေးနှုန်းဘယ်လောက် လိုချင်တာလဲ၊ ပုံမှန်လက်ကားဈေး(အရည်အတွက် ရာဂဏန်းဈေး)နဲ့ စက်ရုံဈေး(အရည်အတွက် ထောင်ဂဏန်းဈေး)ဖြစ်ပါတယ်။

ရာဂဏန်းဈေးအတွက် လက်ကားရောင်းတဲ့ ဈေးဆိုင်တွေ သွားမေးရ ဝယ်ရတာလွယ်ကူပေမယ့် စက်ရုံဈေးလိုချင်တယ် ဆိုရင် ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းအရည်အသွေး လိုချင်တာ ဖြစ်ချင်တာတွေညှိဖို့ စက်ရုံတွေကို အဆက်အသွယ်ရဖို့ စက်ရုံဈေးရဖို့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲတွေရှိပါတယ်။

မူရင်းစက်ရုံအဆက်အသွယ်ရပြီဆိုရင်တော့...
မြန်မာပြည်ပို့ဖို့ သယ်ယူပို့ဆောင်စရိတ်နဲ့ စက်ရုံဈေးပေါင်းလိုက်ရင် ထိုင်းဈေးနှုန်းတစ်ခုရလာပါမယ်။
မြန်မာက လက်ကားဖြန့်မယ့် ကုန်သည်ကြီးတွေအနေနဲ့ မြန်မာပြည်ဘက်ခြမ်း သယ်ဆောင်စရိတ်ပေးချေရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်လိုတယ်ဆိုရင်တော့ နမူနာပစ္စည်းများကိုပြပြီး ဈေးနှုန်းများ လိုသလိုညှိနှိုင်းကြပါတယ်။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစီစဉ်ကြကာ မြန်မာနိုင်ငံ (ပစ္စည်းလက်ခံမည့်မြို့)အရောက် ပို့ဆောင်ပေးလျှက်ရှိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့တော့ ကုန်သည်တွေ ပစ္စည်းမှာမယ်ဆိုရင် ပုံစံနှစ်မျိုးနဲ့ လုပ်ပေးလေ့ရှိပါတယ်။ 
တစ်ခုက စက်ရုံလုပ်ငန်းရှင်နဲ့ တိုက်ရိုက်ချိတ်ပေးကြပါတယ်။ ချိတ်ပေးခ မိတ်ဆက်ခကို လုပ်ငန်းပေါ်မူတည်ပြီး ငွေအပြတ်ယူကြပါတယ်။ ဒါကလည်း အဆက်အသွယ်ရှာပေးကြတဲ့သူတွေက ထိုင်းတွေနဲ့ စက်ရုံကို မြို့ခြားပြီး လိုက်ရှာတဲ့အခါ ခရီးစရိတ် ကျွေးမွေးစရိတ်စသည်ဖြင့် ကုန်ကျတာတွေလည်း ရှိလို့ဖြစ်ပါတယ်။  မိတ်ဆက်ရုံကလွဲရင် ကျန်တာတွေ ဘာမှ ပါဝင်ဆောင်ရွက်ခြင်းမလုပ်ပေးကြပါဘူး။ လုပ်ငန်းအပေါ် ဝင်ရောက်စွပ်ဖက်ခြင်းမပြုကြပါဘူး။ ကိုယ်စားလှယ်တစ်ဦးသာ မိတ်ဆက်ပေးကြတဲ့ သစ္စာရှိမှုကို ဆောင်ရွက်ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး အလုပ်အပေါ် သစ္စာရှိမှ ယုံကြည်မှုရမယ်၊ ယုံကြည်စိတ်ချရမှ ဆက်သွယ်ဆောင်ရွက်လို့ အလုပ်ဖြစ်ကြမယ်မဟုတ်လား။

နောက်တစ်ခုကတော့ ထိုင်းဘက်ခြမ်းက အားလုံးတာဝန်ယူပါတယ်။ စက်ရုံဈေးပေါ်မှာ (2%)ယူပြီး လုပ်ပေးတာဖြစ်ပါတယ်။ ထိုင်းဘက်က တစ်ဦးက ပစ္စည်းမှာပေးတာ ပစ္စည်းစစ်ပေးတာက အစ ထိုင်းဘက် ကိစ္စမှန်သမျှ တာဝန်ယူရပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ဈေးကွက်ထဲက ပေါက်ဈေးကို ထိခိုက်ခံလို့မဖြစ်တာကြောင့် ဈေးအပို ထပ်တင်လို့မရပါဘူး။ ဒါတွေကို ထိုင်း-မြန်မာနှစ်ဘက် ကုန်သွယ်မယ့်သူတွေ ပွင့်ပွင့်လင်းလင်းညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 ထိုင်းနိုင်ငံမှာ တစ်နှစ်လုံး အုန်းရည်ရောင်းကောင်းသလို 
ကိုယ့်ရွှေပြည်ကြီးက အုန်းရည်ရောင်းကောင်းနိုင်မလား ???
အုန်းရည်သောက်ရန် အုန်းသီးတစ်လုံးကို ဘတ်ငွေ(၂၀မှ ၃၀)အထိ ပေးရပါတယ်။ 
ကမ်းခြေမှာဆိုရင် ဘတ်(၅၀)။

ဒီနေ့လိုချိန်ခါကြီးထဲမှာ မြန်မာနိုင်ငံ ရောင်နီသမ်းချိန်ဖြစ်ပြီး ထိုင်းနိုင်ငံရေလွှမ်းချိန်ဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်များအပြင် ထိုင်းလုပ်ငန်းရှင်များပါ မြန်မာပြည်ကို လှမ်းမျှော်ကြည့်နေကြပါပြီ။ ပြီးခဲ့သောနှစ်တွေက ထိုင်းနိုင်ငံတွင်း ရေကြီးမှုများက စီးပွါးရေးဂယက်များစွာ ရိုက်ခတ်စေခဲ့ပါတယ်။ ရေတိုရေရှည်ရင်းနှီးမြုပ်နှံမှုအားလုံးလိုလိုကို ရေလွှမ်းမိုးမှုများက ဂယက်ရိုက်သွားခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံက ရောင်နီသမ်းချိန်ရောက်လာပြီဖြစ်တဲ့အတွက်  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုများကလည်း  အားတက်သရောရှိလာကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အားသာချက်တွေ အပေါ်မူတည်ပြီး အနာဂတ်စီမံကိန်းတွေလည်း ရေးဆွဲကြ ပြင်ဆင်ကြ ပြောင်းရွေ့ချင်လာကြပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနောက်ကွယ်မှာ စီးပွါးရေးဆိုင်ရာလေလ့လာခြင်းများလည်း ဒွန်တွဲပါလာကြပါပြီ။ ဒါကြောင့် မြန်မာခရီးသွားလုပ်ငန်းတိုးတက်ခြင်းက အနာဂတ်မြန်မာပြည်စီပွါးရေးတိုးတက်ခြင်းကို တနည်းတဖုံ ပြသရာရောက်နေပြန်ပါတယ်။

အုန်းသီးရေခဲမုန့်ကို အပေါ်က မြေပဲ၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး တခုခု ထည့်ပြီး ချောကလက်ရည်ဆမ်းထားပါတယ်။ တန်ဖိုးငွေမှာ ဘတ်ငွေ(၂၅)ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အလည်လာကြတာတဲ့ ဧည့်သည်တွေနဲ့ ခရစ္စတလ်ရဲ့ မောင်လေးများ၊ ညီမလေးတို့တတွေက အမြဲမေးလေ့ရှိကြပါတယ် မြန်မာပြည်ပြန်ရင် ဘာစီးပွါးရေးလုပ်ရင်ကောင်းမလဲ၊ ထိုင်း-မြန်မာ ဘာစီးပွါးရေးတွေလုပ်ရင် ကောင်းမလဲ။ အရင်းအနှီးဘယ်လောက်လိုသလဲ၊ ထိုင်းမှာ စီးပွါးရေးလုပ်မယ်ဆိုရင် ဘာတွေ လိုသလဲ၊ ထိုင်း-မြန်မာ ကူးသန်းရောင်းဝယ်ရေး အပြင် အခြားဆက်စပ် ဘာတွေ လုပ်လို့ရနိုင်သလဲ စသည် စသည်ပေါ့...

ဒီလိုအကြောင်းတွေ အမေးခံရတာများတာက တစ်ကြောင်း၊ ရွှေပြည်တော်ကြီးရဲ့ ကောင်းသော အပြောင်းအလဲများဖြစ်လာတာ၊ ပြောင်းလဲမှုကြောင့် ခေါင်းဆောင်ကောင်းတွေ အပေါ်မှာ ယုံကြည်မှုရှိလာတာ၊ နိုင်ငံရပ်ခြားမှာ အနေကြာလာတဲ့ ကိုယ့်နိုင်ငံ ကိုယ့်မိသားစုကို တန်ဖိုးထားတဲ့ သူတွေ အိမ်ပြန်ချင်ကြတာ အစရှိသည့် အကြောင်းပြချက်ကိုယ်စီရှိကြသည်မို့ “ကူးသန်းဖလှယ် စီးပွါးရေးနယ်” ပိုစ့်လေးကို ဘလော့ဂါများနာမည်နဲ့ ဇာတ်လမ်းဆင် ရေးသားဖို့ မြစ်ဖျားခံလာရခြင်းဖြစ်ပါတယ်။

အုန်းရည်နဲ့ သကြားနဲ့ ရောကျိုပြီး အုန်းသီးခွက်လေးထဲ ပြန်ထည့်၊ အုန်းသီး အသားလေးကို ခြစ်ထည့်ထားပြီး ရေခဲဘူးတွေထဲ ထည့်ထားလိုက်ရင် အုန်းသီးဂျယ်လီဖြစ်သွားပါပြီ။ ဘတ်(၃၀မှ ၅၀)အထိ ပေးရတတ်ပါတယ်။

ထိုင်းနိုင်ငံမှ မဟုတ်ပါဘူး မြန်မာနိုင်ငံမှာဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာဖြစ်ဖြစ် ကိုယ်နဲ့ လက်လှမ်းမီရာမှာ စီးပွါးရေး ဘာတွေ လုပ်လို့ရနိုင်မလဲ အိမ်တွင်းမှုလုပ်ငန်းလေးတွေ လုပ်လို့ရနိုင်မလား၊ မြင်အောင် သတိထား လေ့လာကြည့်နိုင်ပါတယ်။ ခရစ္စတလ်တို့တတွေက သတိမထားဖြစ်ကြလို့ပါ။ လူတိုင်းလူတိုင်းက တနေရာတည်းမှာပဲ တသမတ်ရပ်နေကြမယ့်သူတွေ မဟုတ်ကြလေတော့ ခုချိန် လခစားဘဝဖြစ်ပေမယ့်လည်း တချိန်မှာ လုပ်ငန်းရှင်ဖြစ်လာကြမယ်၊ အလုပ်ထဲမှာ ခေါင်းဆောင်တွေ ဖြစ်လာကြမယ်မဟုတ်လား။
ဒီပိုစ့်လေးကို ဖတ်မိတဲ့အခါ တခုခုများ စိတ်ကူးရသွားမယ်ဆိုရင် ကျေနပ်ပါပြီ။ 

ဓာတ်ပုံထဲမှာပါတဲ့ ထိုင်းအမျိုးသမီးလေးက အသက်(၂၂) နှစ်ပဲရှိပါသေးတယ်။ ခရစ္စတလ်အတွက် တကယ့် အိမ်နီးချင်းကောင်းတွေကို တွေ့ဆုံခဲ့ရတာပါ။ ကလေးနှစ်ယောက်အမေလည်းဖြစ်၊ သူ့အမျိုးသားကိုလည်း စီးပွါးရေးဝိုင်းကူလို့ တကယ်ခင်ဖို့ကောင်းပြီး စိတ်သဘောထားဖြူသူလေးပါ။
သူတို့ လုပ်ငန်းတွေ တိုးတက်လာတာမြင်တော့ ကိုယ့်နိုင်ငံက အိမ်တွင်းစီးပွါးရေးလုပ်တဲ့သူတွေကိုလည်း အခုလိုပဲ ကြီးပွါးတိုးတက်စေချင်ပါတယ်။ ဘဝများစွာကို တိုးတက်စေချင်ပါတယ်။

ကိုယ်က အီကိုနဲ့ ဘွဲ့ရထားတာလည်း မဟုတ်၊ စာရေးတာကလည်း မကျွမ်းကျင်၊ စီးပွါးရေးလည်း မလုပ်တတ် ကိုယ်သိထားတာလေးတွေကိုသာ စေတနာနဲ့မျှဝေလိုတာမို့ အမှားအယွင်းဖြစ်သွားရင် နားလည်ပေးကြပါလို့ တောင်းပန်ရင်းးးး။  

 ဒီတော့
သူငယ်ချင်း “ဂျက်”က မေးတယ်လေ
နေပါအုံး ဒါဆို အလုပ်များနေတဲ့ သူက ဘာတွေလုပ်နေတာလဲတဲ့

သြော် စီမံခန့်ခွဲအုပ်ချုပ်ခြင်းဆိုတာ တတ်ကျွမ်းတဲ့သူတွေကို စီမံခန့်ခွဲတတ်ဖို့ပဲ လိုတာလေ ကိုယ်တိုင် ဆောင်ရွက်ဖို့ မလိုဘူးကွဲ့ ဟဲ ..ဟဲ.. :P

တိန်...
သေပီ ဆာ...တဲ့လေ :P


ဒီပိုစ့်ကို ဖတ်ရှုအားပေးကြတဲ့ သူများအားလုံး၊
ကွန်မန့်ပေးကြသူများ၊ ကွန်မန့်မပေးပဲ တိတ်တိတ်လေး လှည့်ပြန်သွားသူအားလုံးနဲ့
ပိုစ့်ထဲမှာပါဝင်သော မခင်ဦးမေ ချော(အစိမ်းရောင်လွင်ပြင်)ညယံJasmine (တောင်ကြီး)နဲ့ တီချမ်းအမှောင်ထုထဲက အလင်းစက် မောင်မျိုး တို့ကို လေးစားစွာ ကျေးဇူးအထူးတင်ပါတယ်နော်။

“ ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
ခရစ္စတလ်

15 comments:

Angelhlaing(May everybody be happy and healthy! said...

စီးပွားရေးနဲ့ ဘွဲ့ရပြီး ဘာမှမလုပ်ဖြစ်တဲ့ သူလဲ ရှိတယ် ခရစ်္စတလ်ရဲ့ ...:P အတုယူဖွယ် ဟေုသုတလေးတွေအတွက် ကျေးဇူးပါလို့.. ရောက်တယ်နော် ..:):)

ခရစ္စတလ် said...

ဒီလို အားဆေးလေးတွေပဲ မျှော်နေတာ
(ဇက်ကြောတက်တာလေးတောင်
ပျောက်သွားပြီ) ကျေးဇူး :)

စံပယ်ချို said...

များကိုလက်မြောက်ခိုင်းတယ်ပေါ့ရပါတယ်လေ
စီးပွါးရေးလုပ်ငန်းရှင်ကြီးဆိုတော့လဲ ရှင့်သဘောပါပဲ
အကြာာကီးမလုပ်ခိုင်းနဲ့ မီးညောင်လေးသနားတယ်
စီးပွါးရေးလုပ်ရင် ကူညီနော်တိုင်ပင်ကြတာပေါ့
ချစ်တဲ့
jasmine

စံပယ်ချို said...

စားလုံးပေါင်းမှားလို့ပြန်လာတာတာနော်
အကြာကြီးလို့အပေါ်မှာရေးတာ
အကြာကီးဖြစ်နေလို့
တရုတ်နှစ်ကူးဆိုတော့တရုတ်သံထွက်သွားတယ်ထင်တယ်

ခရစ္စတလ် said...

ဟုတ်ပါ့ အကြာကီးရယ် ရီလိုက်ရတာ...ဟိ
ကူညီရတာတော့ ဝါသနာပါလို့ပါ :P

mstint said...

ခရစ္စတလ်ပြတဲ့ဇွန်းခြစ်အုန်းသီးမျိုးဆိုရင်ငပလီ၊
ချောင်းသာ၊လက်ခုပ်ကုန်း၊ငွေဆောင်၊စက်စဲလို
ပင်လယ်ကမ်းစပ်တွေမှာအလုပ်ဖြစ်မယ် ထင်တယ်နော်း)
သိတ်လည်းခေါင်းကိုက်မခံပါနဲ့ကွယ်ဇက်ကြောတက်တဲ့
ရောဂါပါအဆစ်ရနေမှာစိုးရိမ်လို့း))အများစု
အင်ဂျင်နီယာ ဆရာဝန်တွေအခုပွဲစားပဲလုပ်ကြတာ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

အန်တီတင့် ပြောမှ သူတို့ကိုတောင် သနားသွားပြီ :)

ဘိုဖြူ said...

ပုံတွေလဲကြည့်စာတွေလဲဖတ်ခဲ့ပါပြီ
စီးပွါးရေးတူတူလုပ်ကြတာပေါ့ဗျာ

ခရစ္စတလ် said...

ကူညီနိုင်တာရှိရင် ပြောပါနော် ကိုဘိုဖြူရေ :)

An Asian Tour Operator said...

ဆီရမ်ရိက စားသောက်ဆိုင်ရောင်းမယ်ဆိုတာ ရှိသေးလား လို့ မေးထားတယ်လေ။ ဘိဇ္ဖနစ် မမ ခရစ္စတယ်။ :))

ခရစ္စတလ် said...

ရောင်းမယ့်သူက တစ်လတွင်း ရောင်းပြီး မြန်မာပြည် ပြန်သွားပြီ ကိုအေအေတီရေ

အလုပ်ဆိုဒ်က စီဘုံးမှာ ပြန်ရေးပေးထားပါတယ်ရှင် :)

စီးမရိမှာ ဆိုင်ဖွင့်ချင်ရင် ကိုထွဋ်တို့ကို စုံစမ်းလို့ရပါတယ် သူတို့ ကူညီတတ်ပါတယ်။

မော်ကွန်းသစ် said...

ဖွား မတွေ့တာကြာပီ။ နေကောင်းလားး)

ခရစ္စတလ် said...

အလည်လာပြီး အသံပြုသွားလို့ ကျေးဇူး ဦးဇင်းရေ

အဆုတ်အအေးပတ်ထားလို့ ငြိမ်နေတာ :)

ညယံ said...

အုန်းသီးကို စီးပွားဖြစ်ရောင်းတာ ဝယ်တာ စိတ်ဝင်စားစရာကောင်းတယ်.. ရွှေပြည်ကြီးမှာလည်း အုန်းသီးနဲ့ အရုပ်လေးတွေ ဖော်ပြီး နေရာတော်တော်များများမှာ တွေ့ နေရတယ် .. နောင်ဆို တခြားနိုင်ငံတွေလို အုန်းသီးဈေးကွတ်ဝင်တော့မယ် ထင်တယ် ..

Crystal said...

ညယံ- ကွန်မန့်အတွက် ကျေးဇူးညီမလေး